၅၀၀ က်ပ္တန္ ထမင္းဆိုင္၊ ေရတက္ငါးစင္႐ိုင္းနဲ႔ လႉေတာ့လႉတယ္ လြဲေနတဲ့ ေ႐ႊျမန္မာမ်ား

Zawgyi

၅၀၀ က်ပ္တန္ ထမင္းဆိုင္၊ ေရတက္ငါးစင္႐ိုင္းနဲ႔ လႉေတာ့ လႉတယ္ လြဲေနတဲ့ ေ႐ႊျမန္မာမ်ား (လႉတတ္ၾကပါေစ လႉႏိုင္ၾကပါေစ )

၅၀၀ က်ပ္တန္ ထမင္းဆိုင္၊ ေရတက္ငါးစင္႐ိုင္းနဲ႔ လႉေတာ့ လႉတယ္ လြဲေနတဲ့ ေ႐ႊျမန္မာမ်ား လႉတတ္ၾကပါေစ လႉႏိုင္ၾကပါေစေရးသားသူ – တင္ၫြန႔္ ကြၽန္ေတာ္တို႔ ျမန္မာေတြကို ေရတက္ ငါးစင္႐ိုင္းႏွင့္ ႏႈိင္းျခင္းခံရလွ်င္ နာပါသည္။

အဘယ္ေၾကာင့္နည္းဘာမဆို ဝုန္းဝုန္းဆိုၿပီး လိုက္လုပ္ၾက၊ ၿပီးလွ်င္ ရပ္သြားၾကဆိုသည့္ သေဘာျဖစ္ေနေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ ကြၽန္ေတာ္ မခံခ်င္။ သို႔ေသာ္ ေျပာစရာကား ျဖစ္ေနသည္ေန႔လယ္စာေသတၱာေတြကို တီထြင္ၾကသည္။ အၿပိဳင္အဆိုင္ လမ္းေဘးေတြမွာ ေသတၱာလွလွေလး ေတြကိုထား၊ မုန႔္ေတြထည့္၊ ေရသန႔္ဘူးေတြထည့္ၾကသည္။

သို႔ေသာ္ ယူျပန္ေတာ့လည္း ဓာတ္ပုံေတြ ႐ိုက္ကာ အရွက္ခြဲၾကျပန္သည္။ ယူသူေတြကလည္း အခြင့္အေရးတစ္ခုဟု ယူဆကာ မညႇာမတာယူၾက သည္။ ေနာက္လူအတြက္ ကိုယ္ခ်င္းစာစိတ္မထား။ ဤသည္ကို ျမန္မာ့စိတ္ထားဟု ေျပာျခင္း အေပၚလည္း ခံျပင္းမိသည္။

ဆင္းရဲၾကသည္။ ပညာမဲ့ၾကသည္။ စဥ္းစားေတြးေခၚျခင္းမျပဳႏိုင္။ ေက်ာင္းေတြကမသင္။ မွ်ေဝျခင္း၊ ကူညီျခင္း၊ ေပးေဝျခင္းကို စိတ္ထားရွိသူေတြက လုပ္ၾကေသာ္လည္း ထိုသို႔ေသာ စိတ္ထားမရွိသူေတြက မ်ားေနေသာအခါတြင္ ကုသိုလ္က အကုသိုလ္ျဖစ္ကုန္သည္။ေနာက္တစ္ခါ လာျပန္သည္ ၅၀၀ တန္ ေန႔လယ္စာအစီအစဥ္။

သာဓုေခၚမိသည္။ မရွိသူေတြအတြက္ စားၾကပါေစဆိုသည့္ ေစတနာျဖင့္ ၅၀၀ မွ်မကတန္ေသာ ထမင္းႏွင့္ ဟင္းမ်ားကို ၅၀၀ က်ပ္ႏွင့္ ေရာင္းၾကသည္။ ျမန္မာစကားတြင္ မလႉတတ္လွ်င္ေဈးေရာင္းဆိုသည့္ အဆိုေလးတစ္ခုရွိသည္။ ဟိုေနရာလည္းေရာင္း၊ သည္ေနရာလည္းေရာင္း၊ တန္းစီကာ အားေပးၾကသည္မွာ ဝမ္းသာပီတိျဖစ္မိ ပါသည္။

