ေသြးနဲ႔ သစၥာတိုင္တည္ခဲ့တဲ့ ဝိဉာဥ္ၿမိဳ႕ေတာ္ (သို႔) ေပ်ာက္ဆုံးေနေသာၿမိဳ႕ေတာ္ သာမိုင္းခမ္း
zawgyi
ေသြးနဲ႔ သစၥာတိုင္တည္ခဲ့တဲ့ ဝိဉာဥ္ၿမိဳ႕ေတာ္ (သို႔) ေပ်ာက္ဆုံးေနေသာၿမိဳ႕ေတာ္ သာမိုင္းခမ္း
ေပ်ာက္ဆုံးေနေသာၿမိဳ႕ေတာ္ သာမိုင္းခမ္း
`ေလာကီပညာရပ္ လွ်ိဳ႕ဝွက္ခ်က္မ်ားနဲ႔ ျပည့္ႏွက္ေနေသာ ေနရာေဟာင္းတစ္ခု´
ေတာင္ပိုင္းရွမ္းျပည္ရဲ႕ေပ်ာက္ဆုံးသြားေသာ ၿမိဳ႕ေတာ္နဲ႔ ငုံးသုံးဘုရားကို ဧည့္သည္ေတြပို႔ရင္း ထပ္ေရာက္ခဲ့ျပန္တယ္..
သာမိုင္းခမ္းဆိုတာက ရွမ္းစစ္သည္ေပါင္းမ်ားစြာ ေသြးေျမက်ခဲ့ၿပီး ေသြးနဲ႔ သစၥာတိုင္တည္ခဲ့တဲ့ဝိဥာဥ္ၿမိဳ႕ေတာ္ …
သမိုင္းထဲက “ သာမိုင္းခမ္း ”
ရာဇဝင္ထဲက “ သာမိုင္းခမ္း ”
နရပတိစည္သူမင္းတည္ထားခဲ့တဲ့ ေစတီမ်ားထဲက တစ္ဆူအပါအဝင္ျဖစ္တဲ့ “ သာမိုင္းခမ္း ”
ေရွးေစာ္ဘြားေတြ အုပ္ခ်ဳပ္ခဲ့တဲ့ “သာမိုင္းခမ္း”
ကေလာၿမိဳ႕ ေအာင္ပန္းၿမိဳ႕တို႔ကို ၿမိဳ႕ျဖစ္ေပၚလာေစတဲ့ ”သာမိုင္းခမ္း.”
ပင္လုံစာခ်ဳပ္ကိုျဖစ္ေပၚလာေအာင္ အေကာင္းဆုံးေဖာ္ေဆာင္ေပးခဲ့တဲ့ “ စဝ္ထြန္းေအး”ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ “ သာမိုင္းခမ္း. ”.
ထိုေနရာေလးသည္ ေအာက္ျမန္မာျပည္အား အဂၤလိပ္နယ္ခ်ဲ႕တို႔က သိမ္းပိုက္ထားၿပီး မင္းတုန္းဘုရင္ နန္းတက္စဥ္အခ်ိန္အထိ အလြန္စည္ပင္သာယာဝေျပာေသာ ေနရာေလးတစ္ခုျဖစ္ခဲ့ေလ၏။ ၿမိဳ႕၏ အမည္ကား သာမိုင္းခဏ္းဟု တြင္ေလ၏။
ထိုေခတ္အခါက ေညာင္ေ႐ႊေစာ္ဘြား မိုင္းပြန္ေစာ္ဘြား သီေပါေစာ္ဘြား သာမိုင္းခဏ္းေစာ္ဘြား ဟူ၍လည္း ရွမ္းေစာ္ဘြားမ်ားထဲတြင္ နာမည္ အထင္ကရ ရွိျပန္ေလ၏။
သာမိုင္းခဏ္းေစာ္ဘြားသည္ ဘာသာတရား အလြန္ကိုင္းရႈိင္းသူျဖစ္ၿပီး ေလာကီပညာရပ္မ်ားကိုလည္း လြန္စြာစိတ္ဝင္စားသူတစ္ဦး ျဖစ္ေလ၏။ သာမိုင္းခဏ္းၿမိဳ႕ အနီးတဝိုက္ရွိေဒသမ်ားႏွင့္ တစ္ႏိုင္ငံလုံးရွိ ေလာကီပညာရွင္မ်ားကိုလည္း ၎မွ မၾကာခဏ ဖိတ္ေခၚ၍ ပညာသင္ယူျခင္း ခ်ီးျမင့္ေျမႇာက္စားျခင္းမ်ား ျပဳတတ္ေလ၏။
