အသံုးလိုတဲ့သူေတြအတြက္ ယၾတာေပါင္း ၁၀၀
Zawgyi
အသံုးလိုတဲ့သူေတြအတြက္ ယၾတာေပါင္း ၁၀၀
1.ကုန္စံုုဆိုင္၊ကုန္ေျခာက္ဆို္င္မ်ားေရာင္းေကာင္းေစေသာယၾတာ
မနက္တိုင္းပ်ဥ္းေတာ္သိမ္ (၁၁)ညႊန္႔ျဖင့္ဆို္င္မွာရွိတဲ့ပစၥည္းေတြကုိ အျမန္ေရာင္းထြက္ဟုေျပာျပီး (၁၀)ခ်က္ရို္က္ပါ။
2.က်န္းမာေရးေကာင္းေစရန္ေဆာင္ရမည့္ယၾတာ
ရတနာေတြမွာဆိုလွ်င္ေက်ာက္စိမ္းဟာအသားနွင့္ထိေနရင္က်န္းမာေရးေကာင္းပါတယ္ဒါ့ေၾကာင့္ ေက်ာက္စိမ္းေဆာင္ပါ။
3.သေဘၤာသားမ်ားသေဘၤာအျမန္တက္နို္င္ေစရန္အတြက္
သေဘၤာသီးအမွည့္တစ္လံုးကိုအလ်ားလိုက္ (၆)စိတ္စိပ္ျပီး၊ထိုအစိတ္မ်ားကိုလင္ဗန္းထဲထည့္ပါ၊ထိုအစိတ္မ်ားေပၚတြင္တံခြန္တစ္လက္စီစိုက္ျပီး ဘုရားမွာကပ္လွဴပါ။
4.(သြပ္၊သံ၊သစ္)ဆိုင္မ်ားအေရာင္းအဝယ္ေကာင္းေစရန္အတြက္
ဆလပ္ရြက္နဲ႔(၇)ခ်က္တိတိရို္က္ျပီးေရာင္းထြက္ပါေစလို႔ဆုေတာင္းပါ။
5.တစ္ျခားလူတစ္ေယာက္ကိုလာဘ္ရႊ႔င္ ေစရန္ေပးရမည့္လက္ေဆာင္
တလည္းသီး၊လိေမၼာ္သီး၊လိုင္ခ်ီးသီး၊သစ္ေတာ္သီးအဲ့အသီးေလးမ်ိဳးကိုလက္ေဆာင္ေပးပါ။
6. အေျကြးျပန္ရေစေရးအတြက္
အိမ္ဘုရားမွာမုန္႔လံုးေရေပၚ (၁၀)လံုးကိုမနက္ (၁၀)နာရီမွာအိမ္ဘုရားမွာကပ္လွဴဆုုေတာင္းပါ။
7.လုပ္ငန္းပို္င္ရွင္မ်ားလာဘ္ရႊင္ေစရန္အတြက္
မိမိရံုးကိုခရမ္းေရာင္သုတ္(သို႔)ခရမ္းေရာင္နဲ႔ခ်ဳပ္ထားေသာေခါင္းအံုးေသးေသးေလး(၃)လံုးခ်ဳပ္ျပီးဧည့္ခန္းမွာထားပါ။
8.ေယ်ာ္က်ားျဖစ္ေစ၊မိ္န္းမျဖစ္ေစေျချငိမ္ေစေရးအတြက္
ေျခမျငိမ္သူရဲ႕ေျခစာမွုန္႔ကိုယူ၍ ေျမျကီးနဲ႔ေရာျပီးေနျကာပန္းပင္စို္က္ပါ။
9.ဝန္ထမ္းမ်ားလစာတိုး၊ရာထူးတိုးေစရန္
သတင္းစာစကၠဴကိုကေတာ့ပံုလုပ္ျပီးထန္းလ်က္ (၁၁)ခဲထည့္ကာနဂါးရံုဘုရားမွာလွွဴဒါန္းေပးပါ။
10. ထမင္းဆို္င္မ်ားေရာင္းေကာင္းေစရန္အတြက္
ထမင္းစားပြဲဝိုင္းတို္င္းတြင္ ထန္းလ်က္(၁)ဘူးစီ ထားပါ၊ ဘုရားစင္တြင္လည္းထန္းလ်က္ခဲ ဆြမ္းေတာ္ကပ္၊ သံဃာေတာ္မ်ားလည္းထန္းလ်က္ ကပ္လွဴပါ။
11. နွစ္ရွည္လမ်ားတြဲလာေသာ ကိုယ့္ခ်စ္သူကိုယ့္ကို ပစ္သြားခဲ႔ရင္ ရိုးအီသြားခဲ႔ရင္ ကိုယ့္ရွိျပန္လာေစရန္အတြက္
နွင္းဆီပန္းအနီတစ္ပြင့္မွာကိုယ့္ခ်စ္သူရဲ႕ အဝတ္(သို႔)ဓာတ္ပံုကိုညာဘက္လက္နဲ႔ကိုင္ျပီးဘယ္ဘက္လက္ျဖင့္အျမန္ဆက္သြယ္ဟု (၉)ခ်က္ရိုက္ပါ။
12. ဘိုးဘြားပို္င္အိိမ္၊ေျမေရာင္းခ်လွ်င္
အဆင္ေျပေခ်ာေမြ႔ေစရန္အတြက္ ညေန (၆) နာရီမိမိျခံ၏ေျမျကီးေပၚတြင္ ဖေယာင္းတို္င္(၃)တို္င္၊အေမႊးတို္င္(၃)တို္င္ထြန္း၍
ပရေလာကသားမ်ားအားအမွ်ေပးေဝ၊ေမတၱာပို႔ျပီး မွအိမ္၊ျခံေရာင္းဖို႔ခြင့္ေတာင္းပါ။
13.နိုင္ငံျခားမွေငြပို႔အဆက္အသြယ္ရေစရန္အတြက္ ေရႊဖရံုသီးတစ္လံုးကိုဝယ္ျပီးတစ္ျခမ္းကုိခ်က္စားျပီးေနာက္တစ္ျခမ္းမွာထံုးနဲ႔နို္င္ငံျခား ေရာက္သူရဲ႕အမည္ေရးျပီးအဂၤါေန႔ နံနက္ေစာေစာမွာဘုရားတစ္ဆူရဲ႕အဂၤါေထာင့္မွာ ထိုသူရဲ႕အသက္ေစ့ေရသပၸါယ္ျပီးေရႊဖရံုသီးကိုုဘုရားမွာလွဴျပီးဆုေတာင္းပါ။
14.မလာေစခ်င္ေသာဧည့္သည္မလာေစ ရန္အတြက္ အိမ္ေရွ႕တံခါးမႀကီးရဲ႕ေဘးမွာတံျမက္စည္းကိုေျပာင္းျပန္လွန္ေထာင္ထားပါ၊ ညေနပိုင္းမွသာလုပ္ပါ။
15.အိမ္ေအးခ်မ္းေစရန္အတြက္ ျမတ္စြာဘုရားကိုေရသပၸါယ္ေပးပါ၊ ေသာက္ေတာ္ေရလဲေပးပါ၊ ခနခနလုပ္နို္င္သေလာက္လုပ္ပါ။
16. မိမိအိမ္၊ရံုး၊ဆိုင္ခန္းလာဘ္ရႊင္ေစရန္အတြက္ က်ပ္ေစ့တစ္ေစ့ရွာျပီး ျခေသၤ့ဘက္ျခမ္းကိုသံခၽြန္နဲ႔“က” လို႔ေရးျပီးေၾကးပလားတစ္လံုးတည္းထည့္၊ ေရနည္းနည္းထည့္ျပီး ဒိဝါတပတိဂါထာကို (၉)ေခါက္ရြတ္ဆိုေပးပါ။
17.အင္တာဗ်ဴးေျဖဆိုမည့္သူမ်ားအတြက္ မိမိရဲ႕ညာဘက္လက္နဲ႔ေက်ာက္စလစ္ခဲ့တစ္ခဲကိုကိုင္ျပီး “ေလာကဝိဒူ” ဂုဏ္ေတာ္ကို (၁၀၈) ေခါက္ရြတ္ဆိုျပီးအင္တာဗ်ဴးေျဖတဲ့အခါအေဆာင္အျဖစ္ယူသြားပါ။
18.ေယာက္်ားအနားကပ္ေစေရးအတြက္ နားကပ္ေရစိမ္တိုက္ပါ။လင္ဗန္းထဲနားကပ္ထည့္၊ သနားထည့္ေရစိမ္။
19.အိမ္ပူ၊အလုပ္ပူလွ်င္လုပ္နိုင္ရန္အတြက္ အစိမ္းေရာင္ဖေရာင္းတိုင္ (၅) တိုင္ကိုဆက္တိုက္ ဧည့္ခန္းမွာထြန္းပါ။
20.နွစ္ရွည္လမ်ားအိပ္ယာထဲလဲေနေသာလူအျမန္ျပန္ ေကာင္းေစရန္အတြက္ ၾကက္ဥ (၁၀) လံုးနွင့္ၾကာဇံ (၁) စည္းကုိလူနာ၏အိပ္ယာေဘးမွာခံုေလးနဲ႔ထားေပးပါ။
21.အငယ္ေနွာင္းထားကြဲၾကေစသား ခင္ပြန္းနွင့္အငယ္ေနွာင္း၏အမည္ကုိစာရြက္တြင္ေရးခ်ျပီးဖေယာင္းတို္င္မွာပတ္ပါ၊ နံသာျဖဴ၊နံသာနီကိုအဆစ္ဆီျဖင့္ေရာေသြးျပီးစာရြက္ပတ္ထားေသာဖေယာင္းတုို္င္တြင္ သုတ္လိမ္းေပးပါျပီးလွွ်င္အိုးျခမ္းပ့ဲေပၚတင္၍ မီးထြန္းပါ။
22.မိိမိေရြးထားေသာအိမ္ေထာင္ဖက္အားမိသားစုမွသေဘာတူေစရန္ ဌက္ေပ်ာသီးအစိမ္းတစ္လံုးေပၚတြင္ သံခၽြန္ျဖင့္အဖ်ားမွအရင္းတိုင္ေအာင္ သေဘာတူေစရန္ဆုေတာင္းစာေရးျပီးဌက္ေပ်ာသီးကိုလမ္းမွာစြန္႔ပစ္ေပးပါ။
23.အေရာင္းအဝယ္ေကာင္း(ေဖာက္သည္တိုးေစရန္) ဆင္ရုပ္တစ္ရုပ္ကိုခ်ိတ္ဆြဲထားျခင္း၊မိမိအလုပ္ စားပြဲေပၚတြင္တင္ထားျခင္းတို႔ျပဳလုပ္ေပးရင္ ေဖာက္သည္ေပါ၊ေရာင္းေကာင္းေစပါတယ္။
24.ဝင္ေငြမ်ားအဖတ္တင္ေစရန္အတြက္ ငါးေသတၱာတစ္ဗူးဝယ္ျပီးအဲ႔ဒီဗူးေပၚမွာဖေယာင္းတိုင္ထြန္းျပီးဝင္ေငြျမဲေစဖို႔ဆုေတာင္းေပးပါ။
25.တနၤလာနံပစၥည္းမ်ားေရာင္းထြက္ေစရန္အတြက္ နံနက္ (၁၀) နာရီအခ်ိန္တြင္ ေစ်းေကာင္းေကာင္းႏွင့္အျမန္ေရာင္းထြက္ဟုဆုိျပီးသံတုတ္ႏွင့္ (၁၃)ခ်က္ရိုက္ပါ။ သံတုတ္မရွိလွ်င္ သနပ္ရြက္ႏွင့္ရိုက္ပါ။
26. အဂၤါနံပစၥည္းမ်ားေရာင္းထြက္ေစရန္အတြက္ နံနက္ (၈) နာရီအခ်ိန္အတြင္ ေစ်းေကာင္းေကာင္းႏွင့္အျမန္ေရာင္းထြက္ဟုဆိုျပီးထေအာင္းႏွင့္ (၈)ခ်က္ရိုက္ပါ။ထေအာင္းမရွိလ်ွင္ ဒန္အိုးႏွင့္ရိုက္ပါ။
27. ဗုဒၶဟူးနံပစၥည္းမ်ားေရာင္းထြက္ေစရန္အတြက္ ေန႔လည္ (၃) နာရီအခ်ိန္တြင္ ေစ်းေကာင္းေကာင္းႏွင့္အျမန္ေရာင္းထြက္ဟုဆိုျပီးအင္းၾကင္းႏွင့္(၁၂)ခ်က္ရိုက္ပါ။အင္ၾကင္းမရွိလွ်င္ အက်ၤ ီႏွင့္ရိုက္ပါ။
28.ၾကာသပေတးနံပစၥည္းမ်ားေရာင္းထြက္ေစရန္အတြက္ နံနက္ (၅) နာရီိအခ်ိန္တြင္ ေစ်းေကာင္းေကာင္းႏွင့္အျမန္ေရာင္းထြက္ဟုဆိုျပီးကန္စြန္းညႊန္႔ (၅)ညႊန္႔ႏွင့္ (၅) ခ်က္ရိုက္ေပးပါ။
29.ေသာၾကာနံပစၥည္းမ်ားေရာင္းထြက္ေစရန္အတြက္ နံနက္ (၇) နာရီအခ်ိန္တြင္ ေစ်းေကာင္းေကာင္းနွင့္အျမန္ေရာင္းထြက္ဟုဆိုျပီးဆလပ္နွင့္ (၇) ခ်က္ရိုက္ပါ။
30.အသက္ကယ္ယၾတာ သေဘၤာသီးအစိမ္းတစ္လံုးေပၚတြင္ ၾကက္လွ်ာေရာင္စံု (၉) လက္စိုက္ျပီး၊ထိုၾကက္လွ်ာေပၚတြင္ဆုေတာင္းစာေရးျပီးအလယ္တြင္ဖေယာင္းတိုင္ထြန္းဆုေတာင္းပါ။
31.အလုပ္ေကာင္းေစရန္နွင့္ေစ်းေရာင္းေကာင္းေစရန္ တန္ခိုးၾကီးဘုရားတစ္ဆူမွာသန္႔ရွင္းေရးကုသိုလ္ျပဳလုပ္ပါ။