သို႔ေသာ္ တျဖည္းျဖည္း မွိန္ကုန္သည္။ မွိန္ၿပီးလွ်င္ ေန႔လယ္စာေသတၱာေတြလို ေပ်ာက္သြားမည္ကို စိုးရိမ္မိသည္။ ျမန္မာေတြ ေစတနာထက္သန္ၾကပါသည္။ အလႉအတန္း ရက္ေရာၾကပါသည္။ သို႔ေသာ္ ေရရွည္ခံမည့္၊ အက်ိဳးလည္း တကယ္ရွိမည့္ အလႉမ်ိဳးကို စဥ္းစားၾကေစခ်င္သည္။

ကြၽန္ေတာ္က လမ္းေလွ်ာက္ၿပီးျပန္လာလွ်င္ ထမင္းေၾကာ္စားေလ့ရွိသည္။ ထမင္းေၾကာ္ဆိုင္တြင္ ၾကက္ဥေၾကာ္ႏွင့္ပင္ ၈၀၀ က်ပ္ျဖစ္ေနသည္။ အသားႏွင့္ဆိုလွ်င္ ၁၀၀၀ က်ပ္ယူသည္။ ေဈးေတြတက္ ကုန္သည္။ မုန႔္ဟင္းခါးတစ္ပြဲက အေၾကာ္မပါ တစ္ပြဲ ၅၀၀ ျဖစ္လာသည္။ မဝသျဖင့္ ပါဆယ္ဆြဲလာ၊ အိမ္ေရာက္မွ ထမင္းႏွင့္ေရာကာစားရသည္။

ထိုသို႔ေသာ အခ်ိန္မ်ိဳးတြင္

ထမင္းတစ္ပြဲ ၅၀၀ ေရာင္းျခင္းမွာ ေတာ္႐ုံ ေစတနာ၊ ေတာ္႐ုံ ေမတၱာႏွင့္မရ ႏိုင္ပါ။ သို႔ေသာ္ စားသူကစားသြားၿပီး ေနာက္ပိုင္းေရရွည္ေတာင့္မခံႏိုင္လွ်င္ ရည္႐ြယ္ခ်က္ေကာင္းေသာ ေစတနာအလႉမွာ ပ်က္သြားပါက ရွက္စရာျဖစ္ေတာ့မည္။ နည္းလမ္းရွာသင့္ၿပီ။ကြၽန္ေတာ္တို႔ ျမန္မာေတြ ယခုမွ ပိုၿပီးညီၫြတ္လာၾကသည္။

ေသြးစည္းလာၾကသည္။ လက္တြဲလာၾက သည္။ သို႔ေသာ္ ေရရွည္အက်ိဳးကို ေမွ်ာ္ကိုးၾကလွ်င္ ေကာင္းမည္ထင္ပါသည္။ ေရရွည္ အက်ိဳးရွိမည့္ အလႉမ်ိဳးကို လႉၾကေစခ်င္သည္။ၾကားဖူး ဖတ္ဖူးသည့္ အေၾကာင္းအရာတစ္ခုကို မွ်ေဝခ်င္ပါသည္။ ဘရာဇီးလ္ႏိုင္ငံတြင္ အလြန္ခ်မ္းသာေသာ သူေဌးႀကီးတစ္ေယာက္ရွိသည္။ သူက တစ္ေန႔တြင္ ဤသို႔ ေၾကညာခ်က္ထုတ္ျပန္သည္။

“ကြၽႏ္ုပ္ပိုင္ဆိုင္ေသာ ေဒၚလာ သန္းခ်ီတန္သည့္ ဘင့္တ္ေလကားအား ကြၽႏ္ုပ္ေသလွ်င္ ေျမႀကီးထဲ၌ အတူတူျမႇဳပ္ပါမည္။ ေနာင္ဘဝတြင္ ကြၽႏ္ုပ္အေနျဖင့္ ထိုကားကိုစီးႏိုင္ရန္ျဖစ္သည္” ဟူ၏။ထိုသတင္းကိုၾကားသည့္အခါတြင္ မီဒီယာေတြကလည္း သူ႔ကို အာ႐ုံစိုက္လာၾကသည္။

