ေက်ာင္း လုံးဝမေနခဲ့ဖူးတဲ့ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေနဘာသာစကား(၄)မ်ိဳးတတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္

Zawgyi

ေက်ာင္း လုံးဝမေနခဲ့ဖူးတဲ့ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေနဘာသာစကား(၄)မ်ိဳးတတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္

“က်ဳပ္ဘဝအေၾကာင္း by tourist guide U Thaung Sein”။ က်ဳပ္ေလ အီတလီ လိုလ ည္း ထမ င္းစားေရေသာ က္ ေျပာတတ္ တယ္။ ဂ်ာမန္လို လည္း အဲေလာက္ ေတာ့ ျဖစ္တာပါပဲ။ ျပင္သစ္လိုက်ေတာ့ လိမ့္ပတ္လည္ေအာင္ေျပာႏိုင္တယ္။ ဖတ္ႏိုင္တယ္။

အေရးက်ေတာ့ အားနည္းခ်က္နည္းနည္းရွိတယ္။ ၂၀၀၀ – ခုႏွစ္ကစၿပီး exotissimoနဲ႔ stationေရာ throughout အျဖစ္နဲ႔ပါ ျပင္သစ္ဂိုက္လိုက္ခဲ့တယ္။ ခုေတာ့ ad o r a ble myanmar မွာအမ်ားဆုံးပါ။ တျခားAgencyေတြကလည္း ျပင္သစ္ဂိုက္အျဖစ္ က်ဳပ္ကိုယုံၾကည္စြာသုံးခဲ့တာ

၁၅–ႏွစ္ရွိပါၿပီ။ မင္းကို ျပင္သစ္သင္ေပးတဲ့ဆရာ ဘယ္သူလဲလို႔ေမးရင္ က်ဳပ္မွာ သင္ဆရာမရွိပါ။ စာအုပ္ေတြနဲ႔ ျပင္သစ္တိုးေတြဟာ က်ဳပ္ဆရာေတြပါပဲဗ်။ အဂၤလိ ပ္ ဂိုက္ အျဖစ္နဲ႔ကေတာ့ ၁၉၉၈ –ခုကတည္းက diethelmနဲ႔လိုက္ခဲ့တာဗ်။

အဲဒီတုန္းက မန္းေလး station managerကဆရာဦးတင္ေအာင္ျမင့္ေပါ့။ တိုးသြားေတာင္းတယ္။ ဆရာက မရွိဘူးဗ်တဲ့။ က်ဳပ္ျပင္သစ္လည္းေျပာႏိုင္ပါတယ္လို႔ ေျပာလိုက္ ေတာ့ မင္းကြန္း အေၾကာင္း ျပင္သစ္လို ဗ်ဴးေတာ့ တာဘဲဗ်ိဳ႕။ သေဘာက်သြားေတာ့ ခင္ဗ်ားတျခားလက္မခံနဲ႔၊ က်ေနာ့္ဆီပဲလိုက္ေတာ့ဆိုၿပီးမနားတမ္းေပးေတာ့တာပဲဗ်။

ဒီေတာ့ မင္းအဂၤလိပ္စာ ဘယ္မွာသင္သလဲလို႔ေမးလာရင္လည္း စာအုပ္ေတြကလြဲရင္က်ဳပ္မွာဆရာမရွိဘူး ဗ်ာ ။ က်ဳပ္က တန္းေက်ာ င္း မွ မေနခဲ့ဖူးတာကိုးဗ်။ က်ဳပ္ကို ၁၉၅၃ –ခုမွာ အဘ ဦးဘလုံ၊ အမိ ေဒၚသိန္း တို႔ကေမြးဖြားခဲ့တယ္။ ေတာစြန္ဇနပုဒ္မွာေပါ့ဗ်။

ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္၊ မႀကီးကန္ေက်း႐ြာအုပ္စု၊ ေျမာက္ဆည္ဆိုတဲ့႐ြာငယ္ေလးမွာပါ။မူလတန္းေက်ာင္း မရွိတဲ့႐ြာဆိုေတာ့ ဘုန္းႀကီးေက်ာင္းေပါ့ဗ်ာ။ ဆရာေတာ္ ဦး သံဝရက က်ဴပ္ကိုသင္ပုံးႀကီး၊ အျပင္ေအာင္ျခင္း၊ အတြ င္းေအာင္ျခင္း၊ ပရိတ္ႀကီးသင္ေပးခဲ့တာေပါ့။

၁၉၆၆–ခုမွာ ကိုရင္ဝတ္ခဲ့တယ္

၁၉၆၇–စလင္းၿမိဳ႕၊ ကိုးေဆာင္တိုက္ေက်ာင္းမွာ စာသင္ခဲ့တယ္။ အဘိဓမၼာေအာင္ခဲ့တယ္။ ၁၉၆၈–ခု သာယာဝတီ၊ ႀကိဳ႕ပင္ေကာက္ ၿမိဳ႕၊ အေရွဘုရားႀကီးတိုက္မွာ စာသင္ခဲ့တယ္။ အဲဒီမွာ ပထမငယ္တန္းေအာင္ခဲ့တယ္။ ၁၉၆၉ – ခုမွာမေပ်ာ္လို႔၁၆–ႏွစ္သားမွာ ကိုရင္လူထြက္လိုက္တယ္ေပါ့ဗ်ာ။

႐ြာျပန္ မိဘေတြနဲ႔ ပဲစိုက္၊ ႏွမ္းစိုက္၊ လယ္လု ပ္၊ သစ္ငုတ္တူး၊ ထင္းခုတ္ေပါ့ ဗ်ာ။ ၁၉၇၃–အသက္ ၂၀မွာ တစ္႐ြာ တ ည္းသူနဲ႔ အိမ္ေထာင္က်ခဲ့တယ္။ ႐ြာကေတာင္းဆိုလို႔ အဲဒီႏွစ္မွာ သမဝါယမတာဝန္ခံလုပ္ခဲ့ရတယ္။

တာဝန္ခံအျဖစ္ၿမိဳ႕နယ္ကလူေတြနဲ႔ ဆက္ဆံရေတာ့ ပညာမတတ္တာ ရွက္လာတယ္။ အဂၤလိပ္စာ တတ္ခ်င္လာတယ္။ ဒီအ႐ြယ္ ေရာက္မွ မလြယ္ေတာ့ပါဘူး ေလ လို႔ ေတြးၿပီး အားေလ်ာ့မိခဲ့တယ္။ တစ္ေန႔ၿမိဳ႕က ျပန္လာတဲ့ ဦးဇင္းေလးနဲ႔ စကားေျပာျဖစ္ၾကတယ္။

လူေ.သလူျဖစ္ဆိုၿပီး နာမည္ႀကီးေနတဲ့ ေတာင္တြင္းႀကီးၿမိဳ႕က ဆရာေတာ္အရွင္ဥကၠဌအေၾကာင္းေပါ့။ အဲဒီဆရာေတာ္ကကြာ ၃၅–ႏွစ္ရွိမွ အဂၤလိပ္စာ စေလ့လာ တာတဲ့ကြ။ တေန႔ စကားလုံး ၅၀ အရက်က္ထာ ၂–ႏွစ္ေလာက္ၾကာေတာ့ သူမသိတဲ့အဂၤလိပ္စာလုံး မရွိသေလာက္ပဲတဲ့ကြ။

ေနာက္ေတာ့ အဂၤလိပ္စာလို စာအုပ္ထုတ္ခဲ့တယ္ကြ။ အဲဒါၾကားလိုက္ေတာ့ အားတက္သြားတယ္။ အဲဒီတိုင္းပဲ လုပ္ခဲ့တာပဲဗ်။ ပ င္ပန္းခဲ့ပါတယ္။ စကားလုံး မေ႐ြး တ တ္၊ နည္းစနစ္ နားမလည္ေပါ့ဗ်ာ။ သဒၵါက်ေတာ့ ဦးသုမန BAရဲ႕ New method grammar ဆိုတဲ့နည္းသစ္သဒၵါကိုအေျချပဳခဲ့ပါတယ္။

