
Zawgyi








Credit

unicode

ခင်ပွန်းနှင့် အတူရှိနေစဉ် ဖားပြုပ်မှ ထမီထဲဝင်ပြီး ကိုက်၍ ဖားအဆိပ်တက်မှုဖြစ်ပွား….

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်းကျေးရွာအုပ်စု၊ ရွာမ(၁)တွင်မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က ဖားမြုပ်အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးေ.သ.ဆုံးသွားရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖားပြုပ်ကိုက်ခံရ၍ ေ.သဆုံးသွားရသည့်ဖြစ်စဉ်ကြောင့် ေ.သဆုံးသွားရသူ အမျိုးသမီး၏ အလောင်းကို နေအိမ်တွင် ထားရှိပြီး ရပ်ရွာနာရေးအတိုင်း သဂြိုလ်သွားရန်လည်း စီစဉ်ထားပြီးပြီဖြစ်ကြောင်းသိရသည်။

” သူ့ထမီအောက်မှာ အကောင်တစ်ကောင်ရှိတယ်လို့ ပြောလို့ ကျွန်တော်က သူ့ထမီကိုလှန်ကြည့်လိုက်တော့ ဖားတစ်ကောင်ထွက်လာတယ်။ ခဏနေတော့ တင်ပါးမှာ စပ်ဖျင်းစပ်ဖျင်း ဖြစ်လာတယ်ပြောလို့ ကြည့်လိုက်တော့

ေ.သွးတွေစို့နေပြီး ဖုလုံးနှစ်လုံးထွက်လာသလို အောင့်တယ်အောင့်တယ် ပြောလို့ ညနေ (၄)နာရီမှာ ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူဖို့တင်လိုက်တယ်၊။ ဆေးရုံမှာလည်း မြွေဆိပ်ဖြေဆေးသာရှိပြီး ဖားဆိပ်ဖြေဆေးမရှိသေးဘူးလို့ဆရာမတွေ ပြောပြချက်အရ သိရပါတယ် ” ဟု

ကွယ်.လွန်သူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးဖြိုးသူရက ပြောသည်။ေ.သဆုံးသူ မစုစုဝင်း အသက် (၂၆)နှစ်သည် ဧပြီလ (၁၇)ရက်တွင် နေအိမ်၌ ခင်ပွန်းနှင့် အတူရှိနေစဉ် ဖားပြုပ်မှ ထမီထဲဝင်ပြီး တင်ပါးကို အ.ကိုက်ခံရ၍ ဖျာပုံဆေးရုံကြီးသို တက်ရောက်

ဆေးကုသမှုခံယူရာမှ ည (၇)နာရီအချိန်ခန့်တွင် ဖားအဆိပ်တက်၍ ေ.သ.ဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ဖားပြုပ်ကိုက်ခံခဲ့ရ၍ မေ.သဆုံးမှီတွင် ရင်ပူခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူး၊ မျက်စိပြာ၊ နာခေါင်းအဝမှ အမြှုပ်များထွက်ခြင်းတို့ ရှိခဲ့ကြောင်းလည်း သိရသည်။

Credit