တစ္ခါေသာ္ ၎ၿမိဳ႕တြင္ အင္းပညာရွင္ စမပညာရွင္ ေဗဒင္ပညာရွင္ အဂၢိရတ္ပညာရွင္ ေဆးပညာရွင္ ျပဒါးပညာရွင္ စသည့္ ေလာကီပညာရွင္အေပါင္းတို႔ကို ဖိတ္ၾကားကာ ဘုရားေစတီတစ္ဆူ တည္ထားကိုးကြယ္ခဲ့ေလ၏။ ထို႔ေၾကာင့္ ေလာကီပညာရပ္မ်ားျဖင့္ တည္ထားေသာ ဘုရားဟု နာမည္ေက်ာ္ၾကားလွေလ၏။
ထိုဘုရားအား ယခုထက္တိုင္ ဖူးေတြ႕ႏိုင္၏။ လြန္စြာမွလည္း ဆုေတာင္းျပည့္ေလ၏။ထို သာမိုင္းခဏ္းေစာ္ဘြားသည္ မိမိအုပ္ခ်ဳပ္ရေသာ ၿမိဳ႕တြင္းမွ ၿမိဳ႕သူၿမိဳ႕သားမ်ားအားလည္း ေလာကီပညာရပ္မ်ားကို ေလ့လာသင္ၾကား ေစျပန္၏။
ထို႔ေၾကာင့္ သာမိုင္းခဏ္းတြင္ အသက္အ႐ြယ္ႀကီးရင့္သူမွစ၍ ခေလးသူငယ္အ႐ြယ္အထိ လူတိုင္းနီးပါး ေလာကီပညာရပ္မ်ားကို ကြၽမ္းက်င္တတ္ေျမာက္ ၾကေလ၏။
တစ္ခါေသာ္ သားမိုင္းခဏ္းေစာ္ဘြားသည္ အခြန္ပ႑ာ ဆက္သရန္ ပ်က္ကြက္မႈေၾကာင့္ ျမန္မာဘုရင္မွ အမွ်က္ရွသျဖင့္ လူအင္အား စစ္အင္အား အလုံးအရင္းျဖင့္ သာမိုင္းခဏ္းအား သိမ္းပိုက္ေစ၏။ ဤတြင္ သာမိုင္းခဏ္းေစာ္ဘြားသည္ က်ိန္စာတစ္ရပ္အား ဆိုခဲ့ေလ၏။
မိမိ မရွိေတာ့သည့္ အခ်ိန္တြင္ ထို သာမိုင္းခဏ္းၿမိဳ႕သည္လည္း မရွိေစရ။ အကယ္၍မ်ား ဆက္လက္တည္ရွိၿပီး ယခုကဲ့သို႔ စည္ကားသာယာခဲ့ပါေသာ္ ျပည္ပ်က္ပါေစဟု က်ိန္စာဆိုခဲ့ေလ၏။
ျမန္မာဘုရင္၏ အမ်က္ရွမႈႏွင့္အတူ သာမိုင္းခဏ္းေစာ္ဘြားသည္လည္း ကြယ္ေလ၏။ ထို႔အတူ က်ိန္စာမ်ားႏွင့္ ျပည့္ဝေသာ သာမိုင္းခဏ္းသည္လည္း ကြယ္ေလ၏။ သာမိုင္းခဏ္းေစာ္ဘြား၏ အသုဘသို႔ အနယ္အနယ္အရပ္ရပ္မွ ေလာကီပညာရွင္မ်ား လာေရာက္ၾကေလ၏။
သာမိုင္းခဏ္းေစာ္ဘြား၏ အုတ္ဂူမွာ လြန္စြာႀကီးမားေလ၏။ထိုအုတ္ဂူအတြင္း သူ၏ ပိုင္ဆိုင္သမွ်ေသာ ေ႐ႊ ေငြ ေက်ာက္သံပတၱျမား အဖိုးမျဖတ္ႏိုင္ေသာ ရတနာမ်ား ထည့္သြင္း ျမဳပ္ႏွံသၿဂိဳလ္ထားသည့္အျပင္ ထို အုတ္ဂူ၏ ေအာက္၌လည္း ၎၏ ၾကင္ယာေတာ္ အလုပ္အေကြၽးမ်ားႏွင့္ စစ္သည္ရဲမက္မ်ားကိုပါ ထည့္သြင္း ျမဳပ္ႏွံခဲ့ေလ၏။
