သင့္ရဲ႕မီးဖိုခန္းကို အခ်ိန္အနည္းငယ္အတြင္း ေတာက္ပသန႔္ရွင္းသြားေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၁၀) ခု

Zawgyi

သင့္ရဲ႕မီးဖိုခန္းကို အခ်ိန္အနည္းငယ္အတြင္း ေတာက္ပသန႔္ရွင္းသြားေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၁၀) ခု

မီးဖိုခန္းကို သန႔္ရွင္းေရး လုပ္ရတာက အျခားအခန္းေတြကို သန႔္ရွင္းေရးလုပ္ရတာထက္ အခ်ိန္ပိုၾကာေလ့ရွိပါတယ္။ အဲဒါေၾကာင့္ မီးဖိုခန္းကို အခ်ိန္တိုတြင္း သန႔္ရွင္းေတာက္ေျပာင္သြားေစမယ့္ လြယ္ကူတဲ့ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေလဝင္ေလထြက္ေပါက္

ေလဝင္ေလထြက္ေပါက္ကို သန႔္ရွင္းေရးလုပ္ႏိုင္မယ့္ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ အထိေရာက္ဆုံးနည္းလမ္းက ဖုန္စုပ္စက္နဲ႔ သန႔္ရွင္းေရး လုပ္တာပါ။ ေနာက္ထပ္ အလြယ္ကူဆုံးနည္းလမ္းက အဝတ္အစိုနဲ႔ ေလဝင္ေလထြက္ေပါက္ကို ပြတ္တိုက္တဲ့နည္းပါ။

၂။ ဖန္ခြက္

ဖန္ခြက္ေတြကို အသုံးျပဳဖန္မ်ားလာတဲ့အခါ အဝါစြန္း၊ အညိဳစြန္းေတြကို စြဲလာပါတယ္။ ဖန္ခြက္ေတြကို အရက္နဲ႔ေဆးေၾကာရင္ အသစ္အတိုင္း ေျပာင္လက္ေနတာကို ေတြ႕ရမွာပါ။

၃။ ေရခဲေသတၱာ

ေရခဲေသတၱာကို သန႔္ရွင္းေရးလုပ္ရတာက ေပ်ာ္စရာေတာ့ မေကာင္းပါဘူး။ ေရခဲေသတၱာထဲမွာရွိတဲ့ အစြန္းအထင္းေတြကလည္း ခြၽတ္ရခက္ပါတယ္။ အဲဒါေၾကာင့္ အသီးအႏွံေတြရဲ႕ေအာက္မွာ၊ ေရပုလင္းေတြရဲ႕ေအာက္မွာ တစ္ရႉးစကၠဴစေလးေတြ ခင္းထားရင္ ေရခဲေသတၱာကို သန႔္ရွင္းရတာ အရင္ေလာက္ မပင္ပန္းေတာ့ပါဘူး။

၄။ Microwave oven

Microwave oven ကို သန႔္ရွင္းေရးလုပ္ဖို႔က အရမ္းကို လြယ္ကူပါတယ္။ ေရတစ္ပန္းကန္လုံးကို microwave oven ထဲထည့္ၿပီး ဆူပြက္လာေအာင္ ထားလိုက္႐ုံပါပဲ။ ၿပီးရင္ ေရစိုအဝတ္နဲ႔ microwave oven ရဲ႕ နံရံေတြကို လိုက္သုတ္ေပးပါ။

၅။ ဆီေခ်း

ဆီေခ်းေတြကို ေျပာင္ေအာင္ ဖယ္ရွားဖို႔က မလြယ္ကူပါဘူး။ ဒါေပမယ့္ ဂ်ဳံမႈန႔္ရွိရင္ေတာ့ လြယ္ကူပါတယ္။ ဆီေခ်းေတြရွိတဲ့ ေနရာမွာ ဂ်ဳံမႈန႔္ေတြျဖဴးထားၿပီး ခဏၾကာရင္ ဖယ္ရွားလိုက္လို႔ ရပါၿပီ။ မီးဖိုေတြမွာ ဆီေခ်းေတြ ရွိေနရင္လည္း ဒီနည္းကို သုံးလို႔ရပါတယ္။

၆။ အနံ႔အသက္

ေရခဲေသတၱာထဲမွာ အခ်ိန္ေတြၾကာလာရင္ အနံ႔ေတြ ထြက္လာပါတယ္။ ေရခဲေသတၱာထဲက အနံ႔ေတြကို ဖယ္ဖို႔က မီးေသြးခဲေလးပဲ လိုပါတယ္။ မီးေသြးခဲအနည္းငယ္ကို ေရခဲေသတၱာထဲ ထည့္ထားရင္ အနံ႔ဆိုးေတြကို စုပ္ယူေပးပါတယ္။

