Zawgyi
unicode
၃ မိနစ်အိုးတွေ မီးလောင်တာ ဒီအမှားတွေ ကြောင့်ပါ
၃ မိနစ်အိုးကနေ မီးလောင်မှုတွေဖြစ်ခဲ့ဖူးတာကြောင့် မဖြစ်အောင် အားလုံး သတိထားနိုင်ဖို့ မျှဝေပေးပါတယ်နော်။ကျနော်တို့ နိုင်ငံတွင် ယခု အခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စုတိုင်းနီးပါး အသုံးပြုလာကြပါတယ်။
ဒီရေနွေးအိုးမှာ ၁ဝဝဝ(w)ဝပ် အသုံးပြုထားသော်လည်း အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်းကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာ ရောက်သလို security အဆင့်ဆင့် ခံတည်ဆောက်ထား
တဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းပါးစေပါတယ်။ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်း အသုံးပြုနိုင်ရန် သူ့အကြောင်းကိုအကြမ်းဖျဉ်းတော့ သိထားရင် ပိုကောင်းပါမယ်။
ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး၊ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့်သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီးရေဆူလျင်တက်လာသည့်။
ရေနွေးငွေ့၏ အပူချိန်ဖြင့် ခလုပ်ကိုပိတ်စေသော်လည်း အိုးထဲတွင် ရေမရှိပါက ရေနွေးငွေ့ တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။Switch, 2 သည်အိုး၏အောက်ခြေတွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on မိသည့်အခါအလိုအလျောက် ပိတ်နိုင်ရန်စီမံထား
သော်လည်းမြင့်မားသည့် အပူချိန်ရမှ အလုပ်လုပ်သောကြောင့်ကြာရှည်စွာ မေ့ထားမိပါကမီးဘေးအန္တရယ်စိုးရိမ်ရသဖြင့်ဤအိုးမျိုးကို အသုံးပြုလျှင်
(၁) အိုးထဲတွင် ရေလက်ကျန် ထားရန်နှင့်။
(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်။သတိပြုသင့်ပါပေသည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။