ႏွစ္ရွည္ ဒူးနာေရာဂါအတြက္ ငါးၾကင္းေခါင္းဟင္း

Zawgyi

ေဆးစုံံေနၿပီ မေပ်ာက္ေသးဘူးဆိုတဲ့ ဒူးနာေရာဂါသမားေတြအတြက္ ငါးၾကင္းေခါင္း ႏွင့္ ဒူူးနာေရာဂါ

စာေရးသူ၏ မိတ္ေဆြ တစ္ဦးသည္ သူ၏ ဒူးနာေရာဂါမွာ ႏွစ္ၾကာၿပီ ျဖစ္သည္။ေလွခါးအဆင္းအတက္ ျပဳလုပ္လိုက္တိုင္းနာသည္။ ခရီးေဝးေဝးမသြားႏိုင္၊ ဆရာဝန္ႏွင့္ ျပေသာအခါတြင္လည္းဓာတ္မွန္႐ိုက္ၿပီး ဒူးက်ီးေပါင္းတက္ေရာဂါျဖစ္သျဖင့္ လြယ္လြယ္ႏွင့္မေပ်ာက္ႏိုင္ဟုဆိုသည္။သူသည္ ေပ်ာက္လိုေပ်ာက္ျငား ေဆးၿမီးတိုမ်ားႏွင့္လည္း ကုသည္မွာမ်ိဳးစုံၿပီဟုဆိုသည္။

တစ္ေလာက သူႏွင့္ ေတြ႕ေသာအခါ ထူးထူးျခားျခား သူ႔ဒူးနာေရာဂါမွာ သက္သာေနေၾကာင္းႏွင့္ တစ္ဆင့္စကားႏွင့္ ငါးၾကင္းေခါင္းႀကီးမ်ားကို ေစ်းမွဝယ္ၿပီး ငါးေခါင္းဟင္းခ်ိဳ ခ်က္ေသာက္ရာမွ သက္သာလာေၾကာင္း ေျပာသည္။

 

သူသည္ တစ္ပတ္လွ်င္ ႏွွစ္ႀကိမ္၊သုံးႀကိမ္ခန႔္ ငါးၾကင္းေခါင္းကို ေရခ်ိဳခ်က္ၿပီး ငါးေခါင္းအတြင္းမွ အသားမ်ားကို စား၍ရႏိုင္သမွ်စားသည္ဟုဆိုသည္။သူသည္ ငါးၾကင္းေခါင္းဟင္းကို တစ္လအတြင္းမွာ ၁ဝ ႀကိမ္ခန႔္ စားၿပီးေနာက္ ေလွကား တက္ႏိုင္၊ ဆင္းႏိုင္လာသည္ကို အံ့ၾသစြာ ေတြ႕ရသည္ဟု ဆိုသည္။

သူက စာေရးသူကို ေမးသည္မွာ ငါးၾကင္းေခါင္း စား႐ုံျဖင့္ ဒူးနာ သက္သာေစသည့္နည္းသည္ အေနာက္တိုင္း ေဆးပညာမွလာေသာ နည္းလား၊ ျမန္မာတိုင္းရင္းေဆးနည္း (ေဆးၿမီးတို)လားဟု သိခ်င္ပါသည္ဟု ေျပာလာပါသည္။

တစ္ခါတစ္ရံ အေနာက္တိုင္းနည္းကလည္း အစားအေသာက္မ်ား၏ အာနိသင္ေၾကာင့္ ေရာဂါသက္သာႏိုင္သည့္ နည္းလမ္းမ်ားကို တင္ျပေလ့ရွိသျဖင့္ ဓာတ္ခြဲခန္းအာနိသင္ႏွင့္ တင္ျပေလ့ရွိသျဖင့္ သိရသည္မ်ားလည္း ရွိသည္။ မည္သည့္ ဓာတ္သတၱဳ ပါဝင္သည္။

မည္သည့္ ဗီတာမင္ ပါဝင္သည္ကို အေနာက္တိုင္း ေဆးပညာမွ ေဖာ္ျပေလ့ရွိသည္။ အသည္းအတြက္ အက်ိဳးရွိသည္။ ေက်ာက္ကပ္အတြက္ အက်ိဳးရွိသည္။ ႏွလုံးအတြက္ အက်ိဳးရွိသည္ဟု အက်ိဳးမ်ားကို တိတိက်က် တင္ျပေပးေလ့ရွိသည္။

စာေရးသူသည္ အေနာက္တိုင္း ေဆးပညာရႈေထာင့္မွ သားငါးႏွင့္ပတ္သက္ေသာ အာဟာရ စာအုပ္မ်ား၊ ေရာဂါသက္သာေစသည့္ ေန႔စဥ္စားေသာက္သည့္ အာဟာရမ်ားကို သုေတသနျပဳထားသည့္ စာအုပ္မ်ားတြင္ ရွာေဖြ ေသာ္လည္း ငါးၾကင္း၏ အာဟာရဓာတ္မ်ားစြာ

