သိမ္ႀကီးေဈးက ေအာက္ခ်င္းငွက္ ကိစၥနဲ႔ ေ႐ႊတိဂုံမွာ လင္းတေတြ နားခဲ့တဲ့ ကိစၥဆက္စပ္မႈ ဂယက္

Zawgyi

သိမ္ႀကီးေဈးက ေအာက္ခ်င္းငွက္ ကိစၥနဲ႔ ေ႐ႊတိဂုံမွာ လင္းတေတြ နားခဲ့တဲ့ ကိစၥဆက္စပ္မႈ ဂယက္

ရန္ကုန္ၿမိဳ႕လယ္ေခါင္ ေနရာျဖစ္တဲ့ သိမ္ႀကီးေဈး D ႐ုံမွာ ခ်င္းျပည္နယ္မွာပဲ ရွိတဲ့ ေအာက္ခ်င္းငွက္ေတြ လာနားေနတဲ့ပုံ မေန႔က အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာပါတယ္။

တခ်ိဳ႕ကလည္း ဖိုတိုေရွာ့ အတုလို႔ ထင္သလို၊ တခ်ိဳ႕ကလည္း တျခားေနရာက ပုံလို႔ ထင္ပါတယ္။ ဒါေပမယ့္ မ်က္ျမင္ေတြ႕ရွိသူေတြ ရွိခဲ့တာေၾကာင့္ အဲဒီျပႆနာက အလိုလို ေျဖရွင္းၿပီးသား ျဖစ္သြားပါတယ္။

တခ်ိဳ႕ကလည္း ဖမ္းထားတဲ့ ေအာက္ခ်င္းငွက္ေတြ လြတ္ကုန္တာ ျဖစ္တယ္လို႔ ေျပာေပမယ့္ တိက်တဲ့ သက္ေသ အေထာက္အထားေတာ့ မရွိပါဘူး။ ေသခ်ာတာကေတာ့ ခ်င္းျပည္နယ္မွာပဲ အမ်ားဆုံး ရွိတဲ့ ခ်င္းျပည္ရဲ႕ ဝိေသသ ေအာက္ခ်င္းငွက္ဟာ ရန္ကုန္ၿမိဳ႕လယ္ေခါင္ကို ေရာက္ရွိခဲ့တာ အေသအခ်ာပါပဲ။

အတိတ္နိမိတ္ ေကာက္သူေတြကေတာ့ ခ်င္းျပည္နယ္က ေခါင္းေဆာင္တဦး ေပၚထြန္းႏိုင္ေၾကာင္း၊ မၾကာမီ အခ်ိန္အတြင္းမွာ ျမန္မာျပည္ႀကီး အဆိုးေအာက္က လြတ္ေျမာက္ၿပီး ယခု ေတြ႕ရတဲ့ေအာက္ခ်င္းငွက္လိုမ်ိဳး လြတ္လပ္စြာ ပ်ံသန္းႏိုင္မွာ ျဖစ္ေၾကာင္း၊

ခ်င္းျပည္နယ္က သူရဲေကာင္းေတြ ရန္ကုန္အထိ ေရာက္လာႏိုင္ေၾကာင္း ေကာက္ယူ ေနၾကပါတယ္။ယခုလိုမ်ိဳး ထူးဆန္းတဲ့ ငွက္ေတြ အုပ္လိုက္ လာနားတဲ့ ျဖစ္ရပ္မ်ိဳး ၂၀၁၂ တုန္းကလည္း ျဖစ္ပြားခဲ့ပါေသးတယ္။

အဲဒီတုန္းက ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္ေန႔မွာ ေ႐ႊတိဂုံဘုရားေပၚမွာ ဟိမဝႏၲာ လင္းတငွက္ေတြ အုပ္လိုက္ လာနားတဲ့ ထူးျခားတဲ့ ျဖစ္စဥ္ တခု ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက လင္းတငွက္ေတြဟာ ေဆာင္းခိုငွက္ေတြ ျဖစ္ၿပီးေတာ့ သဘာဝအရ ရန္ကုန္ဖက္ကို ေရာက္ရွိခဲ့တယ္လို႔ ငွက္ပညာရွင္ေတြ ေျပာၾကားခဲ့ပါတယ္။

