ျခင္ေတြေျပးေအာင္သင့္ရဲ႕အိမ္ထဲမွာဒီအပင္ေလး(၅)ပင္စိုက္ၾကည့္လိုက္ပါေနာ္

Zawgyi

ျခင္ေတြေျပးေအာင္သင့္ရဲ႕အိမ္ထဲမွာဒီအပင္ေလး(၅)ပင္စိုက္ၾကည့္လိုက္ပါေနာ္

ျခင္ေတြ ေျပးေအာင္သင့္ရဲ႕အိမ္ထဲမွာဒီအပင္ေလး (၅)ပင္စိုက္ၾကည့္လိုက္ပါေနာ္မိမိအိမ္မွာရွိတဲ့ ေသာင္းက်န္းလြန္းတဲ့ျခင္ေတြကို ျခင္ေဆးေခြ၊ ျခင္ဖ်န္းေဆြးေတြနဲ႔ ႏွိမ္ႏွင္းေနတုန္းလား?

ဒါကအလြန္အႏၲရာယ္မ်ားတဲ့ ႏွိမ္ႏွင္းျခင္းျဖစ္ၿပီး ကေလးငယ္ရွိတဲ့အိမ္ေတြဆိုရင္ ပိုၿပီးေတာင္အႏၲရာယ္မ်ားလြန္းပါေသးတယ္။ဒါေၾကာင့္မို႔အႏၲရာယ္မမ်ားဘဲသဘာဝနည္းလမ္းေတြနဲ႔ ျခင္ေတြေျပးေစမယ့္နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သင္ဟာအပင္ေလးေတြကိုခ်စ္ျမတ္ႏိုးၿပီးအပင္စိုက္တာလည္းဝါသနာပါတယ္၊ ျခင္ေတြကိုလည္းသဘာဝနည္းလမ္းအတိုင္း ႏွိမ္ႏွင္းခ်င္တယ္ဆိုရင္ဒီနည္းလမ္းေတြကသင့္အတြက္ အေကာင္းဆုံးနည္းလမ္းေတြျဖစ္မွာပါ။

ၿပီးေတာ့ ျခင္ေျပးပင္ေလးေတြဟာမိမိတို႔မီးဖိုခန္းအတြက္လည္းအသုံးဝင္တာေၾကာင့္တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ အစီအစဥ္လည္းျဖစ္ပါတယ္။ျခင္ေျပးပင္ေလးေတြကို စိုက္ပ်ိဳးျခင္းျဖင့္မိမိတို႔မီးဖိုခန္းရဲ႕ ေငြယိုေပါက္ကတစ္ဖက္တစ္လမ္းကကာကြယ္နည္းလည္း ေရာက္ပါတယ္။

ကန္စြန္းပင္ကန္စြန္းပင္ေလးေတြ ပြင့္ခ်ိန္မွာ ျခင္ေတြ ေျပးတယ္ဆိုတဲ့လ်ိဳ႕ဝွက္ခ်က္ကိုသင္သိပါသလား?အမွန္ပါ.. ကန္စြန္း႐ြက္ဆိုတာက မိသားစုတိုင္းႀကိဳက္ႏွစ္သက္တဲ့ ဟင္းလ်ာျဖစ္ၿပီး၊ ထမင္းပူပူေလးနဲ႔ ကန္စြန္းပလိန္းတစ္ခြက္ဟာ အလြန္ပဲလိုက္ဖက္ညီတဲ့ အစားအစာပဲျဖစ္ပါတယ္။

ကန္စြန္းပင္ စိုက္ပ်ိဳးနည္းအိုးထဲကို သဲ(၁)ဆ၊ ေျမေဆြး(၁)ဆ၊ ျပာ (၁)ဆုတ္ ေရာထည့္ၿပီး ေရအနည္းငယ္ေလာင္းပါ။ကန္စြန္းပင္ကို ၃ လက္မေလာက္ျမႇဳပ္ၿပီး တစ္ပင္စီစိုက္ပါ။ ေနေရာင္ျခည္ရတဲ့ေနရာမွာထားၿပီး ေရေလာင္းရန္ မေမ့ပါနဲ႔။

