Zawgyi
2.ဆားကြမ်း 50သား
ခရက်ဒစ်
unicode
မိမိအိမ်တင်အလွယ်တကူပြုလုပ်လို့ရတဲ့ ဆားဘဲဥ (ဆားရည်စိမ်နည်း)
1. ဘဲဥ 100လုံး ရေဆေးသန့်စင်ထားပါ။ သို့မဟုတ် ကြက်ဥ ကြိုက်နှစ်သက်ရာဥ
2.ဆားကြမ်း 50သား
3.ဥ100ဆန့်မည့် ဥစိမ်ရန် ကော်ဗူး/စင့်အိုး သန့်သန့်
4.ဆားရည်ကျိုရန် အိုးသန့်သန့် ဆီမပါရ အိုးထဲရေသန့်ထည့် ဆားထည့် ပွတ်နေအောင်ဆူပြီးရင် အအေးခံထား။
(ရေက ဥ100ကို စိမ်ထားနိုင်ယုံသာ. 4-5 လီတာလောက်၊ ရေးများသွားရင် ဥထဲဆားဝင်နှေးလို့ ရက်ကြာမယ်။ချင့်ချိန်ထည့်ပါ)
5. ရေအေးသွားရင် ဆားဘဲဥဖောက်မည့် ဗူး/အိုးထဲလောင်းထည့်ပါ ပြီးရင် သန့်စင်ထားသောဘဲဥကို တစ်လုံးချင်းစီ ဖြေးဖြေးထည့်ပါ။
ဥတွေအားလုံးဆားရည်ထဲ စိမ်နေရပါမယ်။ ဥတွေအထက် ဆားရည် 2လက်မလောက်ပိုထည့်ထားပါ။
6. ထားမည့်နေရာ နေမပူရ။ ထားပြီးရင် အတတ်နိုင်ဆုံး 10ရက်လောက် သွားမထိပါနဲ့။
7. အချိန် 2ပတ်လောက်ဆိုရင် တခေါက်လောက် လက်သန့်သန့်နဲ့ အပေါ်အောက် ဥတွေကို ဖြေးဖြေးမွှေပေးပါ. ဥထဲအငန်ညီမျှအောင်ပါ။
8. တစ်လလောက်ဆိုရင် စပြုတ်စားလို့ရပါပြီ။
9. အိမ်မှာတော့ 6 ပတ်လောက်ထိဘဲစိမ်ပါတယ် မကုန်ရင်လည်း ဥတွေထုပ်ပြီ ရေခဲသေတ္တာထဲ ဗူးလေးနဲ့ ထည့်ထားပါတယ်။
ရေခဲသေတ္တထဲ ထားဖို့နေရါမရှိရင် ဒီအတိုင်းစိမ်ထားပါ။
ဆားတော့ တော်တော်ငန်မယ်. ပုံမှန်အိမ်မှာတော့မငန်ခင် ကုန်တာဘဲ သို့မဟုတ် ဆားရည်နည်းနည်းယူလိုက်ပြီး ရေကျက်အေး ထပ်ဖြည့်ပေးပါ.
ဆန်ပြုတ်လေးနဲ့စား ကောင်းမှကောင်း ထမင်းဖြူလေးနဲ့စာ ရှယ် ငရုတ်သီး၊ဂျင်း၊ကြက်သွန်ဖြူထောင်းပြီးဥနဲ့နယ်ပြီးစာ ကောင်မှကောင်းဘဲမှတ်ချက်..အိမ်မှာလုပ်နေကျနည်းပါ မရောင်းပါ. သူများလုပ်တာနဲ့ တူချင်မှလည်းတူမယ် မသိပါ။
ခရက်ဒစ်