ေအာက္ပါနည္းအတိုင္း- တနဂၤေႏြ-ၾကာသေတးေထာင့္
တနၤလာ-ဗုဒၶဟူးေထာင့္
အဂၤါ-ေသာၾကာေထာင့္
ဗုဒၶဟူး-တနၤလာေထာင့္
ၾကာသပေတး-တနဂၤေႏြေထာင့္
ေသာၾကာ-အဂၤါေထာင့္
စေန-ဗုဒၶဟူးေထာင့္
32.အလုပ္မေျပာင္းမေရြ႕ရေစေရးအတြက္ တန္ခိုးၾကီးဘုရားတစ္ဆူမွာပန္းေျခာက္စြန္႔၊တံျမက္လွဲ၊သန္႔ရွင္းေရးလုပ္ပါ။
ေအာက္ပါနည္းအတို္င္း-
တနဂၤေႏြ-ရာဟုေထာင့္
တနၤလာ-ေသာၾကာေထာင့္
အဂၤါ-တနဂၤေႏြေထာင့္
ဗုဒၶဟူး-တနၤလာေထာင့္
ၾကာသပေတး-ဗုဒၶဟူးေထာင့္
ေသာၾကာ-ၾကာသပေတးေထာင့္
စေန-အဂၤါေထာင္
33.အလုပ္ရရွိေစေရးအတြက္ ေၾကြပန္းကန္မ်ားတစ္ခ်ပ္ေပၚတြင္ အာလူးတစ္လံုးတင္ပါ ျပီးလွ်င္အေပၚကေနသာသနအလံ(၃)ေခ်ာင္းစိုက္ပါ။ထို႔ေနာက္ ဖေယာင္းတိုင္တစ္ေန႔တစ္တိုင္ (၉)ရက္တိတိထြန္းပါ။
34.အလုပ္တြင္ျမဲေစရန္အတြက္ တနဂၤေႏြေန႔ နံနက္ (၉) နာရီမွနံနက္ (၁၀) အတြင္းမွာေမျမိဳ႕ပန္း (၁၅) ပြင့္ကိုအိမ္ဘုရားတြင္ကပ္လွဴပူေဇာ္ေပးပါ။
35.အလုပ္တြင္းအဆင္ေျပေစရန္အတြက္ အိမ္ဘုရားမွာေျမပဲေၾကာ္ ဆြမ္းေတာ္တင္ေပးပါ။
36.အလုပ္ရရွိဖို႔ႏွင့္ထစ္ေငါ့ေနမွဳမ်ားအဆင္ေျပေစရန္အတြက္ အသက္ၾကီးသူလူၾကီးတစ္ဦးအားလြယ္အိတ္ကန္ေတာ့ျပီးအဆင္ေျပေစဖို႔ဆုေတာင္းပါ။
37.တနဂၤေႏြသားသမီးမ်ား (အိမ္အျမန္ေရာင္းထြက္ေစရန္အတြက္) စေနေန႔ ညေန (၅) နာရီတြင္ကုန္းသတၱဝါ တစ္ေကာင္ကုိေပါင္မုန္႔(၅) ခ်ပ္ေကၽြးပါ၊ ေနာက္ေန႔ ညေန (၅) နာရီ (၄) မိနစ္တြင္ အိမ္အေရွ႕ရပ္မွေန၍ ေမျမိဳ႕ပန္း (၁၉) ပြင့္ျဖင့္ (၁၉) ခ်က္ရိုက္ပါ၊ ျပီးလွ်င္ ယမန္ေန႔မွ အလွဴကိုသစၥာတိုင္တည္ျပီးဆုေတာင္းပါ။
38.တနၤလာသားသမီးမ်ား(အိမ္အျမန္ေရာင္းထြက္လိုေသာ္) တနဂၤေႏြေန႔ ညေန (၃) နာရီတြင္ လမ္းေပၚေတာင္းရမ္းသူအားေငြ (၁၀၀/၁၀၀၀)က်ပ္လွဴပါ။ ေနာက္ေန႔တနၤလာေန႔ ညေန (၃) နာရီ (၆) မိနစ္တြင္ အိမ့္အေရွ႕ေျမာက္ေထာင့္မွေန၍ နွင္းဆီ (၁၀) ပြင့္ျဖင့္ (၁၀) ခ်က္ရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔ကအလွဴဒါနကိုသစၥာဆိုဆုေတာင္းပါ။
39.အဂၤါသားသမီးမ်ား(အိိမ္အျမန္ေရာင္းထြက္ေစလိုေသာ္) တနၤလာေန႔ေနလည္ (၁) နာရီတြြင္ အဘဘိုးမင္းေခါင္အားေရေႏြးၾကမ္း (၄) ပန္ကန္လွဴပါ။ အဂၤါေန႔ေန႔လည္ (၁) နာရီ (၁) မိနစ္အိမ္အေနာက္ေထာင့္မွေန၍ ကံေကာ္ (၁၅) ညြန္႔ျဖင့္ (၁၅) ခ်က္ရိုက္ပါ။ ယမန္ေန႔ကအလွဴကိုသစၥာဆိုဆုေတာင္းပါ။
40.ဗုဒၶဟူးသားသမီးမ်ား(အိမ္အျမန္ေရာင္းထြက္ေစရန္အတြက္)
အဂၤၤါေန႔တြင္ ဗုဒၶဟူးသားသမီးတစ္ဦးအားႏြားနို႔လွဴေပးပါ။ ေနာက္တစ္ေန႔ ဗုဒၶဟူးေန႔ေန႔လည္ (၁၂) နာရီ (၃) မိနစ္တြင္ အိမ္ဧ။္ေျမာက္ဘက္မွေန၍ ရြက္လွ (၁၇) ညြန္႔ျဖင့္ (၁၇) ခ်က္ရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔မွအလွဴကိုသစၥာဆိုဆုေတာင္းပါ။
41.ၾကာသပေတးသားသမီးမ်ား(အိ္မ္အျမန္ေရာင္းထြက္ေစရန္အတြက္)
ဗုဒၶဟူးေန႔ နံနက္ (၁၁) နာရီတြင္ ဘုိးေတာ္သၾကားမင္းကိုရည္စူး၍ ဆန္ျပဳတ္ (၃) ပန္းကန္လွဴပါ။ ေနာက္တစ္ေန႔ ၾကာသပေတးေန႔
နံနက္ (၁) နာရီ (၅) မိနစ္တြင္ အိမ္ေတာင္ဘက္မွေန၍ သေျပ (၂) ညြန္႔ျဖင့္ (၂) ခ်က္ရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔မွအလွဴကိုသစၥာျပဳပါ။
42.ေသာၾကာသားသမီးမ်ား(အိိမ္အျမန္ေရာင္းထြက္ေစရန္အတြက္)
ၾကာသပေတးေန႔ နံနက္ (၉) နာရီတြင္ ရွင္သီဝလိရဟႏၱာျမတ္ၾကီးအား သစ္သီး (၆) လံုးလွဴဒါန္းေပးပါ။ ေနာက္တစ္ေန႔ ေသာၾကာေန႔ နံနက္ (၉) နာရီတြင္ အိမ္ဧ။္အေနာက္ေထာင့္မွ ေန၍ အုန္းညႊန္႔ (၆) ညႊန္႔ျဖင့္ (၆) ခ်က္ရို္က္ပါ။ ျပီးလွ်င္ ယမန္ေန႔မွအလွဴဒါနကို သစၥာျပဳပါ။
43.စေနသားသမီးမ်ား(အိမ္အျမန္ေရာင္းထြက္ေစရန္အတြက္)
ေသာၾကာေန ႔နံနက္ (၇) နာရီတြင္ ျမတ္စြာဘုရား အား ကိတ္မုန္႔ (၂) ခ်ပ္လွဴဒါန္းေပးပါ။ ေနာက္တစ္ေန႔ စေနေန႔ နံနက္ (၇) နာရီတြင္ အိမ္၏အေနာက္ေျမာက္ေထာင့္မွေန၍ ဇီးညႊန္႔ (၈) ညႊန္႔ျဖင့္ (၈) ခ်က္ရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔မွ အလွဴဒါနကိုသစၥာျပဳ ဆုေတာင္းပါ။
44.တနဂၤေႏြသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
စေနေန႔ နံနက္ (၇) နာရီတြင္ ျမတ္စြာဘုရားအား ဆြမ္း (၃) ပြဲကပ္လွဴပါ။ တနဂၤေႏြေန႔ နံနက္ (၇) နာရီ (၁၃) တြင္ ရြက္လွ (၁၇) ညႊန္႔ျဖင့္ (၁၇) ခ်က္ေျမာက္ဘက္အရပ္မွေန၍ရိုက္ပါ။ ယမန္ေန႔မွ အလွဴဒါနကိုသစၥာျပဳပါ။
45.တနလၤာသားသမီးမ်ား(ကားအျမန္ေရာင္းထြက္လိုေသာ္)
တနဂၤေႏြေန႔ညေန(၅) နာရီတြင္ ေရတြင္က်က္စားေသာသတၱဝါမ်ားအား သစ္သီးသစ္ရြက္မ်ားေကၽြးပါ။ တနလၤာေန႔ ညေန (၅) နာရီ (၁၅) မိနစ္တြင္သေျပ(၂၁) ညႊန္႔ျဖင့္(၂၁) ခ်က္ေတာင္ဘက္အရပ္မွရိုုက္ပါ။
46.အဂၤါသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
တနလၤာေန႔ညေန(၃) နာရီတြင္ လမ္းေဘး ေတာင္းရမ္းသူအား ကိတ္မုန္႔ (၂) ခ်ပ္ေကၽြးပါ။ ေနာက္တစ္ေန႔ အဂၤါေန႔ ညေန (၃) နာရီ (၁၀) မိနစ္တြင္ အုန္း (၆) ညႊန္႔ျဖင့္ (၆) ခ်က္ရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔မွ အလွဴဒါနကို သစၥာျပဳပါ။
47.ဗုဒၶဟူးသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
အဂၤါေန႔ ေန႔လည္ (၁) နာရီတြင္ အဘဘုိးမင္းေခါင္အား ေပါင္မုန္႔ (၅) ခ်ပ္လွဴပါ။ ေနာက္တစ္ေန႔ ဗုဒၶဟူးေန႔ ေန႔လည္ (၁) နာရီ (၁၂) မိနစ္တြင္ ေဇာ္စိမ္း (၈) ညႊန္႔ျဖင့္ (၈) ခ်က္ အေနာက္ေျမာက္ေထာင့္မွေန၍ ရုိက္ပါ။ ျပီးလွွ်င္ ယမန္ေန႔မွအလွဴကိုသစၥာျပဳဆုေတာင္းပါ။
48.ၾကာသပေတးသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
ဗုဒၶဟူးေန႔ ေန႔လည္ (၁၂) နာရီတြင္ ၾကာသပေတးသားသမီးတစ္ဦးအား အုန္းသီးပါေသာမုန္႔လွဴပါ။ ေနာက္တစ္ေန႔ ၾကာသပေတးေန႔ ေန႔လည္ (၁၂) နာရီ (၁၄) မိနစ္တြင္ ေမျမိဳ႕ (၁၉) ပြင့္ျဖင့္ (၁၉) ခ်က္ အေရွ႕ေထာင့္မွရိုက္ပါ။ ယမန္ေန႔မွအလွဴကို သစၥာျပဳပါ။
49.ေသာၾကာသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
ၾကာသပေတးေန႔ နံနက္ (၁၁) နာရီတြင္ ဘိုးေတာ္သၾကားမင္းအား ေရ (၄) ခြက္ကပ္ပါ။
ေနာက္တစ္ေန႔ ေသာၾကာေန႔ နံနက္ (၁၁) နာရီ (၁၆) မိနစ္တြင္ နွင္းဆီ (၁၀) ပြင့္ျဖင့္ (၁၀) ခ်က္ အေရွ႕ေျမာက္ေထာင့္မွေန၍ရိုက္ပါ။ျပီးလွ်င္ ယမန္ေန႔မွ အလွဴဒါနကိုသစၥာျပဳပါ။
49.စေနသားသမီးမ်ား(ကားအျမန္ေရာင္းထြက္ေစလိုေသာ္)
ေသာၾကာေန႔ နံနက္ (၉) နာရီတြင္ ရွင္ဥပဂုတၱမေထရ္ျမတ္ၾကီးအား ႏြားနို႔ (၂) ခြက္လွဴပါ။ ေနာက္တစ္ေန႔ စေနေန႔ နံနက္ (၉) နာရီ (၁၁) မိနစ္တြင္ ကံေကာ္ (၁၅) ညႊန္႔ျဖင့္ (၁၅) ခ်က္ အေနာက္ေထာင့္မွရိုက္ပါ။ ျပီးလွ်င္ ယမန္ေန႔မွ အလွဴကိုသစၥာျပဳပါ။
