သံပုရာသီးေရာင္းလို႔ ရတဲ့ပိုက္ဆံနဲ႔ လမ္းေဘးေၾကာင္ေလးေတြကို အစာဝယ္ေကြၽးေလ့ရွိတဲ့ အိမ္ေျခရာမဲ့အမ်ိဳးသားတစ္ဦး

Zawgyi

သံပုရာသီးေရာင္းလို႔ ရတဲ့ပိုက္ဆံနဲ႔ လမ္းေဘးေၾကာင္ေလးေတြကို အစာဝယ္ေကြၽးေလ့ရွိတဲ့ အိမ္ေျခရာမဲ့အမ်ိဳးသားတစ္ဦး

ထိုင္းႏိုင္ငံရွိ Loong Dum အမည္ရွိအိုးမဲ့အိမ္မဲ့အမ်ိဳးသားတစ္ဦးဟာလမ္းေတြေပၚမွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၿပီး ရထားဘူတာမွာဘဲအိပ္ေလ့ရွိပါတယ္။ Loong Dum ဟာ သူ႔ဘဝအခက္အခဲမ်ားၾကားမွ အတတ္ႏိုင္ဆုံးရွင္သန္ေနထိုင္ႏိုင္ရန္အတြက္ သံပုရာသီးေတြကိုေရာင္းခ်ပါတယ္။

Loong Dum ဟာ မိမိဝင္ေငြအားလုံးကိုမျဖဳန္းဘဲ လမ္းေပၚရွိ ေလလြင့္ေနတဲ့ေၾကာင္မ်ားစြာအတြက္ အစားအစာေတြဝယ္ေပးဖို႔ သူ႔ရဲ႕ဝင္ေငြအခ်ိဳ႕ကို အသုံးျပဳေလ့ရွိပါတယ္။

Loong ဟာ မ်ားေသာအားျဖင့္ ကိုယ့္အတြက္ကို အရင္မေတြးဘဲလမ္းေဘးေၾကာင္ေတြကို အရင္ဆုံးဂ႐ုစိုက္ေပးေလ့ရွိပါတယ္။Loong ဟာဘယ္လိုလူတန္းစားဘဲျဖစ္​ေနျဖစ္ေန မည္သူမဆို ေကာင္းတဲ့အရာေတြလုပ္ႏိုင္ေၾကာင္းကို ကမာၻႀကီးအား ျပသခဲ့ပါတယ္။

Warunta Wattanasupachoke အမည္ရွိအမ်ိဳးသမီးဟာ သူမရဲ႕သံပုရာသီးအခ်ိဳ႕ကို ၀ယ္ယူေလ့တဲ့ Loong ရဲ႕ဇာတ္ေၾကာင္းကို online ေပၚ မွ်ေဝေပးခဲ့ၿပီးေနာက္ လူအမ်ားက တိရိစာၦန္ေတြအေပၚထားတဲ့ Loong ရဲ႕ၾကင္နာမႈကို သတိျပဳမိသြားခဲ့ၾကပါတယ္။

Warunta က လူအမ်ားအား Loong ရဲ႕ သံပုရာသီးေတြကို ၀ယ္ယူအားေပးၾကရန္ သူမကိုယ္တိုင္ႀကိဳးပမ္းေပးခဲ့ၿပီးေနာက္ လူအမ်ားက Loong ႏွင့္သူခ်စ္ျမတ္ႏိုးတဲ့လမ္းေဘးအိမ္ေမြးတိရိစာၦန္မ်ားအတြက္ အစားအစာမ်ားစြာကို ေထာက္ပံ့ေပးခဲ့ၾကသလိုလူတစ္ေယာက္ကလည္း Loong ကိုဆံပင္ညႇပ္ေပးခဲ့ပါေသးတယ္။

Warunta က Loong ဟာ အိုးမဲ့အိမ္မဲ့ျဖစ္တာေၾကာင့္ ၾကမ္းတမ္းတဲ့အသြင္ရွိေပမဲ့လည္း သူ႔မွာႀကီးမားတဲ့ႏွလုံးသားတစ္စုံရွိတယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။

crd

Unicode

သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်လေးတွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး

ထိုင်းနိုင်ငံရှိ Loong Dum အမည်ရှိအိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးဟာလမ်းတွေပေါ်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ရထားဘူတာမှာဘဲအိပ်လေ့ရှိပါတယ်။ Loong Dum ဟာ သူ့ဘဝအခက်အခဲများကြားမှ အတတ်နိုင်ဆုံးရှင်သန်နေထိုင်နိုင်ရန်အတွက် သံပုရာသီးတွေကိုရောင်းချပါတယ်။

Loong Dum ဟာ မိမိဝင်ငွေအားလုံးကိုမဖြုန်းဘဲ လမ်းပေါ်ရှိ လေလွင့်နေတဲ့ကြောင်များစွာအတွက် အစားအစာတွေဝယ်ပေးဖို့ သူ့ရဲ့ဝင်ငွေအချို့ကို အသုံးပြုလေ့ရှိပါတယ်။

Loong ဟာ များသောအားဖြင့် ကိုယ့်အတွက်ကို အရင်မတွေးဘဲလမ်းဘေးကြောင်တွေကို အရင်ဆုံးဂရုစိုက်ပေးလေ့ရှိပါတယ်။Loong ဟာဘယ်လိုလူတန်းစားဘဲဖြစ်နေဖြစ်နေ မည်သူမဆို ကောင်းတဲ့အရာတွေလုပ်နိုင်ကြောင်းကို ကမ္ဘာကြီးအား ပြသခဲ့ပါတယ်။

Warunta Wattanasupachoke အမည်ရှိအမျိုးသမီးဟာ သူမရဲ့သံပုရာသီးအချို့ကို ဝယ်ယူလေ့တဲ့ Loong ရဲ့ဇာတ်ကြောင်းကို online ပေါ် မျှဝေပေးခဲ့ပြီးနောက် လူအများက တိရိစ္ဆာန်တွေအပေါ်ထားတဲ့ Loong ရဲ့ကြင်နာမှုကို သတိပြုမိသွားခဲ့ကြပါတယ်။

Warunta က လူအများအား Loong ရဲ့ သံပုရာသီးတွေကို ဝယ်ယူအားပေးကြရန် သူမကိုယ်တိုင်ကြိုးပမ်းပေးခဲ့ပြီးနောက် လူအများက Loong နှင့်သူချစ်မြတ်နိုးတဲ့လမ်းဘေးအိမ်မွေးတိရိစ္ဆာန်များအတွက် အစားအစာများစွာကို ထောက်ပံ့ပေးခဲ့ကြသလိုလူတစ်ယောက်ကလည်း Loong ကိုဆံပင်ညှပ်ပေးခဲ့ပါသေးတယ်။

Warunta က Loong ဟာ အိုးမဲ့အိမ်မဲ့ဖြစ်တာကြောင့် ကြမ်းတမ်းတဲ့အသွင်ရှိပေမဲ့လည်း သူ့မှာကြီးမားတဲ့နှလုံးသားတစ်စုံရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

crd