
Zawgyi









Unicode

လယ်ကွင်းထဲမှကိုယ်တိုင်ဖမ်းလာသည့် ငါးခူတစ်ကောင်၏ဝမ်းဗိုက်ထဲမှရွှေလက်စွပ်နှစ်ကွင်းနှင့်လက်ကောက်တစ်ကွင်းကို ရရှိခဲ့သည့် အမျိုးသမီး

ပင်လယ်ထဲကမဟုတ်ဘဲ လယ်ကွင်းထဲမှကိုယ်တိုင်ဖမ်းလာသည့် ငါးခူတစ်ကောင်၏ ဝမ်းဗိုက်ထဲမှ ရွှေလက်စွပ်နှစ်ကွင်းနှင့်လက်ကောက်တစ်ကွင်းကို ရရှိခဲ့သည့်အမျိုးသမီး။

လူသားတို့ဟာ ကျန်းမာရေးကောင်းမွန်နေစေရန်အတွက် အဟာရရှိစေမည့် အစားအစာများကို စားသောက်ရမှာဖြစ်ပါတယ်။

အသားငါးများကို စားသုံးခြင်းဖြင့်လည်း ကျန်းမားသန်စွမ်းသော ခွန်အားတွေကို ရရှိစေမှာဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ

အမျိုးသမီးဟာ သူမနေထိုင်ရာဒေသ၏ သင်္ချိုင်းအနီးက လယ်ကွင်းတွင်ငါးဖမ်းသွားခဲ့ရာမှ ငါးခူတစ်ကောင်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ထို့နောက် အိမ်သို့ရောက်ပြီး ငါးကိုဆေးကြောပြီး ချက်ပြုတ်ဖို့ပြင်ဆင်ခဲ့ရာ ငါး၏ဝမ်းဗိုက်ထဲမှ ရွှေလက်စွပ်နှစ်ကွင်းနှင့် ရွှေလက်ကောက်တစ်ခုကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လယ်ကွင်းထဲတွင်ရှိနေသော ငါးတစ်ကောင်၏ ဝမ်းဗိုက်ထဲမှ တွေ့ရှိခဲ့သောကြောင့် အမျိုးသမီးဟာ အံ့သြနေခဲ့ပြီး မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

Credit Shoon (Cele Daily)