50.တနဂၤေႏြသားသမီးမ်ားနွင့္အျပိဳင္အဆို္င္ၾကံဳခဲ့ေသာ္
မိမိသည္ေျမာက္ဘက္အရပ္ကိုဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကိစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္မွအထြက္တြင္ သီဟိုဠ္သား (သို႔) အရြက္ကိုနင္းျပီးမွသြားပါ။
51.တနလၤာသားသမီးမ်ားနွင့္အျပိဳင္အဆိုင္ၾကံဳခဲ႔ေသာ္
မိမိသည္အေနာက္ေတာင္အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ ဆင္ျခင္ပါ။ ကိစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္အထြက္တြင္
ဒါန္းသား (သို႔) ဒါန္းညြန္႔ကိုနင္းျပီးမွထြက္ပါ။
52,အဂၤါသားသမီးမ်ားနွင့္အျပိဳင္အဆို္င္ၾကံဳခဲ႔ေသာ္
မိမိသည္ေရွ႕ေျမာက္အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကိစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္အထြက္မွာအုန္းသား(သို႔) အုန္းညြန္႔ကိုနင္းျပီးမွထြက္ပါ။
53.ဗုဒၶဟူးသားသမီးမ်ားနွင့္အျပိဳင္အဆိုင္ၾကံဳခဲ႔ေသာ္
မိမိသည္အေရွ႕အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကိစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္မွအထြက္တြင္ ခေရသား (သို႔) ခေရရြက္ကိုနင္းျပီးမွထြက္ပါ။
55.ၾကာသပေတးသားသမီးမ်ားနွင့္အျပိဳင္အဆို္င္ၾကံဳခဲ႔ေသာ္
မိမိသည္ ေရွ႕ေတာင္အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကိစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္မွအထြက္တြင္ ေဇာ္စိမ္းညြန္႔ကိုနင္းျပီးမွထြက္ပါ။
56.ေသာၾကာသားသမီးမ်ားနွင့္အျပိဳင္အဆိုင္ၾကံဳခဲ႔ေသာ္ မိမိသည္ ေတာင္ဘက္အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္မွအထြက္တြင္ ရြက္လွညြန္႔ကိုနင္း ျပီးမွထြက္ပါ။
57.စေနသားသမီးမ်ားနွင့္အျပိဳင္အဆိုင္ၾကံဳခဲ႔ေသာ္ မိမိသည္အေနာက္အရပ္သို႔ ဦးေခါင္းထားမအိပ္ဖို႔ဆင္ျခင္ပါ။ ကစၥၾကီးငယ္ေျပာစရာရွိခဲ႔ေသာ္ အိမ္မွအထြက္တြင္ ဗန္ဒါရြက္ကိုနင္းျပီးမွသြားပါ။
58. စာေမးပြဲေျဖဆိုင္နိုင္ေစရန္အတြက္ အိမ္ဘုရားမွာ-
တနဂၤေႏြသားသမီးဆုိရင္သစၥာပန္း(၃) ခက္လွဴပါ။
တနလၤာသားသမီးဆိုရင္နွင္းဆီပန္း(၁၀)ပြင့္လွဴပါ။
အဂၤါသားသမီးဆိုရင္အုန္းညြန္႔(၆)ညြန္႔လွဴပါ။
ဗုဒၶဟူးသားသမီးဆိုရင္ကံေကာ္(၆)ညြန္႔လွဴပါ။
ၾကာသပေတးသားသမီးဆိုရင္ေဇာ္စိမ္း(၈)ညြန္႔လွဴ
ေသာၾကာသားသမီးဆိုရင္ရြက္လွ(၄) ညြန္႔လွဴပါ။
စေနသားသမီးဆုိရင္ေမျမိဳ႕(၁၀)ညြန္႔လွဴပါ။
59. ပုတီးလုပ္ရမည့္နည္း တနဂၤေႏြသားသမီးအတြက္ပိေတာက္သားနဲ႔လုပ္ပါ
တနလၤာသားသမီးအတြက္လက္ပံသားနဲ႔လုပ္ပါ။
အဂၤါသားသမီးအတြက္သရက္သားနဲ႔လုပ္ပါ။
ဗုဒၶဟူးသားသမီးအတြက္ကသစ္သားနဲ႔လုပ္ပါ။
ၾကာသပေတးသားသမီးအတြက္အင္ၾကင္းသားနဲ႔
ေသာၾကာသားသမီးအတြက္ဇီးသားနွင့္လင္းလြန္းတင္သားနဲ႔ေပါင္းလုပ္ပါ။
စေနသားသမီးအတြက္ဝံအူသားနွင့္ရင္ေအာင္းသားေပါင္းလုပ္ပါ။
60.လာဘ္မပိတ္ေစဖို႔လုပ္ရမည့္အခ်က္မ်ား
မနက္မိုးလင္းဘုရားေဝယ်ာဝစၥေတြလုပ္ျပီးတံျမက္စည္းကိုအိမ္ေရွ႕မွအိမ္အထဲသို႔လည္းသြင္းပါ။ ထို႔ေနာက္မနက္ေစာေစာတြင္ခါးေအာက္ပို္င္း အဝတ္ေတြကိုအိမ္ေရွ႕မွာမလွန္းပါနွင့္။ အလုပ္ခံုနွင့္ေစ်းေရာင္းခံုမ်ားေပၚတြင္မထို္င္ပါနွင့္။
61. နေမာေလးခ်က္စီးပြားတက္ အဓိဠာန္ပုတီးစိပ္နည္း
နေမာသတဘဂဝေတာကို (၁၀၈) လံုးပုတီးနွင့္ (၃) ပတ္စိပ္၊ နေမာသတအရဟေတာကို (၁၀၈) လံုးပုတီးနွင့္(၃)ပတ္စိပ္၊နေမာသတသမၻာသမၻဳဒသကို (၁၀၈) လုးပုတီးနွင့္ (၃) ပတ္စိပ္၊ ေနာက္ဆံုး/ နေမာသတဘဂဝေတာ၊ အရဟေတာ၊ သမၻာသမၻဳဒသကို (၁၀၈) လံုးပုတီးနွင့္ (၃) ပတ္စိတ္ပါ။ စုစုေပါင္း (၁၂) ပတ္ အဓိဠာန္ဝင္ပါ။
62. ေသာကကင္းေဝးနို္င္ေစရန္အတြက္
ဘုရားသြား၍ လက္ယာရစ္အတို္င္းေမြးေန႔နံမွစျပီးေရတြက္ပါ (၄) ခုေျမာက္ေထာင့္မွာဖေယာင္းတိုင္ (၁) တို္င္ထြန္းျပီ
“ရတနတၱယံနိစၥိဟံရကၡတု” ကိုသက္ေစ့ ထက္မနည္းေရရြတ္ပါ။
63. အဓိဠာန္ၿပီးေစရန္ပုတီးစိပ္နည္း
တနဂၤေႏြေန႔မွာအရဟံ (၆) ပါတ္
တနလၤာေန႔မွာသမၼာသမၺဳေဒါၶ (၁၅) ပါတ္
အဂၤါေန႔မွာဝိဇၨာစရဏသမၸေႏၷာ (၈) ပါတ္
ဗုဒၶဟူးေန႔နံနက္မွာသုဂေတာ (၁၇) ပါတ္
ဗုဒၶဟူးေန႔ညေနမွာေလာကဝိဒူ (၁၂) ပါတ္
ၾကာသပေတးေန႔မွာအႏုတၱေရာပုရိသဒမၼသာရထိ (၁၉) ပါတ္
ေသာၾကာေန႔မွာသတၱာေဒဝမႏုႆနံ (၂၁) ပါတ္
စေနေန႔ နံနက္မွာဗုေဒၶါ (၁၀) ပါတ္
စေနေန႔ ညေနမွာဘဂဝါ (၁၀) ပါတ္
64. တနဂၤေႏြသားသမီးက်န္းမာေရးေကာင္းေစရန္အတြက္
ၾကာသပေတးေန႔မွာေမျမိဳ႕ပန္း(၅)ပြင့္ ေပါက္ေပါက္ ဆြမ္းဘုရားလွဴ ေနာက္တနလၤာေန႔မွာ
ကံေကာ္ပန္း (သို႔) ကုကၠားလွဴပါ ေနာက္ဆံုး ေသာၾကာေန႔မွာသစ္သီးတစ္မ်ိဳးလွဴျပီးဆုေတာင္းပါ။
65. တနလၤာသားသမီးက်န္းမာေရးေကာင္းေစရန္အတြက္
ေသာၾကာေန႔မွာသစ္သီးတစ္မ်ိဳးလွဴ၊ အဂၤါေန႔မွာေတာ့ ဆီမီး (၁၀) တိုင္ပူေဇာ္ပါ၊ ေနာက္ဆံုးစေနေန႔မွာေတာ့ ဒါန္းပန္းနဲ႔ထီးနီ (၇) လက္လွဴဒါန္းပါ။
66. အဂၤါသားသမီးက်န္းမာေရးေကာင္းေစရန္အတြက္
စေနေန႔မွာဒါန္းညြန္႔ (၇) ညြန္႔နွင့္ထီးျဖဴ (၁) လက္လွဴပါ၊ ဗုဒၶဟူးေန႔မွာရြက္လွလွဴရင္း ေရသပၸါယ္ပါ။ တနဂၤေႏြေန႔မွာအုန္းယို (သို႔) အိုးတစ္လံုးလွဴပါ။
67. ဗုဒၶဟူးသားသမီးက်န္းမာေရးေကာင္းေစရန္အတြက္
တနဂၤေႏြေန႔မွာအုန္းညြန္႔ (၁၀) ညြန္႔လွဴ၊ ၾကာသပေတးေန႔မွာေပါက္ေပါက္နဲ႔မုန္႔မ်ိဳးစံုလွဴ၊ တနလၤာေန႔မွာကံေကာ္ပန္းႏွင့္ကုကၠား(၂)လက္လွဴ
68. ေသာၾကာသားသမီးက်န္းမာေရးေကာင္းေစရန္အတြက္
အဂၤါေန႔မွာဆီမီး (၈) တို္င္ႏွင့္ဆည္းလည္းလွဴပါ၊ ဗုဒၶဟူးေန႔မွာရြက္လွ (၈) ညြန္႔လွဴၿပီးေရသပၸါယ္ပါ၊ စေနေန႔မွာဒါန္း (၁၀) ညြန္႔ႏွင့္ထီးနီ (၇) လက္လွဴ။
67. လျပည့္ေန႔မွသာလုပ္ႏိုင္ေသာယၾတာ လင္ဗန္းထဲမွာလက္ဖက္ (၉) ပံုအလယ္မွာလစ္ပိုပုလင္းေထာင္ျပီးအေပၚတြင္ ဖေယာင္းတို္င္ထြန္းျပီးဘုရားတြင္ပူေဇာ္ပါ။
68. (1,10,19,28) ရက္ေမြးသူမ်ား (၁) ဂဏန္းဖြား ေတြအတြက္ အက်ိဳးေပးအေရာင္-ေရႊေရာင္၊ အဝါေရာင္ ။ အက်ိဳးေပးေက်ာက္မ်က္ရတနာ- စိန္၊ ပတၱျမား၊ ပယင္း
69. (2,11,20,29) ရက္ေမြးသူမ်ား (၂) ဂဏန္းဖြားမ်ားအတြက္။ အကိ်ဳးေပးအေရာင္-အစိမ္းေရာင္ အက်ိဳးေပးေက်ာက္ျမတ္ရတနာ-ေက်ာက္စိမ္း၊ ပုလဲ။
70. (3,12,21,30) ရက္ေမြးသူမ်ား (၃) ဂဏန္းဖြားမ်ားအတြက္။ အကိ်ဳးေပးအေရာင္- အျပာေရာင္၊ ခရမ္းေရာင္ အကိ်ဳးေပးေက်ာက္ျမတ္ရတနာ- ေက်ာက္နီ၊ ေဂၚမုတ္
71. (4,13,22,31) ရက္ေမြးသူမ်ား (၄) ဂဏန္းဖြားမ်ားအတြက္။ အကိ်ဳးေပးအေရာင္- အညိဳေရာင္ အကိ်ဳးေပးေက်ာက္ျမတ္ရတနာ- နီလာ
