ဆရာၾကီးမင္းသိခၤ ေျပာေသာ(၂)ဂဏန္းသမားေတြအေၾကာင္း

Zawgyi

မူလ(၂)ဂဏန္းသမားအေၾကာင္း

ဒီလိုရွိတယ္ကြ…။ အဂၤလိပ္လရဲ့ ဘယ္လမွာပဲ ျဖစ္ျဖစ္ ၂-ရက္၊ ၁၁-ရက္၊ ၂၀-ရက္ ၊ ၂၉-ရက္ေတြမွာ ေမြးတဲ့ လူေတြကို ဂဏန္းေဗဒင္ ပညာအရ ၂- ဂဏန္းသမားလို႔ ေခၚရမွာပဲ။

အဲ႕ဒီလူေတြဟာ အႏုပညာဘက္မွာ ခြ်န္တတ္တယ္။ စိတ္ေနစိတ္ထား သိမ္ေမြ႕တတ္တယ္။ အေတြးအေခၚ စိတ္ကူး ေကာင္းတတ္တယ္။ ဒါေပမယ့္ သူတို႔ စိတ္ကူးကို အေကာင္အထည္ ေဖာ္ဖို႔ေတာ့ ေႏွာင့္ေႏွးေနတတ္တယ္။

ခရီးသြား ရတဲ့ အလုပ္ေတြမွာလည္း ေအာင္ျမင္ တတ္တယ္။ ခရီးေတာင္မွ ေရလမ္းခရီးနဲ႔ ကုန္းလမ္းခရီး မတူဘူး။ ေရလမ္းခရီးကို ပိုၿပီး ႏွစ္သက္တတ္တယ္။ သူတို႔ ႐ုပ္ရည္နဲ႔ ပတ္သက္လို႔ သိသာတာက မ်က္ႏွာ၀ိုင္းၿပီး မ်က္ခံုး မ်က္လံုး ေကာင္းတတ္တယ္။ ေျခဆံ လက္ဆံ ရွည္တတ္တယ္။ စကားေျပာတဲ့အခါမွာ ပါးစပ္တစ္ခုတည္းက ေျပာတတ္တာ မဟုတ္ဘူး။ လက္ေရာ မ်က္လံုးေရာ မ်က္ခံုးေရာပါေအာင္ ေျပာတတ္တယ္။

၂-ဂဏန္းသမားေတြအတြက္ အေရးႀကီးတဲ့ အလုပ္ေတြကို လုပ္တဲ့အခါမွာ အဂၤလိပ္လ ဘယ္လမဆို ၂-ရက္ (၇)ရက္ ၊ (၁၁)ရက္ (၂၀)ရက္ (၂၅)ရက္ (၂၉)ရက္ စတာေတြ ေပါင္းလိုက္ရင္ ၂-ဂဏန္းျဖစ္ေနတဲ့ ရက္ေတြမွာလုပ္သင့္တယ္။

ဒါေပမယ့္ ၁၆-ရက္ကို ေပါင္းလိုက္ရင္ ၇-က်ေနေပမယ့္အသံုး မျပဳသင့္ဘူး။ ေရွာင္သင့္တယ္။

ေနာက္တစ္ခုက ၂-ဂဏန္းသမားေတြဟာ အလုပ္ေတြကို အရမ္းလုပ္ၿပီး ေျခကုန္လက္ပန္း က်သြားတဲ့ ေရာဂါမ်ိဳး အဆစ္အျမစ္ ကိုက္ခဲတဲ့ ေရာဂါမ်ိဳးေတြ ျဖစ္တတ္တယ္။ ဂဏန္းေဗဒင္စာအုပ္ေတြမွာေတာ့ ဓာတ္စာေတြ အမ်ားႀကီး ညြန္းထားပါတယ္။ ဒါေပမယ့္ တစ္ကယ္လက္ေတြ႕ အသံုး၀င္တာကေတာ့ ေရွာက္သီး သံပုရာသီးေတြပါ။ ညအိပ္ယာ ၀င္ခါနီးတိုင္း လက္ဖက္စားဇြန္းနဲ႔ တစ္ဇြန္းတစ္ဇြန္း ေသာက္သင့္တယ္။

၂-ဂဏန္းသမားအတြက္ ကံေကာင္းတဲ့ အေရာင္ကေတာ့ အျဖဴေရာင္နဲ႔ အစိမ္းေရာင္ေတြပါပဲ။

၂-ဂဏန္းသမား ၀တ္ဆင္သင့္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ ပုလျဲဖစ္တယ္။

