တိုက္တန္းနစ္သေဘၤာနဲ႔သိန္းေထာင္ခ်ီတန္ေ႐ႊနာရီရဲ႕လ်ိဳ႕ဝွက္ခ်က္

Zawgyi

တိုက္တန္းနစ္သေဘၤာနဲ႔သိန္းေထာင္ခ်ီတန္ေ႐ႊနာရီရဲ႕လ်ိဳ႕ဝွက္ခ်က္

ဟိုးလြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ရာခန႔္ကတိမ္းေမွာက္သြားခဲ့ၿပီးအခုထိတစ္ကမာၻလုံးကလူေတြပါးစပ္ဖ်ားမွာ အေၾကာင္းတိုက္ဆိုင္တိုင္းတသသေျပာေနၾကဆဲျဖစ္တဲ့ တိုက္တန္းနစ္သေဘၤာႀကီးကိုအားလုံးမွတ္မိၾကမွာပါ။

အခုတစ္ခါထြက္ေပၚလာတာကေတာ့ အဲဒီသေဘၤာႀကီးနဲ႔ဆက္စပ္ေနတဲ့ ေလာ့ကတ္နာရီေလးပါပဲ။ အဲဒီေလာ့ကတ္နာရီေလးကိုပိုင္ဆိုင္သူက ကတ္ပတိန္ Arthur Rostron ပဲျဖစ္ပါတယ္။

အဲဒီနာရီေလးကိုပိုင္ဆိုင္လိုက္ပုံကလည္း အသက္နဲ႔ရင္းခဲ့ရတယ္လို႔ဆိုရမွာပါ။တိုက္တန္းနစ္သေဘၤာႀကီးတိမ္းေမွာက္ခဲ့စဥ္က Arthur Rostron ဟာ သေဘၤာႀကီးရဲ႕ တာဝန္ခံ Captain တစ္ဦးမဟုတ္ခဲ့ပါဘူး။

မထင္မရွား Captain ေလးလို႔ေျပာရမွာပါ။တိုက္တန္းနစ္သေဘၤာႀကီးတိမ္းေမွာက္သြားခဲ့ၿပီး လူေတြ႐ုတ္႐ုတ္သည္းသည္းျဖစ္ေနစဥ္မွာ အသက္ကယ္ေလွေတြခ်ၿပီးပင္လယ္ထဲကိုအသက္လုၿပီးေျပးၾကတဲ့သူေတြထဲမွာ Arthur Rostron လည္းတစ္ဦးအပါအဝင္ပဲေပါ့။

အသက္လုၿပီး အသက္ကယ္ေလွထဲေရာက္ေအာင္သြား.. ဝ႐ုန္းသုန္းကားဝုန္းဒိုင္းႀကဲေနတဲ့လူေတြ၊ေရေတြ၊ပစၥည္းေတြ၊ဇီဝန္ေႁခြမိုးသက္မုန္တိုင္းႀကီးၾကားမွာ လက္လွမ္းမီသမွ်လူေတြကို အသက္ကယ္ေလွေပၚဆြဲတင္ၿပီး ကမ္းမျမင္လမ္းမျမင္ပင္လယ္ႀကီးထဲရက္ေပါင္းမ်ားစြာ ရမ္းသမ္းၿပီးေလွာ္ခတ္ခဲ့ရတာပါ။

ဒါေပမယ့္ ကံၾကမၼာက Rostron ကိုမ်က္ႏွာသာေပးခဲ့ပါတယ္။ မုန္တိုင္းကေနလြတ္႐ုံတင္မက အသက္ကယ္ေလွေပၚပါလာတဲ့၊ Rostron အသက္ကယ္ေပးခဲ့တဲ့အမ်ိဳးသမီးသုံးဦးဟာ ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီးသုံးေယာက္ရဲ႕ ဇနီးမယားေတြျဖစ္ေနၾကပါတယ္။

