
Zawgyi


(၁) ပုဗ္ဗသန္နဝါသ















Unicode

အကြင်လင်မယားဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး..၊

(၁) ပုဗ္ဗသန္နဝါသ

ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏..။

(၂)ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်း ကြောင့် လင်မယားဖြစ်ရ၏..။

အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက..၊

သမ္မသဒ္ဓါ ■ သဒ္ဒါတရားချင်းတူညီ ■

သမသီလာ ■ အကျင့်ချင်းလည်းတူညီ ■

သမစာဂါ ■ စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ ■

သမပညာ ■ အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ ■

မည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်..၊

(၁) အကျိုးစီးပွား တိုးတက်ခြင်း၊

(၂) ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း၊

(၃) ရန်သူများ မနှိပ်စက်နိုင်ခြင်း၊

(၄) မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း၊

စသည့် အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မူခဲ့ပေသည် ။

(စာအုပ်စာပေ လူ့မိတ်ဆွေ)