သင္သတိမထားမိေသးတဲ့ သြားေတြဝါညစ္လာရျခင္းရဲ႕ အဓိကအေၾကာင္းအရင္း ၅ ခု
Zawgyi
သင္သတိမထားမိေသးတဲ့ သြားေတြဝါညစ္လာရျခင္းရဲ႕ အဓိကအေၾကာင္းအရင္း ၅ ခု
ဘာလို႔လဲမသိဘူး သြားေတြဝါလာတယ္ဆိုတာမ်ိဳးကို ေတြးမိေနၿပီဆိုရင္ေတာ့ ဒီအခ်က္ေတြကို လုပ္မိေနလားဆိုတာကို ျပန္စစ္ၾကည့္ပါ။ သင္သတိမထားမိေသးတဲ့ သြားေတြဝါညစ္လာရျခင္းရဲ႕ အဓိကအေၾကာင္းအရင္း ၅ ခုရွိပါတယ္။
Soy Sauce အရမ္းစားသုံးျခင္း
အထူးသျဖင့္ sushi ေတြစားရင္ soy sauce ေလးနဲ႔မွ ပိုၿပီးအရသာရွိတာပါ။ တစ္ခါတစ္ေလစားတာမ်ိဳးက ဘာမွမျဖစ္ေပမယ့္ အရမ္းႀကိဳက္လို႔ဆိုၿပီး ခဏခဏစားေနရင္ေတာ့ သြားေတြဝါညစ္လာပါလိမ့္မယ္။
ေန႔တိုင္းေကာ္ဖီေသာက္ျခင္း
ေကာ္ဖီကို ေန႔တိုင္းေသာက္ရင္ သြားေတြဝါညစ္လာပါတယ္။ အေကာင္းဆုံးကေတာ့ ေန႔တိုင္းမေသာက္တာ အေကာင္းဆုံးပါ။ ဒါေပမယ့္ မေသာက္ပဲမေနႏိုင္ဘူးဆိုရင္
တစ္ေန႔တစ္ခြက္ပဲေသာက္ပါ။ တစ္ေန႔ကို ၂ ခြက္၊ ၃ ခြက္ ေသာက္ေနမယ္ဆိုရင္ေတာ့ သြားေတြက ပိုၿပီး ဝါညစ္လာပါလိမ့္မယ္။
သြားမတိုက္ပဲအာလုတ္က်င္းျခင္း
သြားကို တစ္ေန႔ ၂ ႀကိမ္ ေသခ်ာစနစ္တက် တိုက္ေပးရပါမယ္။ မနက္ပိုင္းတစ္ခါပဲတိုက္ၿပီး က်န္တဲ့အခ်ိန္ေတြမွာ အာလုတ္က်င္းေပး႐ုံနဲ႔ေတာ့ သြားမွာကပ္ေနတဲ့ အစာအႂကြင္းအက်န္ေတြက မေျပာင္ပါဘူး။ ၾကာလာရင္ သြားေတြဝါညစ္လာပါလိမ့္မယ္။
သြားပြတ္တံမလဲျခင္း
သြားပြတ္တံကို ၂ လ တစ္ခါ၊ ၃ လ တစ္ခါေလာက္ လဲေပးရပါတယ္။ ပုံမွန္မလဲပဲ သြားတိုက္တံဖြာေနတဲ့အထိ ဆက္ၿပီးတိုက္ေနမယ္ဆိုရင္ေတာ့ သြားမွာကပ္ေနတဲ့
အညစ္အေၾကးေတြ လုံးဝမေျပာင္ပါဘူး။ သြားတိုက္လိုက္တာပဲရွိတယ္ ဘာမွထိေရာက္မွာမဟုတ္ပါဘူး။ ေျပာင္ေအာင္မတိုက္ရင္၊ သြားကိုေသခ်ာမတိုက္ရင္ သြားကတစ္ေျဖးေျဖးနဲ႔ ဝါညစ္လာမွာပါပဲ။
ေရေသာက္နည္းျခင္း
ေရဓာတ္လိုအပ္ေနရင္၊ ေရေသာက္နည္းရင္လည္း သြားေတြဝါညစ္ေစပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။ ေရေသာက္နည္းရင္ သြားေတြဝါညစ္တဲ့အျပင္ ခံတြင္းအနံ႔လည္း ဆိုးေစပါတယ္။