dictionaryေဘးမွာထားၿပီး စာတစ္မ်က္ႏွာတစ္ေနကုန္ၾကာေအာင္ဖတ္နဲ႔ေပါ့ဗ်ာ။ ေရဒီယိုလည္း နားေထာင္တ ယ္။ အ စကေတာ့ ဘာမွနားမ လ ည္ သေလာက္ပါပဲဗ်ာ။ အဲသလို႐ူးခဲ့တာ ၂–ႏွစ္ေလာက္ၾကာေတာ့ အထိုက္အေလ်ာက္ဖတ္ႏိုင္၊ နားေထာင္ႏိုင္လာတယ္။

၁၉၇၅–မွာ သမီးဦးေလးေမြးတယ္။ ေနာက္ေတာ့ သားေလးေယာက္ထပ္ရျပန္တယ္။ က်ဳပ္ပညာမတတ္ခဲ့သလို သားေတြပညာ မတတ္မွာ သိပ္ရ င္ပူခဲ့တယ္ဗ်ာ။ ႐ြာ မွာေနရင္ သူတို႔ကို ၿမိဳ႕ေက်ာင္းမပို႔နိင္မွာ ေသခ်ာသိတယ္။ ၿမိဳ႕မွာေနၿပီးျဖစ္သလို ႀကိဳးစားထားမယ္ ဆိုတဲ့အေတြးနဲ႔မန္းေလးကို ကေလးငါးေယာက္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သေပါ့ဗ်ာ။

ပိုင္ဆိုင္တာဆိုလို႔ ေငြငါးေထာင္ပဲရွိခဲ့၊ ပါခဲ့တယ္ဗ်။ က်ဳပ္နယ္ကသနပ္ခါးေပါေတာ့ အလုပ္ကေတာ့ သ နပ္ခါးဝ ယ္ေရာင္းေပါ့ဗ်ာ။ မိန္းမကို တ႐ု.တ္တန္းေဈး သနပ္ခါးေရာင္းခိုင္း၊ က်ဳပ္ကေတာ့ ေဒၚသီတို႔၊ ဝင္းဝင္းတို႔၊နတ္မိမယ္တို႔မွာ သနပ္ခါးသြားစပ္၊ သူတို႔လိုခ်င္တယ္ဆို နယ္ျပန္ဝယ္ေရာင္းေပါ့ဗ်ာ။

ေငြေလးစုမိေတာ့ တ႐ု.တ္ပစၥည္းကုန္ကူးေပါ့။ ေမွ.ာင္ခိုေ.ခတ္မွာ တ႐ု.တ္ ပစ္ စည္းကို စက္ဘီးနဲ႔သယ္ရင္ မဖမ္းဘူးဗ်။ က်ဳပ္မူဆယ္ကေန မန္းေလးကို စက္ဘီးနဲ႔ကုန္အျပည့္တင္ၿပီးငါးေခါက္ထိစီးခဲ့ဘူးတယ္။

အဲ ၁၉၈၈–မွာ ဘဝပ်.က္ျပန္တာပါဘဲ။ ေငြစကၠဴ ၇၅–က်ပ္တန္ေတြမသုံးရလို႔ေၾက ျငာလိုက္ေတာ့ ေငြ–၇၀၀၀၀ ေလာက္ ထိ သြားတာ ေပါ့။ ဆန္တစ္ျပည္ ၂–က်ပ္၊ ၅၀–ျပား ေခတ္မွာေပါ့။ ၈၈–အေရးအခင္းနဲ႔ ကေလးငါးေယာက္ရယ္၊ သုံးျဖစ္တဲ့ေငြ ၃၀၀၀နဲ႔ဘဝတစ္ကျပန္စရတယ္။

