ကုသိုလ္မရ အကုသိုလ္ရ ဘုရားေရသပၸါယ္ရာတြင္ သတိျပဳဆင္ျခင္ဖြယ္ရာ

Zawgyi

ကုသိုလ္မရ၊အကုသိုလ္ရ ဘုရားေရသပၸါယ္ရာတြင္ သတိျပဳဆင္ျခင္ဖြယ္ရာ

(ေမး)အရွင္ဘုရား၊ ျမတ္စြာဘုရား ဆင္းတုေတာ္မ်ား ေရေလာင္းသပၸာယ္ေနသည္ကို ေ႐ႊတိဂုံဘုရားေပၚ၌ အမ်ားဆုံးေတြ႕ရပါသည္။ တစ္ခ်ိဳ႕ကဦးေခါင္းေတာ္ေပၚမွစ၍ေသာ္လည္းေကာင္း၊လည္ပင္းနားမွစ၍ေသာ္လည္းေကာင္း ေရေလာင္းၾကပါသည္။

မည္သည့္ေနရာမွ ေရေလာင္းသပၸာယ္လွ်င္ မည္သို႔စိတ္ထားရမည္။ မည္သို႔ေသာ အက်ိဳးရမည္ကို ေျဖၾကားေပးေတာ္မူပါဘုရား။(ေျဖ)ေ႐ႊတိဂုံဘုရားေပၚ၌ ဘုရားေရသပၸာယ္ၾကသူမ်ားမွာ အခ်ိန္အခါဟူ၍မရွိပါ။

ေဗဒင္ဆရာမ်ားကယၾတာေခ်ခိုင္းလွ်င္ ဘုရား႐ုပ္ပြားေတာ္မ်ားကို သၾကၤန္ေရေလာင္းသကဲ့သို႔ ေလာင္းေနၾကသည္မွာကုသိုလ္မရ။အျပစ္ရဖြယ္သာ ျဖစ္စရာရွိပါသည္။အမွန္တကယ္ေရသပၸာယ္လိုေသာေစတနာရွင္မ်ားမွာေ႐ႊတိဂုံဘုရားေပၚသို႔ပင္သြားေနစရာမလို။ ကိုယ့္အိမ္ရွိ၊ဘုရား႐ုပ္ပြားေတာ္ကို(ေၾကးဆုတုေက်ာက္ဆင္ းတု )

ေႏြလအခါပူေသာအခ်ိန္တြင္ေက်ာင္းေဆာင္မွပင့္၍ အိမ္ဦးတြင္ေခ်းေညႇာ္စင္ေအာင္ ေခ်းခြၽတ္ေဆး၊ဆပ္ျပာ၊ အဝတ္သန႔္သန႔္၊ ေရသန႔္သန႔္ျဖင့္ သင့္ေလ်ာ္ရာေနရာမွေလာင္း၍ ႐ိုေသေလးစားစြာ ေရသပၸာယ္ကုသိုလ္ယူသင့္ပါသည္။သၾကၤန္အခါႏွစ္သစ္ ကူးေသာအခါတို႔တြင္ ေက်ာင္း၊ကန္၊ဘုရားတို႔၌ ဥပုသ္ေစာင့္ၾကေသာ ဥပုသ္သည္က်ား၊မမဟူ ညေနပိုင္းတို႔တြင္ ေက်ာင္းရွိေၾကးဆင္းတု၊ ေက်ာက္ဆင္းတုမ်ားကို

႐ိုေသစြာ ေရသပၸာယ္ၾကသည္ကို ေတြ႕ရ၊ႀကဳံရေလ့ရွိပါသည္။အခ်ိဳ႕ေရေအးေအးတြင္ အေမႊးနံ႔သာမ်ားထည့္၍ ေရသပၸာယ္ၾကသည္ကိုလည္း ေတြ႕ရပါသည္။ ထိုကဲ့သို႔ကုသိုလ္ျဖစ္ေအာင္ ေရသပၸာယ္သင့္ပါသည္။ဆရာေတာ္ဦးတိေလာကသာရ (ရေဝထြန္း၊ျမတ္မဂၤလာ)“ဘုရားေရသပၸါယ္တဲ့သူေတြ စဥ္းစားၾကဖို႔ပါ”ဒါယကာဒါယိကာမတို႔တစ္ေန႔ကိုေရဘယ္ႏွစ္ခါခ်ိဳးၾကသလဲ။

ေနပူက်ဲက်ဲေအာက္မွာသီတင္းသုံးေနရတဲ့ ဆင္းတုေတာ္မ်ားမွာေတာ့တစ္ေယာက္လာသက္ေစ့ ေရလာေလာင္းလိုက္ ေနာက္တစ္ေယာက္လာျပန္ သက္ေစ့ဆိုၿပီးေခါင္းေပၚကေလာင္းျပန္ဝိုင္းအုံေလာင္းၾကျပန္ တစ္ေန႔လုံးပါပဲ။ ကိုယ့္ကိုအဲ့လိုလာၿပီးေလာင္းေနရင္ ခံႏိုင္ပါ့မလား။သက္ေတာ္ထင္ရွားျမတ္စြာဘုရားကို အာ႐ုံျပဳၿပီးၾကည္ညိဳၾကတယ္ဆိုရင္ စဥ္းစားၾကစဥ္းစားၾက။

