Zawgyi
ခရက်ဒစ်
Unicode
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ် ဓား.ပြ.တိုက်ခံရ
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ် ဓား.ပြ.တိုက်ခံရကြောင်း အနီးအနားတွင် နေထိုင်သူများက ပြောကြားသည်။
မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ Urban Asia အဆောက်အဦးရှိ KBZ ဘဏ် ဓား.ပြ.တိုက်.ခံရခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ အဲ့ဘက်က ပြန်လာတဲ့သူပြောတာက အရင်ဆုံးဝန်ထမ်းတွေရဲ့ ဖုန်းကို ကောက်သိမ်းသွားတယ်။ ဖုန်းတွေကို သိမ်းပြီးမှ ပိုက်ဆံတွေ ယူသွားတာ။ မြန်သလားမမေးနဲ့။ ဖြစ်လည်းဖြစ်ရော တံခါးကြီးကို (ဘဏ်) ပိတ်ချလိုက်တာ။
ဝန်ထမ်းဖုန်းတွေလည်း ယူသွားတယ်။ ပြီးတော့မှ ပိုက်ဆံတွေလည်း ယူသွားတယ်တဲ့” ဟု အခင်းဖြစ်စဉ်အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အသေးစိတ်ကို မသိရှိရသေးဘဲ သိရှိရသည်များကို ဆက်လက်ဖော်ပြသွားပါမည်။
လက်ရှိတွင် ဘဏ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေပြီး မဟာဗန္ဓုလမ်း ပေါ်တွင် လမ်းတခြမ်းကို ပိတ်ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထားဖြင့် စောင့်ဆိုင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ခရက်ဒစ်