တေန႔ ၂၀နဲ႔ အုန္နာယူၿပီး နင္းရတဲ့ဆိုကၠားဆရာျဖစ္ခဲ့ရတယ္။ သားေတြကိုေတာ့ ျဖစ္သလို ေက်ာင္းဆက္ထားခဲ့တယ္။ တစ္ေန႔ ႏိုင္ငံျခား သားတစ္ေယာက္ ညရွစ္နာရီေလာက္ ဆိုကၠားလာငွားတယ္။ ထြန္းလွဟိုတယ္သြားမယ္တဲ့။

စာဖတ္ဖို႔သာ ရည္႐ြယ္ၿပီး ေလ့လာခဲ့တဲ့အဂၤလိပ္စာ ေငြရွာဖို႔ျဖစ္သြားေအာင္ အစပ်ိဳးျခင္းပါပဲ။ ေနာက္ေန႔ တစ္ေနကုန္ ၂၀၀နဲ႔ငွားတယ္။ ၿပီးသြားေတာ့ ၅၀၀ေပးသြား တယ္။ ေနာက္ေတာ့ တိုးေတြကိုပဲ အဓိကထားလုပ္ေတာ့တယ္။ ပုဂံ၊ အင္းေလးထိလည္း လိုက္တဲ့အခါလိုက္ရတယ္။

၁၉၉၅–ခုမွာ မီးရထားက ဗိုလ္.ႀကီးထြန္းေအာင္ေက်ာ္ ဒု႐ုံပိုင္ဦးၾကည္စိန္တို႔နဲ႔ေတြ႕ၿပီး မီးရထားစီးတိုးမ်ားႀကိဳပို႔လုပ္ငန္းမွာေခါ င္းေဆာင္ဂိုက္ အျဖ စ္ လုပ္ခဲ့တယ္။ မီးရ ထား ဝန္ ထမ္းမိသားစုမ်ားကို သုံးလစကားေျပာသင္တန္းပို႔ခ်ခဲ့ရပါတယ္။ တိုးေတြနဲ႔လုပ္ရင္း ျပင္သစ္လိုတတ္ခ်င္လာတယ္။

အဲဒီတုန္းက ျမန္မာဘာသာျပန္ပါတဲ့

ျပင္သစ္စာအုပ္မဆိုထားနဲ႔ အဂၤလိပ္စာဘာသာျပန္ပါတဲ့ ျပင္သစ္စာအုပ္ရဖို႔ရန္ မလြယ္ပါ။ ရွိတယ္ၾကားရင္ ေရာင္းေပးပါခင္ဗ်၊ မေရာင္းရင္လည္း ေကာ္ပီကူးပါရေစခင္ဗ်လို႔ စာအုပ္ေတာင္ ေအာက္ႀကိဳ႕ၿပီးရွာရတာပါ။

ကက္ဆက္ေခြရဖို႔မလြယ္ေရးခ်မလြယ္ေပါ့။ ေနာက္ေတာ့ ျပင္သစ္တစ္ေယာက္က ပါရီကေနပို႔ေပးလို႔ အဆင္ေျပခဲ့ပါတယ္။ ခုေတာ့ မန္းေလးမွာ အိမ္နဲ႔ဝိုင္းေလးလ ည္း ရွိပါၿပီ။ သားအႀကီးဆုံးက ကြန္ပ်ဴတာနဲ႔ ဘြဲ႕ရၿပီ။ ဒုတိယသားက သြားဆရာဝန္ မန္းေလေဆး႐ုံႀကီးမ်က္နာေမး႐ိုးဌာန။

တတိယသားလည္း ဆရာဝန္ပါပဲ။ စတုတၳသားက အင္ဂ်င္နီယာပါ။ ေတာႀကိဳၿခဳံၾကားက ပညာမဲ့ေတာသားတစ္ေယာက္ရဲ႕စိတ္ကူး အိပ္မက္တစ္ဝက္ေက်ာ္နင္းခဲ့ၿပီ။ ဒီပို႔စ္ကိုတင္တာ က်ဳပ္ႂကြားခ်င္လို႔မဟုတ္ပါ။ ဘာပညာလိုလို စာအုပ္စာတန္း၊ကက္ဆက္၊ စီဒီ၊ ကြန္ျပဴတာ၊

