ကိုယ္ဝန္ကို မေမြးဘဲ(၄၉) ႏွစ္ၾကာ လြယ္ထားလို႔ ေက်ာက္ျဖစ္သြားတဲ့ကေလး

Zawgyi

ကိုယ္ဝန္ကို မေမြးဘဲ(၄၉) ႏွစ္ၾကာ လြယ္ထားလို႔ ေက်ာက္ျဖစ္သြားတဲ့ကေလး

ကမာၻေပၚမွာ တစ္ခါတေလ သာမန္လို႔ မွတ္ယူလို႔မရတဲ့ အျဖစ္အပ်က္ေတြ ရွိပါတယ္။ Zahra Aboutalib အမည္ရအဖြားအိုဟာ သူမအသက္ 26 ႏွစ္ အ႐ြယ္တုန္းက ပထမဆုံးေဆာင္ခဲ့တဲ့ကိုယ္ဝန္ကို ေဆး႐ုံမွာ ခြဲစိတ္ေမြးဖြားဖို႔ ေခါင္းမာစြာ ျငင္းပယ္ခဲ့သူ ျဖစ္တယ္လို႔ Viral က ဆိုပါတယ္။

အခုဆို Zahara ဟာ အသက္ 75 ႏွစ္ ေက်ာ္အ႐ြယ္ေပါ့။ Zahara ဟာ သူမ ကိုယ္ဝန္ေဆာင္ခဲ့တယ္ဆိုတာကို သိရွိခဲ့ၿပီး ကိုယ္ဝန္အရင့္အမာရတဲ့အခါမွာေတာ့ ေဆး႐ုံကို သြားေရာက္ခဲ့ပါတယ္။ Casablanca မွာ ေနထိုင္သူျဖစ္ၿပီး 24 နာရီအတြင္း ကေလးကို သဘာဝအတိုင္း မေမြးႏိုင္ခဲ့တဲ့အတြက္ ေဒါက္တာေတြက C-Section မွာ ခြဲစိတ္ဖို႔ ျပင္ဆင္ပါတယ္။

ဒါေပမယ့္ သူမေရွ႕မွာ ခြဲစိတ္ေမြးဖြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ေမြးၿပီး မၾကာမီမွာ ေသဆုံးခဲ့ပါတယ္။ ဒီလိုအေျခအေနဟာအလြန္ေၾကာက္႐ြံ႕ေနတဲ့ Zahara အတြက္ေတာ့ ကေလးခြဲေမြးရမွာကို အလြန္ေၾကာက္႐ြံ႕သြားေစၿပီး ဘယ္သူေျဖာင္းဖ်မႈမွ် နားမဝင္ေတာ့တဲ့အထိပါ။

တကယ္ေတာ့ Zahara ရဲ႕ ကိုယ္ဝန္ဟာ သားအိမ္အျပင္ဘက္မွာတည္ခဲ့တဲ့ကိုယ္ဝန္မို႔ ခြဲမေမြးဘဲနဲ႔ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ သိရပါတယ္။

ဒီအေျခအေနကို ectopic pregnancy လို႔ ေခၚပါတယ္။ ဒါေပမယ့္ သူမက လုံးဝ ခြဲေမြးဖို႔ ဆႏၵမရွိတဲ့အတြက္ ဆရာဝန္ေတြလည္း ေတာ္ေတာ္ေလး စိတ္ညစ္ခဲ့ရပါတယ္။

ဒီေတာ့ Zahara ဟာ ဆရာဝန္ေတြက ဘယ္လိုပင္ ေျဖာင္းျဖေျဖာင္းျဖ မရခဲ့ပါဘူး။ ေနာက္ဆုံး ဒီအတိုင္း ေဆး႐ုံကေန ဆင္းခဲ့ပါတယ္။ေနာက္ထပ္ 46 ႏွစ္ ၾကာတဲ့အခါမွာေတာ့ Zahara ဟာ ေသလုေျမာပါး ေဝဒနာကို Zahara ခံစားခဲ့ရပါတယ္။

တကယ္ေတာ့ ေမြးဖြားျခင္းမျပဳႏိုင္တဲ့ကေလးဟာ မိခင္ရဲ႕ ဝမ္းဗိုက္ထဲမွာ နာရီအနည္းငယ္အတြင္း ေသဆုံးႏိုင္တယ္ဆိုတာ အားလုံးအသိပါ။Zahara ဟာ ဒီလို ေသဆုံးသြားတဲ့ ကေလးကိုယ္ဝန္ကိုလြယ္ထားရလို႔ ရက္သတၱပတ္အနည္းအငယ္အတြင္းမွာ ေဝဒနာျပင္းစြာ

ခံစားခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေဝဒနာသက္သာသြားလို႔ လေတြ၊ ႏွစ္ေတြကို ေအာင္ျမင္စြာ ျဖတ္သန္းႏိုင္ခဲ့ၿပီး၊ ဗိုက္ထဲက ကိုယ္ဝန္ကိုေတာင္ ေမ့သြားတဲ့အထိ ျဖစ္ခဲ့ပါတယ္။

သို႔ေပမယ့္၊ ဗိုက္ထဲမွာ ရွိမေနသင့္တဲ့ ကိုယ္ဝန္အေသဟာ ေနာက္ဆုံးေတာ့ လူကို ဧကန္ဒုကၡေပးပါေတာ့တယ္။ ဒါေၾကာင့္ယခင္ကခြဲစိတ္ဖို႔ျငင္းဆန္ခဲ့တဲ့ Zahara ဟာ သူမ အသက္ 75 ႏွစ္အေရာက္မွာ မျဖစ္မေန ခြဲစိတ္လိုက္ရပါေတာ့တယ္။

ဒါေပမယ့္ကိုယ္ဝန္ေဆာင္ခဲ့တာကို ေမ့ေနသူျဖစ္လို႔ ဗိုက္ထဲက ဒုကၡေပးေနတဲ့အရာကို အႀကိတ္လို႔ ထင္ခဲ့သလို၊ ေဒါက္တာေတြကလည္း ဒီအတိုင္းေတြးခဲ့ပါတယ္။

ေဒါက္တာ Taibi Ouazzani ဦးေဆာင္တဲ့ ဆရာဝန္ေတြဟာ ေလးနာရီၾကာ ခြဲစိတ္ၿပီးေနာက္မွာေတာ့ ႏွစ္ေပါင္း 50 နီးပါး လြယ္ထားခဲ့တဲ့ကိုယ္ဝန္ဟာ ေက်ာက္အျဖစ္ အသြင္ေျပာင္းေနတာကို အံ့ၾသဖြယ္ေတြ႕ခဲ့ရပါတယ္။

ဒီလိုျဖစ္သြားျခင္းကို Lithopedion သို႔မဟုတ္ stone baby လို႔ ေခၚၿပီး အလြန္ရွားပါးတဲ့ အေျခအေန ျဖစ္ပါတယ္။ေက်ာက္ျဖစ္ေနတဲ့ ကေလးရဲ႕အေလာင္းကို ခ်ိန္ၾကည့္တဲ့အခါမွာ 7 ေပါင္ အေလးခ်ိန္ရွိၿပီး 42 စင္တီမီတာ အရပ္ ရွိပါတယ္။ ေမြးဖြားခဲ့မယ္ဆိုရင္

က်န္းမာသန္စြမ္းမယ့္ ကေလးတစ္ေယာက္ ျဖစ္မွာပါ။ Zahara ဟာ အခုဆို အဖြားအိုႀကီးတစ္ေယာက္ ျဖစ္ေနၿပီး၊ အသက္ 75 ေက်ာ္သြားၿပီလို႔ သိရပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ သူမ က်န္းမာဆဲပါ။

Credit to original writer
Photo credit

Unicode

ကိုယ်ဝန်ကို မမွေးဘဲ(၄၉) နှစ်ကြာ လွယ်ထားလို့ ကျောက်ဖြစ်သွားတဲ့ကလေး

ကမ္ဘာပေါ်မှာ တစ်ခါတလေ သာမန်လို့ မှတ်ယူလို့မရတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ Zahra Aboutalib အမည်ရအဖွားအိုဟာ သူမအသက် 26 နှစ် အရွယ်တုန်းက ပထမဆုံးဆောင်ခဲ့တဲ့ကိုယ်ဝန်ကို ဆေးရုံမှာ ခွဲစိတ်မွေးဖွားဖို့ ခေါင်းမာစွာ ငြင်းပယ်ခဲ့သူ ဖြစ်တယ်လို့ Viral က ဆိုပါတယ်။

အခုဆို Zahara ဟာ အသက် 75 နှစ် ကျော်အရွယ်ပေါ့။ Zahara ဟာ သူမ ကိုယ်ဝန်ဆောင်ခဲ့တယ်ဆိုတာကို သိရှိခဲ့ပြီး ကိုယ်ဝန်အရင့်အမာရတဲ့အခါမှာတော့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ Casablanca မှာ နေထိုင်သူဖြစ်ပြီး 24 နာရီအတွင်း ကလေးကို သဘာဝအတိုင်း မမွေးနိုင်ခဲ့တဲ့အတွက် ဒေါက်တာတွေက C-Section မှာ ခွဲစိတ်ဖို့ ပြင်ဆင်ပါတယ်။