ပါဝင္ပုံကိုသာ ေတြ႕ရၿပီး ငါးၾကင္းေခါင္းဟု သီးျခားေရးသားေဖာ္ျပ ထားသည္ကို မေတြ႕ရပါ။ ထို႔ေၾကာင့္ ေရွးက ဓာတ္စာဆရာႀကီးမ်ား ေပးသည့္ ဓာတ္စာျဖစ္မည္ဟုသာ မွတ္သားရန္ ေျပာလိုက္သည္။

မေန႔ကမွ အမွတ္မထင္ ငါးေျပမႏွင့္ ေစာင္းလ်ားသီးဟင္း ခ်က္စား၍ ေက်ာက္ကပ္မွ ေက်ာက္ေၾကက်သည့္အေၾကာင္း ေရးရင္း ေယာအတြင္းဝန္ ဦးဖိုးလႈိင္၏ ဥတုေဘာဇနသဂၤဟက်မ္းတြင္ အသားငါး အမ်ိဳးမ်ိဳးတို႔၏ က႑တြင္ ငါးၾကင္းအေၾကာင္းကို ေရးထားသည္ကို ဖတ္ရႈရသည္။ ဤက်မ္းသည္ ေရွးႏွစ္ ၁၅ဝ ေက်ာ္က က်မ္းျဖစ္သည္။

ငါးၾကင္း။ ။ နီေသာဝမ္းဗိုက္၊ ခံတြင္း၊ မ်က္လုံး၊ ေရယက္ ရွိေသာ၊ ညိဳေသာ၊ နက္ေသာ၊ အၿမီးရွိေသာ ငါးသည္ ေရာဟိတ မည္၏။ (ငါးၾကင္းဆိုလိုသည္)။

ငါးတကာတို႔တြင္ အျမတ္ဆုံး ျဖစ္သည္။ ဆိမ့္၏။ စဥ္းငယ္ဖန္၏။ ေလကိုႏိုင္၏။ သုတ္ကို ပြားေစတတ္၏။ သည္းေျခကို စဥ္းငယ္ ပ်က္ေစတတ္၏။ ခံတြင္း၊ မ်က္လုံး႐ြဲေသာ ေလနာ (ပါး႐ြဲ႕ေရာဂါ) ကို ႏိုင္၏။ ငါးၾကင္းေခါင္းသည္ ဒူးအထက္၌ ျဖစ္ေသာ အနာကိုႏိုင္၏။ ဤကား ဘာဝပၸကာသ က်မ္းအလို… ဟူ၍ ေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။

ငါးၾကင္းေခါင္းဟင္းကို စားျခင္းျဖင့္ ဒူးနာ ႏွွစ္ၾကာေရာဂါ၊ ဒူးက်ီးေပါင္းေရာဂါ ေပ်ာက္ကင္းေစႏိုင္ေၾကာင္း ေရွးေဆးက်မ္းတြင္ ပါရွိေၾကာင္း တင္ျပလိုက္ရေပသည္။ခရက္ဒစ္

Unicode

ဆေးစုံံနေပြီ မပျောက်သေးဘူးဆိုတဲ့ ဒူးနာရောဂါသမားတွေအတွက် ငါးကြင်းခေါင်း နှင့် ဒူူးနာရောဂါ

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် သူ၏ ဒူးနာရောဂါမှာ နှစ်ကြာပြီ ဖြစ်သည်။လှေခါးအဆင်းအတက် ပြုလုပ်လိုက်တိုင်းနာသည်။ ခရီးဝေးဝေးမသွားနိုင်၊ ဆရာဝန်နှင့် ပြသောအခါတွင်လည်းဓာတ်မှန်ရိုက်ပြီး ဒူးကျီးပေါင်းတက်ရောဂါဖြစ်သဖြင့် လွယ်လွယ်နှင့်မပျောက်နိုင်ဟုဆိုသည်။သူသည် ပျောက်လိုပျောက်ငြား ဆေးမြီးတိုများနှင့်လည်း ကုသည်မှာမျိုးစုံပြီဟုဆိုသည်။

တစ်လောက သူနှင့် တွေ့သောအခါ ထူးထူးခြားခြား သူ့ဒူးနာရောဂါမှာ သက်သာနေကြောင်းနှင့် တစ်ဆင့်စကားနှင့် ငါးကြင်းခေါင်းကြီးများကို ဈေးမှဝယ်ပြီး ငါးခေါင်းဟင်းချို ချက်သောက်ရာမှ သက်သာလာကြောင်း ပြောသည်။

