ကပၸတိန္ ဂ်က္စပဲ႐ိုး ေခါင္းေပၚက ျမန္မာ့ငါးျပားေစ့ မိတ္ေဆြတို႔ သတိထားမိပါသလား

Zawgyi

ကပၸတိန္ ဂ်က္စပဲ႐ိုး ေခါင္းေပၚက ျမန္မာ့ငါးျပားေစ့

Pirate of the Carribean ဇာတ္ကားေတြထဲက ဇာတ္လိုက္ေက်ာ္ ပင္လယ္ဓားျပႀကီး ကပၸတိန္ဂ်က္စပဲ႐ိုးCaptain Jack Sparrow (Jonny Deep) နဖူးေပၚမွာ တြဲေလာင္းဆြဲထားတဲ့ သူ႔ရဲ႕အေဆာင္ေလးကို မိတ္ေဆြတို႔ သတိထားမိမွာပါ။

အဲ့သည့္အေဆာင္ေလးမွာ ပစၥည္း ၈ မ်ိဳးပါတဲ့အတြက္ Jack Sparrow’s piece of eight လို႔ေခၚပါတယ္။ ဒဂၤါးေလးတစ္ျပားပါၿပီး ပုတီးစိေလးေတြ သီထားပါတယ္။ Jack ပထမဆုံး ဓါးျမတိုက္ခဲ့တဲ့ ျပင္သစ္သေဘၤာက ရရွိတာျဖစ္ၿပီးဒဂၤါးေလးကို ကံေကာင္းေစတဲ့အေဆာင္အျဖစ္Jack က သူ႔နဖူးေခါင္းစီးမွာ အျမတ္တႏိုး ဆြဲထားပါသတဲ့။

ဒါမရွိရင္ Jack Sparrow ဘုန္းနိမ့္မယ္ဆိုတာ သိတဲ့ သူ႔ရန္သူေတြဟာ အဲ့ဒီအေဆာင္ေလးကို မရမက လိုက္လုပါတယ္။ Captain Jolly Roger ဆိုရင္ ေလာင္းကစားလုပ္ၿပီး လုဖူးပါတယ္။ ဒါေပမယ့္ သူမရခဲ့ပါဘူး။

ေနာက္ဆုံးေတာ့ At World’s End ထဲမွာ Jack ရဲ႕ အေဆာင္ေလးကို Hector Barbossa ျဖတ္ထုတ္လိုက္တာေၾကာင့္Jack ကံဆိုးသြားၿပီးေရဘဝဲႀကီး ခံတြင္းထဲကို သက္ဆင္းသြားရပါေတာ့တယ္။ ဒါက piece of eight အေၾကာင္းပါ။

စကားမစပ္!!! မိတ္ေဆြတို႔ သတိထားမိပါသလား ေသခ်ာၾကည့္ၾကည့္ပါအဲ့သည့္ ဒဂၤါးေလးဟာ ၁၉၆၂ ခုႏွစ္ထုတ္ ျမန္မာေငြ ငါးျပား ျဖစ္ေနပါတယ္ခင္ဗ်ာ

ကြၽန္ေတာ္လည္း တေလာက HD ၾကည့္မိမွ သတိထားမိတာပါဒါနဲ႔ internet မွာရွာၾကည့္ပါတယ္။ Disney က ဘာေျပာထားသလဲဆိုေတာ့ဒဂၤါးေလးက ထိုင္းက ေရွးေဟာင္း ဒဂၤါးေလးျဖစ္ၿပီး ပုတီးစိေလးေတြကေတာ့ ေမာ္႐ိုကိုကျဖစ္ပါတယ္တဲ့။

ကြၽန္ေတာ္လည္း တတ္စြမ္းသမွ် ယိုးဒယားဒဂၤါးေတြ ရွာၾကည့္ပါတယ္ပုံစံတူလုံးဝ မရွိပါခင္ဗ်ာ။ သူတို႔ ပိုက္ဆံေတြမွာ ထိုင္းဘုရင္ပုံနဲ႔ ေစတီပုထိုးပုံေတြသာ သြန္းေလာင္းပါတယ္ေကသရာဇာ ျခေသၤ့ပုံ မရွိပါဘူးေသခ်ာတိုက္ၾကည့္ပါ။ ဒါ ၁၉၆၂ ထုတ္ ျမန္မာ့ပိုက္ဆံ ငါးျပားသာျဖစ္ပါတယ္။

ဒါေၾကာင့္ ကမာၻေက်ာ္ Captain Jack Sparrow ဟာျမန္မာ့ငါးျပားကို တ႐ိုတေသ ခ်ိတ္ဆြဲ တိုက္ပြဲဝင္ခဲ့တာျဖစ္ၿပီးျမန္မာ့ငါးျပားမရွိေတာ့တဲ့အတြက္ သူကံဆိုးသြားရတာျဖစ္ေၾကာင္း ေျပာျပရင္း ငါးျပားရွင္ ျမန္မာလူမ်ိဳးတစ္ေယာက္ အေနနဲ႔သင္လည္း ဂုဏ္ယူႏိုင္ေၾကာင္းတင္ဆက္လိုက္ရပါတယ္ခင္ဗ်ာ။

Unicode

ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်က မြန်မာ့ငါးပြားစေ့

Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန်ဂျက်စပဲရိုးCaptain Jack Sparrow (Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ။

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow’s piece of eight လို့ခေါ်ပါတယ်။ ဒင်္ဂါးလေးတစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီးဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့။

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။ Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ်။ ဒါပေမယ့် သူမရခဲ့ပါဘူး။

နောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီးရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ်။ ဒါက piece of eight အကြောင်းပါ။

စကားမစပ်!!! မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါအဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါဒါနဲ့ internet မှာရှာကြည့်ပါတယ်။ Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုကဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ။ သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ်ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ။ ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးမြန်မာ့ငါးပြားမရှိတော့တဲ့အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။