ကားဝပ္ေရွာ့မွာ ေအာက္ေျခ အလုပ္သမားဘဝနဲ႔ လုပ္ကိုင္ၿပီး ယခုလို ေအာင္ျမင္ လာရျခင္းရဲ႕ နည္းလမ္းေကာင္းမ်ားကို ေျပာျပလာတဲ့ အဆိုေတာ္ မေနာ

Zawgyi

ကားဝပ္ေရွာ့မွာ ေအာက္ေျခ အလုပ္သမားဘဝနဲ႔ လုပ္ကိုင္ၿပီး ယခုလို ေအာင္ျမင္ လာရျခင္းရဲ႕ နည္းလမ္းေကာင္းမ်ားကို ေျပာျပလာတဲ့ အဆိုေတာ္ မေနာ

ခ်စ္ပရိသတ္ႀကီးေရ ယခုေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ အဆိုေတာ္ မေနာရဲ႕ ေလးစားစရာ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။ မေနာကသူ႔ဘဝႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကံေတြ သူ႔ရဲ႕ page ကေန မွ်ေဝလာခဲ့ပါတယ္။

ပရိသတ္အခိုင္အမာရရွိထားတဲ့အဆိုေတာ္ မေနာ ကေတာ့အႏုပညာလႈပ္ရွားမႈေတြကိုဆက္လက္လုပ္ေဆာင္ေနၿပီး သမီးျဖစ္သူ ေမေၾကးမုံ ကလည္း အႏုပညာေလာကထဲ စတင္ဝင္ေရာက္လာခဲ့ပါၿပီ။

ဖေအတူသမီးေလးမို႔ အသံလည္းအရမ္းေကာင္းၿပီး အခုဆိုေမေၾကးမုံကို အားေပးတဲ့သူေတြေတာင္ အမ်ားအျပားရွိေနပါၿပီ။ မေနာက အခုေခတ္လူငယ္ေတြကို အခ်ိန္ကို အက်ိဳးရွိေအာင္ အသုံးခ်တတ္ဖို႔နဲ႔သူ႔ရဲ႕ဘဝအေတြ႕အႀကဳံေတြကို ယခုလိုေျပာျပလာခဲ့ပါတယ္။

မေနာ က“၁။ ကြၽန္လို သည္းခံရမယ္။ ၂။ သခင္လိုျဖစ္ေအာင္ ရည္႐ြယ္ခ်က္ ျပင္းထန္ရမယ္ ၃။ မိမိဆရာထက္ေစာေစာထရမယ္ ေဝယ်ာဝစၥျပဳလုပ္ၿပီး ေနာက္က်မွအိပ္ရတယ္။ ၄။ ေန႔ရက္ေတြတိုင္းမွာ အခ်ိန္ကို ခိုးယူတတ္ရမယ္ ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

မေနာဟာ ကားေဘာ္ဒီ႐ုံမွာ အလုပ္လုပ္ခဲ့ၿပီးသူမ်ားေတြ ၉ႏွစ္ ၾကာမွတတ္တဲ့ ပညာကို သူမ်ားေတြထက္ေစာေစာထကာ အလုပ္ကိုပိုႀကိဳးစားၿပီး ေလ့လာသူျဖစ္တဲ့အတြက္ ၆ႏွစ္နဲ႔ပညာေတြ တတ္ေျမာက္ခဲ့ပါတယ္။ ေနာက္ေတာ့တ ႐ု.တ္ျပည္ ” ဝျပည္နယ္ ” မွာ ေဆးသုတ္တဲ့အလုပ္ လုပ္ကိုင္တဲ့

သူငယ္ခ်င္းတစ္ေယာက္ဟာ မေနာဆီကို လာလည္ခဲ့တယ္။ လက္ဖက္ရည္ေသာက္ရေအာင္ဆိုၿပီး ဆိုင္ေခၚၿပီး သူဘယ္လိုဝင္ေငြရတယ္ ဘယ္ေလာက္အထိရတယ္ဆိုတာကိုေျပာျပခဲ့ေတာ့မေနာကအရမ္းအားက်ခဲ့တယ္။ အဲ့ေခတ္က တစ္လ ၁၅၀၀ ပဲရေသးတာကိုး သူ႔သူငယ္ခ်င္းက