သူသည် တစ်ပတ်လျှင် နှစ်ကြိမ်၊သုံးကြိမ်ခန့် ငါးကြင်းခေါင်းကို ရေချိုချက်ပြီး ငါးခေါင်းအတွင်းမှ အသားများကို စား၍ရနိုင်သမျှစားသည်ဟုဆိုသည်။သူသည် ငါးကြင်းခေါင်းဟင်းကို တစ်လအတွင်းမှာ ၁ဝ ကြိမ်ခန့် စားပြီးနောက် လှေကား တက်နိုင်၊ ဆင်းနိုင်လာသည်ကို အံ့သြစွာ တွေ့ရသည်ဟု ဆိုသည်။

သူက စာရေးသူကို မေးသည်မှာ ငါးကြင်းခေါင်း စားရုံဖြင့် ဒူးနာ သက်သာစေသည့်နည်းသည် အနောက်တိုင်း ဆေးပညာမှလာသော နည်းလား၊ မြန်မာတိုင်းရင်းဆေးနည်း (ဆေးမြီးတို)လားဟု သိချင်ပါသည်ဟု ပြောလာပါသည်။

တစ်ခါတစ်ရံ အနောက်တိုင်းနည်းကလည်း အစားအသောက်များ၏ အာနိသင်ကြောင့် ရောဂါသက်သာနိုင်သည့် နည်းလမ်းများကို တင်ပြလေ့ရှိသဖြင့် ဓာတ်ခွဲခန်းအာနိသင်နှင့် တင်ပြလေ့ရှိသဖြင့် သိရသည်များလည်း ရှိသည်။ မည်သည့် ဓာတ်သတ္တု ပါဝင်သည်။

မည်သည့် ဗီတာမင် ပါဝင်သည်ကို အနောက်တိုင်း ဆေးပညာမှ ဖော်ပြလေ့ရှိသည်။ အသည်းအတွက် အကျိုးရှိသည်။ ကျောက်ကပ်အတွက် အကျိုးရှိသည်။ နှလုံးအတွက် အကျိုးရှိသည်ဟု အကျိုးများကို တိတိကျကျ တင်ပြပေးလေ့ရှိသည်။

စာရေးသူသည် အနောက်တိုင်း ဆေးပညာရှုထောင့်မှ သားငါးနှင့်ပတ်သက်သော အာဟာရ စာအုပ်များ၊ ရောဂါသက်သာစေသည့် နေ့စဉ်စားသောက်သည့် အာဟာရများကို သုတေသနပြုထားသည့် စာအုပ်များတွင် ရှာဖွေ သော်လည်း ငါးကြင်း၏ အာဟာရဓာတ်များစွာ

ပါဝင်ပုံကိုသာ တွေ့ရပြီး ငါးကြင်းခေါင်းဟု သီးခြားရေးသားဖော်ပြ ထားသည်ကို မတွေ့ရပါ။ ထို့ကြောင့် ရှေးက ဓာတ်စာဆရာကြီးများ ပေးသည့် ဓာတ်စာဖြစ်မည်ဟုသာ မှတ်သားရန် ပြောလိုက်သည်။

မနေ့ကမှ အမှတ်မထင် ငါးပြေမနှင့် စောင်းလျားသီးဟင်း ချက်စား၍ ကျောက်ကပ်မှ ကျောက်ကြေကျသည့်အကြောင်း ရေးရင်း ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင် အသားငါး အမျိုးမျိုးတို့၏ ကဏ္ဍတွင် ငါးကြင်းအကြောင်းကို ရေးထားသည်ကို ဖတ်ရှုရသည်။ ဤကျမ်းသည် ရှေးနှစ် ၁၅ဝ ကျော်က ကျမ်းဖြစ်သည်။

ငါးကြင်း။ ။ နီသောဝမ်းဗိုက်၊ ခံတွင်း၊ မျက်လုံး၊ ရေယက် ရှိသော၊ ညိုသော၊ နက်သော၊ အမြီးရှိသော ငါးသည် ရောဟိတ မည်၏။ (ငါးကြင်းဆိုလိုသည်)။

ငါးတကာတို့တွင် အမြတ်ဆုံး ဖြစ်သည်။ ဆိမ့်၏။ စဉ်းငယ်ဖန်၏။ လေကိုနိုင်၏။ သုတ်ကို ပွားစေတတ်၏။ သည်းခြေကို စဉ်းငယ် ပျက်စေတတ်၏။ ခံတွင်း၊ မျက်လုံးရွဲသော လေနာ (ပါးရွဲ့ရောဂါ) ကို နိုင်၏။ ငါးကြင်းခေါင်းသည် ဒူးအထက်၌ ဖြစ်သော အနာကိုနိုင်၏။ ဤကား ဘာဝပ္ပကာသ ကျမ်းအလို… ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ငါးကြင်းခေါင်းဟင်းကို စားခြင်းဖြင့် ဒူးနာ နှစ်ကြာရောဂါ၊ ဒူးကျီးပေါင်းရောဂါ ပျောက်ကင်းစေနိုင်ကြောင်း ရှေးဆေးကျမ်းတွင် ပါရှိကြောင်း တင်ပြလိုက်ရပေသည်။ခရက်ဒစ်