ငါးေျခာက္ကို အငန္ဓာတ္နည္းေအာင္ အရသာရွိရွိ စားသုံးႏိုင္ေအာင္ ဖုတ္နည္း

Zawgyi

ငါးေျခာက္ကို အငန္ဓာတ္နည္းေအာင္ အရသာရွိရွိ စားသုံးႏိုင္ေအာင္ ဖုတ္နည္း

ငါးေျခာက္ဖုတ္မယ္ဆိုရင္ အရင္ဆုံး ဆားရည္ထဲ ငါးေျခာက္ကို နာရီဝက္ေလာက္ စိမ္ထားပါ ၿပီးမွ ေရ ၃ ထပ္ ေလာက္ေဆးၿပီးရင္ ဖုတ္လို႔ ရပါၿပီ။

ဆားရည္ စိမ္ျခင္းက ငါးေျခာက္ရဲ႕အငံဓာတ္ကို နည္းသြားေအာင္ စုပ္ယူသလို ငါးေျခာက္လွန္းတဲ့အခါ အခုသုံးေနၾကတဲ့ယင္မနားေဆးရဲ႕ အႏၲရာယ္ကလည္း နည္းသြားပါတယ္။ ေရဇလုံေလးတစ္လုံး ငါးေျခာက္ထုမယ့္ စဥ့္ႏွီတုံးနား အသင့္ထားထားေပးပါ။

ငါးေျခာက္ကို ႂကြပ္ႂကြပ္ မႀကိဳက္ပဲ ေပ်ာ့ေပ်ာ့ေလး စားခ်င္ရင္ေတာ့ ဆီထည့္ထားတဲ့ ပန္းကန္ေလးလဲ အဆင္သင့္ လုပ္ထားပါ။ ငါးေျခာက္ကို စၿပီးဖုတ္လို႔ မီးအပူနဲ႔ ေတြ႕ရင္ ငါးေျခာက္သားေလး စၿပီးေပ်ာ့ ေပ်ာင္းလာပါလိမ့္မယ္။

အဲ့ဒီအခ်ိန္ ငါးေျခာက္ကို ျပန္ဆယ္ၿပီး ဖြဖြေလး အသားပြလာေအာင္ ထုၿပီးမွ ျပန္ဖုတ္ပါ။ ငါးေျခာက္က က်က္လာၿပီး တူးစျပဳလာရင္ အသင့္ထားထားတဲ့ ေရဇလုံထဲ ထည့္ၿပီး ခ်က္ခ်င္း ျပန္ဆယ္ေပးပါ။

မီးေလး ခဏျပန္ျပၿပီး ဖြဖြေလးထုပါ။ ထုထားတဲ့ ငါးေျခာက္ကိုခ်က္ခ်င္း အပူဓာတ္မကုန္ခင္ ဆီစိမ္ပါ။ ဒါဆိုရင္ေတာ့ ငါးေျခာက္ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ေလးရပါၿပီ။

သက္ႀကီး႐ြယ္အို မိဘေတြလဲ အဆင္ေျပေျပ ဝါးလို႔ ရပါတယ္။ ႂကြပ္တာ ႀကိဳက္ရင္ေတာ့ ထုလိုက္ ဆီစိမ္လိုက္ မလုပ္ပဲ ထုထားတဲ့ ငါးေျခာက္ေတြကို ေအးသြားမွ ဆီစိမ္ပါ။ ဒါဆိုရင္ ေတာ့ ငါးေျခာက္ ႂကြပ္ႂကြပ္ေလး ရပါၿပီ။

Credit

Unicode

ငါးခြောက်ကို အငန်ဓာတ်နည်းအောင် အရသာရှိရှိ စားသုံးနိုင်အောင် ဖုတ်နည်း

ငါးခြောက်ဖုတ်မယ်ဆိုရင် အရင်ဆုံး ဆားရည်ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါ ပြီးမှ ရေ ၃ ထပ် လောက်ဆေးပြီးရင် ဖုတ်လို့ ရပါပြီ။

ဆားရည် စိမ်ခြင်းက ငါးခြောက်ရဲ့အငံဓာတ်ကို နည်းသွားအောင် စုပ်ယူသလို ငါးခြောက်လှန်းတဲ့အခါ အခုသုံးနေကြတဲ့ယင်မနားဆေးရဲ့ အန္တရာယ်ကလည်း နည်းသွားပါတယ်။ ရေဇလုံလေးတစ်လုံး ငါးခြောက်ထုမယ့် စဉ့်နှီတုံးနား အသင့်ထားထားပေးပါ။

ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီထည့်ထားတဲ့ ပန်းကန်လေးလဲ အဆင်သင့် လုပ်ထားပါ။ ငါးခြောက်ကို စပြီးဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့ ပျောင်းလာပါလိမ့်မယ်။

အဲ့ဒီအချိန် ငါးခြောက်ကို ပြန်ဆယ်ပြီး ဖွဖွလေး အသားပွလာအောင် ထုပြီးမှ ပြန်ဖုတ်ပါ။ ငါးခြောက်က ကျက်လာပြီး တူးစပြုလာရင် အသင့်ထားထားတဲ့ ရေဇလုံထဲ ထည့်ပြီး ချက်ချင်း ပြန်ဆယ်ပေးပါ။

မီးလေး ခဏပြန်ပြပြီး ဖွဖွလေးထုပါ။ ထုထားတဲ့ ငါးခြောက်ကိုချက်ချင်း အပူဓာတ်မကုန်ခင် ဆီစိမ်ပါ။ ဒါဆိုရင်တော့ ငါးခြောက်ပျော့ပျော့ပျောင်းပျောင်း လေးရပါပြီ။

သက်ကြီးရွယ်အို မိဘတွေလဲ အဆင်ပြေပြေ ဝါးလို့ ရပါတယ်။ ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက် ဆီစိမ်လိုက် မလုပ်ပဲ ထုထားတဲ့ ငါးခြောက်တွေကို အေးသွားမှ ဆီစိမ်ပါ။ ဒါဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ်လေး ရပါပြီ။

Credit