၂သိန္းေက်ာ္ရေနေတာ့ အားက်တာဟာမဆန္းပါဘူး။ ဒီလိုနဲ႔ သူ႔သူငယ္ခ်င္းက သူနဲ႔အလုပ္လိုက္လုပ္ဖို႔ေခၚတယ္။သူဆုံးျဖတ္ခ်က္ ေဝဝါးေနခဲ့တယ္။ ဒါနဲ႔ပဲ မေနာဟာ သူ႔ရဲ႕ေမေမနဲ႔တိုင္ပင္ေတာ့” ေမေမကခြင့္မျပဳဘူး ငါ့သား မင္းကိုယ္ပိုင္ဆိုင္ခြဲႏိုင္တဲ့အခ်ိန္မွ မင္းဆရာကိုခြင့္ေတာင္းၿပီး ဆိုင္ခြဲပါတဲ့

ဆရာက ဆိုင္ခြဲဖို႔ခြင့္မျပဳဘူးဆိုလွ်င္ေတာ့မင္း’ဝ’ျပည္နယ္ကိုထြက္လုပ္ခ်င္လုပ္ေပါ့တဲ့ ခြင့္ေတာင္းရမွာ မင္းအပိုင္းခြင့္ျပဳတာမျပဳတာက ဆရာ့အပိုင္းတဲ့ ” ဆိုၿပီးေျပာခဲ့တယ္။ ဒီလိုနဲ႔ ဆရာကိုေျပာဖို႔လုပ္တိုင္း မေျပာရဲ အၿမဲလြဲေနခဲ့တာေၾကာင့္ သူထြက္ေျပးခဲ့တယ္။ ဆရာက

ခဏခဏျပန္ေခၚတယ္။ သူ႔အေမကျပန္ပို႔ခဲ့တယ္။ သို႔ေသာ္ ခဏခဏျပန္ထြက္ေျပးေနေတာ့သူ႔ဆရာကလည္း မင္းထိုက္နဲ႔မင္းကံဆိုၿပီးထားလိုက္ေတာ့တယ္။ သူ႔အေမကလည္း မေနာကအသက္ငယ္ေသးေတာ့စိုးရိမ္စိတ္နဲ႔အသိျဖစ္တဲ့အန္တီဆု အကူအညီနဲ႔ဆရာဦးေဇာ္လြင္

ဆန္းသစ္ေရာင္ျခည္ အမည္ရွိ ကားေဘာ္ဒီ႐ုံကိုေရာက္ခဲ့တယ္။ ဆရာကလည္းဘယ္ေလာက္ထိတတ္လဲ စသျဖင့္အလုပ္နဲ႔ပတ္သတ္တာေတြေမးတယ္ေပါ့။ တို က္ ေမွာ.က္ အကုန္ျပင္ႏိုင္ၿပီဆိုေတာ့ ဆရာကလည္း တစ္လ ၄၅၀၀ ေပးတယ္။ ဒီလိုနဲ႔ သူက ႀကိဳးစားရင္းနဲ႔

လက္ေထာက္ေနရာရကာ တစ္လကို ၉ေထာင္ ေပးခဲ့တယ္။ ဒီလိုနဲ႔ သူကိုယ္တိုင္ အလုပ္ေတြကို စီမံခန႔္ခြဲႏိုင္ၿပီး လက္ခံႏိုင္လာတယ္။ လက္ေထာက္ဆိုေတာ့ ပညာကမေသးဘူးေလ။ ေနာက္ေတာ့ သူကတပည့္ေတြလည္းရကာ ဆရာေကာင္းပီပီနည္းနည္းယူမ်ားမ်ားေပးရတယ္။ သူတို႔ထက္လည္း

အေစာထသန႔္ရွင္းေရးလုပ္ဘာညာ စသျဖင့္ ၿပီးေတာ့မွသူအားကိုးရတဲ့ တပည့္ေတြကိုႏိုးၿပီး အလုပ္ဆက္ၾကတယ္ေပါ့။ ဒီေနရာမွာလည္း သူဟာညဘက္ေတြဆို ၁၂ထိအလုပ္ဆင္းၿပီး ပိုႀကိဳးစားက ေလ့လာသင္ယူခဲ့ရတယ္။ ပညာေတြျမန္ျမန္ တတ္ေျမာက္ခ်င္တဲ့အတြက္ေပါ့။ ဒီလိုနဲ႔ပဲ သူက ဆရာေဇာ္လြင္ဆီမွာ

