Zawgyi
မြန်မာပြည်မှာလဲဒီလို လုပ်ရပ်မျိုး အတုခိုးလိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အွန်လိုင်းလူယုတ်မာသူတောင်စားတွေဒီလို လုပ်ရပ်မျိုးတွေ ကို ဆိုရှယ် အွန်လိုင်းလူမူ့ကွန်ယက်က သနားကူညီတတ်တဲ့ စေတနာရှင်တွေ အတွက် ကြိုတင်သိရှိနိုင်ဖို့ပါ၊
Unicode
ရက်စက်လိုက်တဲ့ ဆိုရှယ် လူမူ့ကွန်ယက်က သူတောင်းစား
မန်မာပြည်မှာလဲဒီလို လုပ်ရပ်မျိုး အတုခိုးလိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အွန်လိုင်းလူယုတ်မာသူတောင်စားတွေဒီလို လုပ်ရပ်မျိုးတွေ ကို ဆိုရှယ် အွန်လိုင်းလူမူ့ကွန်ယက်က သနားကူညီတတ်တဲ့ စေတနာရှင်တွေ အတွက် ကြိုတင်သိရှိနိုင်ဖို့ပါ၊
ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကာလ မှာ လူတန်းစားမျိုးစုံ ဟာ လူလိမ်တွေ ဘ၀ ရောက်နေကြတာမို့ လူ့ပါတ်ဝန်းကျင်မှာဆိုရှယ်ကနေ ပုံစံမျိုးစုံနဲ့ ကြည့်ရူ့သူတွေသနားအောင်ပို့စ်တွေတင်ပြီး အကူညီတောင်းကြတဲ့ သူတွေ အများအပြား တွေ့လာနေရပါတယ်။
ဆိုရှယ်လူမူ့ကွန်ယက်က အလှူရှင်တွေကသနားပြီး အများဆုံးဝိုင်းကူပေးတာကတော့ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေပြစားပြီး တောင်းစားနေသူတွေကိုပါ ဘန်ကောက်မြို့ဒိုးမောင်း နယ်မြေ မှာနေထိုင်နေတဲ့ Nittha Wongwall နစ်ထာ ဝုန်ဝယ် အသက် ၂၉ နှစ်ခန့်ရှိတဲ့ အမျိုးသမီးဟာ သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ရောဂါကြောင့်သမီးလေးဟာ နာတာရှည် ဆေးရုံမှာ ဆေးကုနေရပါတယ် တကိုယ်လုံးဖူးယောင်နေပြီး ပါးစပ်ကအမြုပ်ထွက်ဆီးသွားရင်သွေးတွေပါနေပါတယ်။
မိတ်ဆွေတို့ ရယ် တတ်နိုင်သမျှကူညီပေးကြပါရှင်….လို့လူမူ့ကွန်ယက်က နေ အကူညီတောင်းခဲ့တာပါ ။ဒီလိုနဲ့ ဆိုရှယ် လူမူ့ကွန်ယက်မှာ ပိုစ့်တင်ပြီး အကူညီတောင်းခံလိုက်လို့ သူမဘဏ်အကောင့်မှာ ပို့လာသူ လူ ၈၀၀၀ (ရှစ်ထောင်)ခန့် ရှိသွားပြီး ဘတ် ၁၀ သန်းကျော် (ကျပ်ငွေ သိန်း၄၀၀) ရသွားပါတယ်။
ခုလို ဆိုရှယ်လူမူ့ကနေ သူမသမီး အသက် ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့် ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။ဆေးရုံက ကလေးအလောင်းကိုဆေးစစ်တဲ့အခါမှ အစားအိမ်ထဲမှာ ပိုးသတ်ဆေး ဓါတ်ပေါင်းတွေတွေ့ရလို့ သာမန်ရောဂါမဟုတ်ဘဲကလေးဟာ ပိုးသတ်ဓါတုဆေး တစ်မျိုး ကို စားမိ မျိုမိထားတာကို စစ်ဆေးတွေ့သွားခဲ့လို့သူမကို သတိမပြုမိသွားကြပါတယ်။
အခုလို ဒုတိယအကြိမ် သူမ ထပ်လုပ်တဲ့အခါမှာတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး မိခင်ဆိုတဲ့ တရားခံအမျိုးသမီးရဲ့ လက်ချက်ဖြစ်နီုင်တယ် ဆိုပြီး ဆိုရှယ်လူမူ့ကွန်ယက် သတင်းသမား တွေက ပထမ ဖြစ်ရပ်ကို ပြန်ပြီးရှာဖွေပေးခဲ့ပါတယ်။
တကယ်တော့ အဲဒီအမျိုးသမီးဟာ သူမကလေးကို ကျန်းမာရေးဆိုးလာအောင် အစာထဲမှာ ပိုးသတ်ဆေး(အိမ်သာသန့်ရှင်းရေးဆေး)နည်းနည်းစီထည့်ကြွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာပါပဲ တဲ့။
သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇတ်လမ်းဆင် ငွေတောင်းခဲ့တဲ့ သုံးနှစ် မိန်းကလေးတစ်ဦး ဟာလည်း ခုလိုပုံစံမျိုးနဲ့ကိုယ်ထဲမှာပိုးသတ်ဆေးအဆိပ်ပြန်ပြီး သေဆုံးခဲ့ရပြီး အွန်လိုင်းအလှူရှင်တွေဆီက ဘတ်သန်း၂၀ကျော် ရသွားခဲ့ဘူးပါတယ်။
ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလိုမျိုးပုံစံမျိုးလုပ်ပြီးတောင်းရမ်းမှ လူမူကွန်ယက်က သူကိုမှတ်မိသွားခဲ့တာပါ။သူဟာ သူ့အုပ်ထိမ်းသူ ဆိုပြီးနံမည်ခံပြီး ငွေတောင်းတာမို့ သူဟာ မိခင်အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့မသေချာသေးပါဘူး။ သူကို စစ်ဆေးနေဆဲပါပဲ ။
တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတတ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး မနေ့ကတော့ ဖမ်းဆီးလိုက်ပါပြီ။ဒီလို လုပ်ရပ်မျိုး လိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အတုခိုးမယ့် အွန်လိုင်းလူယုတ်မာသူတောင်စားတွေတွေပေါ်လာမှာစိုးတာကြောင့် သတိပေး ဖေါ်ပြလိုက်တာဖြစ်ပါတယ်။ခရက်ဒစ်