ရန္ကုန္တိုင္းေဒသႀကီး ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ စိတ္ဝင္စားဖြယ္ ဆင္ေရတြင္းမွတ္တိုင္အေၾကာင္း

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ စိတ္ဝင္စားဖြယ္ ဆင္ေရတြင္းမွတ္တိုင္အေၾကာင္း

ကမာ႐ြတ္ၿမိဳ႕နယ္ဟာ ေရွးမြန္ဘုရင္မ်ားလက္ထက္အခါက ဒဂုန္ၿမိဳ႕နယ္ လက္ေအာက္မွာရွိတဲ့ ေက်း႐ြာႀကီးတစ္႐ြာျဖစ္တယ္လို႔ သိရပါတယ္။ ကုန္းေဘာင္ေခတ္အထိ ေက်း႐ြာႀကီးတစ္႐ြာအျဖစ္ဆက္ရွိခဲ့ၿပီး အဂၤလိပ္ – ျမန္မာ ပထမစစ္ပြဲကာလအတြင္းကလည္း ကမာ႐ြတ္ခံတပ္တိုက္ပြဲ ေပၚေပါက္လာခဲ့ဖူးပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္က ကၼာရတ္ဟူတဲ့ မြန္ေဝါဟာရကေန ဆင္းသက္လာတာျဖစ္ၿပီး မြန္ဘာသာအရ ကၼာ – ေရေလွာင္ကန္ ၊ ရတ္ – ရတနာ စကားလုံးႏွစ္လုံးေပါင္းစပ္ အဓိပၸါယ္ ရတာနာကန္ဟု အဓိပၸါယ္ရေၾကာင္းသိရပါတယ္။

အင္းလ်ားကန္ကို ဆိုလိုျခင္းျဖစ္ၿပီး အင္းလ်ားကန္နားက ရပ္ကြက္ကို ကမာ႐ြတ္ဟုေခၚဆိုျခင္းျဖစ္တယ္လို႔ သိရပါတယ္။အခုကမာ႐ြတ္ၿမိဳ႕နယ္ထဲက ဆင္ေရတြင္းမွတ္တိုင္ဟာလည္း လူေတာ္ေတာ္မ်ားမ်ား မသိၾကေသးတဲ့ လ်ိဳ႕ဝွက္ခ်က္တစ္ခု ရွိလို႔ေနပါတယ္။

ဆင္ေရတြင္းမွတ္တိုင္ကေန အတြင္းထဲကိုဝင္ၿပီးဆက္သြားလိုက္ရင္ လမ္းသြယ္ (၂) လမ္းထဲမွာ ဆင္႐ုပ္ေလးနဲ႔ ေရတြင္းေလးတစ္ခုရွိေနပါတယ္။ ဆင္႐ုပ္ေရတြင္းကို အမွီျပဳၿပီး ဆင္ေရတြင္းမွတ္တိုင္လို႔ ေခၚေဝၚထားတာျဖစ္တယ္လို႔ ေလ့လာေတြ႕ရွိထားသူ လူငယ္ရဲ႕ ေျပာဆိုခ်က္အရသိရပါတယ္။

ဆင္႐ုပ္ေလးရဲ႕ေအာက္မွာ ေရတြင္းငယ္ေလးရွိေနၿပီးေသာက္ေရအတြက္ အသုံးျပဳၾကတယ္လို႔ သိရၿပီး ဆင္႐ုပ္ေဘးမွာေတာ့ သုံးေရအတြက္ေရတြင္းႀကီး ရွိေနပါတယ္။

ဘယ္ေတာ့မွမခမ္းေျခာက္တဲ့ ေရတြင္းျဖစ္ၿပီး ဟိုးေရွးႏွစ္ေပါင္းမ်ားစြာကတည္းက အနီးနားစပ္က႐ြာေတြအားထား အသုံးျပဳခဲ့ၾကတဲ့ ေရတြင္းျဖစ္တယ္လို႔ သိရပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ကလည္း အင္းလ်ားကန္နဲ႔ စပ္ဆက္မႈရွိေနတယ္ဆိုေတာ့ ဒီဆင္ေရတြင္းကလည္း ေအာက္ေျခမွာ အင္းလ်ားကန္ေရေၾကာနဲ႔ ခ်ိတ္ဆက္မိေနတာလား ။ ဒါမွမဟုတ္ အျခားေရေၾကာ တစ္ခုခုရွိ ေနတာလားဆိုတာကိုေတာ့ ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းလွပါတယ္။

ခရက္ဒစ္

Unicode

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာရှိတဲ့ စိတ်ဝင်စားဖွယ် ဆင်ရေတွင်းမှတ်တိုင်အကြောင်း

ကမာရွတ်မြို့နယ်ဟာ ရှေးမွန်ဘုရင်များလက်ထက်အခါက ဒဂုန်မြို့နယ် လက်အောက်မှာရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ်အထိ ကျေးရွာကြီးတစ်ရွာအဖြစ်ဆက်ရှိခဲ့ပြီး အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲကာလအတွင်းကလည်း ကမာရွတ်ခံတပ်တိုက်ပွဲ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။

ကမာရွတ်မြို့နယ်က က္မာရတ်ဟူတဲ့ မွန်ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီး မွန်ဘာသာအရ က္မာ – ရေလှောင်ကန် ၊ ရတ် – ရတနာ စကားလုံးနှစ်လုံးပေါင်းစပ် အဓိပ္ပါယ် ရတာနာကန်ဟု အဓိပ္ပါယ်ရကြောင်းသိရပါတယ်။

အင်းလျားကန်ကို ဆိုလိုခြင်းဖြစ်ပြီး အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်ဟုခေါ်ဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။အခုကမာရွတ်မြို့နယ်ထဲက ဆင်ရေတွင်းမှတ်တိုင်ဟာလည်း လူတော်တော်များများ မသိကြသေးတဲ့ လျို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။

ဆင်ရေတွင်းမှတ်တိုင်ကနေ အတွင်းထဲကိုဝင်ပြီးဆက်သွားလိုက်ရင် လမ်းသွယ် (၂) လမ်းထဲမှာ ဆင်ရုပ်လေးနဲ့ ရေတွင်းလေးတစ်ခုရှိနေပါတယ်။ ဆင်ရုပ်ရေတွင်းကို အမှီပြုပြီး ဆင်ရေတွင်းမှတ်တိုင်လို့ ခေါ်ဝေါ်ထားတာဖြစ်တယ်လို့ လေ့လာတွေ့ရှိထားသူ လူငယ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။

ဆင်ရုပ်လေးရဲ့အောက်မှာ ရေတွင်းငယ်လေးရှိနေပြီးသောက်ရေအတွက် အသုံးပြုကြတယ်လို့ သိရပြီး ဆင်ရုပ်ဘေးမှာတော့ သုံးရေအတွက်ရေတွင်းကြီး ရှိနေပါတယ်။

ဘယ်တော့မှမခမ်းခြောက်တဲ့ ရေတွင်းဖြစ်ပြီး ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အနီးနားစပ်ကရွာတွေအားထား အသုံးပြုခဲ့ကြတဲ့ ရေတွင်းဖြစ်တယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်ကလည်း အင်းလျားကန်နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတော့ ဒီဆင်ရေတွင်းကလည်း အောက်ခြေမှာ အင်းလျားကန်ရေကြောနဲ့ ချိတ်ဆက်မိနေတာလား ။ ဒါမှမဟုတ် အခြားရေကြော တစ်ခုခုရှိ နေတာလားဆိုတာကိုတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ခရက်ဒစ်