ကားအသစ္ေတြကို လုပ္တတ္လာခဲ့တယ္။ ဟိုင္းလပ္ ဆန္နီ ပါဗေလကာ ဘန္စူပါ႐ုကားႏွင့္ ဂ်စ္ကားေတြကိုဆရာေတြရဲ႕ေက်းဇူးနဲ႔လုပ္တတ္လာခဲ့တယ္။ ဒါနဲ႔ပထမသင္ေပးခဲ့တဲ့ ဆရာဦးသိန္းေဇာ္ဆီက တို က္ခံရတဲ့ကားေတြကို ေျဖာင့္တတ္ခဲ့တယ္။ ကားအမိုးကိုင္းကပ္ၿခံ

ပညာလည္း ထပ္မံရခဲ့တယ္။ ေနာက္ေတာ့ ကိုယ္တိုင္ ကားေမာင္းတတ္ခဲ့တယ္။ ဒါ့အျပင္ ဆရာ့ဆီမွာ ပညာသင္ဆဲမွာပဲသူ႔ရဲ႕မင္းသမီးနဲ႔ အိမ္ေထာင္က်ခဲ့တယ္ေပါ့ဗ်ာ။ ဒီလိုနဲ႔ေနာက္ပိုင္းမွာ မိဘဆရာေက်းဇူးမ်ားနဲ႔သူဟာဆရာျဖစ္ခဲ့တယ္ေပါ့။ ဒီလိုနဲ႔ သူဟာ

ဘာ့ေၾကာင့္ ဒီလိုေတြလုပ္ႏိုင္တဲ့ထိ ေအာင္ျမင္ခဲ့လည္းဆိုတာကိုအခ်က္ ၇ ခ်က္နဲ႔ ေျပာျပလာခဲ့တယ္။ ၁။အခ်ိန္ကိုတန္ဖိုးထားျခင္း(အခ်ိန္လုခဲ့ျခင္း) ၂။စာေတြေတာ္ေတာ္ေလးဖတ္တယ္ ၃။မိဘ ဆရာသမားမ်ားရဲ႕အဆုံးအမ ၾသဝါဒကိုခံယူတယ္။ ၄။မိမိရည္႐ြယ္ခ်က္ကိုအပ်က္မခံဘူး

၅။မိမိအလုပ္အပ္သူမ်ားကို ေလးစားတန္ဖိုးထားတယ္ ကတိတည္တယ္ အရႈံးေပၚလည္းမိမိလက္ခံထားသည့္။ အတိုင္းအၿပီးထိဆက္လုပ္ေပးတယ္ (ဒါဟာ တာဝန္ယူမႈ စိတ္ဓာတ္အျပည့္အဝရွိၿပီး ဆရာေကာင္းပီသတာပါ) ၆။႐ိုးသားပြင့္လင္းတယ္ ျပဳျပင္စရာမ်ားကိုအတိအက်အရွိအတိုင္းေျပာတယ္ (ဒါကလည္း သူမ်ားေတြလို ရပါတယ္ကြာဆိုၿပီး လုပ္ခဲ့တာမဟုတ္ဘူး)ယ

၇။ရက္ခ်ိန္းတစ္လလုပ္ရမည့္ကားကိုရက္၂၀ ဝန္းက်င္ႏွင့္အၿပီးေန႔ညႀကိဳးစားလုပ္ေပးတယ္။ ည (၂) နာရီဝန္းက်င္ထိ အခ်ိန္ပို ဆင္းေပးခဲ့တယ္။ မျပည့္စုံသူေတြအတြက္ေတာ့ အားလပ္ခ်ိန္နဲ႔ အနားယူခ်ိန္ကိုတတ္ႏိုင္သမွ်ေလွ်ာ့ရမယ္ေပါ့ဗ်ာ ” ဆိုၿပီး အဆိုေတာ္ မေနာဟာ သူႀကဳံေတြ႕ခဲ့ရတာေတြကို

ခ်စ္ပရိသတ္ႀကီးထံ ျပန္လည္မွ်ေဝေပးတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္မေနာက အေတြ႕အႀကဳံအရမ္းမ်ားတဲ့ သူတစ္ေယာက္ပါပဲ။ အခ်ိန္ကိုဘယ္လိုအသုံးခ်ၿပီး ႀကိဳးစားခဲ့တယ္ဆိုတာကအစ ေျပာျပေပးခဲ့တာပါ။ ဒါဟာ က်ေနာ္အတတ္ႏိုင္ဆုံးအတိုခ်ဳံး ေျပာျပေပးခဲ့တာပါ။ တကယ့္အရွည္ကေတာ့

