စကားထစ္တဲ့ျပသနာေျကာင့္ အႀကိမ္ႀကိမ္ ျငင္းပယ္ခံရၿပီး ရႈံးနိမ့္မႈမ်ားစြာ ရင္ဆိုင္ခဲ့ၿပီး ေနာက္ ကမာၻေက်ာ္သ႐ုပ္ေဆာင္ျဖစ္လာခဲ့ရတဲ့ မစၥတာဘင္း

Zawgyi

ရႈံးနိမ့္မႈမ်ားစြာ ရင္ဆိုင္ခဲ့ရၿပီးမွ ကမာၻေက်ာ္သ႐ုပ္ေဆာင္ျဖစ္လာခဲ့ရတဲ့ မစၥတာဘင္း

မစၥတာဘင္းလို႔ လူအမ်ားကေခၚတဲ့ ဟာသသ႐ုပ္ေဆာင္မင္းသား၊ စာေရးဆရာ ႐ိုဝမ္အက္ကင္ဆန္အတြက္ ကမာၻေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာဖို႔ လြယ္ကူခဲ့တာေတာ့မဟုတ္ပါဘူး။

က်ရႈံးမႈေတြ၊ ျငင္းပယ္ခံရမႈေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္ခဲ့ရတယ္။ အႀကိမ္ေပါင္းမ်ားစြာ က်ရႈံးခဲ့ေပမဲ့ ဘယ္ေတာ့မွ အရႈံးမေပးခဲ့ဘဲ သူ ဝါသနာပါရာကို ဆက္လက္ႀကိဳးစားၿပီး ေအာင္ျမင္ေအာင္ လုပ္ခဲ့တယ္။႐ိုဝမ္အက္ကင္ဆန္ရဲ႕ဘဝအစကို ေျပာရရင္ သူဟာ လူလတ္တန္းစားမိသားစုက​ေနေမြးဖြားခဲ့တယ္။

ငယ္စဥ္ကေလးဘဝမွာ စကားေျပာခ်ိဳ႕ယြင္းခဲ့တယ္။ ဒါက သူ႔ငယ္ဘဝနဲ႔ အသက္ေမြးဝမ္းေၾကာင္းဘဝကို ခက္ခဲေစခဲ့တယ္။သူ စကားထစ္တဲ့အတြက္ အလြန္ဒုကၡေရာက္ခဲ့ရတယ္။ သူ႔႐ုပ္ရည္နဲ႔ စကားေျပာခ်ိဳ႕ယြင္းမႈေၾကာင့္ အၿမဲ အႏိုင္က်င့္ေလွာင္ေျပာင္ခံခဲ့ရတယ္။ အဲဒါေၾကာင့္ပဲ သူ ေၾကာက္႐ြံ႕ၿပီး တြန္႔ဆုတ္တက္လာတယ္။

သူငယ္ခ်င္းအမ်ားႀကီးမရွိဘဲ ပစ္ပယ္ခံရတာေၾကာင့္ အထီးက်န္ဆန္ခဲ့ရတယ္။႐ိုဝမ္က သိပၸံပညာကို အရမ္းစိတ္ပါဝင္စားခဲ့တဲ့အတြက္ အဲဒီနယ္ပယ္မွာ အသက္ေမြးဝမ္းေက်ာင္းျပဳမယ္လို႔ ဆုံးျဖတ္ခဲ့တယ္။ သူ႔ဆရာတစ္ေယာက္ကဆိုရင္ “သူနဲ႔ပတ္သက္ၿပီး ဘာမွထူးထူးျခားျခားမရွိဘူး။

သူ႔ကို အံ့ၾသရေလာက္တဲ့ သိပၸံပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ ကြၽန္ေတာ္ တကယ္မေမွ်ာ္လင့္ဘူး”တဲ့။ ေအာက္စဖို႔ဒ္တကၠသိုလ္မွာ ဝင္ခြင့္ရတဲ့အခ်ိန္မွာ သူ႔ကို အထင္ေသး၊ အျမင္ေသးနဲ႔ ပစ္ပယ္ခဲ့တဲ့ လူတိုင္း မွားယြင္းတယ္ဆိုတာ သက္ေသျပခဲ့တယ္။

