လက္ ေခ်ာင္းကေလးမ်ားကိုၾကည့္ၿပီး လူ့စိတ္ေတြကို ခန႔္မွန္းမယ္

Zawgyi

လက္ ေခ်ာင္းကေလးမ်ားကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕စိတ္ကို ခန႔္မွန္းႏိုင္ပါတယ္

၁။ ရွည္လ်ားေသာလက္ေခ်ာင္းမ်ား

စိတ္ရွည္တယ္။ေမတၱာႀကီးတယ္။ေစ့စပ္ေသခ်ာတယ္။ဘာ သာတရားေလးစားကိုင္းရႈိင္းတယ္။ကံတရားကိုယုံၾကည္တယ္။ အုပ္ခ်ဳပ္ေရး၊သေဘာတရားေရး၊ပညာေရးတို႔ကိုတတ္ကြၽမ္းလိုတယ္။ဇြဲလုံလျပင္းထန္ရင္ထြန္းေပါက္တတ္တယ္။

၂။ တိုေသာလက္ေခ်ာင္း

စိတ္တိုလြယ္တယ္။ေဒါသအျဖစ္ျမန္တယ္။အေလာသုံးဆယ္ျပဳလုပ္တတ္တယ္။ပ်ာယာခတ္တတ္တယ္။ေဟာေဟာဒိုင္းဒိုင္းေျပာတတ္ေပမဲ့ေျပေပ်ာက္လြယ္တယ္။အရပ္အေမာင္းပုတက္တက္ရွိတတ္ၾကတယ္။ေျဗာင္ေျပာတတ္လို႔ေစတနာကိုေဝဒနာအထင္ခံရတတ္တယ္။တစ္ကိုယ္ေကာင္းဆန္တတ္တယ္။လက္ဝါးျပင္အေနအထား၊လက္မအေနအထားတို႔ေကာင္းရင္ေခါင္း ေဆာင္ျဖစ္တတ္တယ္။

၃။ အဆစ္ႀကီးေသာလက္ေခ်ာင္း

အဆစ္လည္းႀကီးမယ္၊လက္ေခ်ာင္းလည္းရွည္လ်ားမယ္ဆိုအႏုပညာသေဘာဆန္တယ္။အႏုပညာဗီဇပါတယ္။တိုရင္ေတာ့အင္ဂ်င္နီယာ၊ဗိသုကာရွင္ေတြျဖစ္တတ္တယ္။စိတ္ကူးကို လက္ေတြ႕အေကာင္အထည္ေဖာ္ရတဲ့ေနရာမွာထူးခြၽန္တတ္မယ္။ မ်ားေသာအားျဖင့္အဆစ္ႀကီးၿပီးရွည္တဲ့လက္ေခ်ာင္းပိုင္ရွင္ေတြကေသမွေက်ာ္ၾကားတတ္တယ္။လက္ဆစ္ႀကီးသူေတြဟာနေမာ္ နမဲ့မေနတတ္သူေတြျဖစ္ၾကတယ္။

၄။ ေျပျပစ္ေသာလက္ေခ်ာင္း

စိတ္ပိုင္းနာမ္ပိုင္းဆန္တယ္။ေဖာ္ေ႐ြလြန္းအားႀကီးၿပီးအရာရာကိုခပ္ေပါ့ေပါ့ေျပာရင္းကတိလြယ္လြယ္ေပးမိတတ္ၾကတယ္။အပူ အပင္ကင္းျခင္းနဲ႔ ခ်ဳံးပြဲခ်ငိုေႂကြးျခင္းဆိုတဲ့အစြန္းႏွစ္ဖက္မွာတစ္လွည့္စီေနတတ္တယ္။ဆင္းရဲသည္ျဖစ္ေစ၊ခ်မ္းသာသည္ျဖစ္ေစကံတရားအရစည္းစိမ္စံစားရတတ္သည္ကမ်ားတယ္။ လူမႈဝန္ထိမ္းစိတ္ရွိတယ္။တစ္ကိုယ္ေကာင္းမဆန္တတ္။ၾကားေနဝါဒသမားေတြလို႔ေျပာလို႔ရပါတယ္။

လက္ညႇိဳး

လက္ခလယ္နီးပါးရွည္ေနရင္ေဒါသႀကီးတယ္။စိတ္ဆတ္တယ္။ၾသဇာေပးတတ္တယ္။အရာရာမွာအႏိုင္ယူလိုစိတ္ရွိတယ္။စစ္ကိုလိုလားၿပီးတစ္ကမာၻလုံးသူ႔လက္ေအာက္ေရာက္ဖို႔ႀကိဳးစားခဲ့တဲ့ ျပင္သစ္ဘုရင္နပိုလီယံရဲ႕လက္ညႇိဳးဟာရွည္လ်ား႐ုံမကလက္ေ ေခ်ာင္းအားလုံးကလက္ညႇိဳးဘက္ကိုယိုင္ေနတာကတာ့ ထူျခားတဲ့လကၡဏာတစ္ရပ္ပါပဲ။ အေကာင္းဆုံးကေတာ့လက္ညႇိဳးနဲ႔ လက္ခလယ္ အရွည္ညီမွ်ေနတာပဲျဖစ္ပါတယ္။

