သမီးျဖစ္သူရဲ႕အခန္းနံရံေပၚက အစုလိုက္ပုံေနတဲ့ပင့္ကူႀကီးေတြကို ျမင္လိုက္ၿပီးေနာက္ ထိတ္လန႔္တုန္လႈပ္သြားခဲ့ရတဲ့ မိခင္

Zawgyi

သမီးျဖစ္သူရဲ႕အခန္းနံရံေပၚက အစုလိုက္ပုံေနတဲ့ပင့္ကူႀကီးေတြကို ျမင္လိုက္ၿပီးေနာက္ ထိတ္လန႔္တုန္လႈပ္သြားခဲ့ရတဲ့ မိခင္

သင့္အခန္းထဲမွာ ပင့္ကူႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရတာက အေတာ္ေလးကို ထိတ္လန႔္တုန္လႈပ္စရာ ေကာင္းေနပါၿပီ။ သို႔ေပမဲ့ နံရံရွိအက္ေၾကာင္းတစ္ခုမွ ပင့္ကူႀကီးေတြ ထြက္ေပၚလာတာကို ျမင္ေယာင္ၾကည့္ၾကည့္လိုက္ပါ

ေကာင္းၿပီ၊ ဩစေၾတးလ်ႏိုင္ငံရွိ မိခင္တစ္ဦးဟာ သူမသမီးရဲ႕အခန္းထဲသို႔ ဝင္ခဲ့ၿပီးေနာက္ နံရံအက္ေၾကာင္းထဲကေန ထြက္လာတဲ့ပင့္ကူႀကီးေတြကို ျမင္လိုက္ရေပမဲ့ သူမဟာ အေတာ္ေလးခံႏိုင္ရည္ရွိခဲ့ပါတယ္။

Twitter မွာ တင္လိုက္တဲ့ ၎ပင့္ကူဓာတ္ပုံေတြက ပင့္ကူေၾကာက္တတ္သူေတြအတြက္ အေတာ္ေလး ေက်ာခ်မ္းစရာေကာင္းေနမွာပါ။ မိခင္ျဖစ္သူရဲ႕သူငယ္ခ်င္းက social media site မွာ “သူတို႔ကငါျမင္ဖူးခဲ့တဲ့ ပင့္ကူေပါက္စေတြထပ္ ႀကီးတယ္၊

ဘယ္ေလာက္ႀကီးလဲဆိုတာကို ျပတင္းေပါက္နဲ႔ယွဥ္ၾကည့္လိုက္ရင္ သိသြားလိမ့္မယ္” လို႔ ေရးသားခဲ့ပါတယ္။မိခင္ျဖစ္သူကလည္း “ သူတို႔ ျမန္ၿပီး ခုန္တတ္တယ္ ၊ ငါတို႔က သူတို႔ကို အျမန္ဖမ္းၿပီး အျပင္ကို ပစ္ထုတ္ခဲ့ရတယ္ သူတို႔က တကယ့္ကို ႀကီးတာ” လို႔ ဆိုခဲ့ပါတယ္။

ပင့္ကူႀကီးေတြ စုပုံေနတာကို ျမင္လိုက္ရတဲ့ လူအမ်ားကလည္း အံ့အားသင့္စြာႏွင့္ ထိတ္လန႔္တုန္လႈပ္သြားခဲ့ၾကပါတယ္။ လူတစ္ေယာက္က “ အမေလး ဩစေၾတးလ်က တစ္ခါတစ္ေလ အရမ္းကို ေၾကာက္စရာေကာင္းတဲ့ေနရာပါလား” လို႔ ဆိုခဲ့ၿပီး ေနာက္တစ္ေယာက္က သူလည္း အလားတူအျဖစ္မ်ိဳးကို ႀကဳံခဲ့ရေၾကာင္းကို

“ ကြၽန္ေတာ္လည္း တစ္ခ်ိန္က Year7 မွာ ရွိတဲ့ piano ကို ဆြဲဖြင့္လိုက္တဲ့ အခ်ိန္မွာ ပင့္ကူရဲ႕အသိုက္ကို ဖ်က္ဆီးမိသြားတယ္ ၊ အဲ့တာနဲ႔ပင့္ကူေတြက ကြၽန္ေတာ့္ လက္ေမာင္းေပၚနဲ႔ ခႏၶာကိုယ္တစ္ခုလုံးေပၚကို တက္လာၾကၿပီး ကေလးေတြကလည္း ေအာ္ရင္း အခန္းျပင္ေျပးထြက္သြားခဲ့ၾကတယ္ ၊ ရယ္စရာေတာ့ေကာင္းသား” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

သို႔ေပမဲ့ အဆိုပါမိခင္ႏွင့္ စာကိုဖတ္ရႈသူတိုင္းအတြက္ ကံေကာင္းတာတစ္ခုက ၎ huntsmen လို႔ေခၚတဲ့ပင့္ကူႀကီးေတြဟာမ်ားေသာအားျဖင့္ လူသားေတြကို အႏၲရာယ္မျဖစ္ေစပါဘူး။၎တို႔က သင္တို႔မႏွစ္သက္တဲ့အျခားယင္ေကာင္မ်ားႏွင့္ အင္းဆက္ပိုးမ်ားကို သန႔္ရွင္းေရးလုပ္ေပးတာေၾကာင့္ သင့္အိမ္မွာ မိတ္ ေဆြေကာင္းမ်ားအျဖစ္ ရွိေနမွာျဖစ္ၿပီး အေထာက္အကူျပဳေစမွာပါ။