၇။ ပန္းအတု

ပန္းအတုေလးေတြကို မီးဖိုထဲမွာ အလွထားရင္းနဲ႔ ဖုန္ေတြ တက္လာပါတယ္။ အဲဒီအခါ အရင္ဆုံး ပန္းေပၚက ဖုန္ေတြကို ခါလိုက္ပါ။ ၿပီးရင္ မေရာနိစ္နဲ႔ ေရကို ေရာၿပီး ပန္းေလးေတြကို ေဆးေပးပါ။ အဲဒီအခါ ပန္းအတုေလးေတြက ပန္းအစစ္ေလးေတြလို ျပန္ၿပီးေတာက္ပလာမွာပါ။

၈။ ၾကမ္းတိုက္ဝတ္

သင့္မွာေျခအိတ္အေဟာင္းေလးေတြ ရွိရင္ လႊင့္မပစ္ပါနဲ႔ေနာ္။ ၾကမ္းတိုက္တုတ္တံမွာ ေျခအိတ္အေဟာင္းေလး တပ္လိုက္ရင္ ဖုန္ေတြကို အလြယ္တကူ ဖယ္ရွားလို႔ရပါၿပီ။

၉။ အခန္းထဲမွာ ေမႊးပ်ံ႕ေနဖို႔

မီးဖိုထဲမွာ ဟင္းနံ႔ေတြမႊန္ေနရင္ အနံ႔ေတြေပ်ာက္ဖို႔ ေကာ္ဖီေစ့နဲ႔ ဖေယာင္းတိုင္ လိုအပ္ပါတယ္။ ဖေယာင္းတိုင္ကို ပန္းကန္လုံးတစ္ခုထဲမွာ ထည့္ၿပီးထြန္းပါ။ ဖေယာင္းတိုင္ရဲ႕ေဘးမွာ ေကာ္ဖီေစ့ေလးေတြ ထည့္လိုက္ပါ။ အဲဒီအခါ မီးဖိုခန္းထဲ ဟင္းနံ႔ေတြ ေပ်ာက္သြားၿပီး ေကာ္ဖီနံ႔ေလးပဲ ေမႊးၿပီး က်န္ခဲ့မွာပါ။

၁၀။ သံကင္ပ်စ္

အသားေတြကင္ၿပီးရင္ သံကင္ပ်စ္ကို သန႔္ရွင္းေရးလုပ္ရတာ အခ်ိန္ၾကာပါတယ္။ လြယ္ကူၿပီး အႏၲရာယ္ကင္းတဲ့ နည္းကေတာ့ သံကင္ပ်စ္ေပၚမွာ ဆီသုတ္ၿပီး ဆားျဖဴးလိုက္ပါ။ ၿပီးရင္ ၁၀ မိနစ္ၾကာေအာင္ ထားပါ။ ၁၀ မိနစ္ၾကာ ထားၿပီးေနာက္ အာလူးကို ထက္ျခမ္းျခမ္းၿပီး သံကင္ပ်စ္ေပၚမွာ လိုက္ပြတ္တိုက္ေပးပါ။ အဲဒီအခါ ဆီေတြက လြယ္လြယ္ကူကူ ေျပာင္သြားတာကို ေတြ႕ရမွာပါ။

crd

Unicode

သင့်ရဲ့မီးဖိုခန်းကို အချိန်အနည်းငယ်အတွင်း တောက်ပသန့်ရှင်းသွားစေမယ့် လျှို့ဝှက်ချက် (၁၀) ခု

မီးဖိုခန်းကို သန့်ရှင်းရေး လုပ်ရတာက အခြားအခန်းတွေကို သန့်ရှင်းရေးလုပ်ရတာထက် အချိန်ပိုကြာလေ့ရှိပါတယ်။ အဲဒါကြောင့် မီးဖိုခန်းကို အချိန်တိုတွင်း သန့်ရှင်းတောက်ပြောင်သွားစေမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လေဝင်လေထွက်ပေါက်

လေဝင်လေထွက်ပေါက်ကို သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အထိရောက်ဆုံးနည်းလမ်းက ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး လုပ်တာပါ။ နောက်ထပ် အလွယ်ကူဆုံးနည်းလမ်းက အဝတ်အစိုနဲ့ လေဝင်လေထွက်ပေါက်ကို ပွတ်တိုက်တဲ့နည်းပါ။

၂။ ဖန်ခွက်

ဖန်ခွက်တွေကို အသုံးပြုဖန်များလာတဲ့အခါ အဝါစွန်း၊ အညိုစွန်းတွေကို စွဲလာပါတယ်။ ဖန်ခွက်တွေကို အရက်နဲ့ဆေးကြောရင် အသစ်အတိုင်း ပြောင်လက်နေတာကို တွေ့ရမှာပါ။