သူတို႔ခင္ပြန္းေတြကေတာ့ေမွာက္သြားတဲ့ တိုက္တန္းနစ္ႀကီးနဲ႔အတူေသဆုံးသြားခဲ့ပါၿပီ။ဒီေတာ့ မုဆိုးမအသစ္စက္စက္ျဖစ္သလို သူေ႒းမအသစ္စက္စက္ေလးေတြလည္းျဖစ္သြားၾကတဲ့ အမ်ိဳးသမီးသုံးေယာက္ Madeline Astor, Marian Thayer နဲ႔ Eleanor Widener

တို႔သုံးေယာက္သားက Tiffany & Co က ေ႐ႊသားအတိၿပီးတဲ့ ေလာ့ကတ္နာရီ တစ္ခုကို အသက္သခင္ေက်းဇူးရွင္ Rostron ကို လက္ေဆာင္ေပးခဲ့ၾကပါတယ္။Tiffany & Co က နာရီဟာ သက္တမ္းတစ္ရာေက်ာ္ခဲ့ၿပီျဖစ္ေပမယ့္ တိုက္ခြၽတ္ေဆးေၾကာလိုက္တဲ့အခါမွာ

အသစ္အတိုင္းအလုပ္လုပ္ေနဆဲျဖစ္ၿပီး နာရီရဲ႕အတြင္းထဲမွာျမႇဳပ္ထားတဲ့ေက်ာက္ကေလးကအစ ေတာက္ပလက္ေျပာင္ေနဆဲျဖစ္ပါတယ္။ဒီနာရီဟာ ကာလတန္ဖိုး ေပါင္ငါးေသာင္းခန႔္၊ျမန္မာေငြသိန္းတစ္ေထာင္ခန႔္ရွိတယ္ဆိုေပမယ့္လည္း ေလလံသာဆြဲခဲ့မယ္ဆိုရင္

သိန္းေပါင္းဘီလီယံနဲ႔ခ်ီၿပီးရႏိုင္ေၾကာင္းသိရပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ တိုက္တန္းနစ္အမွတ္တရနာရီေလးကို ေလလံဆြဲခဲ့ရင္ ဝင္ေရာက္ၿပိဳင္ဆိုင္ဝယ္ယူမွာလား။အမွတ္တရဆိုတာ ျပတိုက္ေတြနဲ႔ပဲသက္ဆိုင္တယ္လို႔ထင္လား။ ေျပာခဲ့ၾကဦးေနာ္။

ခရက္ဒစ္

Unicode

တိုက်တန်းနစ်သင်္ဘောနဲ့သိန်းထောင်ချီတန်ရွှေနာရီရဲ့လျို့ဝှက်ချက်

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာခန့်ကတိမ်းမှောက်သွားခဲ့ပြီးအခုထိတစ်ကမ္ဘာလုံးကလူတွေပါးစပ်ဖျားမှာ အကြောင်းတိုက်ဆိုင်တိုင်းတသသပြောနေကြဆဲဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘောကြီးကိုအားလုံးမှတ်မိကြမှာပါ။

အခုတစ်ခါထွက်ပေါ်လာတာကတော့ အဲဒီသင်္ဘောကြီးနဲ့ဆက်စပ်နေတဲ့ လော့ကတ်နာရီလေးပါပဲ။ အဲဒီလော့ကတ်နာရီလေးကိုပိုင်ဆိုင်သူက ကတ်ပတိန် Arthur Rostron ပဲဖြစ်ပါတယ်။

အဲဒီနာရီလေးကိုပိုင်ဆိုင်လိုက်ပုံကလည်း အသက်နဲ့ရင်းခဲ့ရတယ်လို့ဆိုရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီးတိမ်းမှောက်ခဲ့စဉ်က Arthur Rostron ဟာ သင်္ဘောကြီးရဲ့ တာဝန်ခံ Captain တစ်ဦးမဟုတ်ခဲ့ပါဘူး။