ပူစီနံအသုတ္ထဲမွာျဖစ္ျဖစ္ ထည့္စားလို႔ရၿပီး၊ ငါးပိရည္တို႔စရာအျဖစ္လည္း စားလို႔ရတဲ့ ပူစီနံအ႐ြက္ကို လူတိုင္းသိၾကမယ္ထင္ပါတယ္။ပူစီနံအပင္ေလးေတြက ျခင္ေတြေျပးေစတဲ့ အနံ႔ကိုထုတ္ေပးတာေၾကာင့္ အိမ္မွာ

ပူစီနံပင္ေလးေတြစိုက္ထား႐ုံနဲ႔ ျခင္ေျပးေစတဲ့အျပင္ ေဈးဝယ္ျခင္းထဲက ပစၥည္းတစ္မ်ိဳးလည္း ေလ်ာ့ေစႏိုင္ပါတယ္။ပူစီနံအပင္ေလးေတြက စိုက္ပ်ိဳးရလြယ္ကူၿပီး ေနရာမယူတာေၾကာင့္ တိုက္ခန္းေနသူမ်ားေတာင္ စိုက္ပ်ိဳးလို႔ရပါတယ္။

ပူစီနံပင္စိုက္ပ်ိဳးနည္းပူစီနံပင္ေလးေတြကစိုက္ပ်ိဳးရလြယ္ကူသေလာက္အလြန္ပဲ ပြားလြယ္တာေၾကာင့္ ၿခံက်ယ္က်ယ္မရွိပါက အဝက်ယ္တဲ့ အိုးထဲမွာ ထည့္စိုက္ဖို႔လိုပါတယ္။

ပူစီနံပင္စိုက္ဖို႔မ်ိဳးပင္သပ္သပ္ဝယ္ဖို႔မလိုဘဲစားဖို႔ဝယ္လာတဲ့အပင္ထဲက အ႐ိုးရင့္တာေလးေတြကို စိုက္လို႔ရပါတယ္။အိုးထဲကို ေရစီးဆင္းဖို႔လြယ္တဲ့ ေျမဆီလႊာအပြကိုထည့္ၿပီးအခက္အလက္ေလးေတြကို ေလးဆစ္ေလာက္ျမႇဳပ္ေအာင္ထည့္ၿပီး အေပၚကေန ေျမေဆြးထပ္ထည့္ေပး႐ုံပါပဲ။

ေရကိုလည္း အိုးေအာက္ေျခထိ စိုတယ္ဆို႐ုံေလးေလာင္းေပးဖို႔လိုပါတယ္။ပင္စိမ္းပင္ငါးေလးအိုးကပ္ကို င႐ုတ္သီးစပ္စပ္နဲ႔ ပင္စိမ္း႐ြက္ေလးအုပ္ၿပီး ခ်က္စားၾကပါတယ္။ ထမင္းစားၿမိန္ေစတဲ့ ဟင္းတစ္ခြက္လည္း ျဖစ္ပါတယ္။

အဲ့ဒီပင္စိမ္း႐ြက္ေလးေတြကလည္း ျခင္ေတြကို ေျပးေစႏိုင္တဲ့အနံ႔ေလးေတြရွိတာမို႔ ျခင္ေျပးပင္ေလးပဲျဖစ္ပါတယ္။ပင္စိမ္းပင္စိုက္ပ်ိဳးနည္းေဈးထဲကဝယ္လာတဲ့ပင္စိမ္းပင္ေလးရဲ႕ ေအာက္ေျခကို ျဖတ္ၿပီး ေျမဆီလႊာထည့္ထားတဲ့ အိုးေလးနဲ႔ စိုက္ပ်ိဳးပါ( ေျမၾသဇာအမ်ားႀကီးထည့္ဖို႔မလိုပါ)

၊အိုးေလးထဲက ေျမဆီလႊာေတြေျခာက္တဲ့အခါရေလာင္းေပးဖို႔လိုအပ္ၿပီးတစ္ေန႔ကို၆ နာရီေလာင္နေရာင္ျခည္ရတဲ့ေနရာမွာထားေပးဖို႔လိုအပ္ပါတယ္။ၾကက္သြန္ျဖဴအိမ္တိုင္းရဲ႕ မီးဖိုခန္းမွာ ရွိၿပီး ဟင္းပြဲတိုင္းမွာ မပါမျဖစ္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ပဲျဖစ္ပါတယ္။

