ႏွစ္ေပါင္း (၅၀) တိုင္ နာမည္ေက်ာ္ဆဲ ေဟာင္ေကာင္က ေႁမြစြပ္ျပဳတ္ေရာင္းတဲ့ ေႁမြဘုရင္မ

Zawgyi

ႏွစ္ေပါင္း (၅၀) တိုင္ နာမည္ေက်ာ္ဆဲ ေဟာင္ေကာင္က ေႁမြစြပ္ျပဳတ္ေရာင္းတဲ့ ေႁမြဘုရင္မ

အစားေသာက္နဲ႔ပတ္သက္လာရင္ တ႐ုတ္​လူမ်ိဳးေတြက အစုံစားသူ​ေတြလို႔ ကမာၻမွာ နာမည္​ေက်ာ္ပါတယ္။တ႐ုတ္ေတြဟာ ေႁမြသားကို ၁၆ ရာစုတည္းက စတင္စားသုံးခဲ့ၾကပါတယ္။

၁၉၈၀ ခုႏွစ္ဝန္းက်င္တုန္းကဆိုရင္ ေဟာ​င္​ေကာင္မွာ ေႁမြသားစြပ္ျပဳတ္ဆိုင္​ေပါင္း ရာနဲ႔ခ်ီၿပီးရွိပါတယ္။တ႐ုတ္ေတြဟာ ေႁမြသားစြပ္ျပဳတ္ကို ေဆာင္းရာသီမွာ အစားမ်ားၾကပါတယ္။ေဟာင္​ေကာင္က ေႁမြသားစြပ္ျပဳတ္ဆိုင္ပိုင္ရွင္ ေခ်ာင္ကာလင္ဆိုသူဟာ

ေႁမြ​ေတြကို ကိုင္တြယ္ထိန္းခ်ဳပ္ရာမွာ ပိုင္ႏိုင္ကြၽမ္းက်င္တာ​ေၾကာင့္ ေႁမြဘုရင္မဆိုတဲ့ ဘြဲ႕ကို ရရွိထားပါတယ္။ေခ်ာင္ကာလင္ဟာ ငယ္စဥ္က ေက်ာင္းစာကို စိတ္ပါဝင္စားမႈနည္းခဲ့ၿပီး သူ႔အ​​ေဖရဲ႕ဆိုင္မွာ အခ်ိန္ကုန္တာမ်ားခဲ့ပါတယ္။

သူ႔အ​ေဖရဲ႕ ေႁမြကို ကိုင္တြယ္ခ်က္ျပဳတ္ပုံ​ေတြကို မ်က္​​ေရးဝ​ေနတဲ့ ေခ်ာင္ဟာ သူကိုယ္တိုင္ဆိုင္ကို ဦးစီးလုပ္ကိုင္ရခ်ိန္မွာ​ေတာ့ သူတို႔ရဲ႕ဆိုင္ဟာ ေဟာင္ေကာင္တခြင္မွာ နာမည္​ေက်ာ္လာခဲ့ပါတယ္

ေႁမြသားကို ခပ္ပါးပါးလႊာၿပီး ၾကက္႐ိုး၊ ဝက္႐ိုး​ေတြနဲ႔ ေရာျပဳတ္ထားတဲ့ စြပ္ျပဳတ္ဟာအနံ႔အရသာမွာ ျပည့္စုံလြန္းလွတာေၾကာင့္ နာမည္​ေက်ာ္ TV Show ေတြမွာလည္း မၾကာခဏဆိုသလို ေဖာ္ျပျခင္းခံခဲ့ရပါတယ္။

ေခ်ာင္ကာလင္ဟာ ဒီလုပ္ငန္းကို ၁၉၇၀ ခုႏွစ္ဝန္းက်င္တည္းက စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ႏွစ္​ေပါင္း ၅၀ နီးပါးရွိပါၿပီ။လူ​ေနအိမ္​ေျခခ်ဲ႕ထြင္မႈ​ အလြန္အကြၽံအမဲလိုက္မႈ​ေတြနဲ႔ ေတာမီးရႈိ႕မႈ​​ေတြ​ေၾကာင့္ေတာ႐ိုင္း​ေႁမြ​ေတြ ရွားပါးလာၿပီး