လက္ခလယ္

ေျဖာင့္တန္းညီညာၿပီးေလးေထာင့္သေဘာဆန္ေနမယ္ဆိုရင္စိတ္ဓာတ္ ေျဖာင့္မတ္တယ္။တည္ၾကည္တယ္။ ျပတ္သားမယ္။စဥ္းစားခ်င့္ခ်ိန္တတ္တယ္။စြန႔္စားလိုစိတ္ရွိတယ္။လက္ညႇိဳးဘက္ကိုယိုင္ေနရင္အလွအပခုံမင္တယ္။ အဖ်ားခြၽန္ေနရင္ဟိုမေရာက္ဒီမေရာက္ လူစားမ်ိဳး ျဖစ္တတ္တယ္။လက္ခလယ္ တိုလြန္းေနမယ္ဆိုရင္ေတာ့ဘာကိုဘယ္ကစလုပ္ရမွန္းမသိေအာင္ေဝဝါးေထြျပား စိုးရိမ္မႈမ်ားေနတတ္တယ္။

လက္သူႂကြယ္

လက္ညႇိဳးနဲ႔ ညီမွ်စြာရွိေနရင္ေျမာ္ျမင္စဥ္းစားျခင္း၊ရည္႐ြယ္ခ်က္ရွိျခင္း၊ေက်ာ္ေစာမႈကိုလိုလားျခင္း၊ေငြမက္ျခင္းစတဲ့ သေဘာေတြရွိတတ္တယ္။လက္ခလယ္ေလာက္ရွည္လ်ားရင္ေတာ့ ေလာင္း ကစားဝါသနာထုံတယ္။ဇြတ္တ႐ြတ္လုပ္တတ္တယ္။အႏုပညာသေဘာလည္း သက္ဝင္ေနတယ္။လက္ဖဝါးမွာ ေအာင္ ျမင္ေရးလမ္းေၾကာင္းေျဖာင့္တန္းေနရင္ေလာင္းကစားနဲ႔မုခ်အက်ိဳးေပးတတ္တယ္။

လက္ညႇိဳးထက္ရွည္ရင္အလွအပမက္ၿပီးကဗ်ာအႏုပညာဆန္တတ္တယ္။ ေလး ကန္ဖင့္ႏြဲ႕တတ္တယ္။တဖက္သားစိတ္တိုရေလာက္ေအာင္ရွင္ဘုရင္တစ္ခါထြက္လုပ္ေနတတ္တယ္။လက္ညႇိဳးထက္တိုရင္ ျဖစ္ကတတ္ဆန္းေနတတ္တယ္။မဟုတ္မခံစိတ္ရွိတယ္။ၾသဇာေပးလို႔မရ။ေခ်ာ့ေျပာရင္ေတာ့ပုဆိုးပါခြၽတ္ေပးမယ့္လူ မ်ိဳး ျဖစ္တယ္။

လက္သန္း

ရွည္ရင္ပရိယာယ္ႂကြယ္တယ္။အေရးအေျပာေကာင္းတယ္။တိုမယ္ဆိုရင္ေတာ့ အျပတ္သမားေတြ ျဖစ္တယ္။ရွည္ရွည္ ေဝးေဝးေျပာဆိုလုပ္မေနတတ္ၾကဘူး။ ရွည္ၿပီးအနည္းငယ္ေကာက္ေနရင္ စကားကို ႐ႊန္း႐ႊန္းေဝေအာင္ေျပာတတ္တယ္။ တပတ္႐ိုက္လိုစိတ္အနည္းငယ္ရွိတတ္ၾကတယ္။အေကာင္းဆုံးကေတာ့ ေျဖာင့္ တန္းရွည္လ်ားၿပီးထိပ္ျပန႔္တဲ့လက္သန္းမ်ိဳးပဲျဖစ္ပါတယ္။ဒီလိုလက္ေခ်ာင္း ပိုင္ ရွင္ေတြဟာေျဖာင့္မတ္တည္ၾကည္တဲ့ ဆရာသမားေတြအျဖစ္မ်ားတတ္ပါတယ္။