72. (5,14,23) ရက္ေမြးသူမ်ား (၅) ဂဏန္းဖြားမ်ားအတြက္ အကိ်ဳးေပးအေရာင္- ေရာယွက္ေရာင္စံု အကိ်ဳးေပးေက်ာက္ျမတ္ရတနာ- စိန္၊ ေငြ
73. (6,15,24) ရက္ေမြးသူမ်ား (၆) ဂဏန္းဖြားမ်ားအတြက္ ။ အကိ်ဳးေပးအေရာင္- အျပာေရာင္ အက်ိဳးေပးေက်ာက္ျမတ္ရတနာ- ပုလဲ၊ ျမ
74. (7,16,25) ရက္ေမြးသူမ်ား (၇) ဂဏန္းဖြားမ်ားအတြက္။ အကိ်ဳးေပးအေရာင္- အစိမ္း၊ အျဖဴ၊ အဝါ၊ အေရာင္မွုိင္း အကိ်ဳးေပးေက်ာက္ျမတ္ရတနာ- ေၾကာင္ေက်ာက္၊ ပုလဲ။
75. (8,17,26) ရက္ေမြးသူမ်ား (၈) ဂဏန္းသမားမ်ားအတြက္။ အက်ိဳးေပးအေရာင္- အနက္၊ အျပာေရာင္၊ ခရမ္းေရာင္။ အက်ိဳးေပးေက်ာက္ျမတ္ရတနာ- ပုလဲနက္၊ စိန္နက္၊ ေက်ာက္နက္။
76. (9,18,27) ရက္ေမြးသူမ်ား (၉) ဂဏန္းသမားမ်ားအတြက္။ အက်ိဳးေပးအေရာင္- အနီ၊ ၾကက္ေသြးေရာင္။ အက်ိဳးေပးေက်ာက္ျမတ္ရတနာ- ပတၱျမား၊ သံ။
77. လကၡဏာမွာ မေကာင္းတဲ့ အမွတ္အသားေတြဖ်က္ခ်င္လွ်င္ ဖုဠႆေလာကဓေမၼဟိ၊ စိတၱံႆနဘမၸတိ၊ အေသာကံဝိရဇံေခမံ
78. အမွန္တစ္ကယ္အေရးႀကီးလွ်င္လုပ္ႏိုင္ေသာယၾတာ။ မိုးပ်ံဗူေပါင္းတြင္ ဆုေတာင္းစာခ်ိတ္ဆြဲ၍ အေပၚသို႔ လြတ္တင္ပါ၊ ည (၁၂) နာရီတိတိမွာလုပ္ပါ။
79. ေငြေၾကးကိစၥအေရးႀကီးလွ်င္လုပ္ႏိုင္ ေသာယၾတာ လင္ဗန္းတစ္ခ်ပ္ထဲတြင္ သေဘၤာသီး (သို႔) သေျပ (၁၁) ညြန္႔ကိုထည့္ပါ။ ထန္းလ်က္ (၁၁) ခဲဝိုင္းၿပီးဘုရားလွဴပါ။
80. အမွဳျဖစ္ေနသူမ်ားအတြက္ ေလွကားလက္ရမ္းတြင္ေနဝင္ခ်ိန္မွာမီးထြန္းပါ (သို႔)သစ္သားအပ္ခ်ည္ဘီးလံုးေပၚမီးထြန္း
ဆုေတာင္းပါ။
81. လုပ္သမွွ်လြဲေခ်ာ္ေနလွ်င္ အဘဘိုးမင္းေခါင္ကုိမုန္႔ဟင္းခါးနဲ႔ဘူးသီးေၾကာ္လွဴၿပီးမိမိလိုရာကိုဆုေတာင္းပါ။
82. အိမ္မွထြက္သြားသူျပန္လာေစရန္အတြက္ အက်ီၤ+လံုခ်ည္ကိုေရစြတ္ၿပီးေရမညွစ္ဘဲ အိမ္ေရွ႕တြင္လွမ္းထားပါ။(အမ်ိဳးသမီးဆိုအက်ၤီဘဲ)
83. အိမ္ဌားကိစၥအတြက္အဆင္မေျပလွ်င္ အိုးထဲရြက္လွထည့္၊ ယပ္ေတာင္နဲ႔ (၁၇) ခ်က္လက္ျပန္ခပ္ေပးပါ။
84. မိမိကိုအနိုင္က်င့္လွ်င္ ကတၳဴကတ္ျပားေပၚမွာနာမည္ေရး၊ နာမည္ေပၚ (၉) ေရး၊ (၉) ေပၚအပ္တင္၊ အပ္ေပၚမတ္ေစ့တင္ၿပီးမီးထြန္းဆုေတာင္းပါ။
85. ေၾကြးရွင္ေနရန္ ဒန္အိုးဖင္ကုိကံေကာ္ပန္းနဲ႔ေခါက္ေပးရင္း ဆုေတာင္းပါ။
86. အရာရာတည္ျမဲေစလိုရန္အတြက္ ဖေယာင္းတိုင္တစ္တိုင္ေပၚမွာစတုရန္းပံုေလးဆြဲျပီးအလည္မွာတုတ္ေခ်ာင္းပံုေလးဆြဲ၍ဘုရားမီးပူေဇာ္ဆုေတာင္းပါ။
87.အပ်ိဳႀကီး၊လူပ်ိဳႀကီးစြ႔ံေစရန္လက္ေဆာင္ စာရြက္တစ္ရြက္ေပၚမွာ“မ” ကိုဆြဲၿပီးေအာက္ကေန“န” ကိုေျပာင္ျပန္ဆြဲၿပီးမႏွင့္ဆက္ပါ။
88.အလုပ္တြင္ စိတ္မပါ၊ ညီးေငြ႕၊ ပ်င္း၊ လမွိဳင္းမကပ္လွ်င္လုပ္ႏိုုင္ရန္အတြက္ ပိုးႀကိဳးကိုယူၿပီး ေတာင္ကုန္းေပၚသြားပါ၊ ေလတိုက္တဲ႔ဘက္ကိုမ်က္ႏွာမူၿပီး ငါရဲ႔စိတ္ေတြဒီထဲမွာေပ်ာ္ဆုိၿပီး တစ္ထံုးထံုး၊ ငါရဲ႕ႀကိဳးစားအားထုတ္မွုေတြ ဒီအထဲမွာေပ်ာ္ဆိုၿပီးတစ္ထံုးထံုး၊ ငါရဲ႕ႀကိဳးစားအားထုတ္မွဳေတြ ဒီအခန္းထဲမွာေနဆုိၿပီးတစ္ထံုးထံုး၊ ေနာက္ဆံုးသံုးထံုးထံဳးျပီးဆုေတာင္းပါ ၿပီးလွ်င္အိမ္ကုိယူလာပါ အိမ္ေရာက္ရင္ျဖည္လိုက္ပါ။
89. အိမ္ေထာင္ေရးအဆင္မေျပလွ်င္ အႏွိပ္သည္ဘုရဲ႕ေအာက္မွာ လင္မယားႏွစ္ေယာက္ရဲ႕ဓာတ္ပံုတစ္ပံုစီကပ္ပါ၊ ေနာက္ဘုေပၚမွာမီးထြန္းၿပီး လင္မယားႏွစ္ေယာက္အိပ္ယာရဲ႕အလည္တည့္တည့္မွာထားၿပီးဆုေတာင္းပါ။
90. အေႏွာင့္အယွက္မ်ားဝင္ေနလွ်င္ ေဆးတံေပၚမွာ ဖေယာင္းတို္င္ထြန္းဆုေတာင္းပါ။
91.အခ်စ္ေရးအဆင္ေျပေစရန္အတြက္ ကိုယ္နဲ႔ကိုယ့္ခ်စ္သူေန႕နံသားႏွစ္ခုကိုရင္ခ်င္းကပ္ျပီးနွီးနဲ႔သံုးခ်က္ခ်ည္ပါၿပီးလွ်င္ေရသန္႔သန္႔မွာေမ်ွာပါ။
92. ေစ်းေရာင္းေကာင္းေစရန္အတြက္ အရက္ပုလင္းထဲေရထည့္ပါ၊ ေနာက္ေက်ာက္စရစ္ခဲ (၉) ခဲထည့္ပါ၊ ေနာက္ႏွင္းဆီအနီတစ္ပြင့္စိုက္ပါ။
93. မေသခ်ာမေရရာတဲ႔ကိစၥမ်ားအတြက္ ေၾကြပန္းကန္ျပားထဲမွာ အပ္တစ္ေခ်ာင္းစိုက္ၿပီး အေပၚမွာ မက္ေစတင္၍ ဖေယာင္းတိုင္ထြန္းဘုရားမီးပူေဇာ္ပါ။
94. အလုပ္သမားၿမဲေစရန္အတြက္ ေၾကြပန္းကန္ျပားတစ္ခ်ပ္ေပၚတြင္ Marker Pan ျဖင့္ လိုအပ္ေသာအလုပ္သမားနာမည္ကိုေရးပါ။
ၿပီးလွ်င္ထိုပန္းကန္ေပၚမွာ ေနၾကာေစ့အျပည့္နာမည္အုပ္ေအာင္ျဖဴးၿပီး ဘုရားကပ္လွဴေပးပါမၾကာခနလုပ္ေပးပါ။
95.ေငြေၾကးကိစၥမ်ားအဆင္မေျပခဲ႔ေသာ္ ဘုရားတစ္ဆူဆူသို႔သြားၿပီး ဘုရားရင္ျပင္မွ ေက်ာက္ျပားမ်ား သန္႔ရွင္းေရးလုပ္ေပးပါ။ ဘုရားမွ အဆင္းတြင္ က်ီးစာ/ခိုစာ ေကၽြးပါ။
96.မ်က္ႏွာခ်င္းဆုိင္မရေအာင္ျဖစ္ေနေသာ လင္မယားမ်ားအတြက္ ကြမ္းရြက္(၂)ရြက္ကိုယူကာ တစ္ရြက္၏ အေခ်ာဖက္တြင္ ထုံးကိုကြမ္းရိုးျဖင့္ ေယာက်္ားနာမည္ေရး၊ ေနာက္တစ္ရြက္၏ အေခ်ာဖက္တြင္ မိန္းမနာမည္ေရး ၿပီးလွ်င္ မ်က္ႏွာခ်င္းဆိုင္အပ္ကာ ပန္းကန္ျပားတြင္ထည့္ၿပီး ကြမ္းရြက္ေပၚမီးထြန္းေပးပါ။ (၉)ရက္ဆက္တိုက္လုပ္ေပးပါ။ ကြမ္းရြက္ႏြမ္းသြားလွ်င္ အသစ္လဲလွယ္ေပးပါ။
97. အေရာင္းအဝယ္ေကာင္းေစရန္အတြက္ယၾတာ မိမိတို႔၏ လုပ္ငန္းမ်ား/ေစ်းဆိုင္းမ်ား ေရာင္းပန္းဝယ္ပန္းပြင့္လန္းေစဖို႔ လုပ္ငန္း၏ မ်က္ႏွာစာတြင္ အသီးအႏွံပုံမ်ား ကပ္ေပးထားပါ။
98.သားသမီးရတနာထြန္းကားေစရန္အတြက္ယၾတာ ေရႊတိဂုံေစတီေတာ္၏ ေတာင္ဘက္မုခ္တြင္ ဘုရားဝတ္ျပဳၿပီး ထိုတန္ေဆာင္းႏွင့္ ကပ္လ်က္ ျဗဟၼာသားပိုက္ေရွ႕တြင္ ဖေယာင္းတိုင္(၁၇)တိုင္၊ အေမႊးတိုင္(၁၇)တိုင္၊ ဝါးညႊန္႔(၁၇)ညႊန္႔၊ သစ္သီး(၈)မ်ိဳး(ခြဲစိပ္ၿပီး တစ္မ်ိဳးစီပါလွ်င္ရသည္) ကပ္လွဴၿပီး မိမိအလိုရွိေသာ သားဆုကို ဆုပန္ႏိုင္ပါသည္။
99.ဝင္လာမစဲတသဲသဲျဖစ္ေစရန္အတြက္ယၾတာ မည္သည့္လုပ္ငန္းမဆို မိမိတို႔၏ ဆိုင္သို႔ လူမ်ားစြာ ဝင္လာမစဲျဖစ္ေစဖို႔ ဆိုင္၏ ေကာင္တာစားပြဲတစ္ေနရာတြင္ ဖိုးဝရုပ္ကို ထိပ္ဝေဖာက္ၿပီး ေငြ(၉၀၀)က်ပ္/ေငြ(၉၀၀၀)က်ပ္ ကို ကန္ေတာ့ပုံျပဳလုပ္ၿပီး ထိုးထားေပးပါ။
100. အေျပာင္းအေရြ႕အဆင္ေျပေရးအတြက္ ေညာင္ရြက္(၃)ရြက္ေပၚတြင္၊ေန၊ရာ၊ေျပာင္းဟူ၍ ေရးသားျပီးဘုရားတြင္ပူေဇာ္ဆုေတာင္းပါ။
ကဲ… မိတ္ေဆြမ်ား မိမိတို႔ ကိုယ္တိုင္အတြက္ေသာ္လည္းေကာင္း မိသားစု၀င္မ်ား အတြက္ေသာ္လည္းေကာင္း ၊ ကိုယ့္ သူငယ္ခ်င္း တစ္စံုတစ္ဦး အတြက္ေသာ္လည္းေကာင္း တစ္ခုမဟုတ္ တစ္ခု အသံုးဝင္မည့္ ယၾတာမ်ား ျဖစ္တဲ့အတြက္ ေက်နပ္လိမ့္မည္ဟု ယံုၾကည္ပါတယ္။
အသံုးဝင္တဲ့ ပို႔ေလး ျဖစ္တဲ့အတြက္ Share ထားၾကပါ။ခရက္ဒစ္
Unicode
အသုံးလိုတဲ့သူတွေအတွက် ယတြာပေါင်း ၁၀၀
1.ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များရောင်းကောင်းစေသောယတြာ
မနက်တိုင်းပျဉ်းတော်သိမ် (၁၁)ညွှန့်ဖြင့်ဆိုင်မှာရှိတဲ့ပစ္စည်းတွေကို အမြန်ရောင်းထွက်ဟုပြောပြီး (၁၀)ချက်ရိုက်ပါ။