ေဟာ​င္ေကာင္မွာလည္း ေႁမြသားစြပ္ျပဳတ္ဆိုင္ ၂၀ ဝန္းက်င္ေလာက္သာ က်န္ရွိပါ​ေတာ့တယ္။ေခ်ာင္ကာလင္က​ေတာ့ ၿမိဳ႕ျပထဲကို နယ္ကြၽံလာတဲ့​ ေတာ​​ေႁမြ​ေတြကို ဖမ္းဆီးရင္းသူ႔ရဲ႕

စြပ္ျပဳတ္ဆိုင္​ေလးကို ယေန႔တိုင္ ဆက္လက္ဦးစီးလုပ္ကိုင္လ်က္ ရွိပါတယ္။ ေအာက္ဆုံးတြင္ ႐ုပ္သံ (Video) ျဖင့္ ၾကည့္ရႈႏိုင္ပါသည္။

Nine Thuwun

Unicode

နှစ်ပေါင်း (၅၀) တိုင် နာမည်ကျော်ဆဲ ဟောင်ကောင်က မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ

အစားသောက်နဲ့ပတ်သက်လာရင် တရုတ်လူမျိုးတွေက အစုံစားသူတွေလို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်။တရုတ်တွေဟာ မြွေသားကို ၁၆ ရာစုတည်းက စတင်စားသုံးခဲ့ကြပါတယ်။

၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် ဟောင်ကောင်မှာ မြွေသားစွပ်ပြုတ်ဆိုင်ပေါင်း ရာနဲ့ချီပြီးရှိပါတယ်။တရုတ်တွေဟာ မြွေသားစွပ်ပြုတ်ကို ဆောင်းရာသီမှာ အစားများကြပါတယ်။ဟောင်ကောင်က မြွေသားစွပ်ပြုတ်ဆိုင်ပိုင်ရှင် ချောင်ကာလင်ဆိုသူဟာ

မြွေတွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ပိုင်နိုင်ကျွမ်းကျင်တာကြောင့် မြွေဘုရင်မဆိုတဲ့ ဘွဲ့ကို ရရှိထားပါတယ်။ချောင်ကာလင်ဟာ ငယ်စဉ်က ကျောင်းစာကို စိတ်ပါဝင်စားမှုနည်းခဲ့ပြီး သူ့အဖေရဲ့ဆိုင်မှာ အချိန်ကုန်တာများခဲ့ပါတယ်။

သူ့အဖေရဲ့ မြွေကို ကိုင်တွယ်ချက်ပြုတ်ပုံတွေကို မျက်ရေးဝနေတဲ့ ချောင်ဟာ သူကိုယ်တိုင်ဆိုင်ကို ဦးစီးလုပ်ကိုင်ရချိန်မှာတော့ သူတို့ရဲ့ဆိုင်ဟာ ဟောင်ကောင်တခွင်မှာ နာမည်ကျော်လာခဲ့ပါတယ်

မြွေသားကို ခပ်ပါးပါးလွှာပြီး ကြက်ရိုး၊ ဝက်ရိုးတွေနဲ့ ရောပြုတ်ထားတဲ့ စွပ်ပြုတ်ဟာအနံ့အရသာမှာ ပြည့်စုံလွန်းလှတာကြောင့် နာမည်ကျော် TV Show တွေမှာလည်း မကြာခဏဆိုသလို ဖော်ပြခြင်းခံခဲ့ရပါတယ်။

ချောင်ကာလင်ဟာ ဒီလုပ်ငန်းကို ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၅၀ နီးပါးရှိပါပြီ။လူနေအိမ်ခြေချဲ့ထွင်မှု အလွန်အကျွံအမဲလိုက်မှုတွေနဲ့ တောမီးရှို့မှုတွေကြောင့်တောရိုင်းမြွေတွေ ရှားပါးလာပြီး

ဟောင်ကောင်မှာလည်း မြွေသားစွပ်ပြုတ်ဆိုင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိပါတော့တယ်။ချောင်ကာလင်ကတော့ မြို့ပြထဲကို နယ်ကျွံလာတဲ့ တောမြွေတွေကို ဖမ်းဆီးရင်းသူ့ရဲ့

စွပ်ပြုတ်ဆိုင်လေးကို ယနေ့တိုင် ဆက်လက်ဦးစီးလုပ်ကိုင်လျက် ရှိပါတယ်။ အောက်ဆုံးတွင် ရုပ်သံ (Video) ဖြင့် ကြည့်ရှုနိုင်ပါသည်။

Nine Thuwun