အကယ္လို႔ သင္ကသာ ၎တို႔ကို သြားရန္စမိရင္ေတာ့ ၎တို႔ကလည္း ျပန္တိုက္ခိုက္ၾကမွာပါ။ huntsmen အမေတြဟာ ပုံမွန္အားျဖင့္ အဥေပါင္း ၂၀၀ အထိ ဥႏိုင္ၿပီး ၎အေကာင္ေတြ ေပါက္လာတဲ့အခါ တစ္ပတ္အၾကာအထိ ကာကြယ္ေပးၿပီး အေကာင္ႀကီးဘဝေရာက္လာတဲ့အထိ ကူညီေပးပါတယ္။

ခရက္ဒစ္

Unicode

သမီးဖြစ်သူရဲ့အခန်းနံရံပေါ်က အစုလိုက်ပုံနေတဲ့ပင့်ကူကြီးတွေကို မြင်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့ မိခင်

သင့်အခန်းထဲမှာ ပင့်ကူကြီးတစ်ကောင်ကို တွေ့လိုက်ရတာက အတော်လေးကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေပါပြီ။ သို့ပေမဲ့ နံရံရှိအက်ကြောင်းတစ်ခုမှ ပင့်ကူကြီးတွေ ထွက်ပေါ်လာတာကို မြင်ယောင်ကြည့်ကြည့်လိုက်ပါ

ကောင်းပြီ၊ ဩစတြေးလျနိုင်ငံရှိ မိခင်တစ်ဦးဟာ သူမသမီးရဲ့အခန်းထဲသို့ ဝင်ခဲ့ပြီးနောက် နံရံအက်ကြောင်းထဲကနေ ထွက်လာတဲ့ပင့်ကူကြီးတွေကို မြင်လိုက်ရပေမဲ့ သူမဟာ အတော်လေးခံနိုင်ရည်ရှိခဲ့ပါတယ်။

Twitter မှာ တင်လိုက်တဲ့ ၎င်းပင့်ကူဓာတ်ပုံတွေက ပင့်ကူကြောက်တတ်သူတွေအတွက် အတော်လေး ကျောချမ်းစရာကောင်းနေမှာပါ။ မိခင်ဖြစ်သူရဲ့သူငယ်ချင်းက social media site မှာ “သူတို့ကငါမြင်ဖူးခဲ့တဲ့ ပင့်ကူပေါက်စတွေထပ် ကြီးတယ်၊

ဘယ်လောက်ကြီးလဲဆိုတာကို ပြတင်းပေါက်နဲ့ယှဉ်ကြည့်လိုက်ရင် သိသွားလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။မိခင်ဖြစ်သူကလည်း “ သူတို့ မြန်ပြီး ခုန်တတ်တယ် ၊ ငါတို့က သူတို့ကို အမြန်ဖမ်းပြီး အပြင်ကို ပစ်ထုတ်ခဲ့ရတယ် သူတို့က တကယ့်ကို ကြီးတာ” လို့ ဆိုခဲ့ပါတယ်။

ပင့်ကူကြီးတွေ စုပုံနေတာကို မြင်လိုက်ရတဲ့ လူအများကလည်း အံ့အားသင့်စွာနှင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ လူတစ်ယောက်က “ အမလေး ဩစတြေးလျက တစ်ခါတစ်လေ အရမ်းကို ကြောက်စရာကောင်းတဲ့နေရာပါလား” လို့ ဆိုခဲ့ပြီး နောက်တစ်ယောက်က သူလည်း အလားတူအဖြစ်မျိုးကို ကြုံခဲ့ရကြောင်းကို

“ ကျွန်တော်လည်း တစ်ချိန်က Year7 မှာ ရှိတဲ့ piano ကို ဆွဲဖွင့်လိုက်တဲ့ အချိန်မှာ ပင့်ကူရဲ့အသိုက်ကို ဖျက်ဆီးမိသွားတယ် ၊ အဲ့တာနဲ့ပင့်ကူတွေက ကျွန်တော့် လက်မောင်းပေါ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်ကို တက်လာကြပြီး ကလေးတွေကလည်း အော်ရင်း အခန်းပြင်ပြေးထွက်သွားခဲ့ကြတယ် ၊ ရယ်စရာတော့ကောင်းသား” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါမိခင်နှင့် စာကိုဖတ်ရှုသူတိုင်းအတွက် ကံကောင်းတာတစ်ခုက ၎င်း huntsmen လို့ခေါ်တဲ့ပင့်ကူကြီးတွေဟာများသောအားဖြင့် လူသားတွေကို အန္တရာယ်မဖြစ်စေပါဘူး။၎င်းတို့က သင်တို့မနှစ်သက်တဲ့အခြားယင်ကောင်များနှင့် အင်းဆက်ပိုးများကို သန့်ရှင်းရေးလုပ်ပေးတာကြောင့် သင့်အိမ်မှာ မိတ် ဆွေကောင်းများအဖြစ် ရှိနေမှာဖြစ်ပြီး အထောက်အကူပြုစေမှာပါ။

အကယ်လို့ သင်ကသာ ၎င်းတို့ကို သွားရန်စမိရင်တော့ ၎င်းတို့ကလည်း ပြန်တိုက်ခိုက်ကြမှာပါ။ huntsmen အမတွေဟာ ပုံမှန်အားဖြင့် အဥပေါင်း ၂၀၀ အထိ ဥနိုင်ပြီး ၎င်းအကောင်တွေ ပေါက်လာတဲ့အခါ တစ်ပတ်အကြာအထိ ကာကွယ်ပေးပြီး အကောင်ကြီးဘဝရောက်လာတဲ့အထိ ကူညီပေးပါတယ်။

ခရက်ဒစ်