Zawgyi
Uniocde
တရားစခန်း ၉ ရက် ဝင်ရင်း တရားပေါက် သွားကာ အနီတွေ အစိမ်းတွေ အစွဲမရှိ တော့ဘူးလို့ ပြောလာတဲ့ ‌ရွှေရူပါဦး
တရားစခန်း ၉ ရက် ဝင်ရင်း တရားပေါက် သွားကာ ခန္ဓာဉာဏ်ရသွားပြီး အနီတွေ အစိမ်းတွေ အစွဲမရှိ တော့ဘူးလို့ ပြောလာတဲ့ ‌ရွှေရူပါဦး
Dr ကေသာဦး ကိုယ့်စိတ်ကိုယ်စစ် InternationalZoom Online ယောဂီဟောင်း သေနည်းသင်တန်း ၉ ရက်တာကာလ ဒီနေ့ပပြီးဆုံးသွားပြီ မို့ပြုခဲ့သမျှ ကုသိုလ်လေးကိုအမျှပေးချင်လို တဲ့ဆန္ဒကြောင့် ဒီ Status လေးကို ရေးလိုက်ရပါတယ်
တရားစခန်းဝင်ဖို့ သဒ္ဓါတရား ဘယ်လောက် ထက်သန်လဲဆိုရင် ယောဂီဟောင်းစာရင်း ၂၀၀နီးပါးမှာယောဂီနံပါတ် ၁ မို့အံ့ဩရပါတယ် တရားကို အာသာငမ်းငမ်း လိုချင်လွန်းလို့ စာရင်းပေးတာလက်မြန်ချက်ပေါ့
ယောဂီဟောင်း စခန်းဆိုတော့ တစ်ကြိမ်ထိုင်လျှင် ကြာမြင့်ချိန် ၃ နာရီ ကစပြီးထိုင်ရပါတယ်နောက်နေ့တွေမှာတော့ ၂ ချိန်ဆက်တိုက် ကြားမှာနားချိန် ၁ နာရီပေါင်းလို့နာရီရှည် ၇ နာရီထိ ကြိုးစားထိုင်နိုင် ခဲ့ပါတယ်။
အလားတူနောက်နေ့တွေမှာလည်း ထပ်မံပြီးကြိုး စားခဲ့ပြန်ပါတယ်အမေကတော့ ယောဂီထိန်းလို အနားမှာလို အပ်တာစောင့်ကြည့်ပေးပြီး သတိလွတ်မှာရယ် ငိုက်မှာရယ် သည်းမခံနိုင်မှာစိုးလို့ သတိပေးနေခဲ့ပါတယ်။
အရေအတွက်ကို ပဓာနမထားပဲ ခန္ဓာဉာဏ်ရောက်အောင် အားထုတ်ဖို့လည်း အမြဲမှာပါတယ်။ဒါ့အပြင်အခန်းတွင်း အပူ အအေး မျှတအောင် နဲ့ အချိန်မီ ဆွမ်းစားဖို့ကအစပါရမီဖြည့်ပေးနေခဲ့ပါတယ်။
ဒီတရားစခန်း ဝင်ဖို့ကိုလည်း အမေ့ရဲ့တစ်ချက် လွှတ်အမိန့်လည်း ပါတာပေါ့ ယခုလိုမျိုး သဒ္ဓါထန်သန်စွာ အားထုတ်ဖို့ဖြစ်လာအောင် ကျေးဇူးကြီးသူကတော့ဆရာ Dr ကေသာဦး ပါ
ဆရာ့ရဲ့ ယောဂီတွေအပေါ်မှာ ထားရှိတဲ့မေတ္တာနဲ့သဒ္ဓါတရားဟာအင်မတန်မှ ကြီးမားပြီး ကျေးဇူးကြီးတာမို့ဒီနေရာကနေကန်တော့လိုက် ရပါတယ်ရှင် တော်တော်ကို ပင်ပန်းခံနိုင်တဲ့ ဆရာပါသဒ္ဓါ တရားကတော့ သူမတူအောင်ပါပဲ
ဆရာ့ကျေးဇူးတွေ ကိုလည်းဘာဝနာတရား တွေပွားများပြီး ပြန်လည်ဆပ်သွားပါ့မယ်ရှင် ပြုသမျှကုသိုလ် အမျှ အမျှ အမျှ ပေးဝေပါတယ်ရှင် နတ် လူ သာဓုခေါ်စေသော် ဟု ရေးတင်ထားပါတယ်။
အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။ မူရင်း crd