Credit to original writer
Unicode
သင်သတိမထားမိသေးတဲ့ သွားတွေဝါညစ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခု
ဘာလို့လဲမသိဘူး သွားတွေဝါလာတယ်ဆိုတာမျိုးကို တွေးမိနေပြီဆိုရင်တော့ ဒီအချက်တွေကို လုပ်မိနေလားဆိုတာကို ပြန်စစ်ကြည့်ပါ။ သင်သတိမထားမိသေးတဲ့ သွားတွေဝါညစ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။
Soy Sauce အရမ်းစားသုံးခြင်း
အထူးသဖြင့် sushi တွေစားရင် soy sauce လေးနဲ့မှ ပိုပြီးအရသာရှိတာပါ။ တစ်ခါတစ်လေစားတာမျိုးက ဘာမှမဖြစ်ပေမယ့် အရမ်းကြိုက်လို့ဆိုပြီး ခဏခဏစားနေရင်တော့ သွားတွေဝါညစ်လာပါလိမ့်မယ်။
နေ့တိုင်းကော်ဖီသောက်ခြင်း
ကော်ဖီကို နေ့တိုင်းသောက်ရင် သွားတွေဝါညစ်လာပါတယ်။ အကောင်းဆုံးကတော့ နေ့တိုင်းမသောက်တာ အကောင်းဆုံးပါ။ ဒါပေမယ့် မသောက်ပဲမနေနိုင်ဘူးဆိုရင်
တစ်နေ့တစ်ခွက်ပဲသောက်ပါ။ တစ်နေ့ကို ၂ ခွက်၊ ၃ ခွက် သောက်နေမယ်ဆိုရင်တော့ သွားတွေက ပိုပြီး ဝါညစ်လာပါလိမ့်မယ်။
သွားမတိုက်ပဲအာလုတ်ကျင်းခြင်း
သွားကို တစ်နေ့ ၂ ကြိမ် သေချာစနစ်တကျ တိုက်ပေးရပါမယ်။ မနက်ပိုင်းတစ်ခါပဲတိုက်ပြီး ကျန်တဲ့အချိန်တွေမှာ အာလုတ်ကျင်းပေးရုံနဲ့တော့ သွားမှာကပ်နေတဲ့ အစာအကြွင်းအကျန်တွေက မပြောင်ပါဘူး။ ကြာလာရင် သွားတွေဝါညစ်လာပါလိမ့်မယ်။
သွားပွတ်တံမလဲခြင်း
သွားပွတ်တံကို ၂ လ တစ်ခါ၊ ၃ လ တစ်ခါလောက် လဲပေးရပါတယ်။ ပုံမှန်မလဲပဲ သွားတိုက်တံဖွာနေတဲ့အထိ ဆက်ပြီးတိုက်နေမယ်ဆိုရင်တော့ သွားမှာကပ်နေတဲ့
အညစ်အကြေးတွေ လုံးဝမပြောင်ပါဘူး။ သွားတိုက်လိုက်တာပဲရှိတယ် ဘာမှထိရောက်မှာမဟုတ်ပါဘူး။ ပြောင်အောင်မတိုက်ရင်၊ သွားကိုသေချာမတိုက်ရင် သွားကတစ်ဖြေးဖြေးနဲ့ ဝါညစ်လာမှာပါပဲ။
ရေသောက်နည်းခြင်း
ရေဓာတ်လိုအပ်နေရင်၊ ရေသောက်နည်းရင်လည်း သွားတွေဝါညစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေသောက်နည်းရင် သွားတွေဝါညစ်တဲ့အပြင် ခံတွင်းအနံ့လည်း ဆိုးစေပါတယ်။
Credit to original writer