2.ကျန်းမာရေးကောင်းစေရန်ဆောင်ရမည့်ယတြာ
ရတနာတွေမှာဆိုလျှင်ကျောက်စိမ်းဟာအသားနှင့်ထိနေရင်ကျန်းမာရေးကောင်းပါတယ်ဒါ့ကြောင့် ကျောက်စိမ်းဆောင်ပါ။
3.သင်္ဘောသားများသင်္ဘောအမြန်တက်နိုင်စေရန်အတွက်
သင်္ဘောသီးအမှည့်တစ်လုံးကိုအလျားလိုက် (၆)စိတ်စိပ်ပြီး၊ထိုအစိတ်များကိုလင်ဗန်းထဲထည့်ပါ၊ထိုအစိတ်များပေါ်တွင်တံခွန်တစ်လက်စီစိုက်ပြီး ဘုရားမှာကပ်လှူပါ။
4.(သွပ်၊သံ၊သစ်)ဆိုင်များအရောင်းအဝယ်ကောင်းစေရန်အတွက်
ဆလပ်ရွက်နဲ့(၇)ချက်တိတိရိုက်ပြီးရောင်းထွက်ပါစေလို့ဆုတောင်းပါ။
5.တစ်ခြားလူတစ်ယောက်ကိုလာဘ်ရွှ့င် စေရန်ပေးရမည့်လက်ဆောင်
တလည်းသီး၊လိမ္မော်သီး၊လိုင်ချီးသီး၊သစ်တော်သီးအဲ့အသီးလေးမျိုးကိုလက်ဆောင်ပေးပါ။
6. အကြွေးပြန်ရစေရေးအတွက်
အိမ်ဘုရားမှာမုန့်လုံးရေပေါ် (၁၀)လုံးကိုမနက် (၁၀)နာရီမှာအိမ်ဘုရားမှာကပ်လှူဆုတောင်းပါ။
7.လုပ်ငန်းပိုင်ရှင်များလာဘ်ရွှင်စေရန်အတွက်
မိမိရုံးကိုခရမ်းရောင်သုတ်(သို့)ခရမ်းရောင်နဲ့ချုပ်ထားသောခေါင်းအုံးသေးသေးလေး(၃)လုံးချုပ်ပြီးဧည့်ခန်းမှာထားပါ။
8.ယျော်ကျားဖြစ်စေ၊မိန်းမဖြစ်စေခြေငြိမ်စေရေးအတွက်
ခြေမငြိမ်သူရဲ့ခြေစာမှုန့်ကိုယူ၍ မြေကြီးနဲ့ရောပြီးနေကြာပန်းပင်စိုက်ပါ။
9.ဝန်ထမ်းများလစာတိုး၊ရာထူးတိုးစေရန်
သတင်းစာစက္ကူကိုကတော့ပုံလုပ်ပြီးထန်းလျက် (၁၁)ခဲထည့်ကာနဂါးရုံဘုရားမှာလှူဒါန်းပေးပါ။
10. ထမင်းဆိုင်များရောင်းကောင်းစေရန်အတွက်
ထမင်းစားပွဲဝိုင်းတိုင်းတွင် ထန်းလျက်(၁)ဘူးစီ ထားပါ၊ ဘုရားစင်တွင်လည်းထန်းလျက်ခဲ ဆွမ်းတော်ကပ်၊ သံဃာတော်များလည်းထန်းလျက် ကပ်လှူပါ။
11. နှစ်ရှည်လများတွဲလာသော ကိုယ့်ချစ်သူကိုယ့်ကို ပစ်သွားခဲ့ရင် ရိုးအီသွားခဲ့ရင် ကိုယ့်ရှိပြန်လာစေရန်အတွက်
နှင်းဆီပန်းအနီတစ်ပွင့်မှာကိုယ့်ချစ်သူရဲ့ အဝတ်(သို့)ဓာတ်ပုံကိုညာဘက်လက်နဲ့ကိုင်ပြီးဘယ်ဘက်လက်ဖြင့်အမြန်ဆက်သွယ်ဟု (၉)ချက်ရိုက်ပါ။
12. ဘိုးဘွားပိုင်အိမ်၊မြေရောင်းချလျှင်
အဆင်ပြေချောမွေ့စေရန်အတွက် ညနေ (၆) နာရီမိမိခြံ၏မြေကြီးပေါ်တွင် ဖယောင်းတိုင်(၃)တိုင်၊အမွှေးတိုင်(၃)တိုင်ထွန်း၍
ပရလောကသားများအားအမျှပေးဝေ၊မေတ္တာပို့ပြီး မှအိမ်၊ခြံရောင်းဖို့ခွင့်တောင်းပါ။
13.နိုင်ငံခြားမှငွေပို့အဆက်အသွယ်ရစေရန်အတွက် ရွှေဖရုံသီးတစ်လုံးကိုဝယ်ပြီးတစ်ခြမ်းကိုချက်စားပြီးနောက်တစ်ခြမ်းမှာထုံးနဲ့နိုင်ငံခြား ရောက်သူရဲ့အမည်ရေးပြီးအင်္ဂါနေ့ နံနက်စောစောမှာဘုရားတစ်ဆူရဲ့အင်္ဂါထောင့်မှာ ထိုသူရဲ့အသက်စေ့ရေသပ္ပါယ်ပြီးရွှေဖရုံသီးကိုဘုရားမှာလှူပြီးဆုတောင်းပါ။
14.မလာစေချင်သောဧည့်သည်မလာစေ ရန်အတွက် အိမ်ရှေ့တံခါးမကြီးရဲ့ဘေးမှာတံမြက်စည်းကိုပြောင်းပြန်လှန်ထောင်ထားပါ၊ ညနေပိုင်းမှသာလုပ်ပါ။
15.အိမ်အေးချမ်းစေရန်အတွက် မြတ်စွာဘုရားကိုရေသပ္ပါယ်ပေးပါ၊ သောက်တော်ရေလဲပေးပါ၊ ခနခနလုပ်နိုင်သလောက်လုပ်ပါ။
16. မိမိအိမ်၊ရုံး၊ဆိုင်ခန်းလာဘ်ရွှင်စေရန်အတွက် ကျပ်စေ့တစ်စေ့ရှာပြီး ခြင်္သေ့ဘက်ခြမ်းကိုသံချွန်နဲ့“က” လို့ရေးပြီးကြေးပလားတစ်လုံးတည်းထည့်၊ ရေနည်းနည်းထည့်ပြီး ဒိဝါတပတိဂါထာကို (၉)ခေါက်ရွတ်ဆိုပေးပါ။
17.အင်တာဗျူးဖြေဆိုမည့်သူများအတွက် မိမိရဲ့ညာဘက်လက်နဲ့ကျောက်စလစ်ခဲ့တစ်ခဲကိုကိုင်ပြီး “လောကဝိဒူ” ဂုဏ်တော်ကို (၁၀၈) ခေါက်ရွတ်ဆိုပြီးအင်တာဗျူးဖြေတဲ့အခါအဆောင်အဖြစ်ယူသွားပါ။
18.ယောက်ျားအနားကပ်စေရေးအတွက် နားကပ်ရေစိမ်တိုက်ပါ။လင်ဗန်းထဲနားကပ်ထည့်၊ သနားထည့်ရေစိမ်။
19.အိမ်ပူ၊အလုပ်ပူလျှင်လုပ်နိုင်ရန်အတွက် အစိမ်းရောင်ဖရောင်းတိုင် (၅) တိုင်ကိုဆက်တိုက် ဧည့်ခန်းမှာထွန်းပါ။
20.နှစ်ရှည်လများအိပ်ယာထဲလဲနေသောလူအမြန်ပြန် ကောင်းစေရန်အတွက် ကြက်ဥ (၁၀) လုံးနှင့်ကြာဇံ (၁) စည်းကိုလူနာ၏အိပ်ယာဘေးမှာခုံလေးနဲ့ထားပေးပါ။
21.အငယ်နှောင်းထားကွဲကြစေသား ခင်ပွန်းနှင့်အငယ်နှောင်း၏အမည်ကိုစာရွက်တွင်ရေးချပြီးဖယောင်းတိုင်မှာပတ်ပါ၊ နံသာဖြူ၊နံသာနီကိုအဆစ်ဆီဖြင့်ရောသွေးပြီးစာရွက်ပတ်ထားသောဖယောင်းတိုင်တွင် သုတ်လိမ်းပေးပါပြီးလျှင်အိုးခြမ်းပဲ့ပေါ်တင်၍ မီးထွန်းပါ။
22.မိမိရွေးထားသောအိမ်ထောင်ဖက်အားမိသားစုမှသဘောတူစေရန် ဌက်ပျောသီးအစိမ်းတစ်လုံးပေါ်တွင် သံချွန်ဖြင့်အဖျားမှအရင်းတိုင်အောင် သဘောတူစေရန်ဆုတောင်းစာရေးပြီးဌက်ပျောသီးကိုလမ်းမှာစွန့်ပစ်ပေးပါ။
23.အရောင်းအဝယ်ကောင်း(ဖောက်သည်တိုးစေရန်) ဆင်ရုပ်တစ်ရုပ်ကိုချိတ်ဆွဲထားခြင်း၊မိမိအလုပ် စားပွဲပေါ်တွင်တင်ထားခြင်းတို့ပြုလုပ်ပေးရင် ဖောက်သည်ပေါ၊ရောင်းကောင်းစေပါတယ်။
24.ဝင်ငွေများအဖတ်တင်စေရန်အတွက် ငါးသေတ္တာတစ်ဗူးဝယ်ပြီးအဲ့ဒီဗူးပေါ်မှာဖယောင်းတိုင်ထွန်းပြီးဝင်ငွေမြဲစေဖို့ဆုတောင်းပေးပါ။
25.တင်္နလာနံပစ္စည်းများရောင်းထွက်စေရန်အတွက် နံနက် (၁၀) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးသံတုတ်နှင့် (၁၃)ချက်ရိုက်ပါ။ သံတုတ်မရှိလျှင် သနပ်ရွက်နှင့်ရိုက်ပါ။
26. အင်္ဂါနံပစ္စည်းများရောင်းထွက်စေရန်အတွက် နံနက် (၈) နာရီအချိန်အတွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးထအောင်းနှင့် (၈)ချက်ရိုက်ပါ။ထအောင်းမရှိလျှင် ဒန်အိုးနှင့်ရိုက်ပါ။
27. ဗုဒ္ဓဟူးနံပစ္စည်းများရောင်းထွက်စေရန်အတွက် နေ့လည် (၃) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးအင်းကြင်းနှင့်(၁၂)ချက်ရိုက်ပါ။အင်ကြင်းမရှိလျှင် အင်္ကျ ီနှင့်ရိုက်ပါ။
28.ကြာသပတေးနံပစ္စည်းများရောင်းထွက်စေရန်အတွက် နံနက် (၅) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးကန်စွန်းညွှန့် (၅)ညွှန့်နှင့် (၅) ချက်ရိုက်ပေးပါ။
29.သောကြာနံပစ္စည်းများရောင်းထွက်စေရန်အတွက် နံနက် (၇) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးဆလပ်နှင့် (၇) ချက်ရိုက်ပါ။
30.အသက်ကယ်ယတြာ သင်္ဘောသီးအစိမ်းတစ်လုံးပေါ်တွင် ကြက်လျှာရောင်စုံ (၉) လက်စိုက်ပြီး၊ထိုကြက်လျှာပေါ်တွင်ဆုတောင်းစာရေးပြီးအလယ်တွင်ဖယောင်းတိုင်ထွန်းဆုတောင်းပါ။
31.အလုပ်ကောင်းစေရန်နှင့်ဈေးရောင်းကောင်းစေရန် တန်ခိုးကြီးဘုရားတစ်ဆူမှာသန့်ရှင်းရေးကုသိုလ်ပြုလုပ်ပါ။
အောက်ပါနည်းအတိုင်း- တနင်္ဂနွေ-ကြာသတေးထောင့်
တင်္နလာ-ဗုဒ္ဓဟူးထောင့်
အင်္ဂါ-သောကြာထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-တနင်္ဂနွေထောင့်
သောကြာ-အင်္ဂါထောင့်
စနေ-ဗုဒ္ဓဟူးထောင့်
32.အလုပ်မပြောင်းမရွေ့ရစေရေးအတွက် တန်ခိုးကြီးဘုရားတစ်ဆူမှာပန်းခြောက်စွန့်၊တံမြက်လှဲ၊သန့်ရှင်းရေးလုပ်ပါ။