ေအာက္စဖို႔ဒ္မွာ ေက်ာင္းတက္ေနစဥ္အတြင္း သူ သ႐ုပ္ေဆာင္ပိုင္းစိတ္ဝင္စားတယ္ဆိုတာ စတင္နားလည္လာခဲ့တယ္။ ဒါေပမဲ့ သ႐ုပ္ေဆာင္လုပ္ၾကည့္ဖို႔ အရမ္းစိတ္အားထက္သန္ခဲ့ေပမဲ့ စကားထစ္တာက သူ႔လမ္းေၾကာင္းမွာ အႀကီးမားဆုံးအဟန႔္အတားျဖစ္ခဲ့တယ္။

ဒါေၾကာင့္ သ႐ုပ္ေဆာင္တာကို ခဏေဘးဖယ္ထားၿပီး လွ်ပ္စစ္အင္ဂ်င္နီယာေမဂ်ာနဲ႔ မဟာဘြဲ႕ရေအာင္ ဆက္လက္ႀကိဳးစားခဲ့တယ္။ မဟာဘြဲ႕ရၿပီးတဲ့ေနာက္ သ႐ုပ္ေဆာင္တာက သူ တကယ္လုပ္ခ်င္တဲ့အရာဆိုတာကို သိခဲ့တယ္။သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြေနာက္လိုက္ဖို႔ ႀကိဳးစားခဲ့တယ္။

ဟာသအဖြဲ႕တစ္ဖြဲ႕မွာ သူကိုယ္တိုင္ စာရင္းသြင္းခဲ့ေပမဲ့ သူ႔အတြက္ စကားထစ္တာက အတားအဆီးျဖစ္ခဲ့ျပန္တယ္။ဒီအတားအဆီးကို ေက်ာ္လႊားဖို႔ အလြန္ခက္ခဲတယ္ဆိုတာ သိရွိသြားခဲ့တယ္။ အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ခဲ့ရေပမဲ့ ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္ထားခဲ့တယ္။ တီဗီရႈိးေပါင္းမ်ားစြာအတြက္ အသံ၊သ႐ုပ္စစ္ေဆးမႈခံယူခဲ့ေပမဲ့ ပယ္ခ်ခံခဲ့ရတယ္။

သူ႔မွာ စကားထစ္တဲ့ျပႆနာအျပင္ ေခ်ာေမာတဲ့မ်က္ႏွာအသြင္အျပင္နဲ႔ ၾကည့္ေကာင္းတဲ့ခႏၶာကိုယ္အခ်ိဳးအစားမရွိတဲ့အတြက္ေၾကာင့္ ဆက္ၿပီး ျငင္းပယ္ခံခဲ့ရတယ္။႐ိုဝမ္က သူ ျဖစ္ခ်င္တဲ့အရာကို ဆက္လက္ထိန္းထားၿပီး သူ႔အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားခဲ့တယ္။

သူက လူေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစဖို႔ ရည္႐ြယ္ခဲ့တယ္။ ႏွစ္ေတာ္ေတာ္ၾကာ မဆုတ္မနစ္ႀကိဳးစားအားထုတ္မႈေၾကာင့္ အဲဒီအရာကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့တယ္။ အႀကိမ္ႀကိမ္ ျငင္းပယ္ခံရၿပီးတဲ့ေနာက္ မူရင္းဟာသဇာတ္လမ္းတိုေတြကို ဖန္တီးခဲ့တယ္။