မေနာရဲ႕ page မွာသြားေရာက္ဖတ္ရႈ႕ႏိုင္ပါတယ္ခဗ်ာ။ သူဟာက်ေနာ္တို႔ကို ဘယ္လိုစိတ္မ်ိဳးထားရမယ္ ဘယ္လိုႀကိဳးစားရမယ္ကအစသင္ေပးလိုက္ သလိုပါပဲ။ တကယ္ကို ေလးစားအတုယူဖြယ္ပါေနာ္။ ခ်စ္ပရိသတ္ႀကီလည္း ဒီစာေလးကို ဖတ္ရႈ႕ၿပီး ႀကိဳက္ႏွစ္သက္ပါက ရွဲ ၿပီး မွတ္ခ်က္ေလးေတြလည္း ေရးသားေပးခဲ့ၾကပါဦးေနာ္။

ခရက္ဒစ္

Unicode

ကားဝပ်ရှော့မှာ အောက်ခြေ အလုပ်သမားဘဝနဲ့ လုပ်ကိုင်ပြီး ယခုလို အောင်မြင် လာရခြင်းရဲ့ နည်းလမ်းကောင်းများကို ပြောပြလာတဲ့ အဆိုတော် မနော

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် မနောရဲ့ လေးစားစရာ အကြောင်းလေးပဲ ဖြစ်ပါတယ်။ မနောကသူ့ဘဝကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြံတွေ သူ့ရဲ့ page ကနေ မျှဝေလာခဲ့ပါတယ်။

ပရိသတ်အခိုင်အမာရရှိထားတဲ့အဆိုတော် မနော ကတော့အနုပညာလှုပ်ရှားမှုတွေကိုဆက်လက်လုပ်ဆောင်နေပြီး သမီးဖြစ်သူ မေကြေးမုံ ကလည်း အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပါပြီ။

ဖအေတူသမီးလေးမို့ အသံလည်းအရမ်းကောင်းပြီး အခုဆိုမေကြေးမုံကို အားပေးတဲ့သူတွေတောင် အများအပြားရှိနေပါပြီ။ မနောက အခုခေတ်လူငယ်တွေကို အချိန်ကို အကျိုးရှိအောင် အသုံးချတတ်ဖို့နဲ့သူ့ရဲ့ဘဝအတွေ့အကြုံတွေကို ယခုလိုပြောပြလာခဲ့ပါတယ်။

မနော က“၁။ ကျွန်လို သည်းခံရမယ်။ ၂။ သခင်လိုဖြစ်အောင် ရည်ရွယ်ချက် ပြင်းထန်ရမယ် ၃။ မိမိဆရာထက်စောစောထရမယ် ဝေယျာဝစ္စပြုလုပ်ပြီး နောက်ကျမှအိပ်ရတယ်။ ၄။ နေ့ရက်တွေတိုင်းမှာ အချိန်ကို ခိုးယူတတ်ရမယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

မနောဟာ ကားဘော်ဒီရုံမှာ အလုပ်လုပ်ခဲ့ပြီးသူများတွေ ၉နှစ် ကြာမှတတ်တဲ့ ပညာကို သူများတွေထက်စောစောထကာ အလုပ်ကိုပိုကြိုးစားပြီး လေ့လာသူဖြစ်တဲ့အတွက် ၆နှစ်နဲ့ပညာတွေ တတ်မြောက်ခဲ့ပါတယ်။ နောက်တော့တ ရု.တ်ပြည် ” ဝပြည်နယ် ” မှာ ဆေးသုတ်တဲ့အလုပ် လုပ်ကိုင်တဲ့

သူငယ်ချင်းတစ်ယောက်ဟာ မနောဆီကို လာလည်ခဲ့တယ်။ လက်ဖက်ရည်သောက်ရအောင်ဆိုပြီး ဆိုင်ခေါ်ပြီး သူဘယ်လိုဝင်ငွေရတယ် ဘယ်လောက်အထိရတယ်ဆိုတာကိုပြောပြခဲ့တော့မနောကအရမ်းအားကျခဲ့တယ်။ အဲ့ခေတ်က တစ်လ ၁၅၀၀ ပဲရသေးတာကိုး သူ့သူငယ်ချင်းက

