အိမ္မွာကိုယ္တိုင္လုပ္ ၾကက္ေပါင္းရည္လုပ္နည္းေလး

Zawgyi

အျပင္မွာၾကက္ေပါင္းရည္ဝယ္မရေတာ့ဘူးဆိုလို႔ ၾကက္ေပါင္းရည္လုပ္နည္းေလး ျပန္လည္၍ေဝမွ်ေပးလိုက္ပါတယ္

ကိုယ္လည္းအျပင္မထြက္တာ ၁ပတ္ေလာက္ရွိၿပီမို႔ရွိတာေလးနဲ႔လုပ္ျပထားပါတယ္ ။ ၾကက္ေပါင္းရည္ဆိုတာၾကက္ကိုေပါင္းၿပီးထြက္လာတဲ့အရည္ခ်ိဳကိုေျပာတာပါ ။

ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္အျမစ္တို႔လိုပါတယ္ၾကက္သားကိုေရစင္ေအာင္ေဆးပါ

နံနံပင္ရဲ႕အျမစ္ကိုေရစင္ေအာင္ေဆးပါဂ်င္းကိုအခြံခြာၿပီး မထူမပါးလြီးပါ

ၾကက္သြန္ျဖဴအမႊာကိုခြာယူၿပီး ေရေဆးပါ(အခြံမခြာပါဘူးရွင္ အခြံနဲ႔တစ္ပါတည္းထည့္ေပါင္းမွာပါ )

ေဇာက္နက္တဲ့ပန္းကန္ထဲကိုပန္းကန္လုံးအေသးေလးတစ္လုံးေမွာက္ထည့္ပါ

သူ႔အေပၚမွ ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္ ျဖန႔္ၿပီးထည့္ပါ

ထမင္းေပါင္းအိုးထဲကို ေရထက္ဝက္ခန႔္ထည့္ၿပီး

အေပၚကန႔္သုံးကာ ၂နာရီခန႔္ေပါင္းပါအဖုံးမဖြင့္ၾကည့္ပါနဲ႔

ၾကက္ေပါင္းရည္ရဖို႔အခ်ိန္၂နာရီကလုံေလာက္ပါတယ္ရွင္

ၾကက္ေပါင္းရည္လိုတာထက္ပိုထြက္ခ်င္ရင္ဒီလိုေလးလုပ္ပါရွင္

ဇစ္အိတ္ေလးေတြထဲ ေရခဲတုံးေလးေတြထည့္ၿပီးအိုးအဖုံးေပၚကို တင္ေပးပါရွင္ဘယ္အခ်ိန္လုပ္ရမလဲဆိုေတာ့ အခ်ိန္ျပည့္ဖို႔ ၅မိနစ္၁ဝမိနစ္အလိုေလာက္မွာလုပ္လို႔ရပါတယ္

ဘာအရသာမႈန႔္ ဘာဆားမွမထည့္ပါဘူးၾကက္ကေတာ့ ဗမာၾကက္အသုံးျပဳတာအေကာင္းဆုံးပါရွင္ ။

ၾကက္ေပါင္းရည္ထဲမွာအဆီေတြေဝ့ေနတာမႏွစ္သက္ဘူးဆိုရင္ ၾကက္ေပါင္းတဲ့အခါၾကက္အေရခြံကိုဖယ္ၿပီးေပါင္းေပးပါရွင့္ ။

မွတ္ခ်က္

အေရခြံမခြၽတ္လွ်င္ အဆီထြက္ၿပီးလည္ေခ်ာင္းယားၿပီးေခ်ာင္းဆိုးတတ္ပါသည္။

Credit Htun Thiri

မူရင္းပိုစ့္ပိုင္ရွင္ မမအားcredit ေပးပါသည္။

Unicode

အပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့ ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ်

ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။

ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ်ကြက်သားကိုရေစင်အောင်ဆေးပါ

နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါဂျင်းကိုအခွံခွာပြီး မထူမပါးလွီးပါ

ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ(အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ )

ဇောက်နက်တဲ့ပန်းကန်ထဲကိုပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ

သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ

ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး

အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါအဖုံးမဖွင့်ကြည့်ပါနဲ့

ကြက်ပေါင်းရည်ရဖို့အချိန်၂နာရီကလုံလောက်ပါတယ်ရှင်

ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင်ဒီလိုလေးလုပ်ပါရှင်

ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီးအိုးအဖုံးပေါ်ကို တင်ပေးပါရှင်ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁ဝမိနစ်အလိုလောက်မှာလုပ်လို့ရပါတယ်

ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူးကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင် ။

ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာမနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့် ။

မှတ်ချက်

အရေခွံမချွတ်လျှင် အဆီထွက်ပြီးလည်ချောင်းယားပြီးချောင်းဆိုးတတ်ပါသည်။

Credit Htun Thiri

မူရင်းပိုစ့်ပိုင်ရှင် မမအားcredit ပေးပါသည်။