အလြယ္ကူဆံုး လက္ဖက္္ႏွပ္နည္း
Zawgyi
လက္ဖက္နွပ္နည္းေမးထားလိုု ့အိမ္ကအဖြားရဲ ့လက္ဖက္နွပ္နည္းေ၇းေပးလိုုက္ပါတယ္။
လက္ဖက္နွပ္နည္းက အိစံရဲ ့အဖြားနွပ္တဲ့နည္းပါ။ ငယ္ငယ္တုုံးကတည္းက လက္ဖက္ကိုု အဖြား နွပ္တိုုင္း ေဆာ့ခ်င္ေတာ့ ခနခနလုုပ္ျဖစ္တယ္။ လက္ဖက္အဖန္ရည္ေတြလက္နဲ ့ညွစ္ညွစ္ခ်ျပီးေဆာ့တာေလ။
အခုုနည္းက အဖြားရဲ ့နည္းကိုုေ၇းေပးလိုုက္တယ္ေနာ္။ အျခားနည္းမ်ားသိရင္လဲ ေျပာျပျကေနာ္။ အိမ္မွာပဲ ကိုုယ္တိုုင္သန္ ့သန္ ့ရွင္းရွင္း ေလးနွပ္ခ်င္ရင္ နွပ္စားျကည့္ေနာ္။ (အျခားသူမ်ားရဲ ့နည္းမ်ားကိုုလဲ ထပ္ျဖည့္ေပးလိုုက္ပါတယ္။)
ပါ၀င္ေသာပစၥည္းမ်ား
၁။ လက္ဖက္အျကမ္း – ၁၀ သား
၂။ ဆား – အနည္းငယ္
၃။ အခ်ိဳမွဳန္ ့- လက္ဖက္ရည္ဇြန္း တ ၀က္ (သိုု ့) ၁ ဇြန္း
၄။ ျကက္သြန္ျဖဴ အမြွာအေသး – ၅ မြွာ
၅။ သံပုုရာသီး – ၁ ျခမ္း
၆။ ငရုုတ္သီးစိမ္း – ၂ ေတာင့္ (သိုု ့) ငရုုတ္သီးအျကမ္းမွုုန့္ – လက္ဖက္ရည္ဇြန္း တ၀က္
၇။ ဆီ
ျပဳလုုပ္နည္း
၁။ လက္ဖက္ကိုု အနည္းဆုုံး တနာရီခန္ ့ေရေႏြး(သိုု ့) ေရေအးျဖင့္စိမ္ထားပါ။ ျပီးလွ်င္ ေ၇စစ္ျပီး လက္ဖက္ေတြကိုု ေ၇ညွစ္ပါ။ (လက္ဖက္အညြန္ ့ေလးေတြဆိုုလွ်င္ ေရေအးနဲ ့ပဲစိမ္ပါ။ လက္ဖက္အျကမ္းဆိုုလွ်င္ ေရေႏြးျဖင့္ စိမ္ပါ။)
၂။ ေနာက္ထပ္ေ၇ေအးျဖင့္ ၂ ခါ (သိုု ့) ၃ ခါ ထပ္ေဆးပါ။ တခါေဆးတိုုင္း တခါေ၇ညွစ္ပါ။ ေနာက္ဆုုံးတခါေ၇ညွစ္ရင္ ေ၇မ်ားလုုံး၀ကုုန္သြားေအာင္ညွစ္ပါ။
၃။ ေ၇ညွစ္ျပီးသား လက္ဖက္သားမ်ားကိုု ဆား ၊အခ်ိဳမွဳန္ ့ျဖင့္ သမေအာင္ ဖိရ်္နယ္ပါ။
၄။ ျပီးလွ်င္ ပါးပါးလွိးထားေသာ ျကက္သြန္ျဖဴ၊ ပါးပါးလွီးထားေသာ ငရုုတ္သီးစိမ္း (သိုု ့) ငရုုတ္သီးအျကမ္းမွဳန္ ့တိုု ့ျဖင့္ နယ္ပါ။ သံပုုရာရည္ ညွစ္ခ်ပါ။
၅။ လက္ဖက္ထည့္မည့္ ဘူးထဲကိုု လက္ဖက္မ်ား ဖိသိပ္ရ်္ ထည့္ပါ။ ထိုု ့ေနာက္ ဆီကိုု လက္ဖက္အေပၚလက္တလုုံးေလာက္ထိေ၇ာက္ေအာင္ ဆမ္းပါ။ ေ၇ခဲေသတၱာထဲထည့္ရ်္ သိမ္းနိုုင္ပါတယ္။ ဆီကလက္ဖက္ရဲ ့ေအာက္ ေ၇ာက္မသြားေအာင္ထပ္ထပ္ျဖည့္ေပးပါ။
(ဆီကလက္ဖက္သားထဲကိုု၀င္ျပီးေလ်ာ့ေလ်ာ့သြားလိုု ့ဆီကိုုထပ္ထပ္ျဖည့္ေပး၇ပါတယ္။ လက္ဖက္က ဆီရဲ့ ေအာက္မွာရွိမွမွိဳတက္တာမျဖစ္မွာပါ။)
၆။ သန္ ့သန္ ့ရွင္းရွင္းနဲ ့အိမ္မွာကိုုယ္တိုုင္နွပ္တဲ ့လက္ဖက္ကိုု သုုံးေဆာင္နိုုင္ပါျပီ။
