ေတာထဲမွာနာမည္ေခၚရင္ သင္းေခြခ်ပ္ကမွတ္ထားၿပီးျပန္ေခၚတယ္ ျပန္ထူးမိရင္ေသတတ္တယ္ဆိုတဲ့ ယုံတမ္းစကား

Zawgyi

ေတာထဲမွာနာမည္ေခၚရင္ သင္းေခြခ်ပ္ကမွတ္ထားၿပီးျပန္ေခၚတယ္ ျပန္ထူးမိရင္ေသတတ္တယ္ဆိုတဲ့ ယုံတမ္းစကား

႐ိုးမေပၚတက္ၿပီး သစ္ခုတ္ဝါးခုတ္ၾကတဲ့သူေတြ အခ်င္းခ်င္းလူစုကြဲၾကတဲ့အခါ အူသံေပးၿပီး ဆက္သြယ္ၾကပါတယ္။ေတာထဲမွာ နာမည္ မေခၚရဘူး။ေခၚမိရင္ သင္းေခြခ်ပ္က မွတ္ထားၿပီး အဲဒီနာမည္ကို ေခၚတတ္တယ္။ ျပန္ထူးမိရင္ ေသတာပဲတဲ့။

သင္းေခြခ်ပ္ကို Pangolin လို႔ေခၚပါတယ္။ အာရွတိုက္နဲ႔ အာဖရိကေတာင္ပိုင္းမွာ ေတြ႕ရတယ္။ ပု႐ြက္စားေကာင္မ်ိဳးပါ။ျခေတြ၊ ပု႐ြက္ဆိတ္ေတြကို စားတယ္။ တစ္ကိုယ္လုံး အေၾကးခြံမာေတြျပည့္ေနတယ္။ သူ႔မွာ သြားေတြ မရွိဘူး။

သင္းေခြခ်ပ္က အႏၲရာယ္နဲ႔ႀကဳံလာရင္ ထြက္မေျပးတတ္ဘူး။ ေခါင္းကို အထဲမွာထားၿပီး တစ္ကိုယ္လုံးကို လုံးပစ္လိုက္တာ။အဲဒါေၾကာင့္ သင္းေခြခ်ပ္ေတြ႕ရင္ လန္႔ေအာင္သာ ေျခာက္ေပးလိုက္။ လုံးသြားရင္ အသာေလး ေကာက္ယူလိုက္႐ုံပဲ။

တ႐ုတ္တို႔၊ ဗီယက္နမ္တို႔မွာ သင္းေခြခ်ပ္သားကို ေစ်းႀကီးေပးစားၾကတယ္။တ႐ုတ္တိုင္းရင္းေဆးဆရာေတြက သင္းေခြခ်ပ္ အခြံေတြကို အေရာင္ေလ်ာ့ေဆးေတြ၊ ကင္ဆာေပ်ာက္ေဆးေတြ ေဖာ္ၾကတယ္။

ဒါေၾကာင့္ သင္းေခြခ်ပ္ဟာ ေစ်းေကာင္းရတယ္။ ေမွာင္ခိုေစ်းကြက္ ရွိတယ္။သင္းေခြခ်ပ္တစ္ေကာင္ ဖမ္းမိလာၿပီဆိုရင္ ေသတၱာထဲထည့္ၿပီး ေသာ့ခတ္ထားတာေတာင္ ညဘက္ေရာက္ရင္ ေပ်ာက္သြားတတ္တယ္လို႔ ဆိုၾကပါတယ္။

သူ႔မွာ ကိုယ္ေပ်ာက္ႏိုင္တဲ့ အေၾကးခြံတစ္ခု ရွိလို႔ တဲ့။ လမိုက္ညမွာ သူ႔ရဲ႕ အေၾကးခြံတစ္ခုခ်င္းကို ေဆးႀကိမ္လုံးနဲ႔ တို႔ၾကည့္၊စြမ္းတဲ့အေၾကးခြံကို ေထာက္မိရင္ ေကာင္းကင္မွာ ၾကယ္ေတြလေတြ ျမင္ရတယ္ တဲ့။

အဲဒီအေၾကးခြံကို ျဖဳတ္ယူၿပီး ေဆာင္ထားရင္ ကိုယ္ေပ်ာက္တယ္ တဲ့။ ယုံတမ္းစကား ရွိတယ္။ကြၽန္ေတာ္တို႔ကေတာ့ လက္ေတြ႕ အသုံးခ်ပါတယ္။ သင္းေခြခ်ပ္အေၾကးခြံကို လက္စြပ္ထြင္းဝတ္ၾကတယ္။ ဂစ္တာလက္ခတ္ လုပ္ၾကတယ္။