အောက်ပါနည်းအတိုင်း-
တနင်္ဂနွေ-ရာဟုထောင့်
တင်္နလာ-သောကြာထောင့်
အင်္ဂါ-တနင်္ဂနွေထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-ဗုဒ္ဓဟူးထောင့်
သောကြာ-ကြာသပတေးထောင့်
စနေ-အင်္ဂါထောင်
33.အလုပ်ရရှိစေရေးအတွက် ကြွေပန်းကန်များတစ်ချပ်ပေါ်တွင် အာလူးတစ်လုံးတင်ပါ ပြီးလျှင်အပေါ်ကနေသာသနအလံ(၃)ချောင်းစိုက်ပါ။ထို့နောက် ဖယောင်းတိုင်တစ်နေ့တစ်တိုင် (၉)ရက်တိတိထွန်းပါ။
34.အလုပ်တွင်မြဲစေရန်အတွက် တနင်္ဂနွေနေ့ နံနက် (၉) နာရီမှနံနက် (၁၀) အတွင်းမှာမေမြို့ပန်း (၁၅) ပွင့်ကိုအိမ်ဘုရားတွင်ကပ်လှူပူဇော်ပေးပါ။
35.အလုပ်တွင်းအဆင်ပြေစေရန်အတွက် အိမ်ဘုရားမှာမြေပဲကြော် ဆွမ်းတော်တင်ပေးပါ။
36.အလုပ်ရရှိဖို့နှင့်ထစ်ငေါ့နေမှုများအဆင်ပြေစေရန်အတွက် အသက်ကြီးသူလူကြီးတစ်ဦးအားလွယ်အိတ်ကန်တော့ပြီးအဆင်ပြေစေဖို့ဆုတောင်းပါ။
37.တနင်္ဂနွေသားသမီးများ (အိမ်အမြန်ရောင်းထွက်စေရန်အတွက်) စနေနေ့ ညနေ (၅) နာရီတွင်ကုန်းသတ္တဝါ တစ်ကောင်ကိုပေါင်မုန့်(၅) ချပ်ကျွေးပါ၊ နောက်နေ့ ညနေ (၅) နာရီ (၄) မိနစ်တွင် အိမ်အရှေ့ရပ်မှနေ၍ မေမြို့ပန်း (၁၉) ပွင့်ဖြင့် (၁၉) ချက်ရိုက်ပါ၊ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာတိုင်တည်ပြီးဆုတောင်းပါ။
38.တင်္နလာသားသမီးများ(အိမ်အမြန်ရောင်းထွက်လိုသော်) တနင်္ဂနွေနေ့ ညနေ (၃) နာရီတွင် လမ်းပေါ်တောင်းရမ်းသူအားငွေ (၁၀၀/၁၀၀၀)ကျပ်လှူပါ။ နောက်နေ့တင်္နလာနေ့ ညနေ (၃) နာရီ (၆) မိနစ်တွင် အိမ့်အရှေ့မြောက်ထောင့်မှနေ၍ နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့ကအလှူဒါနကိုသစ္စာဆိုဆုတောင်းပါ။
39.အင်္ဂါသားသမီးများ(အိမ်အမြန်ရောင်းထွက်စေလိုသော်) တင်္နလာနေ့နေလည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အားရေနွေးကြမ်း (၄) ပန်ကန်လှူပါ။ အင်္ဂါနေ့နေ့လည် (၁) နာရီ (၁) မိနစ်အိမ်အနောက်ထောင့်မှနေ၍ ကံကော် (၁၅) ညွန့်ဖြင့် (၁၅) ချက်ရိုက်ပါ။ ယမန်နေ့ကအလှူကိုသစ္စာဆိုဆုတောင်းပါ။
40.ဗုဒ္ဓဟူးသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
အင်္ဂၤါနေ့တွင် ဗုဒ္ဓဟူးသားသမီးတစ်ဦးအားနွားနို့လှူပေးပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့နေ့လည် (၁၂) နာရီ (၃) မိနစ်တွင် အိမ်ဧ။်မြောက်ဘက်မှနေ၍ ရွက်လှ (၁၇) ညွန့်ဖြင့် (၁၇) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာဆိုဆုတောင်းပါ။
41.ကြာသပတေးသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းကိုရည်စူး၍ ဆန်ပြုတ် (၃) ပန်းကန်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့
နံနက် (၁) နာရီ (၅) မိနစ်တွင် အိမ်တောင်ဘက်မှနေ၍ သပြေ (၂) ညွန့်ဖြင့် (၂) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုပါ။
42.သောကြာသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
ကြာသပတေးနေ့ နံနက် (၉) နာရီတွင် ရှင်သီဝလိရဟန္တာမြတ်ကြီးအား သစ်သီး (၆) လုံးလှူဒါန်းပေးပါ။ နောက်တစ်နေ့ သောကြာနေ့ နံနက် (၉) နာရီတွင် အိမ်ဧ။်အနောက်ထောင့်မှ နေ၍ အုန်းညွှန့် (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူဒါနကို သစ္စာပြုပါ။
43.စနေသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
သောကြာနေ့နံနက် (၇) နာရီတွင် မြတ်စွာဘုရား အား ကိတ်မုန့် (၂) ချပ်လှူဒါန်းပေးပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၇) နာရီတွင် အိမ်၏အနောက်မြောက်ထောင့်မှနေ၍ ဇီးညွှန့် (၈) ညွှန့်ဖြင့် (၈) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြု ဆုတောင်းပါ။
44.တနင်္ဂနွေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
စနေနေ့ နံနက် (၇) နာရီတွင် မြတ်စွာဘုရားအား ဆွမ်း (၃) ပွဲကပ်လှူပါ။ တနင်္ဂနွေနေ့ နံနက် (၇) နာရီ (၁၃) တွင် ရွက်လှ (၁၇) ညွှန့်ဖြင့် (၁၇) ချက်မြောက်ဘက်အရပ်မှနေ၍ရိုက်ပါ။ ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။
45.တနင်္လာသားသမီးများ(ကားအမြန်ရောင်းထွက်လိုသော်)
တနင်္ဂနွေနေ့ညနေ(၅) နာရီတွင် ရေတွင်ကျက်စားသောသတ္တဝါများအား သစ်သီးသစ်ရွက်များကျွေးပါ။ တနင်္လာနေ့ ညနေ (၅) နာရီ (၁၅) မိနစ်တွင်သပြေ(၂၁) ညွှန့်ဖြင့်(၂၁) ချက်တောင်ဘက်အရပ်မှရိုက်ပါ။
46.အင်္ဂါသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
တနင်္လာနေ့ညနေ(၃) နာရီတွင် လမ်းဘေး တောင်းရမ်းသူအား ကိတ်မုန့် (၂) ချပ်ကျွေးပါ။ နောက်တစ်နေ့ အင်္ဂါနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် အုန်း (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကို သစ္စာပြုပါ။
47.ဗုဒ္ဓဟူးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
အင်္ဂါနေ့ နေ့လည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အား ပေါင်မုန့် (၅) ချပ်လှူပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ (၁၂) မိနစ်တွင် ဇော်စိမ်း (၈) ညွှန့်ဖြင့် (၈) ချက် အနောက်မြောက်ထောင့်မှနေ၍ ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုဆုတောင်းပါ။
48.ကြာသပတေးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား အုန်းသီးပါသောမုန့်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လည် (၁၂) နာရီ (၁၄) မိနစ်တွင် မေမြို့ (၁၉) ပွင့်ဖြင့် (၁၉) ချက် အရှေ့ထောင့်မှရိုက်ပါ။ ယမန်နေ့မှအလှူကို သစ္စာပြုပါ။
49.သောကြာသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ကြာသပတေးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းအား ရေ (၄) ခွက်ကပ်ပါ။
နောက်တစ်နေ့ သောကြာနေ့ နံနက် (၁၁) နာရီ (၁၆) မိနစ်တွင် နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက် အရှေ့မြောက်ထောင့်မှနေ၍ရိုက်ပါ။ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။
49.စနေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
သောကြာနေ့ နံနက် (၉) နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား နွားနို့ (၂) ခွက်လှူပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၉) နာရီ (၁၁) မိနစ်တွင် ကံကော် (၁၅) ညွှန့်ဖြင့် (၁၅) ချက် အနောက်ထောင့်မှရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာပြုပါ။