ၾကက္သြန္ျဖဴစားျခင္းေၾကာင္း က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ အံ့မခမ္းျဖစ္ၿပီး ၎အပင္ကို စိုက္ပ်ိဳးထားျခင္းျဖင့္လည္း ျခင္ေတြကိုအလြယ္တကူ ႏွိမ္ႏွင္းႏိုင္မွာျဖစ္ပါတယ္။

ၾကက္သြန္ျဖဴစိုက္ပ်ိဳးနည္းမ်ားေျမႀကီးအက်ယ္မရွိသူေတြကအိုးနဲ႔ ေျမႀကီးအက်ယ္ရွိသူေတြကေတာ့ ေဘာင္ေလးလုပ္ၿပီးစိုက္ပ်ိဳးႏိုင္ပါတယ္။ အိုးထဲကို ေျမေဆြးထည့္ၿပီး ၾကက္သြန္ျဖဴကို အမႊာေလးေတြခြဲၿပီး ေျမေဆြးထဲ ထိုးစိုက္ထား႐ုံပါပဲ။

အေညႇာင့္ထြက္မယ့္အပိုင္းကို အေပၚမွာထားၿပီးစိုက္ပ်ိဳးဖို႔သတိျပဳမိပါေစ။ ေရပုံမွန္ေလာင္းေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္….စပါးလင္မုန႔္ဟင္းခါးခ်က္တဲ့အခါမွျဖစ္ျဖစ္၊အသားဟင္းေတြခ်က္တဲ့အခါမွာပဲျဖစ္ျဖစ္ အေမႊးနံ႔သာအေနနဲ႔ထည့္ခ်က္တဲ့စပါးလင္ကိုလူတိုင္းသိၾကပါတယ္။

အိမ္မွာ စပါးလင္ပင္စိုက္ပ်ိဳးထား႐ုံနဲ႔ ျခင္ေဆးေခြထြန္းစရာမလို၊ ျခင္းေဆးဖ်န္းစရာမလိုဘဲ ျခင္ေတြကို အလြယ္တကူ ႏွိမ္ႏွင္းႏိုင္မွာျဖစ္ပါတယ္။

စပါးလင္စိုက္ပ်ိဳးနည္းလြယ္ပါတယ္။ ေဈးထဲကဝယ္လာတဲ့စပါးလင္ပင္ရဲ အရင္းပိုင္း(၂ လက္မေလာက္)ကို ေရဖန္ခြက္ထဲထည့္စိမ္ပါ။၇ရက္ၾကာၿပီးေနာက္ စပါးလင္ပင္မွ အျမစ္ေလးေတြထြက္လာပါလိမ့္မယ္။

ထို႔ေနာက္ ေျမေဆြးထည့္ထားတဲ့အိုးထဲကို ၁ လက္မေလာက္ျမဳပ္ေအာင္ထိုးစိုက္ၿပီးရေလာင္းေပးပါ။ဒီနည္းနဲ႔လြယ္ကူလ်င္ျမန္စြာစပါးလင္ပင္စိုက္ပ်ိဳးႏိုင္ပါၿပီ။ဒီျခင္ေျပးပင္(၅)မ်ိဳးဟာအိမ္တိုင္းရဲ႕မီးဖိုခန္းေတြမွာလည္း

အသုံးတည့္ၿပီးအိမ္မွာမျဖစ္မေနစိုက္ပ်ိဳးထား႐ုံနဲ႔ ျခင္မ်ားေျပးေစႏိုင္တဲ့အျပင္အိမ္ရဲ႕မီးဖိုခန္းမွ ေငြယိုေပါက္ကိုလည္းအနည္းငယ္ေတာ့ပိတ္စို႔ေပးေစႏိုင္မွာပဲျဖစ္ပါတယ္။ဒါ့အျပင္မိမိအိမ္မွာအပင္စိမ္းစိမ္းေလးေတြ စိုက္ပ်ိဳးထားျခင္းကလည္းမိမိရဲ႕စိတ္ကိုလန္းဆန္းေစပါတယ္။