ထို႔ျပင္ ေဝဖန္မႈ ေတြကလည္း ျမင့္တက္လာသည္။“သက္သက္ျဖဳန္းတီးတာပဲ” “ဒီေလာက္အဖိုးတန္တာႀကီးကို ေရာင္းၿပီးေတာ့ လႉခဲ့ပါလား” “ေသရင္ကိုယ့္ေနာက္ပါမွာလား” စသည္ျဖင့္ အမ်ိဳးမ်ိဳးေျပာဆိုၾကပါသည္။ထို႔ေၾကာင့္ သူေဌးႀကီးသည္ မီဒီယာႏွင့္ေတြ႕ဆုံပြဲကို တစ္ေန႔တြင္ ျပဳလုပ္သည္။ မီဒီယာေတြေရာ လူေတြကေရာ စိတ္ဝင္စားစြာျဖင့္ ရွင္းလင္းပြဲလုပ္မည့္ သခ်ႋဳင္းကို ေရာက္လာၾကသည္။

သခ်ႋဳင္းတြင္ ကားတစ္စီးစာဝင္ဆန႔္မည္ ေျမက်င္းႀကီးကို တူးထားသည္။ သူႏွင့္အတူ ျမႇဳပ္ႏွံေပးရန္ ဆိုသည့္ ဘင့္တ္ေလ ကားႀကီးကိုလည္း ေျမက်င္းအနီးတြင္ ျပသထားသည္။သူေဌးႀကီးက ေရာက္လာၿပီး “က်ဳပ္ … ဒီေဒၚလာသန္းခ်ီတန္တဲ့ ကားႀကီးကို တကယ္ပဲ ေျမထဲျမႇဳပ္မယ္ထင္ၾကသလား”

သူ႔ေမးခြန္းေၾကာင့္ အားလုံး စိတ္ဝင္စားကာ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္သည္။ သူကဆက္ေျပာသည္“က်ဳပ္ ဒီကားႀကီးကို အတူတူျမႇဳပ္မယ္ေျပာေတာ့ ခင္ဗ်ားတို႔ ျပစ္တင္ေဝဖန္ၾကတယ္ေလ … ေဒၚလာ တစ္သန္းတန္ကားႀကီးကို ဘာျဖစ္လို႔ ျမႇဳပ္မွာလဲ … အဓိပၸာယ္မရွိဘူးေပါ့”သူက နားလိုက္ၿပီးမွ ဆက္ေျပာသည္ “ခင္ဗ်ားတို႔လည္း အဖိုးတန္တာေတြကို အလကား ေျမျမႇဳပ္ပစ္ေနၾကတာပဲ မဟုတ္လား”

မီဒီယာသမားမ်ားကို စိတ္ဝင္စားသျဖင့္ ေမးၾကသည္။ “သူေဌးႀကီး ဘာေတြကို အလကားျမႇဳပ္ပစ္ေနၾကလို႔လဲ”“ႏွလုံးေတြ၊ အသည္းေတြ၊ အဆုတ္ေတြ၊ မ်က္လုံးေတြ၊ ေက်ာက္ကပ္ေတြေလ … ေသၿပီပဲဗ်ာ ခင္ဗ်ားတို႔ ဘာျဖစ္လို႔ အလကားျဖစ္ေအာင္ လုပ္ၾကတာလဲ။

ေလာကႀကီးမွာ အသည္း၊ ႏွလုံး၊ ေက်ာက္ကပ္၊ မ်က္လုံး ေတြကို အစားထိုးဖို႔ ေစာင့္ေနတဲ့သူေတြ အမ်ားႀကီးဗ်။ ခင္ဗ်ားတို႔ရဲ႕ ေကာင္းမြန္တဲ့ ကိုယ္ခႏၶာ အစိတ္ အပိုင္းေတြဟာ လိုအပ္သူေတြအတြက္ တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ တန္ဖိုးႀကီးပါတယ္။ ေသသူက ေသသြားၿပီဆိုေပမယ့္ … ကယ္တင္ႏိုင္တဲ့ အသက္ေတြ အမ်ားႀကီးပါ”

အမွန္ေတာ့သူေဌးႀကီးသည္ ကိုယ္ခႏၶာအစိတ္အပိုင္းမ်ားကို လႉဒါန္းရန္အတြက္ ထိုသို႔ပြဲျဖစ္ရန္ စီစဥ္ျခင္း ျဖစ္သည္။မည္သူ႔ကိုလႉသင့္သည္ မည္မွ်လႉသင့္သည္ မည္သို႔လႉသင့္သည္ မည္သည့္ေနရာကိုလႉသင့္သည္ ေျပာစရာမလိုဟု ထင္ပါသည္။