သင္ေထာက္ကူပစၥည္း ေပါမ်ားလြယ္ကူေနတဲ့ေခတ္မွာ ဇြဲသတၱိခိုင္ခိုင္ႀကိဳးစားရင္ မေအာင္ျမင္စရာမရွိပါ။ ကိုယ့္အတြက္ခိုင္မာေအာင္ ကိုယ္ဝါသနာပါတဲ့၊ စိတ္ဝ င္စားတဲ့ ပညာတစ္ခုခုကို ဇြဲသတၱိ အခ်ိန္ေပး၍ႀကိဳးစားၾကပါလို႔။

ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

ကျောင်း လုံးဝမနေခဲ့ဖူးတဲ့ ဘုန်းကြီးလူထွက် ဆိုက်ကားဆရာဘဝကနေဘာသာစကား(၄)မျိုးတတ်ကျွမ်းသူ ဖြစ်လာတဲ့ ဦးသောင်းစိန်

“ကျုပ်ဘဝအကြောင်း by tourist guide U Thaung Sein”။ ကျုပ်လေ အီတလီ လိုလ ည်း ထမ င်းစားရေသော က် ပြောတတ် တယ်။ ဂျာမန်လို လည်း အဲလောက် တော့ ဖြစ်တာပါပဲ။ ပြင်သစ်လိုကျတော့ လိမ့်ပတ်လည်အောင်ပြောနိုင်တယ်။ ဖတ်နိုင်တယ်။

အရေးကျတော့ အားနည်းချက်နည်းနည်းရှိတယ်။ ၂၀၀၀ – ခုနှစ်ကစပြီး exotissimoနဲ့ stationရော throughout အဖြစ်နဲ့ပါ ပြင်သစ်ဂိုက်လိုက်ခဲ့တယ်။ ခုတော့ ad o r a ble myanmar မှာအများဆုံးပါ။ တခြားAgencyတွေကလည်း ပြင်သစ်ဂိုက်အဖြစ် ကျုပ်ကိုယုံကြည်စွာသုံးခဲ့တာ

၁၅–နှစ်ရှိပါပြီ။ မင်းကို ပြင်သစ်သင်ပေးတဲ့ဆရာ ဘယ်သူလဲလို့မေးရင် ကျုပ်မှာ သင်ဆရာမရှိပါ။ စာအုပ်တွေနဲ့ ပြင်သစ်တိုးတွေဟာ ကျုပ်ဆရာတွေပါပဲဗျ။ အင်္ဂလိ ပ် ဂိုက် အဖြစ်နဲ့ကတော့ ၁၉၉၈ –ခုကတည်းက diethelmနဲ့လိုက်ခဲ့တာဗျ။

အဲဒီတုန်းက မန်းလေး station managerကဆရာဦးတင်အောင်မြင့်ပေါ့။ တိုးသွားတောင်းတယ်။ ဆရာက မရှိဘူးဗျတဲ့။ ကျုပ်ပြင်သစ်လည်းပြောနိုင်ပါတယ်လို့ ပြောလိုက် တော့ မင်းကွန်း အကြောင်း ပြင်သစ်လို ဗျူးတော့ တာဘဲဗျို့။ သဘောကျသွားတော့ ခင်ဗျားတခြားလက်မခံနဲ့၊ ကျနော့်ဆီပဲလိုက်တော့ဆိုပြီးမနားတမ်းပေးတော့တာပဲဗျ။