၂သိန်းကျော်ရနေတော့ အားကျတာဟာမဆန်းပါဘူး။ ဒီလိုနဲ့ သူ့သူငယ်ချင်းက သူနဲ့အလုပ်လိုက်လုပ်ဖို့ခေါ်တယ်။သူဆုံးဖြတ်ချက် ဝေဝါးနေခဲ့တယ်။ ဒါနဲ့ပဲ မနောဟာ သူ့ရဲ့မေမေနဲ့တိုင်ပင်တော့” မေမေကခွင့်မပြုဘူး ငါ့သား မင်းကိုယ်ပိုင်ဆိုင်ခွဲနိုင်တဲ့အချိန်မှ မင်းဆရာကိုခွင့်တောင်းပြီး ဆိုင်ခွဲပါတဲ့

ဆရာက ဆိုင်ခွဲဖို့ခွင့်မပြုဘူးဆိုလျှင်တော့မင်း’ဝ’ပြည်နယ်ကိုထွက်လုပ်ချင်လုပ်ပေါ့တဲ့ ခွင့်တောင်းရမှာ မင်းအပိုင်းခွင့်ပြုတာမပြုတာက ဆရာ့အပိုင်းတဲ့ ” ဆိုပြီးပြောခဲ့တယ်။ ဒီလိုနဲ့ ဆရာကိုပြောဖို့လုပ်တိုင်း မပြောရဲ အမြဲလွဲနေခဲ့တာကြောင့် သူထွက်ပြေးခဲ့တယ်။ ဆရာက

ခဏခဏပြန်ခေါ်တယ်။ သူ့အမေကပြန်ပို့ခဲ့တယ်။ သို့သော် ခဏခဏပြန်ထွက်ပြေးနေတော့သူ့ဆရာကလည်း မင်းထိုက်နဲ့မင်းကံဆိုပြီးထားလိုက်တော့တယ်။ သူ့အမေကလည်း မနောကအသက်ငယ်သေးတော့စိုးရိမ်စိတ်နဲ့အသိဖြစ်တဲ့အန်တီဆု အကူအညီနဲ့ဆရာဦးဇော်လွင်

ဆန်းသစ်ရောင်ခြည် အမည်ရှိ ကားဘော်ဒီရုံကိုရောက်ခဲ့တယ်။ ဆရာကလည်းဘယ်လောက်ထိတတ်လဲ စသဖြင့်အလုပ်နဲ့ပတ်သတ်တာတွေမေးတယ်ပေါ့။ တို က် မှော.က် အကုန်ပြင်နိုင်ပြီဆိုတော့ ဆရာကလည်း တစ်လ ၄၅၀၀ ပေးတယ်။ ဒီလိုနဲ့ သူက ကြိုးစားရင်းနဲ့

လက်ထောက်နေရာရကာ တစ်လကို ၉ထောင် ပေးခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင် အလုပ်တွေကို စီမံခန့်ခွဲနိုင်ပြီး လက်ခံနိုင်လာတယ်။ လက်ထောက်ဆိုတော့ ပညာကမသေးဘူးလေ။ နောက်တော့ သူကတပည့်တွေလည်းရကာ ဆရာကောင်းပီပီနည်းနည်းယူများများပေးရတယ်။ သူတို့ထက်လည်း

အစောထသန့်ရှင်းရေးလုပ်ဘာညာ စသဖြင့် ပြီးတော့မှသူအားကိုးရတဲ့ တပည့်တွေကိုနိုးပြီး အလုပ်ဆက်ကြတယ်ပေါ့။ ဒီနေရာမှာလည်း သူဟာညဘက်တွေဆို ၁၂ထိအလုပ်ဆင်းပြီး ပိုကြိုးစားက လေ့လာသင်ယူခဲ့ရတယ်။ ပညာတွေမြန်မြန် တတ်မြောက်ချင်တဲ့အတွက်ပေါ့။ ဒီလိုနဲ့ပဲ သူက ဆရာဇော်လွင်ဆီမှာ

ကားအသစ်တွေကို လုပ်တတ်လာခဲ့တယ်။ ဟိုင်းလပ် ဆန်နီ ပါဗလေကာ ဘန်စူပါရုကားနှင့် ဂျစ်ကားတွေကိုဆရာတွေရဲ့ကျေးဇူးနဲ့လုပ်တတ်လာခဲ့တယ်။ ဒါနဲ့ပထမသင်ပေးခဲ့တဲ့ ဆရာဦးသိန်းဇော်ဆီက တို က်ခံရတဲ့ကားတွေကို ဖြောင့်တတ်ခဲ့တယ်။ ကားအမိုးကိုင်းကပ်ခြံ

