Zawgyi
လဲလူရွက်
Unicode
အစာအိမ် နှင့် အသည်းရောဂါ ကို နိုင်တဲ့ လဲလူရွက်
လဲလူရွက်
မြန်မာဆေးကျမ်း များထဲမှာ အသည်းအူ လဲလူဆိုပြီး ရှိပါတယ် အသည်းနဲ့ အူရောဂါအတွက် လဲလူရွက်ကအကောင်ဆုံး ဆေး တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးကျမ်းတွေမှာ လဲလူ ဖို မ / ရှင်ကပစ္စည်း / ရှင်ပါကူ လို့ အမည်ကွဲတွေ ခါ်ပါတယ်။(မြန်မာစွယ်စုံကျမ်းမှာ – လဲလူဖို. လဲလူမ. တောင်လဲလူပင် လဲလောပင်ခေါ်ကြောင်း ရေးသားထား)
(၁ ) -လဲလူပင်နဲ့ ဂုဏ်နဲ့ စွမ်းရည်ကို အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်မှာ အလွန် အဖျားကြီး၍ သွေးဖောက်ြ ပန်ခြင်းကို နိုင်၏။အပူကိုငြိမ်းစေ၏။သွေးဆိုးများကို အကောင်းဖြစ်ရန် ပြုပြင်တတ်၏။ကျောက်၊ ဝက်သက် စသည်တို့ပေါက်မူ အရွက်ကို ပြုတ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်း ကောင်း၊အသုံးပြုနိုင်၏ လို့ဖော်ပြထားပါတယ်။
လဲလူပင်က မိုးတွင်းပိုင်း အထက်အည ာဒေသမှာ ပေါများစွာတွေ့ရသလို ဧရာဝတီတိုင်း ကျိုက်လတ် ဘက်မှာလည်း ပေါပါတယ်။ရန်ကုန်အနီးဆုံး လှည်းကူး ထောက်ကြံံ့ ဘက်မှာ တွေရတယ်လို့ ဆိုပါတယ်။ အရပ်ဒေသ အလိုက် အခေါ်အဝေါ် လဲလူ နဲ့ ရှင်ပါကူဆိုတာ အတူတူပဲ ဖြစ်ပါတယ်။
ချုံပင် အကြီးစားဖြစ်ပြီး အကိုင်းများစွ ာဖြာတယ်။ သေးငယ်သော အဖြူရောင် ပန်းပွင့်လေးများ ပွင့်ပါတယ်။ရနံ့သင်းပျံ့စွာမွှေးပြီး အသီးလဲ သီးပါတယ်- အရွက်ကို ပြုတ်ပြီး. တို့စရာအဖြစ် စား သုံးနိုင်ပါတယ် အရွက်နုနဲ့ အညွန့်များကို ဟင်းချိုချက်သောက် လို့ရပါတယ်။
(၂ ) – အသည်းရောဂါနဲ့ ပတ်သက်သမျှ လဲလူပင် ပဉ္စငါးပါးကနိုင်နင်းသည်။ အသည်းရောင်၊ အသည်းအဆီဖုံး၊အသည်းကြီး.၊အသည်းခြောက်၊ အသည်းရောင်၊ အသားဝါ ဘာမဆို သောက်လို့ရသည်။
လဲလူအမြစ်.( သို့မဟုတ် ) လဲလူရွက် လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေး ဟင်းချိုချက်သောက် ငါးရံ့နဲ့ ဟင်းချက်စားပြုတ်စား / အရွက် လက်တစ်ဆုပ်ကို ၃ ခွက် ၁ ခွက် တင် ကျိုသောက်ပါ။အစာအိမ် အူသိမ် အူမတွေမှာ ဖြစ်တဲ့ ရောဂါများပါ ပျောက်ကင်း သက်သာစေတယ်။ခရက်ဒစ်