50.တနင်္ဂနွေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်မြောက်ဘက်အရပ်ကိုဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် သီဟိုဠ်သား (သို့) အရွက်ကိုနင်းပြီးမှသွားပါ။
51.တနင်္လာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အနောက်တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်တွင်
ဒါန်းသား (သို့) ဒါန်းညွန့်ကိုနင်းပြီးမှထွက်ပါ။
52,အင်္ဂါသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်ရှေ့မြောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်မှာအုန်းသား(သို့) အုန်းညွန့်ကိုနင်းပြီးမှထွက်ပါ။
53.ဗုဒ္ဓဟူးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အရှေ့အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ခရေသား (သို့) ခရေရွက်ကိုနင်းပြီးမှထွက်ပါ။
55.ကြာသပတေးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည် ရှေ့တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဇော်စိမ်းညွန့်ကိုနင်းပြီးမှထွက်ပါ။
56.သောကြာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော် မိမိသည် တောင်ဘက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ရွက်လှညွန့်ကိုနင်း ပြီးမှထွက်ပါ။
57.စနေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော် မိမိသည်အနောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဗန်ဒါရွက်ကိုနင်းပြီးမှသွားပါ။
58. စာမေးပွဲဖြေဆိုင်နိုင်စေရန်အတွက် အိမ်ဘုရားမှာ-
တနင်္ဂနွေသားသမီးဆိုရင်သစ္စာပန်း(၃) ခက်လှူပါ။
တနင်္လာသားသမီးဆိုရင်နှင်းဆီပန်း(၁၀)ပွင့်လှူပါ။
အင်္ဂါသားသမီးဆိုရင်အုန်းညွန့်(၆)ညွန့်လှူပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင်ကံကော်(၆)ညွန့်လှူပါ။
ကြာသပတေးသားသမီးဆိုရင်ဇော်စိမ်း(၈)ညွန့်လှူ
သောကြာသားသမီးဆိုရင်ရွက်လှ(၄) ညွန့်လှူပါ။
စနေသားသမီးဆိုရင်မေမြို့(၁၀)ညွန့်လှူပါ။
59. ပုတီးလုပ်ရမည့်နည်း တနင်္ဂနွေသားသမီးအတွက်ပိတောက်သားနဲ့လုပ်ပါ
တနင်္လာသားသမီးအတွက်လက်ပံသားနဲ့လုပ်ပါ။
အင်္ဂါသားသမီးအတွက်သရက်သားနဲ့လုပ်ပါ။
ဗုဒ္ဓဟူးသားသမီးအတွက်ကသစ်သားနဲ့လုပ်ပါ။
ကြာသပတေးသားသမီးအတွက်အင်ကြင်းသားနဲ့
သောကြာသားသမီးအတွက်ဇီးသားနှင့်လင်းလွန်းတင်သားနဲ့ပေါင်းလုပ်ပါ။
စနေသားသမီးအတွက်ဝံအူသားနှင့်ရင်အောင်းသားပေါင်းလုပ်ပါ။
60.လာဘ်မပိတ်စေဖို့လုပ်ရမည့်အချက်များ
မနက်မိုးလင်းဘုရားဝေယျာဝစ္စတွေလုပ်ပြီးတံမြက်စည်းကိုအိမ်ရှေ့မှအိမ်အထဲသို့လည်းသွင်းပါ။ ထို့နောက်မနက်စောစောတွင်ခါးအောက်ပိုင်း အဝတ်တွေကိုအိမ်ရှေ့မှာမလှန်းပါနှင့်။ အလုပ်ခုံနှင့်ဈေးရောင်းခုံများပေါ်တွင်မထိုင်ပါနှင့်။
61. နမောလေးချက်စီးပွားတက် အဓိဠာန်ပုတီးစိပ်နည်း
နမောသတဘဂဝတောကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိပ်၊ နမောသတအရဟတောကို (၁၀၈) လုံးပုတီးနှင့်(၃)ပတ်စိပ်၊နမောသတသမ္ဘာသမ္ဘုဒသကို (၁၀၈) လုးပုတီးနှင့် (၃) ပတ်စိပ်၊ နောက်ဆုံး/ နမောသတဘဂဝတော၊ အရဟတော၊ သမ္ဘာသမ္ဘုဒသကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိတ်ပါ။ စုစုပေါင်း (၁၂) ပတ် အဓိဠာန်ဝင်ပါ။
62. သောကကင်းဝေးနိုင်စေရန်အတွက်
ဘုရားသွား၍ လက်ယာရစ်အတိုင်းမွေးနေ့နံမှစပြီးရေတွက်ပါ (၄) ခုမြောက်ထောင့်မှာဖယောင်းတိုင် (၁) တိုင်ထွန်းပြီ
“ရတနတ္တယံနိစ္စိဟံရက္ခတု” ကိုသက်စေ့ ထက်မနည်းရေရွတ်ပါ။
63. အဓိဠာန်ပြီးစေရန်ပုတီးစိပ်နည်း
တနင်္ဂနွေနေ့မှာအရဟံ (၆) ပါတ်
တနင်္လာနေ့မှာသမ္မာသမ္ဗုဒေါ္ဓ (၁၅) ပါတ်
အင်္ဂါနေ့မှာဝိဇ္ဇာစရဏသမ္ပန္နော (၈) ပါတ်
ဗုဒ္ဓဟူးနေ့နံနက်မှာသုဂတော (၁၇) ပါတ်
ဗုဒ္ဓဟူးနေ့ညနေမှာလောကဝိဒူ (၁၂) ပါတ်
ကြာသပတေးနေ့မှာအနုတ္တရောပုရိသဒမ္မသာရထိ (၁၉) ပါတ်
သောကြာနေ့မှာသတ္တာဒေဝမနုဿနံ (၂၁) ပါတ်
စနေနေ့ နံနက်မှာဗုဒ္ဓေါ (၁၀) ပါတ်
စနေနေ့ ညနေမှာဘဂဝါ (၁၀) ပါတ်
64. တနင်္ဂနွေသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
ကြာသပတေးနေ့မှာမေမြို့ပန်း(၅)ပွင့် ပေါက်ပေါက် ဆွမ်းဘုရားလှူ နောက်တနင်္လာနေ့မှာ
ကံကော်ပန်း (သို့) ကုက္ကားလှူပါ နောက်ဆုံး သောကြာနေ့မှာသစ်သီးတစ်မျိုးလှူပြီးဆုတောင်းပါ။
65. တနင်္လာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
သောကြာနေ့မှာသစ်သီးတစ်မျိုးလှူ၊ အင်္ဂါနေ့မှာတော့ ဆီမီး (၁၀) တိုင်ပူဇော်ပါ၊ နောက်ဆုံးစနေနေ့မှာတော့ ဒါန်းပန်းနဲ့ထီးနီ (၇) လက်လှူဒါန်းပါ။
66. အင်္ဂါသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
စနေနေ့မှာဒါန်းညွန့် (၇) ညွန့်နှင့်ထီးဖြူ (၁) လက်လှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှလှူရင်း ရေသပ္ပါယ်ပါ။ တနင်္ဂနွေနေ့မှာအုန်းယို (သို့) အိုးတစ်လုံးလှူပါ။
67. ဗုဒ္ဓဟူးသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
တနင်္ဂနွေနေ့မှာအုန်းညွန့် (၁၀) ညွန့်လှူ၊ ကြာသပတေးနေ့မှာပေါက်ပေါက်နဲ့မုန့်မျိုးစုံလှူ၊ တနင်္လာနေ့မှာကံကော်ပန်းနှင့်ကုက္ကား(၂)လက်လှူ
68. သောကြာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
အင်္ဂါနေ့မှာဆီမီး (၈) တိုင်နှင့်ဆည်းလည်းလှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှ (၈) ညွန့်လှူပြီးရေသပ္ပါယ်ပါ၊ စနေနေ့မှာဒါန်း (၁၀) ညွန့်နှင့်ထီးနီ (၇) လက်လှူ။
67. လပြည့်နေ့မှသာလုပ်နိုင်သောယတြာ လင်ဗန်းထဲမှာလက်ဖက် (၉) ပုံအလယ်မှာလစ်ပိုပုလင်းထောင်ပြီးအပေါ်တွင် ဖယောင်းတိုင်ထွန်းပြီးဘုရားတွင်ပူဇော်ပါ။
68. (1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက် အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။ အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း
69. (2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်-အစိမ်းရောင် အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။
70. (3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင် အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်
71. (4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အညိုရောင် အကျိုးပေးကျောက်မြတ်ရတနာ- နီလာ
72. (5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက် အကျိုးပေးအရောင်- ရောယှက်ရောင်စုံ အကျိုးပေးကျောက်မြတ်ရတနာ- စိန်၊ ငွေ