ဒါေၾကာင့္စာဖတသူတို႔လည္း ေငြကုန္ေၾကးက်မမ်ားဘဲအလြယ္တကူစိုက္ပ်ိဳးလို႔ရတဲ့ ျခင္ေျပးပင္ေလးေတြကိုအခုပဲစိုက္ပ်ိဳးၾကည့္ဖို႔တိုက္တြန္းလိုက္ပါတယ္ေနာ္။ဒီPost ေလးကအသုံးဝင္တယ္ဆိုရငShareတစ္ခ်က္လုပ္ၿပီး မွ်ေဝေပးလိုက္ပါ

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္Credit ေပးပါသည္။

Photo Credit to Owners

Unicode

ခြင်တွေပြေးအောင်သင့်ရဲ့အိမ်ထဲမှာဒီအပင်လေး(၅)ပင်စိုက်ကြည့်လိုက်ပါနော်

ခြင်တွေ ပြေးအောင်သင့်ရဲ့အိမ်ထဲမှာဒီအပင်လေး (၅)ပင်စိုက်ကြည့်လိုက်ပါနော်မိမိအိမ်မှာရှိတဲ့ သောင်းကျန်းလွန်းတဲ့ခြင်တွေကို ခြင်ဆေးခွေ၊ ခြင်ဖျန်းဆွေးတွေနဲ့ နှိမ်နှင်းနေတုန်းလား?

ဒါကအလွန်အန္တရာယ်များတဲ့ နှိမ်နှင်းခြင်းဖြစ်ပြီး ကလေးငယ်ရှိတဲ့အိမ်တွေဆိုရင် ပိုပြီးတောင်အန္တရာယ်များလွန်းပါသေးတယ်။ဒါကြောင့်မို့အန္တရာယ်မများဘဲသဘာဝနည်းလမ်းတွေနဲ့ ခြင်တွေပြေးစေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာအပင်လေးတွေကိုချစ်မြတ်နိုးပြီးအပင်စိုက်တာလည်းဝါသနာပါတယ်၊ ခြင်တွေကိုလည်းသဘာဝနည်းလမ်းအတိုင်း နှိမ်နှင်းချင်တယ်ဆိုရင်ဒီနည်းလမ်းတွေကသင့်အတွက် အကောင်းဆုံးနည်းလမ်းတွေဖြစ်မှာပါ။

ပြီးတော့ ခြင်ပြေးပင်လေးတွေဟာမိမိတို့မီးဖိုခန်းအတွက်လည်းအသုံးဝင်တာကြောင့်တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လည်းဖြစ်ပါတယ်။ခြင်ပြေးပင်လေးတွေကို စိုက်ပျိုးခြင်းဖြင့်မိမိတို့မီးဖိုခန်းရဲ့ ငွေယိုပေါက်ကတစ်ဖက်တစ်လမ်းကကာကွယ်နည်းလည်း ရောက်ပါတယ်။

ကန်စွန်းပင်ကန်စွန်းပင်လေးတွေ ပွင့်ချိန်မှာ ခြင်တွေ ပြေးတယ်ဆိုတဲ့လျို့ဝှက်ချက်ကိုသင်သိပါသလား?အမှန်ပါ.. ကန်စွန်းရွက်ဆိုတာက မိသားစုတိုင်းကြိုက်နှစ်သက်တဲ့ ဟင်းလျာဖြစ်ပြီး၊ ထမင်းပူပူလေးနဲ့ ကန်စွန်းပလိန်းတစ်ခွက်ဟာ အလွန်ပဲလိုက်ဖက်ညီတဲ့ အစားအစာပဲဖြစ်ပါတယ်။