ခရက္ဒစ္ မူရင္း
Unicode
လက်ဖက်နှပ်နည်းမေးထားလို့အိမ်ကအဖွားရဲ့လက်ဖက်နှပ်နည်းရေးပေးလိုက်ပါတယ်။
လက်ဖက်နှပ်နည်းက အိစံရဲ့အဖွားနှပ်တဲ့နည်းပါ။ ငယ်ငယ်တုံးကတည်းက လက်ဖက်ကို အဖွား နှပ်တိုင်း ဆော့ချင်တော့ ခနခနလုပ်ဖြစ်တယ်။ လက်ဖက်အဖန်ရည်တွေလက်နဲ့ညှစ်ညှစ်ချပြီးဆော့တာလေ။
အခုနည်းက အဖွားရဲ့နည်းကိုရေးပေးလိုက်တယ်နော်။ အခြားနည်းများသိရင်လဲ ပြောပြကြနော်။ အိမ်မှာပဲ ကိုယ်တိုင်သန့်သန့်ရှင်းရှင်း လေးနှပ်ချင်ရင် နှပ်စားကြည့်နော်။ (အခြားသူများရဲ့နည်းများကိုလဲ ထပ်ဖြည့်ပေးလိုက်ပါတယ်။)
ပါဝင်သောပစ္စည်းများ
၁။ လက်ဖက်အကြမ်း – ၁၀ သား
၂။ ဆား – အနည်းငယ်
၃။ အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက် (သို့) ၁ ဇွန်း
၄။ ကြက်သွန်ဖြူ အမွှာအသေး – ၅ မွှာ
၅။ သံပုရာသီး – ၁ ခြမ်း
၆။ ငရုတ်သီးစိမ်း – ၂ တောင့် (သို့) ငရုတ်သီးအကြမ်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
၇။ ဆီ
ပြုလုပ်နည်း
၁။ လက်ဖက်ကို အနည်းဆုံး တနာရီခန့်ရေနွေး(သို့) ရေအေးဖြင့်စိမ်ထားပါ။ ပြီးလျှင် ရေစစ်ပြီး လက်ဖက်တွေကို ရေညှစ်ပါ။ (လက်ဖက်အညွန့်လေးတွေဆိုလျှင် ရေအေးနဲ့ပဲစိမ်ပါ။ လက်ဖက်အကြမ်းဆိုလျှင် ရေနွေးဖြင့် စိမ်ပါ။)
၂။ နောက်ထပ်ရေအေးဖြင့် ၂ ခါ (သို့) ၃ ခါ ထပ်ဆေးပါ။ တခါဆေးတိုင်း တခါရေညှစ်ပါ။ နောက်ဆုံးတခါရေညှစ်ရင် ရေများလုံးဝကုန်သွားအောင်ညှစ်ပါ။
၃။ ရေညှစ်ပြီးသား လက်ဖက်သားများကို ဆား ၊အချိုမှုန့်ဖြင့် သမအောင် ဖိရျ်နယ်ပါ။
၄။ ပြီးလျှင် ပါးပါးလှိးထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ငရုတ်သီးစိမ်း (သို့) ငရုတ်သီးအကြမ်းမှုန့်တို့ဖြင့် နယ်ပါ။ သံပုရာရည် ညှစ်ချပါ။
၅။ လက်ဖက်ထည့်မည့် ဘူးထဲကို လက်ဖက်များ ဖိသိပ်ရျ် ထည့်ပါ။ ထို့နောက် ဆီကို လက်ဖက်အပေါ်လက်တလုံးလောက်ထိရောက်အောင် ဆမ်းပါ။ ရေခဲသေတ္တာထဲထည့်ရျ် သိမ်းနိုင်ပါတယ်။ ဆီကလက်ဖက်ရဲ့အောက် ရောက်မသွားအောင်ထပ်ထပ်ဖြည့်ပေးပါ။
(ဆီကလက်ဖက်သားထဲကိုဝင်ပြီးလျော့လျော့သွားလို့ဆီကိုထပ်ထပ်ဖြည့်ပေး၇ပါတယ်။ လက်ဖက်က ဆီရဲ့ အောက်မှာရှိမှမှိုတက်တာမဖြစ်မှာပါ။)
၆။ သန့်သန့်ရှင်းရှင်းနဲ့အိမ်မှာကိုယ်တိုင်နှပ်တဲ့လက်ဖက်ကို သုံးဆောင်နိုင်ပါပြီ။
ခရက်ဒစ် မူရင်း