Zawgyi
Unicode
မိမိနေအိမ် လာဘ်လာဘအတွက် မြန်မာ့ရိုးရာ တိုတိုထွာထွာယတြာလေးများ
နေအိမ်တွေမှာအပူပင်များတဲ့အခါ ဖိနပ်အဟောင်း ၊ အစုတ်တွေစွန့်ပစ်ပါ ။ နေအိမ်ကိုသန့်ရှင်းရေးလေးလုပ်ပေးပါ။
စံပယ်ပန်းခြောက်ကလေးတွေကိုမီးရှို့ပြီး နေအိမ်ရဲ့ဧည့်ခန်း ၊ မီးဖိုချောင်မှာထားပေးပါ။
မီးဖိုချောင်မှာပင်စိမ်းပင်လေးစိုက်ထားတဲ့အခါ စားဝတ်နေရေးကံလေးကောင်းပါလိမ့်မယ်။
အလုပ်အင်တာဗျူးတွေသွားတဲ့အခါ ကော်ဖီလေးတစ်ခွက်ကိုဇွန်းလေးတပ် ၊ လက်ယာ ရစ်လေးမွှေနေရင်း
တစ်နေ့တာကျော်ဖြတ်ရမယ့် ကိစ္စလေးတွေအဆင်ပြေစေဖို့ဆုတောင်းပါ။ အခက်အခဲလျော့နေပါလိမ့်မယ်။
နေအိမ်သားတွေတစ်ဦးပြီးတစ်ဦးကျန်းမာရေး ညံ့တဲ့အခါ မီးသွေးလေးကို
အဝတ်စအမည်းလေးနဲ့ထုပ်ပြီးအိမ်အဝမှာထားခြင်း ၊ အိပ်ခန်းအတွင်းထားခြင်းပြုပေးပါ။
မကောင်းတာတွေကိုစုပ်ယူ နိုင်စွမ်းရှိတဲ့အပြင်ပရလောကအနှောင့်အယှက်ပါ ကင်းပါလိမ့်မယ်။
လမ်းခရီးသွားဖို့အခက်ကြုံတဲ့အခါ စီးနေကျဖိနပ်လေးကိုဗူးလေးတစ်ခုအတွင်း ဆားအနည်းငယ်နဲ့ထည့်ပြီးဆုတောင်းပါ။
မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်…။