႐ိုဝမ္က ဇာတ္ေကာင္တခ်ိဳ႕တေလကို သ႐ုပ္ေဆာင္တဲ့အခါဆိုရင္ေတာ့ စကားမထစ္ဘဲ ေကာင္းေကာင္းေျပာႏိုင္တယ္။ အဲဒါက သူ သ႐ုပ္ေဆာင္လုပ္ဖို႔အတြက္ လႈံ႕ေဆာ္မႈတစ္ခုျဖစ္ခဲ့တယ္။ အဲဒီလိုနဲ႔ ႐ိုဝမ္ရဲ႕ဘဝ ေျပာင္းလဲသြားခဲ့တယ္။

အခက္အခဲအတားအဆီးေတြ၊ ျငင္းပယ္ခံရမႈေတြ ႀကဳံခဲ့ရေပမဲ့ သူ႔အိပ္မက္ကို ဆက္လက္အေကာင္အထည္ေဖာ္ခဲ့တယ္။ သူ႔ရဲ႕ကိုယ္ပိုင္ရႈိး “မစၥတာဘင္း” စတင္ခဲ့တဲ့အခ်ိန္မွာ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့တယ္။ မစၥတာဘင္းက ထူးျခားၿပီး စကားမေျပာတဲ့ ဇာတ္ေကာင္ျဖစ္တယ္။

ဒါေပမဲ့ အဲဒီလိုဇာတ္ေကာင္နဲ႔ေတာင္ ကမာၻ႔တစ္ဝွမ္းမွာ ေအာင္ျမင္မႈရတယ္ဆိုတာကို သက္ေသျပခဲ့တယ္။ သူ႔အိပ္မက္ေတြအေပၚ ယုံၾကည္ခ်က္ထားဖို႔ ဘယ္ေတာ့မွ ပင္ပန္းတယ္လို႔ မရွိခဲ့ဘူး။သူ႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းမွာ အတက္အက်ေတြရွိခဲ့ေပမဲ့ ေနာက္မဆုတ္ဘဲ ေရွ႕ဆက္သြားခဲ့လို႔ အသားတင္ပိုင္ဆိုင္မႈ ေဒၚလာ သန္း ၁၅၀ ရွိတဲ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္ျဖစ္လာခဲ့တာပါပဲ။

႐ိုဝမ္က “ဝိုင္းပယ္ခံရျခင္း” ကို “နာက်င္ေစဖို႔ တစ္စုံတစ္ေယာက္ကို ရွာေဖြေနတဲ့ ရက္စက္ဆိုးသြမ္းတဲ့လူအုပ္ႀကီး” နဲ႔ ႏႈိင္းယွဥ္ထားပါတယ္။႐ိုဝမ္ေပးတဲ့ ဘဝသင္ခန္းစာက “ဘဝမွာ ေအာင္ျမင္ဖို႔အတြက္ အေရးႀကီးဆုံးအရာေတြက ႀကိဳးစားအားထုတ္မႈ၊ ဇြဲလုံ႔လရွိမႈ၊ အလြယ္တကူ အရႈံးမေပးမႈေတြပါ။

တကယ္လိုအပ္တာကေတာ့ ႀကိဳးစားအားထုတ္မႈပါပဲ။ ဘဝကို ေၾကာက္႐ြံမႈ၊ အားနည္းခ်က္ေတြနဲ႔ မဖ်က္ဆီးမိပါေစနဲ႔။ဒါေတြကို ေက်ာ္လႊားၿပီး ပိုေကာင္းေအာင္လုပ္ပါ။ ႀကိဳးစားအားထုတ္မႈေတြက တစ္ေန႔က်ရင္ ေသခ်ာေပါက္ ေအာင္ျမင္လာေစမွာပါ”တဲ့။

Credit original writer

unicode

ရှုံးနိမ့်မှုများစွာ ရင်ဆိုင်ခဲ့ရပြီးမှ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာခဲ့ရတဲ့ မစ္စတာဘင်း

မစ္စတာဘင်းလို့ လူအများကခေါ်တဲ့ ဟာသသရုပ်ဆောင်မင်းသား၊ စာရေးဆရာ ရိုဝမ်အက်ကင်ဆန်အတွက် ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။