ဒါပေမယ့် သူမရှေ့မှာ ခွဲစိတ်မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ မွေးပြီး မကြာမီမှာ သေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေဟာအလွန်ကြောက်ရွံ့နေတဲ့ Zahara အတွက်တော့ ကလေးခွဲမွေးရမှာကို အလွန်ကြောက်ရွံ့သွားစေပြီး ဘယ်သူဖြောင်းဖျမှုမျှ နားမဝင်တော့တဲ့အထိပါ။

တကယ်တော့ Zahara ရဲ့ ကိုယ်ဝန်ဟာ သားအိမ်အပြင်ဘက်မှာတည်ခဲ့တဲ့ကိုယ်ဝန်မို့ ခွဲမမွေးဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

ဒီအခြေအနေကို ectopic pregnancy လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူမက လုံးဝ ခွဲမွေးဖို့ ဆန္ဒမရှိတဲ့အတွက် ဆရာဝန်တွေလည်း တော်တော်လေး စိတ်ညစ်ခဲ့ရပါတယ်။

ဒီတော့ Zahara ဟာ ဆရာဝန်တွေက ဘယ်လိုပင် ဖြောင်းဖြဖြောင်းဖြ မရခဲ့ပါဘူး။ နောက်ဆုံး ဒီအတိုင်း ဆေးရုံကနေ ဆင်းခဲ့ပါတယ်။နောက်ထပ် 46 နှစ် ကြာတဲ့အခါမှာတော့ Zahara ဟာ သေလုမြောပါး ဝေဒနာကို Zahara ခံစားခဲ့ရပါတယ်။

တကယ်တော့ မွေးဖွားခြင်းမပြုနိုင်တဲ့ကလေးဟာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ နာရီအနည်းငယ်အတွင်း သေဆုံးနိုင်တယ်ဆိုတာ အားလုံးအသိပါ။Zahara ဟာ ဒီလို သေဆုံးသွားတဲ့ ကလေးကိုယ်ဝန်ကိုလွယ်ထားရလို့ ရက်သတ္တပတ်အနည်းအငယ်အတွင်းမှာ ဝေဒနာပြင်းစွာ

ခံစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဝေဒနာသက်သာသွားလို့ လတွေ၊ နှစ်တွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး၊ ဗိုက်ထဲက ကိုယ်ဝန်ကိုတောင် မေ့သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့်၊ ဗိုက်ထဲမှာ ရှိမနေသင့်တဲ့ ကိုယ်ဝန်အသေဟာ နောက်ဆုံးတော့ လူကို ဧကန်ဒုက္ခပေးပါတော့တယ်။ ဒါကြောင့်ယခင်ကခွဲစိတ်ဖို့ငြင်းဆန်ခဲ့တဲ့ Zahara ဟာ သူမ အသက် 75 နှစ်အရောက်မှာ မဖြစ်မနေ ခွဲစိတ်လိုက်ရပါတော့တယ်။

ဒါပေမယ့်ကိုယ်ဝန်ဆောင်ခဲ့တာကို မေ့နေသူဖြစ်လို့ ဗိုက်ထဲက ဒုက္ခပေးနေတဲ့အရာကို အကြိတ်လို့ ထင်ခဲ့သလို၊ ဒေါက်တာတွေကလည်း ဒီအတိုင်းတွေးခဲ့ပါတယ်။

ဒေါက်တာ Taibi Ouazzani ဦးဆောင်တဲ့ ဆရာဝန်တွေဟာ လေးနာရီကြာ ခွဲစိတ်ပြီးနောက်မှာတော့ နှစ်ပေါင်း 50 နီးပါး လွယ်ထားခဲ့တဲ့ကိုယ်ဝန်ဟာ ကျောက်အဖြစ် အသွင်ပြောင်းနေတာကို အံ့သြဖွယ်တွေ့ခဲ့ရပါတယ်။

ဒီလိုဖြစ်သွားခြင်းကို Lithopedion သို့မဟုတ် stone baby လို့ ခေါ်ပြီး အလွန်ရှားပါးတဲ့ အခြေအနေ ဖြစ်ပါတယ်။ကျောက်ဖြစ်နေတဲ့ ကလေးရဲ့အလောင်းကို ချိန်ကြည့်တဲ့အခါမှာ 7 ပေါင် အလေးချိန်ရှိပြီး 42 စင်တီမီတာ အရပ် ရှိပါတယ်။ မွေးဖွားခဲ့မယ်ဆိုရင်

ကျန်းမာသန်စွမ်းမယ့် ကလေးတစ်ယောက် ဖြစ်မှာပါ။ Zahara ဟာ အခုဆို အဖွားအိုကြီးတစ်ယောက် ဖြစ်နေပြီး၊ အသက် 75 ကျော်သွားပြီလို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ သူမ ကျန်းမာဆဲပါ။

Credit to original writer
Photo credit