73. (6,15,24) ရက်မွေးသူများ (၆) ဂဏန်းဖွားများအတွက် ။ အကျိုးပေးအရောင်- အပြာရောင် အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲ၊ မြ
74. (7,16,25) ရက်မွေးသူများ (၇) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အစိမ်း၊ အဖြူ၊ အဝါ၊ အရောင်မှိုင်း အကျိုးပေးကျောက်မြတ်ရတနာ- ကြောင်ကျောက်၊ ပုလဲ။
75. (8,17,26) ရက်မွေးသူများ (၈) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနက်၊ အပြာရောင်၊ ခရမ်းရောင်။ အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲနက်၊ စိန်နက်၊ ကျောက်နက်။
76. (9,18,27) ရက်မွေးသူများ (၉) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနီ၊ ကြက်သွေးရောင်။ အကျိုးပေးကျောက်မြတ်ရတနာ- ပတ္တမြား၊ သံ။
77. လက္ခဏာမှာ မကောင်းတဲ့ အမှတ်အသားတွေဖျက်ချင်လျှင် ဖုဠဿလောကဓမ္မေဟိ၊ စိတ္တံဿနဘမ္ပတိ၊ အသောကံဝိရဇံခေမံ
78. အမှန်တစ်ကယ်အရေးကြီးလျှင်လုပ်နိုင်သောယတြာ။ မိုးပျံဗူပေါင်းတွင် ဆုတောင်းစာချိတ်ဆွဲ၍ အပေါ်သို့ လွတ်တင်ပါ၊ ည (၁၂) နာရီတိတိမှာလုပ်ပါ။
79. ငွေကြေးကိစ္စအရေးကြီးလျှင်လုပ်နိုင် သောယတြာ လင်ဗန်းတစ်ချပ်ထဲတွင် သင်္ဘောသီး (သို့) သပြေ (၁၁) ညွန့်ကိုထည့်ပါ။ ထန်းလျက် (၁၁) ခဲဝိုင်းပြီးဘုရားလှူပါ။
80. အမှုဖြစ်နေသူများအတွက် လှေကားလက်ရမ်းတွင်နေဝင်ချိန်မှာမီးထွန်းပါ (သို့)သစ်သားအပ်ချည်ဘီးလုံးပေါ်မီးထွန်း
ဆုတောင်းပါ။
81. လုပ်သမျှလွဲချော်နေလျှင် အဘဘိုးမင်းခေါင်ကိုမုန့်ဟင်းခါးနဲ့ဘူးသီးကြော်လှူပြီးမိမိလိုရာကိုဆုတောင်းပါ။
82. အိမ်မှထွက်သွားသူပြန်လာစေရန်အတွက် အကျီၤ+လုံချည်ကိုရေစွတ်ပြီးရေမညှစ်ဘဲ အိမ်ရှေ့တွင်လှမ်းထားပါ။(အမျိုးသမီးဆိုအင်္ကျီဘဲ)
83. အိမ်ဌားကိစ္စအတွက်အဆင်မပြေလျှင် အိုးထဲရွက်လှထည့်၊ ယပ်တောင်နဲ့ (၁၇) ချက်လက်ပြန်ခပ်ပေးပါ။
84. မိမိကိုအနိုင်ကျင့်လျှင် ကတ္ထူကတ်ပြားပေါ်မှာနာမည်ရေး၊ နာမည်ပေါ် (၉) ရေး၊ (၉) ပေါ်အပ်တင်၊ အပ်ပေါ်မတ်စေ့တင်ပြီးမီးထွန်းဆုတောင်းပါ။
85. ကြွေးရှင်နေရန် ဒန်အိုးဖင်ကိုကံကော်ပန်းနဲ့ခေါက်ပေးရင်း ဆုတောင်းပါ။
86. အရာရာတည်မြဲစေလိုရန်အတွက် ဖယောင်းတိုင်တစ်တိုင်ပေါ်မှာစတုရန်းပုံလေးဆွဲပြီးအလည်မှာတုတ်ချောင်းပုံလေးဆွဲ၍ဘုရားမီးပူဇော်ဆုတောင်းပါ။
87.အပျိုကြီး၊လူပျိုကြီးစွံ့စေရန်လက်ဆောင် စာရွက်တစ်ရွက်ပေါ်မှာ“မ” ကိုဆွဲပြီးအောက်ကနေ“န” ကိုပြောင်ပြန်ဆွဲပြီးမနှင့်ဆက်ပါ။
88.အလုပ်တွင် စိတ်မပါ၊ ညီးငွေ့၊ ပျင်း၊ လမှိုင်းမကပ်လျှင်လုပ်နိုင်ရန်အတွက် ပိုးကြိုးကိုယူပြီး တောင်ကုန်းပေါ်သွားပါ၊ လေတိုက်တဲ့ဘက်ကိုမျက်နှာမူပြီး ငါရဲ့စိတ်တွေဒီထဲမှာပျော်ဆိုပြီး တစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအထဲမှာပျော်ဆိုပြီးတစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအခန်းထဲမှာနေဆိုပြီးတစ်ထုံးထုံး၊ နောက်ဆုံးသုံးထုံးထုံးပြီးဆုတောင်းပါ ပြီးလျှင်အိမ်ကိုယူလာပါ အိမ်ရောက်ရင်ဖြည်လိုက်ပါ။
89. အိမ်ထောင်ရေးအဆင်မပြေလျှင် အနှိပ်သည်ဘုရဲ့အောက်မှာ လင်မယားနှစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံစီကပ်ပါ၊ နောက်ဘုပေါ်မှာမီးထွန်းပြီး လင်မယားနှစ်ယောက်အိပ်ယာရဲ့အလည်တည့်တည့်မှာထားပြီးဆုတောင်းပါ။
90. အနှောင့်အယှက်များဝင်နေလျှင် ဆေးတံပေါ်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းပါ။
91.အချစ်ရေးအဆင်ပြေစေရန်အတွက် ကိုယ်နဲ့ကိုယ့်ချစ်သူနေ့နံသားနှစ်ခုကိုရင်ချင်းကပ်ပြီးနှီးနဲ့သုံးချက်ချည်ပါပြီးလျှင်ရေသန့်သန့်မှာမျှောပါ။
92. ဈေးရောင်းကောင်းစေရန်အတွက် အရက်ပုလင်းထဲရေထည့်ပါ၊ နောက်ကျောက်စရစ်ခဲ (၉) ခဲထည့်ပါ၊ နောက်နှင်းဆီအနီတစ်ပွင့်စိုက်ပါ။
93. မသေချာမရေရာတဲ့ကိစ္စများအတွက် ကြွေပန်းကန်ပြားထဲမှာ အပ်တစ်ချောင်းစိုက်ပြီး အပေါ်မှာ မက်စေတင်၍ ဖယောင်းတိုင်ထွန်းဘုရားမီးပူဇော်ပါ။
94. အလုပ်သမားမြဲစေရန်အတွက် ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် Marker Pan ဖြင့် လိုအပ်သောအလုပ်သမားနာမည်ကိုရေးပါ။
ပြီးလျှင်ထိုပန်းကန်ပေါ်မှာ နေကြာစေ့အပြည့်နာမည်အုပ်အောင်ဖြူးပြီး ဘုရားကပ်လှူပေးပါမကြာခနလုပ်ပေးပါ။
95.ငွေကြေးကိစ္စများအဆင်မပြေခဲ့သော် ဘုရားတစ်ဆူဆူသို့သွားပြီး ဘုရားရင်ပြင်မှ ကျောက်ပြားများ သန့်ရှင်းရေးလုပ်ပေးပါ။ ဘုရားမှ အဆင်းတွင် ကျီးစာ/ခိုစာ ကျွေးပါ။
96.မျက်နှာချင်းဆိုင်မရအောင်ဖြစ်နေသော လင်မယားများအတွက် ကွမ်းရွက်(၂)ရွက်ကိုယူကာ တစ်ရွက်၏ အချောဖက်တွင် ထုံးကိုကွမ်းရိုးဖြင့် ယောကျ်ားနာမည်ရေး၊ နောက်တစ်ရွက်၏ အချောဖက်တွင် မိန်းမနာမည်ရေး ပြီးလျှင် မျက်နှာချင်းဆိုင်အပ်ကာ ပန်းကန်ပြားတွင်ထည့်ပြီး ကွမ်းရွက်ပေါ်မီးထွန်းပေးပါ။ (၉)ရက်ဆက်တိုက်လုပ်ပေးပါ။ ကွမ်းရွက်နွမ်းသွားလျှင် အသစ်လဲလှယ်ပေးပါ။
97. အရောင်းအဝယ်ကောင်းစေရန်အတွက်ယတြာ မိမိတို့၏ လုပ်ငန်းများ/ဈေးဆိုင်းများ ရောင်းပန်းဝယ်ပန်းပွင့်လန်းစေဖို့ လုပ်ငန်း၏ မျက်နှာစာတွင် အသီးအနှံပုံများ ကပ်ပေးထားပါ။
98.သားသမီးရတနာထွန်းကားစေရန်အတွက်ယတြာ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်တွင် ဘုရားဝတ်ပြုပြီး ထိုတန်ဆောင်းနှင့် ကပ်လျက် ဗြဟ္မာသားပိုက်ရှေ့တွင် ဖယောင်းတိုင်(၁၇)တိုင်၊ အမွှေးတိုင်(၁၇)တိုင်၊ ဝါးညွှန့်(၁၇)ညွှန့်၊ သစ်သီး(၈)မျိုး(ခွဲစိပ်ပြီး တစ်မျိုးစီပါလျှင်ရသည်) ကပ်လှူပြီး မိမိအလိုရှိသော သားဆုကို ဆုပန်နိုင်ပါသည်။
99.ဝင်လာမစဲတသဲသဲဖြစ်စေရန်အတွက်ယတြာ မည်သည့်လုပ်ငန်းမဆို မိမိတို့၏ ဆိုင်သို့ လူများစွာ ဝင်လာမစဲဖြစ်စေဖို့ ဆိုင်၏ ကောင်တာစားပွဲတစ်နေရာတွင် ဖိုးဝရုပ်ကို ထိပ်ဝဖောက်ပြီး ငွေ(၉၀၀)ကျပ်/ငွေ(၉၀၀၀)ကျပ် ကို ကန်တော့ပုံပြုလုပ်ပြီး ထိုးထားပေးပါ။
100. အပြောင်းအရွေ့အဆင်ပြေရေးအတွက် ညောင်ရွက်(၃)ရွက်ပေါ်တွင်၊နေ၊ရာ၊ပြောင်းဟူ၍ ရေးသားပြီးဘုရားတွင်ပူဇော်ဆုတောင်းပါ။
ကဲ… မိတ်ဆွေများ မိမိတို့ ကိုယ်တိုင်အတွက်သော်လည်းကောင်း မိသားစုဝင်များ အတွက်သော်လည်းကောင်း ၊ ကိုယ့် သူငယ်ချင်း တစ်စုံတစ်ဦး အတွက်သော်လည်းကောင်း တစ်ခုမဟုတ် တစ်ခု အသုံးဝင်မည့် ယတြာများ ဖြစ်တဲ့အတွက် ကျေနပ်လိမ့်မည်ဟု ယုံကြည်ပါတယ်။
အသုံးဝင်တဲ့ ပို့လေး ဖြစ်တဲ့အတွက် Share ထားကြပါ။ခရက်ဒစ်