ကျရှုံးမှုတွေ၊ ငြင်းပယ်ခံရမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတယ်။ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပေမဲ့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ သူ ဝါသနာပါရာကို ဆက်လက်ကြိုးစားပြီး အောင်မြင်အောင် လုပ်ခဲ့တယ်။ရိုဝမ်အက်ကင်ဆန်ရဲ့ဘဝအစကို ပြောရရင် သူဟာ လူလတ်တန်းစားမိသားစုကနေမွေးဖွားခဲ့တယ်။

ငယ်စဉ်ကလေးဘဝမှာ စကားပြောချို့ယွင်းခဲ့တယ်။ ဒါက သူ့ငယ်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းဘဝကို ခက်ခဲစေခဲ့တယ်။သူ စကားထစ်တဲ့အတွက် အလွန်ဒုက္ခရောက်ခဲ့ရတယ်။ သူ့ရုပ်ရည်နဲ့ စကားပြောချို့ယွင်းမှုကြောင့် အမြဲ အနိုင်ကျင့်လှောင်ပြောင်ခံခဲ့ရတယ်။ အဲဒါကြောင့်ပဲ သူ ကြောက်ရွံ့ပြီး တွန့်ဆုတ်တက်လာတယ်။

သူငယ်ချင်းအများကြီးမရှိဘဲ ပစ်ပယ်ခံရတာကြောင့် အထီးကျန်ဆန်ခဲ့ရတယ်။ရိုဝမ်က သိပ္ပံပညာကို အရမ်းစိတ်ပါဝင်စားခဲ့တဲ့အတွက် အဲဒီနယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ဆရာတစ်ယောက်ကဆိုရင် “သူနဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြားမရှိဘူး။

သူ့ကို အံ့သြရလောက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာဖို့ ကျွန်တော် တကယ်မမျှော်လင့်ဘူး”တဲ့။ အောက်စဖို့ဒ်တက္ကသိုလ်မှာ ဝင်ခွင့်ရတဲ့အချိန်မှာ သူ့ကို အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်ခဲ့တဲ့ လူတိုင်း မှားယွင်းတယ်ဆိုတာ သက်သေပြခဲ့တယ်။

အောက်စဖို့ဒ်မှာ ကျောင်းတက်နေစဉ်အတွင်း သူ သရုပ်ဆောင်ပိုင်းစိတ်ဝင်စားတယ်ဆိုတာ စတင်နားလည်လာခဲ့တယ်။ ဒါပေမဲ့ သရုပ်ဆောင်လုပ်ကြည့်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ပေမဲ့ စကားထစ်တာက သူ့လမ်းကြောင်းမှာ အကြီးမားဆုံးအဟန့်အတားဖြစ်ခဲ့တယ်။

ဒါကြောင့် သရုပ်ဆောင်တာကို ခဏဘေးဖယ်ထားပြီး လျှပ်စစ်အင်ဂျင်နီယာမေဂျာနဲ့ မဟာဘွဲ့ရအောင် ဆက်လက်ကြိုးစားခဲ့တယ်။ မဟာဘွဲ့ရပြီးတဲ့နောက် သရုပ်ဆောင်တာက သူ တကယ်လုပ်ချင်တဲ့အရာဆိုတာကို သိခဲ့တယ်။သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တွေနောက်လိုက်ဖို့ ကြိုးစားခဲ့တယ်။

ဟာသအဖွဲ့တစ်ဖွဲ့မှာ သူကိုယ်တိုင် စာရင်းသွင်းခဲ့ပေမဲ့ သူ့အတွက် စကားထစ်တာက အတားအဆီးဖြစ်ခဲ့ပြန်တယ်။ဒီအတားအဆီးကို ကျော်လွှားဖို့ အလွန်ခက်ခဲတယ်ဆိုတာ သိရှိသွားခဲ့တယ်။ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ထားခဲ့တယ်။ တီဗီရှိုးပေါင်းများစွာအတွက် အသံ၊သရုပ်စစ်ဆေးမှုခံယူခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်။

