ဝယ္သူမ်ားေနတဲ့ ေ႐ႊႏွင့္စိန္အမႈန႔္တို႔ျဖင့္ျပဳလုပ္ထားေသာ ေဒၚလာ ၂,၈၀၀ တန္ဖိုးရွိ ကမာၻ႔ေစ်းအႀကီးဆုံး ဆပ္ျပာတုံး….
Zawgyi
ဝယ္သူမ်ားေနတဲ့ ေ႐ႊႏွင့္စိန္အမႈန႔္တို႔ျဖင့္ျပဳလုပ္ထားေသာ ေဒၚလာ ၂,၈၀၀ တန္ဖိုးရွိ ကမာၻ႔ေစ်းအႀကီးဆုံး ဆပ္ျပာတုံး….
အခုေဖာ္ျပမဲ့ မိသားစုပိုင္ ဆပ္ျပာကုမၸဏီဟာ လြန္ခဲ့တဲ့ ၁၅ရာစုေလာက္ကတည္းက ဆပ္ျပာမ်ားထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ လက္ရွိတြင္ ၎ဟာ ကမာၻေပၚတြင္ေစ်းအႀကီးဆုံးဆပ္ျပာတုံးကို ထုတ္လုပ္ေနေၾကာင္းသိရၿပီး သတင္းမ်ားအရ ၎ဆပ္ျပာတစ္တုံးဟာ ေဒၚလာ ၂,၈၀၀ တန္ဖိုးက်သင့္ပါတယ္။
BaderHassan & Sons တို႔ရဲ႕ လက္လုပ္ဆပ္ျပာ brand ျဖစ္တဲ့ ၎ Khan Al Saboun brand ကုမၸဏီဟာ Lebanon ႏိုင္ငံ Tripoli ၿမိဳ႕မွာ အေျခစိုက္ၿပီး ၎တို႔ကုမၸဏီမွာ ဇိမ္ခံဆပ္ျပာမ်ိဳးစုံအျပင္ သဘာဝရနံ႔မ်ားႏွင့္မရွိမျဖစ္လိုအပ္တဲ့အဆီတို႔ပါ၀င္တဲ့ အသားအေရထိန္းသိမ္းတဲ့ပစၥည္းမ်ားကိုလည္း ထုတ္လုပ္ၿပီး
၎ထုတ္ကုန္မ်ားကို Dubai ၿမိဳ႕ႏွင့္ UAE ႏိုင္ငံရွိ နာမည္အႀကီးဆုံးအလွအပဆိုင္ေတြမွာ ရရွိႏိုင္ပါတယ္။အျခားတစ္ဖက္မွာ ေစ်းအႀကီးဆုံးကုန္စည္မ်ားကိုလည္း VIPs မ်ားႏွင့္အထူးဧည့္သည္မ်ားအတြက္ သီးသန႔္ထုတ္လုပ္ေပးတာေၾကာင့္ ဝယ္သူလည္း မ်ားျပားလ်က္ရွိေနပါတယ္။
၎ဆပ္ျပာတုံးကို ၂၀၁၃ ခုႏွစ္က Qatar ႏိုင္ငံရဲ႕သမၼတကေတာ္အတြက္လက္ေဆာင္တစ္မ်ိဳးအျဖစ္ ဖန္တီးထုတ္လုပ္ခဲ့ဖူးၿပီး ၎ကို ေငြေၾကးအကုန္အက်မ်ားတဲ့ ေ႐ႊႏွင့္စိန္မႈန႔္ကိုအသုံးျပဳကာ ျပဳလုပ္ထားခဲ့ျခင္းျဖစ္ပါတယ္။
၎ဆပ္ျပာတုံးဟာ ဒိန္ခဲတစ္တုံးႏွင့္တူၿပီး၊ အထူးသျဖင့္ ေစ်းႀကီးသလို အညစ္အေၾကးမ်ားကိုလည္း အမွန္တကယ္ သန္႔စင္ေစပါတယ္။ထို႔အျပင္ ၎ဆပ္ျပာတုံးအား လက္ခံသူအမည္ႏွင့္ စိတ္ႀကိဳက္ ျပင္ဆင္ေပးၿပီး ၎ဆပ္ျပာတုံးကို ၂၄ ကာရက္ ႏွင့္ ၁၇ ဂရမ္ အေလးခ်ိန္ရွိတဲ့ေ႐ႊကို သုံးၿပီး အလွဆင္ထားပါတယ္။
ေစ်းအႀကီးဆုံးဇိမ္ခံပစၥည္းျဖစ္တဲ့၎ဆပ္ျပာတုံးက ဘာေၾကာင့္ ၾကမ္းတမ္းတဲ့အသားအရည္ကို ျဖစ္ေစတာလဲလို႔ BBC သတင္းက ၂၀၁၅ ခုႏွစ္မွာ ပထမဆုံးအစီရင္ခံစာမွာ ေမးျမန္းေျပာၾကားခဲ့ေပမဲ့ ကုမၸဏီရဲ႕ CEO ျဖစ္တဲ့ Amir Hasen က ဆပ္ျပာတုံးဟာ အေရျပားကိုမထိခိုက္ေစႏိုင္ေၾကာင္း ျပန္ရွင္းျပထားခဲ့ပါတယ္။
၎ဆပ္ျပာတုံးကို ၂၄ ကာရက္ရွိတဲ့ေ႐ႊအေလးခ်ိန္ ၁၇ ဂရမ္ႏွင့္ အလွဆင္ထားတဲ့အျပင္ ဆပ္ျပာတုံးမွာ စိန္မႈန႔္ အနည္းငယ္၊ ေအာ္ဂဲနစ္ပ်ားရည္၊ သံလြင္ဆီစစ္စစ္၊ date မ်ား ႏွင့္ aged oud တို႔လည္း ပါ၀င္ေနပါတယ္။
Credit
Unicode
ဝယ်သူများနေတဲ့ ရွှေနှင့်စိန်အမှုန့်တို့ဖြင့်ပြုလုပ်ထားသော ဒေါ်လာ ၂,၈၀၀ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ဆပ်ပြာတုံး….
