ပုသိမ္မွာ ဆံပင္တစ္ပိသာ က်ပ္သိန္း၂ဝေလာက္ရေနျပီး ေ႐ႊေဈးနီးပါးျဖစ္ေန….

Zawgyi

ပုသိမ္မွာ ဆံပင္တစ္ပိသာ က်ပ္သိန္း၂ဝေလာက္ရေနျပီး ေ႐ႊေဈးနီးပါးျဖစ္ေန….

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ျပည္ပပို႔ကုန္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ဆံပင္ေစ်းကြက္မွာ လက္ရွိ တစ္ပိသာ အတိုအရွည္လိုက္ၿပီး က်ပ္ ႏွစ္သိန္းခြဲမွ က်ပ္ သိန္း ၂၀ ဝန္းက်င္အေရာင္းအဝယ္ျဖစ္ေနေၾကာင္း ပုသိမ္ၿမိဳ႕ရွိ ဆံပင္ေရာင္းဝယ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။

ဆံပင္ေစ်းကြက္မွာ ယခင္က မူဆယ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔သာအဓိက တင္ပို႔ေရာင္းခ်မႈရွိခဲ့ေသာ္လည္း ယခုႏွစ္ပိုင္းေစ်းကြက္ေျပာင္းလဲသြားၿပီး ျပည္တြင္းတြင္ေနထိုင္ေသာ ျပည္ပႏိုင္ငံသားမ်ားႏွင့္ ျပည္ပႏိုင္ငံမ်ားမွ အဝယ္ဒိုင္သို႔ တိုက္႐ိုက္ခ်ိတ္ဆက္ကာ ဝယ္ယူၾကေၾကာင္း သိရပါတယ္။

ဆံပင္ေစ်းႏႈန္းမွာ ၿပီးခဲ့သည့္ ေလးငါးႏွစ္ခန႔္က တစ္ပိႆာကို က်ပ္ တစ္သိန္းမွ ေျခာက္သိန္း ေစ်းကြက္အတြင္းရွိၿပီး ယခုေပါက္ေစ်းမွာ ယခင္ထက္ မ်ားစြာျမင့္တက္မႈရွိေၾကာင္း သိရပါတယ္။

ဆံပင္ဝယ္ယူရာတြင္ ကြၽတ္စ၊ အပြအ႐ိုင္းႏွင့္ အတိုအရွည္ လက္မဆိုဒ္မ်ားမွာ ၁၂ လက္မ မွ ၃၂ လက္မအထက္ လက္မအတိုအရွည္လိုက္ၿပီး တစ္ပိႆာကို က်ပ္ႏွစ္သိန္းခြဲမွ က်ပ္ သိန္း ၂၀ ခန႔္ အေရာင္းအဝယ္ ျပဳလုပ္ေၾကာင္း သိရပါတယ္။

ဆံပင္ေရာင္းဝယ္ေရးလုပ္ငန္းမ်ားအေနျဖင့္ ဝယ္ယူထားေသာဆံပင္ကုန္ၾကမ္းကို ဆပ္ျပာျဖင့္ေရသန႔္စင္ေဆးကာ ေနပူလွန္းၿပီး အတိုအရွည္ဆိုဒ္ခြဲ၍ ျပည္တြင္းေစ်းကြက္တြင္ ပိႆာခ်ိန္ ျပည္ပေစ်းကြက္တြင္ ကီလိုႏွင့္ေရာင္းခ်ရေၾကာင္း သိရပါတယ္။

ျပည္ပေစ်းကြက္တြင္ဆံပင္ကို ႐ုပ္ရွင္ကားမ်ားတြင္ ဆံတု၊ ဆံထုံး၊ မုတ္ဆိတ္ေမြး၊ ပါးသိုင္းေမြးအတုျပဳလုပ္ၾကၿပီး အလွကုန္ပစၥည္းကိရိယာအျဖစ္ ျပဳျပင္ၿပီးလည္း အသုံးျပဳၾကေၾကာင္း သိရပါတယ္။

ခရက္ဒစ္

unicode

ပုသိမ်မှာ ဆံပင်တစ်ပိသာ ကျပ်သိန်း၂ဝလောက်ရနေပြီး ရွှေဈေးနီးပါးဖြစ်နေ….

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဆံပင်ဈေးကွက်မှာ လက်ရှိ တစ်ပိသာ အတိုအရှည်လိုက်ပြီး ကျပ် နှစ်သိန်းခွဲမှ ကျပ် သိန်း ၂၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်နေကြောင်း ပုသိမ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။

ဆံပင်ဈေးကွက်မှာ ယခင်က မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့သာအဓိက တင်ပို့ရောင်းချမှုရှိခဲ့သော်လည်း ယခုနှစ်ပိုင်းဈေးကွက်ပြောင်းလဲသွားပြီး ပြည်တွင်းတွင်နေထိုင်သော ပြည်ပနိုင်ငံသားများနှင့် ပြည်ပနိုင်ငံများမှ အဝယ်ဒိုင်သို့ တိုက်ရိုက်ချိတ်ဆက်ကာ ဝယ်ယူကြကြောင်း သိရပါတယ်။

ဆံပင်ဈေးနှုန်းမှာ ပြီးခဲ့သည့် လေးငါးနှစ်ခန့်က တစ်ပိဿာကို ကျပ် တစ်သိန်းမှ ခြောက်သိန်း ဈေးကွက်အတွင်းရှိပြီး ယခုပေါက်ဈေးမှာ ယခင်ထက် များစွာမြင့်တက်မှုရှိကြောင်း သိရပါတယ်။

ဆံပင်ဝယ်ယူရာတွင် ကျွတ်စ၊ အပွအရိုင်းနှင့် အတိုအရှည် လက်မဆိုဒ်များမှာ ၁၂ လက်မ မှ ၃၂ လက်မအထက် လက်မအတိုအရှည်လိုက်ပြီး တစ်ပိဿာကို ကျပ်နှစ်သိန်းခွဲမှ ကျပ် သိန်း ၂၀ ခန့် အရောင်းအဝယ် ပြုလုပ်ကြောင်း သိရပါတယ်။

ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းများအနေဖြင့် ဝယ်ယူထားသောဆံပင်ကုန်ကြမ်းကို ဆပ်ပြာဖြင့်ရေသန့်စင်ဆေးကာ နေပူလှန်းပြီး အတိုအရှည်ဆိုဒ်ခွဲ၍ ပြည်တွင်းဈေးကွက်တွင် ပိဿာချိန် ပြည်ပဈေးကွက်တွင် ကီလိုနှင့်ရောင်းချရကြောင်း သိရပါတယ်။

ပြည်ပဈေးကွက်တွင်ဆံပင်ကို ရုပ်ရှင်ကားများတွင် ဆံတု၊ ဆံထုံး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးအတုပြုလုပ်ကြပြီး အလှကုန်ပစ္စည်းကိရိယာအဖြစ် ပြုပြင်ပြီးလည်း အသုံးပြုကြကြောင်း သိရပါတယ်။

ခရက်ဒစ်