ကန်စွန်းပင် စိုက်ပျိုးနည်းအိုးထဲကို သဲ(၁)ဆ၊ မြေဆွေး(၁)ဆ၊ ပြာ (၁)ဆုတ် ရောထည့်ပြီး ရေအနည်းငယ်လောင်းပါ။ကန်စွန်းပင်ကို ၃ လက်မလောက်မြှုပ်ပြီး တစ်ပင်စီစိုက်ပါ။ နေရောင်ခြည်ရတဲ့နေရာမှာထားပြီး ရေလောင်းရန် မမေ့ပါနဲ့။

ပူစီနံအသုတ်ထဲမှာဖြစ်ဖြစ် ထည့်စားလို့ရပြီး၊ ငါးပိရည်တို့စရာအဖြစ်လည်း စားလို့ရတဲ့ ပူစီနံအရွက်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ပူစီနံအပင်လေးတွေက ခြင်တွေပြေးစေတဲ့ အနံ့ကိုထုတ်ပေးတာကြောင့် အိမ်မှာ

ပူစီနံပင်လေးတွေစိုက်ထားရုံနဲ့ ခြင်ပြေးစေတဲ့အပြင် ဈေးဝယ်ခြင်းထဲက ပစ္စည်းတစ်မျိုးလည်း လျော့စေနိုင်ပါတယ်။ပူစီနံအပင်လေးတွေက စိုက်ပျိုးရလွယ်ကူပြီး နေရာမယူတာကြောင့် တိုက်ခန်းနေသူများတောင် စိုက်ပျိုးလို့ရပါတယ်။

ပူစီနံပင်စိုက်ပျိုးနည်းပူစီနံပင်လေးတွေကစိုက်ပျိုးရလွယ်ကူသလောက်အလွန်ပဲ ပွားလွယ်တာကြောင့် ခြံကျယ်ကျယ်မရှိပါက အဝကျယ်တဲ့ အိုးထဲမှာ ထည့်စိုက်ဖို့လိုပါတယ်။

ပူစီနံပင်စိုက်ဖို့မျိုးပင်သပ်သပ်ဝယ်ဖို့မလိုဘဲစားဖို့ဝယ်လာတဲ့အပင်ထဲက အရိုးရင့်တာလေးတွေကို စိုက်လို့ရပါတယ်။အိုးထဲကို ရေစီးဆင်းဖို့လွယ်တဲ့ မြေဆီလွှာအပွကိုထည့်ပြီးအခက်အလက်လေးတွေကို လေးဆစ်လောက်မြှုပ်အောင်ထည့်ပြီး အပေါ်ကနေ မြေဆွေးထပ်ထည့်ပေးရုံပါပဲ။

ရေကိုလည်း အိုးအောက်ခြေထိ စိုတယ်ဆိုရုံလေးလောင်းပေးဖို့လိုပါတယ်။ပင်စိမ်းပင်ငါးလေးအိုးကပ်ကို ငရုတ်သီးစပ်စပ်နဲ့ ပင်စိမ်းရွက်လေးအုပ်ပြီး ချက်စားကြပါတယ်။ ထမင်းစားမြိန်စေတဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။

အဲ့ဒီပင်စိမ်းရွက်လေးတွေကလည်း ခြင်တွေကို ပြေးစေနိုင်တဲ့အနံ့လေးတွေရှိတာမို့ ခြင်ပြေးပင်လေးပဲဖြစ်ပါတယ်။ပင်စိမ်းပင်စိုက်ပျိုးနည်းဈေးထဲကဝယ်လာတဲ့ပင်စိမ်းပင်လေးရဲ့ အောက်ခြေကို ဖြတ်ပြီး မြေဆီလွှာထည့်ထားတဲ့ အိုးလေးနဲ့ စိုက်ပျိုးပါ( မြေသြဇာအများကြီးထည့်ဖို့မလိုပါ)

၊အိုးလေးထဲက မြေဆီလွှာတွေခြောက်တဲ့အခါရလောင်းပေးဖို့လိုအပ်ပြီးတစ်နေ့ကို၆ နာရီလောင်နရောင်ခြည်ရတဲ့နေရာမှာထားပေးဖို့လိုအပ်ပါတယ်။ကြက်သွန်ဖြူအိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိပြီး ဟင်းပွဲတိုင်းမှာ မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူစားခြင်းကြောင်း ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အံ့မခမ်းဖြစ်ပြီး ၎င်းအပင်ကို စိုက်ပျိုးထားခြင်းဖြင့်လည်း ခြင်တွေကိုအလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။