ဒီတော့ မင်းအင်္ဂလိပ်စာ ဘယ်မှာသင်သလဲလို့မေးလာရင်လည်း စာအုပ်တွေကလွဲရင်ကျုပ်မှာဆရာမရှိဘူး ဗျာ ။ ကျုပ်က တန်းကျော င်း မှ မနေခဲ့ဖူးတာကိုးဗျ။ ကျုပ်ကို ၁၉၅၃ –ခုမှာ အဘ ဦးဘလုံ၊ အမိ ဒေါ်သိန်း တို့ကမွေးဖွားခဲ့တယ်။ တောစွန်ဇနပုဒ်မှာပေါ့ဗျ။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ မြောက်ဆည်ဆိုတဲ့ရွာငယ်လေးမှာပါ။မူလတန်းကျောင်း မရှိတဲ့ရွာဆိုတော့ ဘုန်းကြီးကျောင်းပေါ့ဗျာ။ ဆရာတော် ဦး သံဝရက ကျူပ်ကိုသင်ပုံးကြီး၊ အပြင်အောင်ခြင်း၊ အတွ င်းအောင်ခြင်း၊ ပရိတ်ကြီးသင်ပေးခဲ့တာပေါ့။

၁၉၆၆–ခုမှာ ကိုရင်ဝတ်ခဲ့တယ်

၁၉၆၇–စလင်းမြို့၊ ကိုးဆောင်တိုက်ကျောင်းမှာ စာသင်ခဲ့တယ်။ အဘိဓမ္မာအောင်ခဲ့တယ်။ ၁၉၆၈–ခု သာယာဝတီ၊ ကြို့ပင်ကောက် မြို့၊ အရှေဘုရားကြီးတိုက်မှာ စာသင်ခဲ့တယ်။ အဲဒီမှာ ပထမငယ်တန်းအောင်ခဲ့တယ်။ ၁၉၆၉ – ခုမှာမပျော်လို့၁၆–နှစ်သားမှာ ကိုရင်လူထွက်လိုက်တယ်ပေါ့ဗျာ။

ရွာပြန် မိဘတွေနဲ့ ပဲစိုက်၊ နှမ်းစိုက်၊ လယ်လု ပ်၊ သစ်ငုတ်တူး၊ ထင်းခုတ်ပေါ့ ဗျာ။ ၁၉၇၃–အသက် ၂၀မှာ တစ်ရွာ တ ည်းသူနဲ့ အိမ်ထောင်ကျခဲ့တယ်။ ရွာကတောင်းဆိုလို့ အဲဒီနှစ်မှာ သမဝါယမတာဝန်ခံလုပ်ခဲ့ရတယ်။

တာဝန်ခံအဖြစ်မြို့နယ်ကလူတွေနဲ့ ဆက်ဆံရတော့ ပညာမတတ်တာ ရှက်လာတယ်။ အင်္ဂလိပ်စာ တတ်ချင်လာတယ်။ ဒီအရွယ် ရောက်မှ မလွယ်တော့ပါဘူး လေ လို့ တွေးပြီး အားလျော့မိခဲ့တယ်။ တစ်နေ့မြို့က ပြန်လာတဲ့ ဦးဇင်းလေးနဲ့ စကားပြောဖြစ်ကြတယ်။

လူေ.သလူဖြစ်ဆိုပြီး နာမည်ကြီးနေတဲ့ တောင်တွင်းကြီးမြို့က ဆရာတော်အရှင်ဥက္ကဌအကြောင်းပေါ့။ အဲဒီဆရာတော်ကကွာ ၃၅–နှစ်ရှိမှ အင်္ဂလိပ်စာ စလေ့လာ တာတဲ့ကွ။ တနေ့ စကားလုံး ၅၀ အရကျက်ထာ ၂–နှစ်လောက်ကြာတော့ သူမသိတဲ့အင်္ဂလိပ်စာလုံး မရှိသလောက်ပဲတဲ့ကွ။