သို႔ေသာ္ လႉသင့္ လႉထိုက္ေသာအလႉ၊ ကူသင့္ကူထိုက္ေသာအလႉ ေပးသင့္ ေပးထိုက္ေသာအလႉ၊ ေကြၽးသင့္ ေကြၽးထိုက္ေသာအလႉမ်ိဳး ျဖစ္လွ်င္ ပိုေကာင္းမည္ထင္ပါသည္။

ေရနစ္သူအတြက္ ေကာက္႐ိုးေလးတစ္မွ်င္ ျဖစ္လွ်င္ ပိုေကာင္းပါသည္ေရရွည္အက်ိဳး ေမွ်ာ္ကိုးၾကပါ ေရာက္သင့္သည့္ေနရာ ေရာက္ပါေစ လိုသည့္ေနရာေတြကို လိုအပ္တာေတြေရာက္ပါေစ လႉတတ္ၾကပါေစေၾကာင္း ဆုေတာင္းပါသည္။

တင္ၫြန႔္ ၄.၁.၂၀၂၂

Unicode

၅၀၀ ကျပ်တန် ထမင်းဆိုင်၊ ရေတက်ငါးစင်ရိုင်းနဲ့ လှူတော့ လှူတယ် လွဲနေတဲ့ ရွှေမြန်မာများ (လှူတတ်ကြပါစေ လှူနိုင်ကြပါစေ )

၅၀၀ ကျပ်တန် ထမင်းဆိုင်၊ ရေတက်ငါးစင်ရိုင်းနဲ့ လှူတော့ လှူတယ် လွဲနေတဲ့ ရွှေမြန်မာများ လှူတတ်ကြပါစေ လှူနိုင်ကြပါစေရေးသားသူ – တင်ညွန့် ကျွန်တော်တို့ မြန်မာတွေကို ရေတက် ငါးစင်ရိုင်းနှင့် နှိုင်းခြင်းခံရလျှင် နာပါသည်။

အဘယ်ကြောင့်နည်းဘာမဆို ဝုန်းဝုန်းဆိုပြီး လိုက်လုပ်ကြ၊ ပြီးလျှင် ရပ်သွားကြဆိုသည့် သဘောဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကျွန်တော် မခံချင်။ သို့သော် ပြောစရာကား ဖြစ်နေသည်နေ့လယ်စာသေတ္တာတွေကို တီထွင်ကြသည်။ အပြိုင်အဆိုင် လမ်းဘေးတွေမှာ သေတ္တာလှလှလေး တွေကိုထား၊ မုန့်တွေထည့်၊ ရေသန့်ဘူးတွေထည့်ကြသည်။

သို့သော် ယူပြန်တော့လည်း ဓာတ်ပုံတွေ ရိုက်ကာ အရှက်ခွဲကြပြန်သည်။ ယူသူတွေကလည်း အခွင့်အရေးတစ်ခုဟု ယူဆကာ မညှာမတာယူကြ သည်။ နောက်လူအတွက် ကိုယ်ချင်းစာစိတ်မထား။ ဤသည်ကို မြန်မာ့စိတ်ထားဟု ပြောခြင်း အပေါ်လည်း ခံပြင်းမိသည်။

ဆင်းရဲကြသည်။ ပညာမဲ့ကြသည်။ စဉ်းစားတွေးခေါ်ခြင်းမပြုနိုင်။ ကျောင်းတွေကမသင်။ မျှဝေခြင်း၊ ကူညီခြင်း၊ ပေးဝေခြင်းကို စိတ်ထားရှိသူတွေက လုပ်ကြသော်လည်း ထိုသို့သော စိတ်ထားမရှိသူတွေက များနေသောအခါတွင် ကုသိုလ်က အကုသိုလ်ဖြစ်ကုန်သည်။နောက်တစ်ခါ လာပြန်သည် ၅၀၀ တန် နေ့လယ်စာအစီအစဉ်။