အခုတင္ျပခဲ့တာကေတာ့ လက္ေခ်ာင္းမ်ားအေနအထားကိုၾကည့္တဲ့အေဟာပဲျဖစ္ပါတယ္။လူတစ္ေယာက္ရဲ႕စိတ္ေနစိတ္ထားအက်င့္စ႐ိုက္ကိုလက္ကိုၾကည့္ၿပီးအကဲျဖတ္သုံးသပ္ရာမွာလက္ေခ်ာင္းအေနအထားတစ္ခုတည္းမဟုတ္ဘဲ လက္မအေနအထား၊လက္ဖဝါးျပင္ပုံသ႑ာန္၊လကၡဏာအေရးအေၾကာင္း၊လက္သည္းပုံစံတို႔ကိုပါၾကည့္ရႈဆန္းစစ္ သုံးသပ္ေကာက္ခ်က္ခ်မယ္ဆိုရင္ေတာ့ အေကာင္းဆုံးပဲျဖစ္ပါတယ္။

(၇)ရက္ သားသမီးမ်ား စိတ္၏ခ်မ္းသာ၊ ကိုယ္၏က်န္းမာျခင္း တို႔ျဖင့္ ျပည့္စုံၾကပါေစရွင္။ခရက္ဒစ္

Unicode

လက် ချောင်းကလေးများကိုကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းနိုင်ပါတယ်

၁။ ရှည်လျားသောလက်ချောင်းများ

စိတ်ရှည်တယ်။မေတ္တာကြီးတယ်။စေ့စပ်သေချာတယ်။ဘာ သာတရားလေးစားကိုင်းရှိုင်းတယ်။ကံတရားကိုယုံကြည်တယ်။ အုပ်ချုပ်ရေး၊သဘောတရားရေး၊ပညာရေးတို့ကိုတတ်ကျွမ်းလိုတယ်။ဇွဲလုံလပြင်းထန်ရင်ထွန်းပေါက်တတ်တယ်။

၂။ တိုသောလက်ချောင်း

စိတ်တိုလွယ်တယ်။ဒေါသအဖြစ်မြန်တယ်။အလောသုံးဆယ်ပြုလုပ်တတ်တယ်။ပျာယာခတ်တတ်တယ်။ဟောဟောဒိုင်းဒိုင်းပြောတတ်ပေမဲ့ပြေပျောက်လွယ်တယ်။အရပ်အမောင်းပုတက်တက်ရှိတတ်ကြတယ်။ဗြောင်ပြောတတ်လို့စေတနာကိုဝေဒနာအထင်ခံရတတ်တယ်။တစ်ကိုယ်ကောင်းဆန်တတ်တယ်။လက်ဝါးပြင်အနေအထား၊လက်မအနေအထားတို့ကောင်းရင်ခေါင်း ဆောင်ဖြစ်တတ်တယ်။

၃။ အဆစ်ကြီးသောလက်ချောင်း

အဆစ်လည်းကြီးမယ်၊လက်ချောင်းလည်းရှည်လျားမယ်ဆိုအနုပညာသဘောဆန်တယ်။အနုပညာဗီဇပါတယ်။တိုရင်တော့အင်ဂျင်နီယာ၊ဗိသုကာရှင်တွေဖြစ်တတ်တယ်။စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ရတဲ့နေရာမှာထူးချွန်တတ်မယ်။ များသောအားဖြင့်အဆစ်ကြီးပြီးရှည်တဲ့လက်ချောင်းပိုင်ရှင်တွေကသေမှကျော်ကြားတတ်တယ်။လက်ဆစ်ကြီးသူတွေဟာနမော် နမဲ့မနေတတ်သူတွေဖြစ်ကြတယ်။

၄။ ပြေပြစ်သောလက်ချောင်း

စိတ်ပိုင်းနာမ်ပိုင်းဆန်တယ်။ဖော်ရွေလွန်းအားကြီးပြီးအရာရာကိုခပ်ပေါ့ပေါ့ပြောရင်းကတိလွယ်လွယ်ပေးမိတတ်ကြတယ်။အပူ အပင်ကင်းခြင်းနဲ့ ချုံးပွဲချငိုကြွေးခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာတစ်လှည့်စီနေတတ်တယ်။ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေကံတရားအရစည်းစိမ်စံစားရတတ်သည်ကများတယ်။ လူမှုဝန်ထိမ်းစိတ်ရှိတယ်။တစ်ကိုယ်ကောင်းမဆန်တတ်။ကြားနေဝါဒသမားတွေလို့ပြောလို့ရပါတယ်။