ဤတြင္ နန္းစဥ္ဆက္ အလြန္ရွားပါး၍ အဖိုးအနဂၢထိုက္တန္ေသာ ျပည္တန္ပတၱျမား ႏွင့္ ေၾကာင္မ်က္ရွင္ ရတနာမ်ားလည္း ပါသည္ဟု ဆိုၾက၏။ထို ေစာ္ဘြား၏ အုတ္ဂူအား ေလာကီပညာရွင္အေပါင္းတို႔က ၎တို႔၏ ပညာရပ္မ်ားျဖင့္ အစီအမံမ်ား အစြမ္းကုန္ ျပဳလုပ္ေပးခဲ့ၾက၏။
ထို႔ေၾကာင့္ ထိုအုတ္ဂူႀကီးသည္ ေလာကီအစီအမံမ်ားျဖင့္ ျပည့္ႏွက္လွ်က္ ရွိ၏။ သီေပါဘုရင္ေႏွာင္းပိုင္းတြင္ သိုက္ဆရာအမ်ိဳးမ်ိဳးတို႔သည္ ထို ဂူႀကီးအား မၾကာခဏ လာေရာက္ ေဖာက္ခဲ့ၾက၏။
မည္သို႔မွ် ေဖာက္မရသည့္အျပင္ သိုက္ဆရာတို႔သည္သာ ႐ူးလွ်င္႐ူး မ႐ူးလွ်င္ ေသပြဲဝင္ၾကရေလ၏။ ဤသည္ကား ေလာကီပညာရပ္ လွ်ိဳ႕ဝွက္ခ်က္မ်ားႏွင့္ ျပည့္ႏွက္လွ်က္ရွိေသာ ေနရာေဟာင္း တစ္ခုသာလွ်င္ ျဖစ္ေပေတာ့၏။
ယခုအခါ သာမိုင္းခဏ္းသည္လည္း တျဖည္းျဖည္းႏွင့္ ကြယ္ေပ်ာက္ကာ ရွိေလေတာ့ေခ်၏။ ထို သာမိုင္းခဏ္း႐ြာသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေအာင္ပန္းၿမိဳ႕ အလြန္တြင္ တည္ရွိေလ၏။ ႐ြာငယ္အဆင့္မွ်ပင္ မရွိပါေတာ့ေခ်။
ေမတၱာမ်ားစြာျဖင့္
Credit
Via Saya U Win Mg (TPWD)
credit_to_owner UAungLwin
ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)
unicode
သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဉာဉ်မြို့တော် (သို့) ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း
ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း
`လောကီပညာရပ် လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခု´
တောင်ပိုင်းရှမ်းပြည်ရဲ့ပျောက်ဆုံးသွားသော မြို့တော်နဲ့ ငုံးသုံးဘုရားကို ဧည့်သည်တွေပို့ရင်း ထပ်ရောက်ခဲ့ပြန်တယ်..
သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ဝိဉာဉ်မြို့တော် …
သမိုင်းထဲက “ သာမိုင်းခမ်း ”
ရာဇဝင်ထဲက “ သာမိုင်းခမ်း ”
နရပတိစည်သူမင်းတည်ထားခဲ့တဲ့ စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့ “ သာမိုင်းခမ်း ”
ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်းခမ်း”
ကလောမြို့ အောင်ပန်းမြို့တို့ကို မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.”
ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင် အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့ “ စဝ်ထွန်းအေး”ရဲ့မွေးရပ်မြေဖြစ်တဲ့ “ သာမိုင်းခမ်း. ”.
ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောသော နေရာလေးတစ်ခုဖြစ်ခဲ့လေ၏။ မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်လေ၏။
ထိုခေတ်အခါက ညောင်ရွှေစော်ဘွား မိုင်းပွန်စော်ဘွား သီပေါစော်ဘွား သာမိုင်းခဏ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိပြန်လေ၏။
သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်လေ၏။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုတတ်လေ၏။
တစ်ခါသော် ၎င်းမြို့တွင် အင်းပညာရှင် စမပညာရှင် ဗေဒင်ပညာရှင် အဂ္ဂိရတ်ပညာရှင် ဆေးပညာရှင် ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့လေ၏။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားသော ဘုရားဟု နာမည်ကျော်ကြားလှလေ၏။
ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်၏။ လွန်စွာမှလည်း ဆုတောင်းပြည့်လေ၏။ထို သာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြား စေပြန်၏။
ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်အထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက် ကြလေ၏။
တစ်ခါသော် သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုကြောင့် မြန်မာဘုရင်မှ အမျှက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခဏ်းအား သိမ်းပိုက်စေ၏။ ဤတွင် သာမိုင်းခဏ်းစော်ဘွားသည် ကျိန်စာတစ်ရပ်အား ဆိုခဲ့လေ၏။
မိမိ မရှိတော့သည့် အချိန်တွင် ထို သာမိုင်းခဏ်းမြို့သည်လည်း မရှိစေရ။ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့ စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ကျိန်စာဆိုခဲ့လေ၏။
မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားသည်လည်း ကွယ်လေ၏။ ထို့အတူ ကျိန်စာများနှင့် ပြည့်ဝသော သာမိုင်းခဏ်းသည်လည်း ကွယ်လေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အသုဘသို့ အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြလေ၏။
သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားလေ၏။ထိုအုတ်ဂူအတွင်း သူ၏ ပိုင်ဆိုင်သမျှသော ရွှေ ငွေ ကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သော ရတနာများ ထည့်သွင်း မြုပ်နှံသဂြိုလ်ထားသည့်အပြင် ထို အုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော် အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေ၏။
ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြား နှင့် ကြောင်မျက်ရှင် ရတနာများလည်း ပါသည်ဟု ဆိုကြ၏။ထို စော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြ၏။
ထို့ကြောင့် ထိုအုတ်ဂူကြီးသည် လောကီအစီအမံများဖြင့် ပြည့်နှက်လျှက် ရှိ၏။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထို ဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြ၏။
မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သည်သာ ရူးလျှင်ရူး မရူးလျှင် သေပွဲဝင်ကြရလေ၏။ ဤသည်ကား လောကီပညာရပ် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်လျှက်ရှိသော နေရာဟောင်း တစ်ခုသာလျှင် ဖြစ်ပေတော့၏။
ယခုအခါ သာမိုင်းခဏ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရှိလေတော့ချေ၏။ ထို သာမိုင်းခဏ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိလေ၏။ ရွာငယ်အဆင့်မျှပင် မရှိပါတော့ချေ။
မေတ္တာများစွာဖြင့်
Credit
Via Saya U Win Mg (TPWD)
credit_to_owner UAungLwin
နော်ဂဲလယ်ထူး (စာပေပရဟိတ)