လာဘ္ပိတ္ၿပီးေငြကံမပြင့္သူမ်ား သစ္တံခါးဆရာေတာ္ဘုရားႀကီး ဒါနအဓိဌာန
Zawgyi
လာဘ္ပိတ္ၿပီး စိတ္ညစ္ေနသူေငြကံမပြင့္သူမ်ားေဆာင္ရြက္ရန္ ဒါနအဓိ႒ာန္
သစ္တံခါးဆရာေတာ္
ေငြကံမပြင့္ လာဘ္လာဘေတြ ပိတ္ဆို့ေနပါက လုပ္သမၽွ မေအာင္ျမင္ျဖစ္ေနပါက မိမိတို့စားမည့္ဆန္အိုးထဲမွ အနည္းငယ္မၽွေသာဆန္ကို ယူၿပီး ေျမကြက္လပ္ေနရာတစ္ခု စီစဥ္ၿပီး စာကေလးေတြကို အစာေကၽြးပါ။
အာ႐ုံထားပုံ
စိတ္ထဲမွေနၿပီး ယခုဒါနျပဳျခင္းသည္ မိမိတို့စားမည္ျဖစ္ေသာဆန္အိုးထဲမွ၊ ဆန္အိတ္ထဲမွ ခြဲေဝ၍ ဒါနျပဳျခင္း၊ အလွူဒါနျပဳျခင္း ျဖစ္ပါ၏။
ဤမွန္ေသာ သစၥာကစားေတာ္ေၾကာင့္ စီးပြားက် စိတ္ညစ္ေနရၿပီး ပိတ္ဆို့ေနေသာ လာဘ္လာဘမ်ား ပြင့္ပါေစ၊ လာဘ္လာဘေတြ ရႊင္ပါေစ၊ ေငြဝင္ပါေစ၊ စိတ္မွ ရည္မွန္းပါ။
ယခုလာေရာက္၍ သုံးေဆာင္ စားသုံးၾကေသာ စာကေလး၊ ခို၊ က်ီးငွက္ကေလးေတြ ဝမ္းသာပီတိျဖစ္ကာ စားသုံးနိုင္၊ ေပ်ာ္ရႊင္နိုင္သလို ေပ်ာ္ရႊင္ရပါလို၏။ သုံးေဆာင္ရပါလို၏။
ဒါနအက်ိဳး ဆက္၍ တိုးပြားကာ ေဆာင္ရြက္နိုင္ရပါလို၏ဟု စိတ္မွ ရည္မွတ္ ေျပာဆိုကာ ေလယာဥ္သဖြယ္ တစ္ေကာင္ၿပီးတစ္ေကာင္ ဆင္းသက္စားေသာက္ အသံေပးေနၾကေသာ စာကေလးေတြ၊ ငွက္ကေလးေတြကို ၾကည့္ၿပီး အလွူဒါနကို ပြားကာ ပီတိျဖစ္ေနပါ။
ထူးျခားပါ၏။ ရက္မ်ားမၾကာမီ လာဘ္လာဘေတြ အလုပ္အကိုင္ေတြ ေကာင္းကာ အဆင္ေျပမည္။ ေန႔စဥ္ေန႔တိုင္း နံနက္တိုင္း အာစိဏၰကံ ေဆာင္ရြက္နိုင္ပါက ပိုၿပီးထူးျခားပါ၏။
ေနာက္တစ္နည္း ေဆာင္ရြက္ပုံ
စာကေလး၊ ငွက္ေတြ၊ ခိုေတြ၊ က်ီး ေကၽြးစဥ္ ဤဂါထာေလး ရြတ္ပြားၿပီး ေဆာင္ရြက္ပါကလည္း ထူးျခားပါ၏။“ဥဳံ အကု အကု ဗုေဒၶါပိယ ဓေမၼာပိယ၊ သံေဃာပိယ ဣစၧာသယ အာေလာက္ အာေလာက္ အာေလာက္” ဟု ၃၇ ေခါက္ ရြတ္ဆိုၿပီး ေကၽြးပါကလည္း ထူးျခားပါ၏။
တကယ္လိုခ်င္ တကယ္ျဖစ္ခ်င္ တကယ္လုပ္ အဟုတ္ျဖစ္ပါ၏။ ယုံၾကည္မွုသာ အေရးႀကီးပါ၏။ဂုဏ္ေတာ္ တစ္ပါးပါး ပြားၿပီး ေမတၱာပို့လႊတ္ကာ ေဆာင္ရြက္ပါ။ ဒါနျပဳပါ။ ပိုၿပီး သိသာပါ၏။ ေဆာင္ရြက္ၾကည့္ပါ။ လက္ေတြ႕ပါပဲ။
သစ္တံခါးဆရာေတာ္၏ “ကံထူးကံျမင့္လာဘ္ပြင့္ ေလာကီေအာင္ျမင္ေစေၾကာင္းအဓိ႒ာန္က်င့္စဥ္မ်ား” စာအုပ္မွ ကူးယူေဖာ္ျပပါသည္။
Crd
Unicode
လာဘ်ပိတ်ပြီး စိတ်ညစ်နေသူငွေကံမပွင့်သူများဆောင်ရွက်ရန် ဒါနအဓိဋ္ဌာန်
သစ်တံခါးဆရာတော်
ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။
အာရုံထားပုံ
စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သောဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။
ဤမှန်သော သစ္စာကစားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။
ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီးငှက်ကလေးတွေ ဝမ်းသာပီတိဖြစ်ကာ စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။
ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ် ပြောဆိုကာ လေယာဉ်သဖွယ် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်စားသောက် အသံပေးနေကြသော စာကလေးတွေ၊ ငှက်ကလေးတွေကို ကြည့်ပြီး အလှူဒါနကို ပွားကာ ပီတိဖြစ်နေပါ။
ထူးခြားပါ၏။ ရက်များမကြာမီ လာဘ်လာဘတွေ အလုပ်အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံ ဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။
နောက်တစ်နည်း ဆောင်ရွက်ပုံ
စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာသယ အာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက် ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။
တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာ အရေးကြီးပါ၏။ဂုဏ်တော် တစ်ပါးပါး ပွားပြီး မေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။
သစ်တံခါးဆရာတော်၏ “ကံထူးကံမြင့်လာဘ်ပွင့် လောကီအောင်မြင်စေကြောင်းအဓိဋ္ဌာန်ကျင့်စဉ်များ” စာအုပ်မှ ကူးယူဖော်ပြပါသည်။
Crd