လက်ညှိုး

လက်ခလယ်နီးပါးရှည်နေရင်ဒေါသကြီးတယ်။စိတ်ဆတ်တယ်။သြဇာပေးတတ်တယ်။အရာရာမှာအနိုင်ယူလိုစိတ်ရှိတယ်။စစ်ကိုလိုလားပြီးတစ်ကမ္ဘာလုံးသူ့လက်အောက်ရောက်ဖို့ကြိုးစားခဲ့တဲ့ ပြင်သစ်ဘုရင်နပိုလီယံရဲ့လက်ညှိုးဟာရှည်လျားရုံမကလက်ေ ချောင်းအားလုံးကလက်ညှိုးဘက်ကိုယိုင်နေတာကတာ့ ထူခြားတဲ့လက္ခဏာတစ်ရပ်ပါပဲ။ အကောင်းဆုံးကတော့လက်ညှိုးနဲ့ လက်ခလယ် အရှည်ညီမျှနေတာပဲဖြစ်ပါတယ်။

လက်ခလယ်

ဖြောင့်တန်းညီညာပြီးလေးထောင့်သဘောဆန်နေမယ်ဆိုရင်စိတ်ဓာတ် ဖြောင့်မတ်တယ်။တည်ကြည်တယ်။ ပြတ်သားမယ်။စဉ်းစားချင့်ချိန်တတ်တယ်။စွန့်စားလိုစိတ်ရှိတယ်။လက်ညှိုးဘက်ကိုယိုင်နေရင်အလှအပခုံမင်တယ်။ အဖျားချွန်နေရင်ဟိုမရောက်ဒီမရောက် လူစားမျိုး ဖြစ်တတ်တယ်။လက်ခလယ် တိုလွန်းနေမယ်ဆိုရင်တော့ဘာကိုဘယ်ကစလုပ်ရမှန်းမသိအောင်ဝေဝါးထွေပြား စိုးရိမ်မှုများနေတတ်တယ်။

လက်သူကြွယ်

လက်ညှိုးနဲ့ ညီမျှစွာရှိနေရင်မြော်မြင်စဉ်းစားခြင်း၊ရည်ရွယ်ချက်ရှိခြင်း၊ကျော်စောမှုကိုလိုလားခြင်း၊ငွေမက်ခြင်းစတဲ့ သဘောတွေရှိတတ်တယ်။လက်ခလယ်လောက်ရှည်လျားရင်တော့ လောင်း ကစားဝါသနာထုံတယ်။ဇွတ်တရွတ်လုပ်တတ်တယ်။အနုပညာသဘောလည်း သက်ဝင်နေတယ်။လက်ဖဝါးမှာ အောင် မြင်ရေးလမ်းကြောင်းဖြောင့်တန်းနေရင်လောင်းကစားနဲ့မုချအကျိုးပေးတတ်တယ်။

လက်ညှိုးထက်ရှည်ရင်အလှအပမက်ပြီးကဗျာအနုပညာဆန်တတ်တယ်။ လေး ကန်ဖင့်နွဲ့တတ်တယ်။တဖက်သားစိတ်တိုရလောက်အောင်ရှင်ဘုရင်တစ်ခါထွက်လုပ်နေတတ်တယ်။လက်ညှိုးထက်တိုရင် ဖြစ်ကတတ်ဆန်းနေတတ်တယ်။မဟုတ်မခံစိတ်ရှိတယ်။သြဇာပေးလို့မရ။ချော့ပြောရင်တော့ပုဆိုးပါချွတ်ပေးမယ့်လူ မျိုး ဖြစ်တယ်။

လက်သန်း

ရှည်ရင်ပရိယာယ်ကြွယ်တယ်။အရေးအပြောကောင်းတယ်။တိုမယ်ဆိုရင်တော့ အပြတ်သမားတွေ ဖြစ်တယ်။ရှည်ရှည် ဝေးဝေးပြောဆိုလုပ်မနေတတ်ကြဘူး။ ရှည်ပြီးအနည်းငယ်ကောက်နေရင် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်တယ်။ တပတ်ရိုက်လိုစိတ်အနည်းငယ်ရှိတတ်ကြတယ်။အကောင်းဆုံးကတော့ ဖြောင့် တန်းရှည်လျားပြီးထိပ်ပြန့်တဲ့လက်သန်းမျိုးပဲဖြစ်ပါတယ်။ဒီလိုလက်ချောင်း ပိုင် ရှင်တွေဟာဖြောင့်မတ်တည်ကြည်တဲ့ ဆရာသမားတွေအဖြစ်များတတ်ပါတယ်။

အခုတင်ပြခဲ့တာကတော့ လက်ချောင်းများအနေအထားကိုကြည့်တဲ့အဟောပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်ကိုလက်ကိုကြည့်ပြီးအကဲဖြတ်သုံးသပ်ရာမှာလက်ချောင်းအနေအထားတစ်ခုတည်းမဟုတ်ဘဲ လက်မအနေအထား၊လက်ဖဝါးပြင်ပုံသဏ္ဍာန်၊လက္ခဏာအရေးအကြောင်း၊လက်သည်းပုံစံတို့ကိုပါကြည့်ရှုဆန်းစစ် သုံးသပ်ကောက်ချက်ချမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင်။ခရက်ဒစ်