ကြက်သွန်ဖြူစိုက်ပျိုးနည်းများမြေကြီးအကျယ်မရှိသူတွေကအိုးနဲ့ မြေကြီးအကျယ်ရှိသူတွေကတော့ ဘောင်လေးလုပ်ပြီးစိုက်ပျိုးနိုင်ပါတယ်။ အိုးထဲကို မြေဆွေးထည့်ပြီး ကြက်သွန်ဖြူကို အမွှာလေးတွေခွဲပြီး မြေဆွေးထဲ ထိုးစိုက်ထားရုံပါပဲ။

အညှောင့်ထွက်မယ့်အပိုင်းကို အပေါ်မှာထားပြီးစိုက်ပျိုးဖို့သတိပြုမိပါစေ။ ရေပုံမှန်လောင်းပေးဖို့လည်း မမေ့ပါနဲ့နော်….စပါးလင်မုန့်ဟင်းခါးချက်တဲ့အခါမှဖြစ်ဖြစ်၊အသားဟင်းတွေချက်တဲ့အခါမှာပဲဖြစ်ဖြစ် အမွှေးနံ့သာအနေနဲ့ထည့်ချက်တဲ့စပါးလင်ကိုလူတိုင်းသိကြပါတယ်။

အိမ်မှာ စပါးလင်ပင်စိုက်ပျိုးထားရုံနဲ့ ခြင်ဆေးခွေထွန်းစရာမလို၊ ခြင်းဆေးဖျန်းစရာမလိုဘဲ ခြင်တွေကို အလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။

စပါးလင်စိုက်ပျိုးနည်းလွယ်ပါတယ်။ ဈေးထဲကဝယ်လာတဲ့စပါးလင်ပင်ရဲ အရင်းပိုင်း(၂ လက်မလောက်)ကို ရေဖန်ခွက်ထဲထည့်စိမ်ပါ။၇ရက်ကြာပြီးနောက် စပါးလင်ပင်မှ အမြစ်လေးတွေထွက်လာပါလိမ့်မယ်။

ထို့နောက် မြေဆွေးထည့်ထားတဲ့အိုးထဲကို ၁ လက်မလောက်မြုပ်အောင်ထိုးစိုက်ပြီးရလောင်းပေးပါ။ဒီနည်းနဲ့လွယ်ကူလျင်မြန်စွာစပါးလင်ပင်စိုက်ပျိုးနိုင်ပါပြီ။ဒီခြင်ပြေးပင်(၅)မျိုးဟာအိမ်တိုင်းရဲ့မီးဖိုခန်းတွေမှာလည်း

အသုံးတည့်ပြီးအိမ်မှာမဖြစ်မနေစိုက်ပျိုးထားရုံနဲ့ ခြင်များပြေးစေနိုင်တဲ့အပြင်အိမ်ရဲ့မီးဖိုခန်းမှ ငွေယိုပေါက်ကိုလည်းအနည်းငယ်တော့ပိတ်စို့ပေးစေနိုင်မှာပဲဖြစ်ပါတယ်။ဒါ့အပြင်မိမိအိမ်မှာအပင်စိမ်းစိမ်းလေးတွေ စိုက်ပျိုးထားခြင်းကလည်းမိမိရဲ့စိတ်ကိုလန်းဆန်းစေပါတယ်။

ဒါကြောင့်စာဖတသူတို့လည်း ငွေကုန်ကြေးကျမများဘဲအလွယ်တကူစိုက်ပျိုးလို့ရတဲ့ ခြင်ပြေးပင်လေးတွေကိုအခုပဲစိုက်ပျိုးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ဒီPost လေးကအသုံးဝင်တယ်ဆိုရငShareတစ်ချက်လုပ်ပြီး မျှဝေပေးလိုက်ပါ

မူရင်း ရေးသားသူအား လေးစားစွာဖြင့်Credit ပေးပါသည်။

Photo Credit to Owners