နောက်တော့ အင်္ဂလိပ်စာလို စာအုပ်ထုတ်ခဲ့တယ်ကွ။ အဲဒါကြားလိုက်တော့ အားတက်သွားတယ်။ အဲဒီတိုင်းပဲ လုပ်ခဲ့တာပဲဗျ။ ပ င်ပန်းခဲ့ပါတယ်။ စကားလုံး မရွေး တ တ်၊ နည်းစနစ် နားမလည်ပေါ့ဗျာ။ သဒ္ဒါကျတော့ ဦးသုမန BAရဲ့ New method grammar ဆိုတဲ့နည်းသစ်သဒ္ဒါကိုအခြေပြုခဲ့ပါတယ်။

dictionaryဘေးမှာထားပြီး စာတစ်မျက်နှာတစ်နေကုန်ကြာအောင်ဖတ်နဲ့ပေါ့ဗျာ။ ရေဒီယိုလည်း နားထောင်တ ယ်။ အ စကတော့ ဘာမှနားမ လ ည် သလောက်ပါပဲဗျာ။ အဲသလိုရူးခဲ့တာ ၂–နှစ်လောက်ကြာတော့ အထိုက်အလျောက်ဖတ်နိုင်၊ နားထောင်နိုင်လာတယ်။

၁၉၇၅–မှာ သမီးဦးလေးမွေးတယ်။ နောက်တော့ သားလေးယောက်ထပ်ရပြန်တယ်။ ကျုပ်ပညာမတတ်ခဲ့သလို သားတွေပညာ မတတ်မှာ သိပ်ရ င်ပူခဲ့တယ်ဗျာ။ ရွာ မှာနေရင် သူတို့ကို မြို့ကျောင်းမပို့နိင်မှာ သေချာသိတယ်။ မြို့မှာနေပြီးဖြစ်သလို ကြိုးစားထားမယ် ဆိုတဲ့အတွေးနဲ့မန်းလေးကို ကလေးငါးယောက်နဲ့ ပြောင်းရွှေ့လာခဲ့သပေါ့ဗျာ။

ပိုင်ဆိုင်တာဆိုလို့ ငွေငါးထောင်ပဲရှိခဲ့၊ ပါခဲ့တယ်ဗျ။ ကျုပ်နယ်ကသနပ်ခါးပေါတော့ အလုပ်ကတော့ သ နပ်ခါးဝ ယ်ရောင်းပေါ့ဗျာ။ မိန်းမကို တရု.တ်တန်းဈေး သနပ်ခါးရောင်းခိုင်း၊ ကျုပ်ကတော့ ဒေါ်သီတို့၊ ဝင်းဝင်းတို့၊နတ်မိမယ်တို့မှာ သနပ်ခါးသွားစပ်၊ သူတို့လိုချင်တယ်ဆို နယ်ပြန်ဝယ်ရောင်းပေါ့ဗျာ။

ငွေလေးစုမိတော့ တရု.တ်ပစ္စည်းကုန်ကူးပေါ့။ မှေ.ာင်ခိုေ.ခတ်မှာ တရု.တ် ပစ် စည်းကို စက်ဘီးနဲ့သယ်ရင် မဖမ်းဘူးဗျ။ ကျုပ်မူဆယ်ကနေ မန်းလေးကို စက်ဘီးနဲ့ကုန်အပြည့်တင်ပြီးငါးခေါက်ထိစီးခဲ့ဘူးတယ်။

အဲ ၁၉၈၈–မှာ ဘဝပျ.က်ပြန်တာပါဘဲ။ ငွေစက္ကူ ၇၅–ကျပ်တန်တွေမသုံးရလို့ကြေ ငြာလိုက်တော့ ငွေ–၇၀၀၀၀ လောက် ထိ သွားတာ ပေါ့။ ဆန်တစ်ပြည် ၂–ကျပ်၊ ၅၀–ပြား ခေတ်မှာပေါ့။ ၈၈–အရေးအခင်းနဲ့ ကလေးငါးယောက်ရယ်၊ သုံးဖြစ်တဲ့ငွေ ၃၀၀၀နဲ့ဘဝတစ်ကပြန်စရတယ်။

တနေ့ ၂၀နဲ့ အုန်နာယူပြီး နင်းရတဲ့ဆိုက္ကားဆရာဖြစ်ခဲ့ရတယ်။ သားတွေကိုတော့ ဖြစ်သလို ကျောင်းဆက်ထားခဲ့တယ်။ တစ်နေ့ နိုင်ငံခြား သားတစ်ယောက် ညရှစ်နာရီလောက် ဆိုက္ကားလာငှားတယ်။ ထွန်းလှဟိုတယ်သွားမယ်တဲ့။