ယခု ေအာက္ခ်င္းငွက္ ျဖစ္စဥ္ကေတာ့ တမူထူးျခားတဲ့ ျဖစ္စဥ္ ျဖစ္တာေၾကာင့္ ျမန္မာျပည္ႀကီးမွာ ဘာေတြ ထူးျခားတာ ျဖစ္လာမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္ ခင္ဗ်ာ။

ေအာက္ခ်င္းငွက္ေတြရဲ႕ ပုံအသစ္ေတြ ထပ္ရလာလို႔ တင္ေပးလိုက္ရပါတယ္ ခင္ဗ်ာ။

Unicode

သိမ်ကြီးဈေးက အောက်ချင်းငှက် ကိစ္စနဲ့ ရွှေတိဂုံမှာ လင်းတတွေ နားခဲ့တဲ့ ကိစ္စဆက်စပ်မှု ဂယက်

ရန်ကုန်မြို့လယ်ခေါင် နေရာဖြစ်တဲ့ သိမ်ကြီးဈေး D ရုံမှာ ချင်းပြည်နယ်မှာပဲ ရှိတဲ့ အောက်ချင်းငှက်တွေ လာနားနေတဲ့ပုံ မနေ့က အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။

တချို့ကလည်း ဖိုတိုရှော့ အတုလို့ ထင်သလို၊ တချို့ကလည်း တခြားနေရာက ပုံလို့ ထင်ပါတယ်။ ဒါပေမယ့် မျက်မြင်တွေ့ရှိသူတွေ ရှိခဲ့တာကြောင့် အဲဒီပြဿနာက အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

တချို့ကလည်း ဖမ်းထားတဲ့ အောက်ချင်းငှက်တွေ လွတ်ကုန်တာ ဖြစ်တယ်လို့ ပြောပေမယ့် တိကျတဲ့ သက်သေ အထောက်အထားတော့ မရှိပါဘူး။ သေချာတာကတော့ ချင်းပြည်နယ်မှာပဲ အများဆုံး ရှိတဲ့ ချင်းပြည်ရဲ့ ဝိသေသ အောက်ချင်းငှက်ဟာ ရန်ကုန်မြို့လယ်ခေါင်ကို ရောက်ရှိခဲ့တာ အသေအချာပါပဲ။

အတိတ်နိမိတ် ကောက်သူတွေကတော့ ချင်းပြည်နယ်က ခေါင်းဆောင်တဦး ပေါ်ထွန်းနိုင်ကြောင်း၊ မကြာမီ အချိန်အတွင်းမှာ မြန်မာပြည်ကြီး အဆိုးအောက်က လွတ်မြောက်ပြီး ယခု တွေ့ရတဲ့အောက်ချင်းငှက်လိုမျိုး လွတ်လပ်စွာ ပျံသန်းနိုင်မှာ ဖြစ်ကြောင်း၊

ချင်းပြည်နယ်က သူရဲကောင်းတွေ ရန်ကုန်အထိ ရောက်လာနိုင်ကြောင်း ကောက်ယူ နေကြပါတယ်။ယခုလိုမျိုး ထူးဆန်းတဲ့ ငှက်တွေ အုပ်လိုက် လာနားတဲ့ ဖြစ်ရပ်မျိုး ၂၀၁၂ တုန်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတုန်းက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဟိမဝန္တာ လင်းတငှက်တွေ အုပ်လိုက် လာနားတဲ့ ထူးခြားတဲ့ ဖြစ်စဉ် တခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လင်းတငှက်တွေဟာ ဆောင်းခိုငှက်တွေ ဖြစ်ပြီးတော့ သဘာဝအရ ရန်ကုန်ဖက်ကို ရောက်ရှိခဲ့တယ်လို့ ငှက်ပညာရှင်တွေ ပြောကြားခဲ့ပါတယ်။

ယခု အောက်ချင်းငှက် ဖြစ်စဉ်ကတော့ တမူထူးခြားတဲ့ ဖြစ်စဉ် ဖြစ်တာကြောင့် မြန်မာပြည်ကြီးမှာ ဘာတွေ ထူးခြားတာ ဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

အောက်ချင်းငှက်တွေရဲ့ ပုံအသစ်တွေ ထပ်ရလာလို့ တင်ပေးလိုက်ရပါတယ် ခင်ဗျာ။