ပညာလည်း ထပ်မံရခဲ့တယ်။ နောက်တော့ ကိုယ်တိုင် ကားမောင်းတတ်ခဲ့တယ်။ ဒါ့အပြင် ဆရာ့ဆီမှာ ပညာသင်ဆဲမှာပဲသူ့ရဲ့မင်းသမီးနဲ့ အိမ်ထောင်ကျခဲ့တယ်ပေါ့ဗျာ။ ဒီလိုနဲ့နောက်ပိုင်းမှာ မိဘဆရာကျေးဇူးများနဲ့သူဟာဆရာဖြစ်ခဲ့တယ်ပေါ့။ ဒီလိုနဲ့ သူဟာ

ဘာ့ကြောင့် ဒီလိုတွေလုပ်နိုင်တဲ့ထိ အောင်မြင်ခဲ့လည်းဆိုတာကိုအချက် ၇ ချက်နဲ့ ပြောပြလာခဲ့တယ်။ ၁။အချိန်ကိုတန်ဖိုးထားခြင်း(အချိန်လုခဲ့ခြင်း) ၂။စာတွေတော်တော်လေးဖတ်တယ် ၃။မိဘ ဆရာသမားများရဲ့အဆုံးအမ သြဝါဒကိုခံယူတယ်။ ၄။မိမိရည်ရွယ်ချက်ကိုအပျက်မခံဘူး

၅။မိမိအလုပ်အပ်သူများကို လေးစားတန်ဖိုးထားတယ် ကတိတည်တယ် အရှုံးပေါ်လည်းမိမိလက်ခံထားသည့်။ အတိုင်းအပြီးထိဆက်လုပ်ပေးတယ် (ဒါဟာ တာဝန်ယူမှု စိတ်ဓာတ်အပြည့်အဝရှိပြီး ဆရာကောင်းပီသတာပါ) ၆။ရိုးသားပွင့်လင်းတယ် ပြုပြင်စရာများကိုအတိအကျအရှိအတိုင်းပြောတယ် (ဒါကလည်း သူများတွေလို ရပါတယ်ကွာဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး)ယ

၇။ရက်ချိန်းတစ်လလုပ်ရမည့်ကားကိုရက်၂၀ ဝန်းကျင်နှင့်အပြီးနေ့ညကြိုးစားလုပ်ပေးတယ်။ ည (၂) နာရီဝန်းကျင်ထိ အချိန်ပို ဆင်းပေးခဲ့တယ်။ မပြည့်စုံသူတွေအတွက်တော့ အားလပ်ချိန်နဲ့ အနားယူချိန်ကိုတတ်နိုင်သမျှလျှော့ရမယ်ပေါ့ဗျာ ” ဆိုပြီး အဆိုတော် မနောဟာ သူကြုံတွေ့ခဲ့ရတာတွေကို

ချစ်ပရိသတ်ကြီးထံ ပြန်လည်မျှဝေပေးတာပဲ ဖြစ်ပါတယ်။ အဆိုတော်မနောက အတွေ့အကြုံအရမ်းများတဲ့ သူတစ်ယောက်ပါပဲ။ အချိန်ကိုဘယ်လိုအသုံးချပြီး ကြိုးစားခဲ့တယ်ဆိုတာကအစ ပြောပြပေးခဲ့တာပါ။ ဒါဟာ ကျနော်အတတ်နိုင်ဆုံးအတိုချုံး ပြောပြပေးခဲ့တာပါ။ တကယ့်အရှည်ကတော့

မနောရဲ့ page မှာသွားရောက်ဖတ်ရှု့နိုင်ပါတယ်ခဗျာ။ သူဟာကျနော်တို့ကို ဘယ်လိုစိတ်မျိုးထားရမယ် ဘယ်လိုကြိုးစားရမယ်ကအစသင်ပေးလိုက် သလိုပါပဲ။ တကယ်ကို လေးစားအတုယူဖွယ်ပါနော်။ ချစ်ပရိသတ်ကြီလည်း ဒီစာလေးကို ဖတ်ရှု့ပြီး ကြိုက်နှစ်သက်ပါက ရှဲ ပြီး မှတ်ချက်လေးတွေလည်း ရေးသားပေးခဲ့ကြပါဦးနော်။

ခရက်ဒစ်