စာဖတ်ဖို့သာ ရည်ရွယ်ပြီး လေ့လာခဲ့တဲ့အင်္ဂလိပ်စာ ငွေရှာဖို့ဖြစ်သွားအောင် အစပျိုးခြင်းပါပဲ။ နောက်နေ့ တစ်နေကုန် ၂၀၀နဲ့ငှားတယ်။ ပြီးသွားတော့ ၅၀၀ပေးသွား တယ်။ နောက်တော့ တိုးတွေကိုပဲ အဓိကထားလုပ်တော့တယ်။ ပုဂံ၊ အင်းလေးထိလည်း လိုက်တဲ့အခါလိုက်ရတယ်။

၁၉၉၅–ခုမှာ မီးရထားက ဗိုလ်.ကြီးထွန်းအောင်ကျော် ဒုရုံပိုင်ဦးကြည်စိန်တို့နဲ့တွေ့ပြီး မီးရထားစီးတိုးများကြိုပို့လုပ်ငန်းမှာခေါ င်းဆောင်ဂိုက် အဖြ စ် လုပ်ခဲ့တယ်။ မီးရ ထား ဝန် ထမ်းမိသားစုများကို သုံးလစကားပြောသင်တန်းပို့ချခဲ့ရပါတယ်။ တိုးတွေနဲ့လုပ်ရင်း ပြင်သစ်လိုတတ်ချင်လာတယ်။

အဲဒီတုန်းက မြန်မာဘာသာပြန်ပါတဲ့

ပြင်သစ်စာအုပ်မဆိုထားနဲ့ အင်္ဂလိပ်စာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်ရဖို့ရန် မလွယ်ပါ။ ရှိတယ်ကြားရင် ရောင်းပေးပါခင်ဗျ၊ မရောင်းရင်လည်း ကော်ပီကူးပါရစေခင်ဗျလို့ စာအုပ်တောင် အောက်ကြို့ပြီးရှာရတာပါ။

ကက်ဆက်ခွေရဖို့မလွယ်ရေးချမလွယ်ပေါ့။ နောက်တော့ ပြင်သစ်တစ်ယောက်က ပါရီကနေပို့ပေးလို့ အဆင်ပြေခဲ့ပါတယ်။ ခုတော့ မန်းလေးမှာ အိမ်နဲ့ဝိုင်းလေးလ ည်း ရှိပါပြီ။ သားအကြီးဆုံးက ကွန်ပျူတာနဲ့ ဘွဲ့ရပြီ။ ဒုတိယသားက သွားဆရာဝန် မန်းလေဆေးရုံကြီးမျက်နာမေးရိုးဌာန။

တတိယသားလည်း ဆရာဝန်ပါပဲ။ စတုတ္ထသားက အင်ဂျင်နီယာပါ။ တောကြိုခြုံကြားက ပညာမဲ့တောသားတစ်ယောက်ရဲ့စိတ်ကူး အိပ်မက်တစ်ဝက်ကျော်နင်းခဲ့ပြီ။ ဒီပို့စ်ကိုတင်တာ ကျုပ်ကြွားချင်လို့မဟုတ်ပါ။ ဘာပညာလိုလို စာအုပ်စာတန်း၊ကက်ဆက်၊ စီဒီ၊ ကွန်ပြူတာ၊

သင်ထောက်ကူပစ္စည်း ပေါများလွယ်ကူနေတဲ့ခေတ်မှာ ဇွဲသတ္တိခိုင်ခိုင်ကြိုးစားရင် မအောင်မြင်စရာမရှိပါ။ ကိုယ့်အတွက်ခိုင်မာအောင် ကိုယ်ဝါသနာပါတဲ့၊ စိတ်ဝ င်စားတဲ့ ပညာတစ်ခုခုကို ဇွဲသတ္တိ အချိန်ပေး၍ကြိုးစားကြပါလို့။

လေးစားစွာဖြင့် ခရက်ဒစ်