တခ်ိဳ႕လည္း အေပါက္ေဖာက္ၿပီး လည္ပင္းမွာ အလွဆြဲၾကတယ္။ ႏိုင္ငံျခားက သူေဌးေတြကေတာ့ လက္ကိုင္အိတ္ လုပ္ၾကတယ္ တဲ့။အခုေတာ့ ဒီသတၱဝါေလးေတြလည္း သိပ္မေတြ႕ရေတာ့ပါဘူး။ ရွားပါးလာၿပီ။ မၾကာခင္ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမယ္လို႔ေတာင္ ထင္မိပါတယ္။

Credit

Unicode

တောထဲမှာနာမည်ခေါ်ရင် သင်းခွေချပ်ကမှတ်ထားပြီးပြန်ခေါ်တယ် ပြန်ထူးမိရင်သေတတ်တယ်ဆိုတဲ့ ယုံတမ်းစကား

ရိုးမပေါ်တက်ပြီး သစ်ခုတ်ဝါးခုတ်ကြတဲ့သူတွေ အချင်းချင်းလူစုကွဲကြတဲ့အခါ အူသံပေးပြီး ဆက်သွယ်ကြပါတယ်။တောထဲမှာ နာမည် မခေါ်ရဘူး။ခေါ်မိရင် သင်းခွေချပ်က မှတ်ထားပြီး အဲဒီနာမည်ကို ခေါ်တတ်တယ်။ ပြန်ထူးမိရင် သေတာပဲတဲ့။

သင်းခွေချပ်ကို Pangolin လို့ခေါ်ပါတယ်။ အာရှတိုက်နဲ့ အာဖရိကတောင်ပိုင်းမှာ တွေ့ရတယ်။ ပုရွက်စားကောင်မျိုးပါ။ခြတွေ၊ ပုရွက်ဆိတ်တွေကို စားတယ်။ တစ်ကိုယ်လုံး အကြေးခွံမာတွေပြည့်နေတယ်။ သူ့မှာ သွားတွေ မရှိဘူး။

သင်းခွေချပ်က အန္တရာယ်နဲ့ကြုံလာရင် ထွက်မပြေးတတ်ဘူး။ ခေါင်းကို အထဲမှာထားပြီး တစ်ကိုယ်လုံးကို လုံးပစ်လိုက်တာ။အဲဒါကြောင့် သင်းခွေချပ်တွေ့ရင် လန့်အောင်သာ ခြောက်ပေးလိုက်။ လုံးသွားရင် အသာလေး ကောက်ယူလိုက်ရုံပဲ။

တရုတ်တို့၊ ဗီယက်နမ်တို့မှာ သင်းခွေချပ်သားကို ဈေးကြီးပေးစားကြတယ်။တရုတ်တိုင်းရင်းဆေးဆရာတွေက သင်းခွေချပ် အခွံတွေကို အရောင်လျော့ဆေးတွေ၊ ကင်ဆာပျောက်ဆေးတွေ ဖော်ကြတယ်။

ဒါကြောင့် သင်းခွေချပ်ဟာ ဈေးကောင်းရတယ်။ မှောင်ခိုဈေးကွက် ရှိတယ်။သင်းခွေချပ်တစ်ကောင် ဖမ်းမိလာပြီဆိုရင် သေတ္တာထဲထည့်ပြီး သော့ခတ်ထားတာတောင် ညဘက်ရောက်ရင် ပျောက်သွားတတ်တယ်လို့ ဆိုကြပါတယ်။

သူ့မှာ ကိုယ်ပျောက်နိုင်တဲ့ အကြေးခွံတစ်ခု ရှိလို့ တဲ့။ လမိုက်ညမှာ သူ့ရဲ့ အကြေးခွံတစ်ခုချင်းကို ဆေးကြိမ်လုံးနဲ့ တို့ကြည့်၊စွမ်းတဲ့အကြေးခွံကို ထောက်မိရင် ကောင်းကင်မှာ ကြယ်တွေလတွေ မြင်ရတယ် တဲ့။

အဲဒီအကြေးခွံကို ဖြုတ်ယူပြီး ဆောင်ထားရင် ကိုယ်ပျောက်တယ် တဲ့။ ယုံတမ်းစကား ရှိတယ်။ကျွန်တော်တို့ကတော့ လက်တွေ့ အသုံးချပါတယ်။ သင်းခွေချပ်အကြေးခွံကို လက်စွပ်ထွင်းဝတ်ကြတယ်။ ဂစ်တာလက်ခတ် လုပ်ကြတယ်။

တချို့လည်း အပေါက်ဖောက်ပြီး လည်ပင်းမှာ အလှဆွဲကြတယ်။ နိုင်ငံခြားက သူဌေးတွေကတော့ လက်ကိုင်အိတ် လုပ်ကြတယ် တဲ့။အခုတော့ ဒီသတ္တဝါလေးတွေလည်း သိပ်မတွေ့ရတော့ပါဘူး။ ရှားပါးလာပြီ။ မကြာခင် မျိုးသုဉ်းပျောက်ကွယ်သွားမယ်လို့တောင် ထင်မိပါတယ်။

Credit