
Zawgyi



 





Unicode

မနက်ဖြန် ရန်ကုန်မြို့လယ် (၃) မြို့နယ် နေ့တဝက် မီး လုံးဝ ပြတ်မည် (လုပ်စရာ ရှိတာ ကြိုလုပ်ထားကြပါ)

မနက်ဖြန် ရန်ကုန်မြို့ရဲ့ မြို့လယ် (၃) မြို့နယ် လျှပ်စစ်ဓာတ်အား လုံးဝ ပြတ်တောက်မည် ဖြစ်ကြောင်း သိရပါတယ်။ အရေးကြီး လူနာများ၊ လျှပ်စစ် ဓာတ်အားပေါ် မူတည်ပြီး ဆောင်ရွက်ရမယ့် အလုပ်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြရန် ကြိုတင် အသိပေးလိုက်ရပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်-ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ 66kV မော်တင်ဓာတ်အားခွဲရုံ 66/6.6kV, 30MVA ,ထရန်စဖော်မာ၏ ကေဘယ်များ အစားထိုးလဲလှယ်

ချမြှုပ်တပ်ဆင်ခြင်းနှင့် Busbar တပ်ဆင်ခြင်းကို(၇.၁၂.၂၀၂၁) ရက်နေ့တွင် ( ၁၀:၀၀ ) နာရီမှ (၁၄:၀၀) နာရီအချိန်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်ပြီး

အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း