သာဓုခေါ်မိသည်။ မရှိသူတွေအတွက် စားကြပါစေဆိုသည့် စေတနာဖြင့် ၅၀၀ မျှမကတန်သော ထမင်းနှင့် ဟင်းများကို ၅၀၀ ကျပ်နှင့် ရောင်းကြသည်။ မြန်မာစကားတွင် မလှူတတ်လျှင်ဈေးရောင်းဆိုသည့် အဆိုလေးတစ်ခုရှိသည်။ ဟိုနေရာလည်းရောင်း၊ သည်နေရာလည်းရောင်း၊ တန်းစီကာ အားပေးကြသည်မှာ ဝမ်းသာပီတိဖြစ်မိ ပါသည်။

သို့သော် တဖြည်းဖြည်း မှိန်ကုန်သည်။ မှိန်ပြီးလျှင် နေ့လယ်စာသေတ္တာတွေလို ပျောက်သွားမည်ကို စိုးရိမ်မိသည်။ မြန်မာတွေ စေတနာထက်သန်ကြပါသည်။ အလှူအတန်း ရက်ရောကြပါသည်။ သို့သော် ရေရှည်ခံမည့်၊ အကျိုးလည်း တကယ်ရှိမည့် အလှူမျိုးကို စဉ်းစားကြစေချင်သည်။

ကျွန်တော်က လမ်းလျှောက်ပြီးပြန်လာလျှင် ထမင်းကြော်စားလေ့ရှိသည်။ ထမင်းကြော်ဆိုင်တွင် ကြက်ဥကြော်နှင့်ပင် ၈၀၀ ကျပ်ဖြစ်နေသည်။ အသားနှင့်ဆိုလျှင် ၁၀၀၀ ကျပ်ယူသည်။ ဈေးတွေတက် ကုန်သည်။ မုန့်ဟင်းခါးတစ်ပွဲက အကြော်မပါ တစ်ပွဲ ၅၀၀ ဖြစ်လာသည်။ မဝသဖြင့် ပါဆယ်ဆွဲလာ၊ အိမ်ရောက်မှ ထမင်းနှင့်ရောကာစားရသည်။

ထိုသို့သော အချိန်မျိုးတွင်

ထမင်းတစ်ပွဲ ၅၀၀ ရောင်းခြင်းမှာ တော်ရုံ စေတနာ၊ တော်ရုံ မေတ္တာနှင့်မရ နိုင်ပါ။ သို့သော် စားသူကစားသွားပြီး နောက်ပိုင်းရေရှည်တောင့်မခံနိုင်လျှင် ရည်ရွယ်ချက်ကောင်းသော စေတနာအလှူမှာ ပျက်သွားပါက ရှက်စရာဖြစ်တော့မည်။ နည်းလမ်းရှာသင့်ပြီ။ကျွန်တော်တို့ မြန်မာတွေ ယခုမှ ပိုပြီးညီညွတ်လာကြသည်။

သွေးစည်းလာကြသည်။ လက်တွဲလာကြ သည်။ သို့သော် ရေရှည်အကျိုးကို မျှော်ကိုးကြလျှင် ကောင်းမည်ထင်ပါသည်။ ရေရှည် အကျိုးရှိမည့် အလှူမျိုးကို လှူကြစေချင်သည်။ကြားဖူး ဖတ်ဖူးသည့် အကြောင်းအရာတစ်ခုကို မျှဝေချင်ပါသည်။ ဘရာဇီးလ်နိုင်ငံတွင် အလွန်ချမ်းသာသော သူဌေးကြီးတစ်ယောက်ရှိသည်။ သူက တစ်နေ့တွင် ဤသို့ ကြေညာချက်ထုတ်ပြန်သည်။

“ကျွန်ုပ်ပိုင်ဆိုင်သော ဒေါ်လာ သန်းချီတန်သည့် ဘင့်တ်လေကားအား ကျွန်ုပ်သေလျှင် မြေကြီးထဲ၌ အတူတူမြှုပ်ပါမည်။ နောင်ဘဝတွင် ကျွန်ုပ်အနေဖြင့် ထိုကားကိုစီးနိုင်ရန်ဖြစ်သည်” ဟူ၏။ထိုသတင်းကိုကြားသည့်အခါတွင် မီဒီယာတွေကလည်း သူ့ကို အာရုံစိုက်လာကြသည်။