(ဖားေအာက္ေတာရဆရာေတာ္ႀကီး)ျမတ္စြာဘုရားအား ေရသပ္ပယ္ျခင္းအေၾကာင္း(၄)ပါး။ႏွစ္ေဟာင္းမွ အညစ္အေၾကးမေကာင္းမႈမ်ား ပေပ်ာက္ေစျခင္းအက်ိဳးငွါ။မိမိဘဝထဲမွ မေကာင္းေသာသူမ်ား ကင္းေဝးသြားေစရန္။ေရကဲ့သို႔ ေအးျမျခင္းမ်ား ဘဝမွာရရွိရန္။မေကာင္းေသာအရာမ်ား ကင္းစင္သြားေစရန္။ျမတ္စြာဘုရားရွင္အား ေရသပၸါယ္ျခင္းအေၾကာင္းကိုသိရွိ၍ သတိျပဳဆင္ျခင္ႏိုင္ၾကပါေစ။

unicode

ကုသိုလ်မရ၊အကုသိုလ်ရ ဘုရားရေသပ္ပါယ်ရာတွင် သတိပြုဆင်ခြင်ဖွယ်ရာ

(မေး)အရှင်ဘုရား၊ မြတ်စွာဘုရား ဆင်းတုတော်များ ရေလောင်းသပ္ပာယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံးတွေ့ရပါသည်။ တစ်ချို့ကဦးခေါင်းတော်ပေါ်မှစ၍သော်လည်းကောင်း၊လည်ပင်းနားမှစ၍သော်လည်းကောင်း ရေလောင်းကြပါသည်။

မည်သည့်နေရာမှ ရေလောင်းသပ္ပာယ်လျှင် မည်သို့စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါဘုရား။(ဖြေ)ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပာယ်ကြသူများမှာ အချိန်အခါဟူ၍မရှိပါ။

ဗေဒင်ဆရာများကယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာကုသိုလ်မရ။အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။အမှန်တကယ်ရေသပ္ပာယ်လိုသောစေတနာရှင်များမှာရွှေတိဂုံဘုရားပေါ်သို့ပင်သွားနေစရာမလို။ ကိုယ့်အိမ်ရှိ၊ဘုရားရုပ်ပွားတော်ကို(ကြေးဆုတုကျောက်ဆင် းတု )

နွေလအခါပူသောအချိန်တွင်ကျောင်းဆောင်မှပင့်၍ အိမ်ဦးတွင်ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ဆပ်ပြာ၊ အဝတ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှလောင်း၍ ရိုသေလေးစားစွာ ရေသပ္ပာယ်ကုသိုလ်ယူသင့်ပါသည်။သင်္ကြန်အခါနှစ်သစ် ကူးသောအခါတို့တွင် ကျောင်း၊ကန်၊ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည်ကျား၊မမဟူ ညနေပိုင်းတို့တွင် ကျောင်းရှိကြေးဆင်းတု၊ ကျောက်ဆင်းတုများကို

ရိုသေစွာ ရေသပ္ပာယ်ကြသည်ကို တွေ့ရ၊ကြုံရလေ့ရှိပါသည်။အချို့ရေအေးအေးတွင် အမွှေးနံ့သာများထည့်၍ ရေသပ္ပာယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ကုသိုလ်ဖြစ်အောင် ရေသပ္ပာယ်သင့်ပါသည်။ဆရာတော်ဦးတိလောကသာရ (ရဝေထွန်း၊မြတ်မင်္ဂလာ)“ဘုရားရေသပ္ပါယ်တဲ့သူတွေ စဉ်းစားကြဖို့ပါ”ဒါယကာဒါယိကာမတို့တစ်နေ့ကိုရေဘယ်နှစ်ခါချိုးကြသလဲ။

နေပူကျဲကျဲအောက်မှာသီတင်းသုံးနေရတဲ့ ဆင်းတုတော်များမှာတော့တစ်ယောက်လာသက်စေ့ ရေလာလောင်းလိုက် နောက်တစ်ယောက်လာပြန် သက်စေ့ဆိုပြီးခေါင်းပေါ်ကလောင်းပြန်ဝိုင်းအုံလောင်းကြပြန် တစ်နေ့လုံးပါပဲ။ ကိုယ့်ကိုအဲ့လိုလာပြီးလောင်းနေရင် ခံနိုင်ပါ့မလား။သက်တော်ထင်ရှားမြတ်စွာဘုရားကို အာရုံပြုပြီးကြည်ညိုကြတယ်ဆိုရင် စဉ်းစားကြစဉ်းစားကြ။

(ဖားအောက်တောရဆရာတော်ကြီး)မြတ်စွာဘုရားအား ရေသပ်ပယ်ခြင်းအကြောင်း(၄)ပါး။နှစ်ဟောင်းမှ အညစ်အကြေးမကောင်းမှုများ ပပျောက်စေခြင်းအကျိုးငှါ။မိမိဘဝထဲမှ မကောင်းသောသူများ ကင်းဝေးသွားစေရန်။ရေကဲ့သို့ အေးမြခြင်းများ ဘဝမှာရရှိရန်။မကောင်းသောအရာများ ကင်းစင်သွားစေရန်။မြတ်စွာဘုရားရှင်အား ရေသပ္ပါယ်ခြင်းအကြောင်းကိုသိရှိ၍ သတိပြုဆင်ခြင်နိုင်ကြပါစေ။