၂-ဂဏန္းသမားေတြဟာသတိျပဳရမွာက အမ်ားစုဟာ ဘ၀မွာ အလုပ္ႏွစ္ခါ ေျပာင္းရတတ္တယ္။ အိမ္ေထာင္လည္း ႏွစ္ဆက္ ျဖစ္တတ္တယ္။ဒါေပမဲ႕ ၂ဂဏန္းသမားေတြဟာ ျကံဖန္ျပီး စန္းပြင့္ေနတတ္ျကတယ္ကြ ။ခရက္ဒစ္

Unicode

မူလ(၂)ဂဏန်းသမားအကြောင်း

ဒီလိုရှိတယ်ကွ…။ အင်္ဂလိပ်လရဲ့ ဘယ်လမှာပဲ ဖြစ်ဖြစ် ၂-ရက်၊ ၁၁-ရက်၊ ၂၀-ရက် ၊ ၂၉-ရက်တွေမှာ မွေးတဲ့ လူတွေကို ဂဏန်းဗေဒင် ပညာအရ ၂- ဂဏန်းသမားလို့ ခေါ်ရမှာပဲ။

အဲ့ဒီလူတွေဟာ အနုပညာဘက်မှာ ချွန်တတ်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တတ်တယ်။ အတွေးအခေါ် စိတ်ကူး ကောင်းတတ်တယ်။ ဒါပေမယ့် သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့တော့ နှောင့်နှေးနေတတ်တယ်။

ခရီးသွား ရတဲ့ အလုပ်တွေမှာလည်း အောင်မြင် တတ်တယ်။ ခရီးတောင်မှ ရေလမ်းခရီးနဲ့ ကုန်းလမ်းခရီး မတူဘူး။ ရေလမ်းခရီးကို ပိုပြီး နှစ်သက်တတ်တယ်။ သူတို့ ရုပ်ရည်နဲ့ ပတ်သက်လို့ သိသာတာက မျက်နှာဝိုင်းပြီး မျက်ခုံး မျက်လုံး ကောင်းတတ်တယ်။ ခြေဆံ လက်ဆံ ရှည်တတ်တယ်။ စကားပြောတဲ့အခါမှာ ပါးစပ်တစ်ခုတည်းက ပြောတတ်တာ မဟုတ်ဘူး။ လက်ရော မျက်လုံးရော မျက်ခုံးရောပါအောင် ပြောတတ်တယ်။

၂-ဂဏန်းသမားတွေအတွက် အရေးကြီးတဲ့ အလုပ်တွေကို လုပ်တဲ့အခါမှာ အင်္ဂလိပ်လ ဘယ်လမဆို ၂-ရက် (၇)ရက် ၊ (၁၁)ရက် (၂၀)ရက် (၂၅)ရက် (၂၉)ရက် စတာတွေ ပေါင်းလိုက်ရင် ၂-ဂဏန်းဖြစ်နေတဲ့ ရက်တွေမှာလုပ်သင့်တယ်။

ဒါပေမယ့် ၁၆-ရက်ကို ပေါင်းလိုက်ရင် ၇-ကျနေပေမယ့်အသုံး မပြုသင့်ဘူး။ ရှောင်သင့်တယ်။

နောက်တစ်ခုက ၂-ဂဏန်းသမားတွေဟာ အလုပ်တွေကို အရမ်းလုပ်ပြီး ခြေကုန်လက်ပန်း ကျသွားတဲ့ ရောဂါမျိုး အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါမျိုးတွေ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင်စာအုပ်တွေမှာတော့ ဓာတ်စာတွေ အများကြီး ညွန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ အသုံးဝင်တာကတော့ ရှောက်သီး သံပုရာသီးတွေပါ။ ညအိပ်ယာ ဝင်ခါနီးတိုင်း လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းတစ်ဇွန်း သောက်သင့်တယ်။

၂-ဂဏန်းသမားအတွက် ကံကောင်းတဲ့ အရောင်ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်တွေပါပဲ။

၂-ဂဏန်းသမား ဝတ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလြဲဖစ်တယ်။

၂-ဂဏန်းသမားတွေဟာသတိပြုရမှာက အများစုဟာ ဘဝမှာ အလုပ်နှစ်ခါ ပြောင်းရတတ်တယ်။ အိမ်ထောင်လည်း နှစ်ဆက် ဖြစ်တတ်တယ်။ဒါပေမဲ့ ၂ဂဏန်းသမားတွေဟာ ကြံဖန်ပြီး စန်းပွင့်နေတတ်ကြတယ်ကွ ။ခရက်ဒစ်