သူ့မှာ စကားထစ်တဲ့ပြဿနာအပြင် ချောမောတဲ့မျက်နှာအသွင်အပြင်နဲ့ ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အချိုးအစားမရှိတဲ့အတွက်ကြောင့် ဆက်ပြီး ငြင်းပယ်ခံခဲ့ရတယ်။ရိုဝမ်က သူ ဖြစ်ချင်တဲ့အရာကို ဆက်လက်ထိန်းထားပြီး သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်။

သူက လူတွေကို ရယ်မောပျော်ရွှင်စေဖို့ ရည်ရွယ်ခဲ့တယ်။ နှစ်တော်တော်ကြာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုကြောင့် အဲဒီအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။ အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးတဲ့နောက် မူရင်းဟာသဇာတ်လမ်းတိုတွေကို ဖန်တီးခဲ့တယ်။

ရိုဝမ်က ဇာတ်ကောင်တချို့တလေကို သရုပ်ဆောင်တဲ့အခါဆိုရင်တော့ စကားမထစ်ဘဲ ကောင်းကောင်းပြောနိုင်တယ်။ အဲဒါက သူ သရုပ်ဆောင်လုပ်ဖို့အတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ ရိုဝမ်ရဲ့ဘဝ ပြောင်းလဲသွားခဲ့တယ်။

အခက်အခဲအတားအဆီးတွေ၊ ငြင်းပယ်ခံရမှုတွေ ကြုံခဲ့ရပေမဲ့ သူ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်ရှိုး “မစ္စတာဘင်း” စတင်ခဲ့တဲ့အချိန်မှာ အောင်မြင်မှုများစွာ ရရှိခဲ့တယ်။ မစ္စတာဘင်းက ထူးခြားပြီး စကားမပြောတဲ့ ဇာတ်ကောင်ဖြစ်တယ်။

ဒါပေမဲ့ အဲဒီလိုဇာတ်ကောင်နဲ့တောင် ကမ္ဘာ့တစ်ဝှမ်းမှာ အောင်မြင်မှုရတယ်ဆိုတာကို သက်သေပြခဲ့တယ်။ သူ့အိပ်မက်တွေအပေါ် ယုံကြည်ချက်ထားဖို့ ဘယ်တော့မှ ပင်ပန်းတယ်လို့ မရှိခဲ့ဘူး။သူ့ရဲ့အသက်မွေးဝမ်းကြောင်းမှာ အတက်အကျတွေရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရှေ့ဆက်သွားခဲ့လို့ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၁၅၀ ရှိတဲ့ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာခဲ့တာပါပဲ။

ရိုဝမ်က “ဝိုင်းပယ်ခံရခြင်း” ကို “နာကျင်စေဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ ရက်စက်ဆိုးသွမ်းတဲ့လူအုပ်ကြီး” နဲ့ နှိုင်းယှဉ်ထားပါတယ်။ရိုဝမ်ပေးတဲ့ ဘဝသင်ခန်းစာက “ဘဝမှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးအရာတွေက ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှု၊ အလွယ်တကူ အရှုံးမပေးမှုတွေပါ။

တကယ်လိုအပ်တာကတော့ ကြိုးစားအားထုတ်မှုပါပဲ။ ဘဝကို ကြောက်ရွံမှု၊ အားနည်းချက်တွေနဲ့ မဖျက်ဆီးမိပါစေနဲ့။ဒါတွေကို ကျော်လွှားပြီး ပိုကောင်းအောင်လုပ်ပါ။ ကြိုးစားအားထုတ်မှုတွေက တစ်နေ့ကျရင် သေချာပေါက် အောင်မြင်လာစေမှာပါ”တဲ့။

Credit original writer