ထို့ပြင် ဝေဖန်မှု တွေကလည်း မြင့်တက်လာသည်။“သက်သက်ဖြုန်းတီးတာပဲ” “ဒီလောက်အဖိုးတန်တာကြီးကို ရောင်းပြီးတော့ လှူခဲ့ပါလား” “သေရင်ကိုယ့်နောက်ပါမှာလား” စသည်ဖြင့် အမျိုးမျိုးပြောဆိုကြပါသည်။ထို့ကြောင့် သူဌေးကြီးသည် မီဒီယာနှင့်တွေ့ဆုံပွဲကို တစ်နေ့တွင် ပြုလုပ်သည်။ မီဒီယာတွေရော လူတွေကရော စိတ်ဝင်စားစွာဖြင့် ရှင်းလင်းပွဲလုပ်မည့် သင်္ချိုင်းကို ရောက်လာကြသည်။

သင်္ချိုင်းတွင် ကားတစ်စီးစာဝင်ဆန့်မည် မြေကျင်းကြီးကို တူးထားသည်။ သူနှင့်အတူ မြှုပ်နှံပေးရန် ဆိုသည့် ဘင့်တ်လေ ကားကြီးကိုလည်း မြေကျင်းအနီးတွင် ပြသထားသည်။သူဌေးကြီးက ရောက်လာပြီး “ကျုပ် … ဒီဒေါ်လာသန်းချီတန်တဲ့ ကားကြီးကို တကယ်ပဲ မြေထဲမြှုပ်မယ်ထင်ကြသလား”

သူ့မေးခွန်းကြောင့် အားလုံး စိတ်ဝင်စားကာ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ သူကဆက်ပြောသည်“ကျုပ် ဒီကားကြီးကို အတူတူမြှုပ်မယ်ပြောတော့ ခင်ဗျားတို့ ပြစ်တင်ဝေဖန်ကြတယ်လေ … ဒေါ်လာ တစ်သန်းတန်ကားကြီးကို ဘာဖြစ်လို့ မြှုပ်မှာလဲ … အဓိပ္ပာယ်မရှိဘူးပေါ့”သူက နားလိုက်ပြီးမှ ဆက်ပြောသည် “ခင်ဗျားတို့လည်း အဖိုးတန်တာတွေကို အလကား မြေမြှုပ်ပစ်နေကြတာပဲ မဟုတ်လား”

မီဒီယာသမားများကို စိတ်ဝင်စားသဖြင့် မေးကြသည်။ “သူဌေးကြီး ဘာတွေကို အလကားမြှုပ်ပစ်နေကြလို့လဲ”“နှလုံးတွေ၊ အသည်းတွေ၊ အဆုတ်တွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေလေ … သေပြီပဲဗျာ ခင်ဗျားတို့ ဘာဖြစ်လို့ အလကားဖြစ်အောင် လုပ်ကြတာလဲ။

လောကကြီးမှာ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ မျက်လုံး တွေကို အစားထိုးဖို့ စောင့်နေတဲ့သူတွေ အများကြီးဗျ။ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေဟာ လိုအပ်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ သေသူက သေသွားပြီဆိုပေမယ့် … ကယ်တင်နိုင်တဲ့ အသက်တွေ အများကြီးပါ”

အမှန်တော့သူဌေးကြီးသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းရန်အတွက် ထိုသို့ပွဲဖြစ်ရန် စီစဉ်ခြင်း ဖြစ်သည်။မည်သူ့ကိုလှူသင့်သည် မည်မျှလှူသင့်သည် မည်သို့လှူသင့်သည် မည်သည့်နေရာကိုလှူသင့်သည် ပြောစရာမလိုဟု ထင်ပါသည်။

သို့သော် လှူသင့် လှူထိုက်သောအလှူ၊ ကူသင့်ကူထိုက်သောအလှူ ပေးသင့် ပေးထိုက်သောအလှူ၊ ကျွေးသင့် ကျွေးထိုက်သောအလှူမျိုး ဖြစ်လျှင် ပိုကောင်းမည်ထင်ပါသည်။

ရေနစ်သူအတွက် ကောက်ရိုးလေးတစ်မျှင် ဖြစ်လျှင် ပိုကောင်းပါသည်ရေရှည်အကျိုး မျှော်ကိုးကြပါ ရောက်သင့်သည့်နေရာ ရောက်ပါစေ လိုသည့်နေရာတွေကို လိုအပ်တာတွေရောက်ပါစေ လှူတတ်ကြပါစေကြောင်း ဆုတောင်းပါသည်။

တင်ညွန့် ၄.၁.၂၀၂၂