အုန္းမႈတ္ခြက္နင္းျခင္း၏ အက်ိဳးေက်းဇူးမ်ား……

Zawgyi

အုန္းမႈတ္ခြက္နင္းျခင္း၏ အက်ိဳးေက်းဇူးမ်ား……

ေသြးတိုး၊ ေခါင္းကိုက္၊ ခါးနာမ်ားအတြက္ ေဆးနည္းသာမန္ေခါင္းကိုက္၊ ေခါင္းမူး၊ ေနာက္ေက်ာတက္၊ ခါးနာ၊ ေျခေထာက္ကိုက္ျဖစ္ရာကေန တစ္စတစ္စနဲ႔ေသြးတိုးေရာဂါ၊ ေလငန္းေရာဂါ၊ မ်က္စိမႈန္ ပါဝါတိုး၊ မ်က္႐ိုးကိုက္၊ အေၾကာတက္ စသျဖင့္ ေရာဂါဟာ ႀကီးထြားလာတတ္ၾကပါတယ္။

ဒီလို လူတိုင္းအျဖစ္မ်ားေနတဲ့ေရာဂါမ်ားဟာပထဝီဓါတ္ႏွင့္ ဝါေယာဓါတ္တို႔ မညီမွ်ရာကေနစၿပီး ျဖစ္ေပၚလာတဲ့ ေဝဒနာေတြပါပဲ။အထက္ပါေရာဂါမ်ား မျဖစ္ရေလေအာင္၊ ျဖစ္ၿပီးသူမ်ားလည္း ေရာဂါသက္သာေပ်ာက္ကင္းေအာင္အုန္းမႈတ္ခြက္နင္းျခင္းျဖင့္ ကာကြယ္ႏိုင္ၾကပါတယ္။

အုန္းမႈတ္ခြက္နင္းျခင္းဟာ ေရွးျမန္မာေဆးက်မ္းမ်ားႏွင့္ ေရွးအိႏၵိယေဆးနည္းတ႐ုတ္ေဆးနည္းမ်ားတြင္လည္း ေဖာ္ျပထားၾကပါတယ္။ လက္ေတြ႕ေပ်ာက္ကင္းသူမ်ားလည္း အမ်ားအျပားရွိေနပါတယ္။

(၁) ေျခအသင့္နင္းႏိုင္မည့္ အုန္းမႈတ္ခြက္ ၂ခုကို ပရေဆးဆိုင္ သို႔မဟုတ္ အုန္းသီးဆိုင္တို႔မွာ ေမးဝယ္ပါ။ (၂) အုန္းမႈတ္ခြက္ (၂)ခုကို ေမွာက္လွ်က္ထားၿပီး ကိုင္စရာဝါးတန္း သို႔မဟုတ္ ႀကိဳးတန္း လုပ္ထားပါ။

(၃) အုန္းမႈတ္ခြက္ေပၚကို ေျခေထာက္ႏွစ္ေခ်ာင္းက တက္နင္းၿပီး ဘယ္ညာ အႀကိမ္(၁၀၀) တက္နင္းပါ။ ၅ မိနစ္ခန႔္သာ ၾကာပါတယ္။(၄) အထက္ပါနည္းမ်ားကို မနက္ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ခါနီး ေျခေထာက္ကို ေရေဆးၿပီးတစ္ႀကိမ္ ျပဳလုပ္ၿပီးမွ အိပ္ယာဝင္ပါ။

#သတိျပဳရန္ – အုန္းမႈတ္ခြက္နင္းၿပီး တစ္ကိုယ္လုံးရွိ ေသြးေၾကာမ်ား လည္ပတ္၍ အပူရွိန္တက္ေနစဥ္ ေရလုံး၀ မခ်ိဳးရပါ။ နင္းၿပီး အနည္းဆုံး ၃ နာရီ သို႔မဟုတ္ ၄ နာရီရွိမွသာ ခ်ိဳးပါ။အထက္ပါနည္းအတိုင္း ပုံမွန္နင္းသြားပါက ၂ လအတြင္း ခႏၶာကိုယ္မွ အပူမ်ား ေလွ်ာ့က်သြားၿပီး အေၾကာမ်ား၊

ႂကြက္သားမ်ား လုပ္ေဆာင္မႈအားေကာင္းလာကာ မ်က္စိမႈန္ျခင္း၊ ဇက္ေၾကာတက္ျခင္း၊ ေသြးတိုး၊ ေလငန္းေရာဂါမ်ား သက္သာေပ်ာက္ကင္းႏိုင္ပါသည္။ခရက္ဒစ္

Unicode

အုန်းမှုတ်ခွက်နင်းခြင်း၏ အကျိုးကျေးဇူးများ……

သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်းသာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။

ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါသက်သာပျောက်ကင်းအောင်အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။

အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒိယဆေးနည်းတရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် ၂ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။ (၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။

(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။

#သတိပြုရန် – အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊

ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။ခရက်ဒစ်