အခုဖော်ပြမဲ့ မိသားစုပိုင် ဆပ်ပြာကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကတည်းက ဆပ်ပြာများထုတ်လုပ်ရောင်းချခဲ့ပါတယ်။ လက်ရှိတွင် ၎င်းဟာ ကမ္ဘာပေါ်တွင်ဈေးအကြီးဆုံးဆပ်ပြာတုံးကို ထုတ်လုပ်နေကြောင်းသိရပြီး သတင်းများအရ ၎င်းဆပ်ပြာတစ်တုံးဟာ ဒေါ်လာ ၂,၈၀၀ တန်ဖိုးကျသင့်ပါတယ်။
BaderHassan & Sons တို့ရဲ့ လက်လုပ်ဆပ်ပြာ brand ဖြစ်တဲ့ ၎င်း Khan Al Saboun brand ကုမ္ပဏီဟာ Lebanon နိုင်ငံ Tripoli မြို့မှာ အခြေစိုက်ပြီး ၎င်းတို့ကုမ္ပဏီမှာ ဇိမ်ခံဆပ်ပြာမျိုးစုံအပြင် သဘာဝရနံ့များနှင့်မရှိမဖြစ်လိုအပ်တဲ့အဆီတို့ပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းများကိုလည်း ထုတ်လုပ်ပြီး
၎င်းထုတ်ကုန်များကို Dubai မြို့နှင့် UAE နိုင်ငံရှိ နာမည်အကြီးဆုံးအလှအပဆိုင်တွေမှာ ရရှိနိုင်ပါတယ်။အခြားတစ်ဖက်မှာ ဈေးအကြီးဆုံးကုန်စည်များကိုလည်း VIPs များနှင့်အထူးဧည့်သည်များအတွက် သီးသန့်ထုတ်လုပ်ပေးတာကြောင့် ဝယ်သူလည်း များပြားလျက်ရှိနေပါတယ်။
၎င်းဆပ်ပြာတုံးကို ၂၀၁၃ ခုနှစ်က Qatar နိုင်ငံရဲ့သမ္မတကတော်အတွက်လက်ဆောင်တစ်မျိုးအဖြစ် ဖန်တီးထုတ်လုပ်ခဲ့ဖူးပြီး ၎င်းကို ငွေကြေးအကုန်အကျများတဲ့ ရွှေနှင့်စိန်မှုန့်ကိုအသုံးပြုကာ ပြုလုပ်ထားခဲ့ခြင်းဖြစ်ပါတယ်။
၎င်းဆပ်ပြာတုံးဟာ ဒိန်ခဲတစ်တုံးနှင့်တူပြီး၊ အထူးသဖြင့် ဈေးကြီးသလို အညစ်အကြေးများကိုလည်း အမှန်တကယ် သန့်စင်စေပါတယ်။ထို့အပြင် ၎င်းဆပ်ပြာတုံးအား လက်ခံသူအမည်နှင့် စိတ်ကြိုက် ပြင်ဆင်ပေးပြီး ၎င်းဆပ်ပြာတုံးကို ၂၄ ကာရက် နှင့် ၁၇ ဂရမ် အလေးချိန်ရှိတဲ့ရွှေကို သုံးပြီး အလှဆင်ထားပါတယ်။
ဈေးအကြီးဆုံးဇိမ်ခံပစ္စည်းဖြစ်တဲ့၎င်းဆပ်ပြာတုံးက ဘာကြောင့် ကြမ်းတမ်းတဲ့အသားအရည်ကို ဖြစ်စေတာလဲလို့ BBC သတင်းက ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအစီရင်ခံစာမှာ မေးမြန်းပြောကြားခဲ့ပေမဲ့ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Amir Hasen က ဆပ်ပြာတုံးဟာ အရေပြားကိုမထိခိုက်စေနိုင်ကြောင်း ပြန်ရှင်းပြထားခဲ့ပါတယ်။
၎င်းဆပ်ပြာတုံးကို ၂၄ ကာရက်ရှိတဲ့ရွှေအလေးချိန် ၁၇ ဂရမ်နှင့် အလှဆင်ထားတဲ့အပြင် ဆပ်ပြာတုံးမှာ စိန်မှုန့် အနည်းငယ်၊ အော်ဂဲနစ်ပျားရည်၊ သံလွင်ဆီစစ်စစ်၊ date များ နှင့် aged oud တို့လည်း ပါဝင်နေပါတယ်။
Credit