Zawgyi
သူ့အနေနဲ့ လူရွှင် တော် တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ ထင်မှတ်မ ထားခဲ့ဘဲ နောက်ဆုံး မှာတော့ ဆရာကောင်းသမား ကောင်းတွေနဲ့တွေ့ပြီး လူရွှင်တော် တစ်ယောက်ဖြစ်လာခဲ့တာ လို့ သိရပါ တယ်။
Credit
Unicode
စားဝတ်နေရေးအတွက် ခက်ခဲနေတာကြောင့် တုတ်ထိုးရောင်းနေတဲ့ လူရွှင်တော်ကြီး ဦးနေကျော်
လူရွှင်တော်ကြီး ဦးနေကျော်က အနုပညာအလုပ်တွေ ရပ်နားသွားတော့ တုတ်ထိုး၊ ကြာဇံကြော် ၊ တို့ရောင်းပြီး ဘဝ ရုန်းကန်နေပါတ ယ်။ ဦးနေကျော်ရဲ့ တုတ်ထိုးဆိုင်လေးက အရှေ့ဒဂုံမြို့နယ်၊ ၇ ရပ်ကွက် တိမ်ကြား မင်းခေါင် လမ်းနဲ့ ဗိုလ်ခန့်လမ်းဒေါင့် ဆွမ်းလော င်းဓမ္မာရုံရှေ့ လိုင်းခန်းမှာ တည်ရှိပါတယ်။
လူရွှင်တော် တစ်ယောက်ဖြစ် လာဖို့အတွက် အခက်အခဲတွေ အ များကြီးကြားထဲကနေ ကြိုးစားခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော် နေကျော်လည်း တစ်ယောက် အပါ အဝင်ပါ။
သူဟာ ကားဆွဲအနေနဲ့ ၂ နှစ်၊မီးထိုးအဖြစ် ၂နှစ်၊ လူကြမ်း အဖြစ် ၆နှစ်လောက်လုပ်ဆောင်ခဲ့ပြီး မှ လူရွှင်တော် ဘဝကို တက်လှမ်း ခွင့်ရခဲ့သူပါ။
သူ့အနေနဲ့ လူရွှင် တော် တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ ထင်မှတ်မ ထားခဲ့ဘဲ နောက်ဆုံး မှာတော့ ဆရာကောင်းသမား ကောင်းတွေနဲ့တွေ့ပြီး လူူရွှင်တော် တစ်ယောက်ဖြစ်လာခဲ့တာ လို့ သိရပါ တယ်။
လူရွှင်တော်နေကျော်ရဲ့ အနု ပညာသက်တမ်းက ၃၅နှစ် ကျော် လွန်ခဲ့ပြီဖြစ်ပြီး ဒီကာလေ တွအတွင်း မှာလည်း အခက်အခဲတွေလည်းရှိခဲ့ ပါတယ်။
“စိတ်၏ပြေလည်မှု၊ စိတ်၏မ ပြေလည်မှု ၊ငွေရေးကြေးရေးပြေ လည်မှု၊ မပြေလည်မှုတွေလည်း ရှိ တာပါပဲ။ ဒါတွေကို သည်းခံခွ င့်လွှ တ် ပြီးတော့ အနုပညာအလုပ်ကို ချစ်မြတ်နိုးလို့ ရုန်းကန်ကြိုးစားခဲ့ရ တာပါ။
အဲဒီတော့ ဒီလုပ်ငန်းကို လုပ်တော့မ ယ်ဆိုရင်လည်း စိတ်က လည်းဦးတည်ချ က်ရှိမှ၊ ရည်ရွယ် ချက်ရှိမှလေကျွန်တော့်အနေနဲ့ ဒီ လုပ်ငန်းနဲ့ ကျွမ်းကျင်တော့ ဒီလုပ် ငန်းကိုပဲလုပ်ချင်တာပါ။
အပြင်လုပ် ငန်းကို မကျွမ်းကျင်တော့ ဇဝေဇဝါ ဖြစ်ပြီး ဘာလုပ်ချင်ကိုင်ချင်မှန်းကို မသိတော့ဘူး။ ဒီလုပ်ငန်းလေးလုပ် ရတာ စိတ်ချမ်းသာတယ်။
သေမှပဲ ဒီအလုပ်ကို စွန့်လွှတ် မယ်လို့ စိတ်ကူး ထားပါတယ်” လို့ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို လူရွှင်တော် နေကျော်ကပြောပါတယ်။
လူရွှင်တော် ဆိုတာကလည်း ပြက်လုံးတစ်လုံးထွင်ဖို့ဆိုတာ မလွယ် ကူဘဲ ပရိသတ်တွေရယ်ဖို့ ဆိုတာက ပိုလို့တောင် ခက်ခဲပြီး ပြက်လုံးကို ပရိသတ်တွေသဘောကျလို့ ရယ်ကြ ရင်လည်း သူတို့အနေနဲ့ တအားစိတ် ချမ်းသာရကြောင်း ပြောပြခဲ့ဖူးပါတယ်။ု
Credit