၃။ ရေခဲသေတ္တာ

ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ရတာက ပျော်စရာတော့ မကောင်းပါဘူး။ ရေခဲသေတ္တာထဲမှာရှိတဲ့ အစွန်းအထင်းတွေကလည်း ချွတ်ရခက်ပါတယ်။ အဲဒါကြောင့် အသီးအနှံတွေရဲ့အောက်မှာ၊ ရေပုလင်းတွေရဲ့အောက်မှာ တစ်ရှူးစက္ကူစလေးတွေ ခင်းထားရင် ရေခဲသေတ္တာကို သန့်ရှင်းရတာ အရင်လောက် မပင်ပန်းတော့ပါဘူး။

၄။ Microwave oven

Microwave oven ကို သန့်ရှင်းရေးလုပ်ဖို့က အရမ်းကို လွယ်ကူပါတယ်။ ရေတစ်ပန်းကန်လုံးကို microwave oven ထဲထည့်ပြီး ဆူပွက်လာအောင် ထားလိုက်ရုံပါပဲ။ ပြီးရင် ရေစိုအဝတ်နဲ့ microwave oven ရဲ့ နံရံတွေကို လိုက်သုတ်ပေးပါ။

၅။ ဆီချေး

ဆီချေးတွေကို ပြောင်အောင် ဖယ်ရှားဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် ဂျုံမှုန့်ရှိရင်တော့ လွယ်ကူပါတယ်။ ဆီချေးတွေရှိတဲ့ နေရာမှာ ဂျုံမှုန့်တွေဖြူးထားပြီး ခဏကြာရင် ဖယ်ရှားလိုက်လို့ ရပါပြီ။ မီးဖိုတွေမှာ ဆီချေးတွေ ရှိနေရင်လည်း ဒီနည်းကို သုံးလို့ရပါတယ်။

၆။ အနံ့အသက်

ရေခဲသေတ္တာထဲမှာ အချိန်တွေကြာလာရင် အနံ့တွေ ထွက်လာပါတယ်။ ရေခဲသေတ္တာထဲက အနံ့တွေကို ဖယ်ဖို့က မီးသွေးခဲလေးပဲ လိုပါတယ်။ မီးသွေးခဲအနည်းငယ်ကို ရေခဲသေတ္တာထဲ ထည့်ထားရင် အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။

၇။ ပန်းအတု

ပန်းအတုလေးတွေကို မီးဖိုထဲမှာ အလှထားရင်းနဲ့ ဖုန်တွေ တက်လာပါတယ်။ အဲဒီအခါ အရင်ဆုံး ပန်းပေါ်က ဖုန်တွေကို ခါလိုက်ပါ။ ပြီးရင် မရောနိစ်နဲ့ ရေကို ရောပြီး ပန်းလေးတွေကို ဆေးပေးပါ။ အဲဒီအခါ ပန်းအတုလေးတွေက ပန်းအစစ်လေးတွေလို ပြန်ပြီးတောက်ပလာမှာပါ။

၈။ ကြမ်းတိုက်ဝတ်

သင့်မှာခြေအိတ်အဟောင်းလေးတွေ ရှိရင် လွှင့်မပစ်ပါနဲ့နော်။ ကြမ်းတိုက်တုတ်တံမှာ ခြေအိတ်အဟောင်းလေး တပ်လိုက်ရင် ဖုန်တွေကို အလွယ်တကူ ဖယ်ရှားလို့ရပါပြီ။

၉။ အခန်းထဲမှာ မွှေးပျံ့နေဖို့

မီးဖိုထဲမှာ ဟင်းနံ့တွေမွှန်နေရင် အနံ့တွေပျောက်ဖို့ ကော်ဖီစေ့နဲ့ ဖယောင်းတိုင် လိုအပ်ပါတယ်။ ဖယောင်းတိုင်ကို ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ပြီးထွန်းပါ။ ဖယောင်းတိုင်ရဲ့ဘေးမှာ ကော်ဖီစေ့လေးတွေ ထည့်လိုက်ပါ။ အဲဒီအခါ မီးဖိုခန်းထဲ ဟင်းနံ့တွေ ပျောက်သွားပြီး ကော်ဖီနံ့လေးပဲ မွှေးပြီး ကျန်ခဲ့မှာပါ။

၁၀။ သံကင်ပျစ်

အသားတွေကင်ပြီးရင် သံကင်ပျစ်ကို သန့်ရှင်းရေးလုပ်ရတာ အချိန်ကြာပါတယ်။ လွယ်ကူပြီး အန္တရာယ်ကင်းတဲ့ နည်းကတော့ သံကင်ပျစ်ပေါ်မှာ ဆီသုတ်ပြီး ဆားဖြူးလိုက်ပါ။ ပြီးရင် ၁၀ မိနစ်ကြာအောင် ထားပါ။ ၁၀ မိနစ်ကြာ ထားပြီးနောက် အာလူးကို ထက်ခြမ်းခြမ်းပြီး သံကင်ပျစ်ပေါ်မှာ လိုက်ပွတ်တိုက်ပေးပါ။ အဲဒီအခါ ဆီတွေက လွယ်လွယ်ကူကူ ပြောင်သွားတာကို တွေ့ရမှာပါ။

crd