မထင်မရှား Captain လေးလို့ပြောရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီးတိမ်းမှောက်သွားခဲ့ပြီး လူတွေရုတ်ရုတ်သည်းသည်းဖြစ်နေစဉ်မှာ အသက်ကယ်လှေတွေချပြီးပင်လယ်ထဲကိုအသက်လုပြီးပြေးကြတဲ့သူတွေထဲမှာ Arthur Rostron လည်းတစ်ဦးအပါအဝင်ပဲပေါ့။

အသက်လုပြီး အသက်ကယ်လှေထဲရောက်အောင်သွား.. ဝရုန်းသုန်းကားဝုန်းဒိုင်းကြဲနေတဲ့လူတွေ၊ရေတွေ၊ပစ္စည်းတွေ၊ဇီဝန်ခြွေမိုးသက်မုန်တိုင်းကြီးကြားမှာ လက်လှမ်းမီသမျှလူတွေကို အသက်ကယ်လှေပေါ်ဆွဲတင်ပြီး ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲရက်ပေါင်းများစွာ ရမ်းသမ်းပြီးလှော်ခတ်ခဲ့ရတာပါ။

ဒါပေမယ့် ကံကြမ္မာက Rostron ကိုမျက်နှာသာပေးခဲ့ပါတယ်။ မုန်တိုင်းကနေလွတ်ရုံတင်မက အသက်ကယ်လှေပေါ်ပါလာတဲ့၊ Rostron အသက်ကယ်ပေးခဲ့တဲ့အမျိုးသမီးသုံးဦးဟာ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးသုံးယောက်ရဲ့ ဇနီးမယားတွေဖြစ်နေကြပါတယ်။

သူတို့ခင်ပွန်းတွေကတော့မှောက်သွားတဲ့ တိုက်တန်းနစ်ကြီးနဲ့အတူသေဆုံးသွားခဲ့ပါပြီ။ဒီတော့ မုဆိုးမအသစ်စက်စက်ဖြစ်သလို သူဋ္ဌေးမအသစ်စက်စက်လေးတွေလည်းဖြစ်သွားကြတဲ့ အမျိုးသမီးသုံးယောက် Madeline Astor, Marian Thayer နဲ့ Eleanor Widener

တို့သုံးယောက်သားက Tiffany & Co က ရွှေသားအတိပြီးတဲ့ လော့ကတ်နာရီ တစ်ခုကို အသက်သခင်ကျေးဇူးရှင် Rostron ကို လက်ဆောင်ပေးခဲ့ကြပါတယ်။Tiffany & Co က နာရီဟာ သက်တမ်းတစ်ရာကျော်ခဲ့ပြီဖြစ်ပေမယ့် တိုက်ချွတ်ဆေးကြောလိုက်တဲ့အခါမှာ

အသစ်အတိုင်းအလုပ်လုပ်နေဆဲဖြစ်ပြီး နာရီရဲ့အတွင်းထဲမှာမြှုပ်ထားတဲ့ကျောက်ကလေးကအစ တောက်ပလက်ပြောင်နေဆဲဖြစ်ပါတယ်။ဒီနာရီဟာ ကာလတန်ဖိုး ပေါင်ငါးသောင်းခန့်၊မြန်မာငွေသိန်းတစ်ထောင်ခန့်ရှိတယ်ဆိုပေမယ့်လည်း လေလံသာဆွဲခဲ့မယ်ဆိုရင်

သိန်းပေါင်းဘီလီယံနဲ့ချီပြီးရနိုင်ကြောင်းသိရပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော တိုက်တန်းနစ်အမှတ်တရနာရီလေးကို လေလံဆွဲခဲ့ရင် ဝင်ရောက်ပြိုင်ဆိုင်ဝယ်ယူမှာလား။အမှတ်တရဆိုတာ ပြတိုက်တွေနဲ့ပဲသက်ဆိုင်တယ်လို့ထင်လား။ ပြောခဲ့ကြဦးနော်။

ခရက်ဒစ်