အရသာရွိရွိၿပီး ဆန္မ်ားပြားေစတဲ့ ထမင္းခ်က္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ား

Zawgyi

အရသာရွိရွိၿပီး ဆန္မ်ားပြားေစတဲ့ ထမင္းခ်က္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ား

ထမင္းခ်က္ျခင္း၏လွ်ိဳ႕ဝွက္ခ်က္မ်ား အိမ္ရွင္မအိမ္ရွင္ထီး မ်ားအတြက္အသုံးဝင္မဲ့လက္ေတြ႕အသုံးခ်ႏိုင္တဲ့ ဗဟုသုတပါအိမ္ရွင္မ/ထီးမ်ားအတြက္ထမင္းခ်က္ရာတြင္အရသာသာမကက်န္းမာေရးအဟာရဓါတ္ေတြပါ မဆုံးရႈံးေစမည့္နည္းလမ္းလဲ လြယ္ကူေစမည့္ထမင္းခ်က္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါသည္

၁။ရွာလကာရည္

ထမင္းခ်က္ရာတြင္ ရွာလကာရည္တစ္စက္ႏွစ္စက္ ထည့္ေပး႐ုံျဖင့္ထမင္းရဲ႕အနံ႔အရသာကို ပိုမိုထင္ေပၚေမႊးပ်ံ႕ေစသည့္အျပင္ ရာသီဥတုအလြန္ပူျပင္း၍ထမင္းသိုးျခင္းကိုကာကြယ္ ေပးႏိုင္ပါတယ္

၂။ဘီယာ

ဆန္ေဟာင္းမ်ားအထားၾကာသြားၿပီး ခ်က္ျပဳတ္ရာမွာအနံ႔အရသာက ဆန္သစ္ေလာက္မေကာင္းတဲ့အခ်ိန္ မွာစိတ္ပူစရာမလိုပါဘူး ဆန္ေဟာင္းခ်က္ခ်ိန္မွာဘီယာအနည္းငယ္သာထည့္ေပးလိုက္ပါ။ေပၚဆန္းေမႊးပမာေမႊးပ်ံ႕တဲ့ထမင္းကိုရရွိမွာျဖစ္ပါတယ္

၃။ေျမပဲဆီ

ထမင္းခ်က္ရာမွာဆားအနည္းငယ္နဲ႔ေျမပဲဆီအနည္းငယ္ထည့္ၿပီးေမႊေပးလိုက္ပါ ဆန္ဖြာျခင္းမရွိပဲခံတြင္းကိုေတြ႕ေစမဲ့ ထမင္းရရွိမွာပါ

၄။ဆား

လက္က်န္ထမင္းကိုျပန္ေႏြးရာတြင္ ဆားအနည္းငယ္ ထည့္ေပးျခင္းအားျဖင့္ အနံ႔ဆိုးမ်ားကိုေပ်ာက္ေစမည့္ အျပင္ထမင္းကိုလည္းႏူးညံ့ေစမွာျဖစ္ပါတယ္

၅။ဆန္အရက္၊အရက္ျဖဴ

ထမင္းေၾကာ္ရာ တြင္ အရက္ သုံးေလးစက္ အနည္း ငယ္ထည့္ေၾကာ္ေပးပါကနတ္သုဒၶါပမာထမင္းအရသာကိုရရွိေစမွာျဖစ္ပါတယ္ အကယ္၍ထမင္းက်က္တဝက္မက်က္တဝက္ အေျခေနမ်ိဳးနဲ႔ေတြ႕ႀကဳံေနပါက ဆန္အရက္ဇြန္း၂ဇြန္းစာထည့္ၿပီး ေႏြးေပးျခင္းျဖင့္ ထမင္းကိုလုံးဝက်က္ေစမွာျဖစ္ပါတယ္။

၆။ေရက်က္ေအး

ထမင္းခ်က္ရာတြင္ေရက်က္ေအးျဖင့္ခ်က္ေပးပါကဆန္ မွာပါဝင္တဲ့ ဗီတာမင္B1ဓါတ္ကို အျပည့္အဝရရွိေစမွာျဖစ္ပါတယ္။

၇။ၾကက္သြန္ၿမိတ္

ထမင္းတူးသြားပါကထမင္းၾကားထဲကိုၾကက္သြန္ၿမိတ္ တစ္ပင္ကိုထည့္ၿပီးခဏဖုံးအုပ္ထားေပးလိုက္ပါ။တူးနံ႔မ်ားယူပစ္သလို ေပ်ာက္သြားေစမွာျဖစ္ပါတယ္

၈။လက္ဖက္ရည္ၾကမ္းေရေႏြးၾကမ္း

ထမင္းခ်က္ရာမွာထည့္ၿပီး သာမာန္အတိုင္းထမင္းခ်က္ပါ ရရွိလာတဲ့ထမင္းကအနံ႔အရသာကိုျပည့္စုံေစယုံသာမကအဟာရလည္းအလြန္ျဖစ္ေစပါတယ္။

၉။သံလြင္ဆီ

ထမင္းခ်က္ရာတြင္သံလြင္ဆီအနည္းငယ္ထည့္ေပးပါက ဆန္ထဲရွိသၾကားဓါတ္တိုးျမင့္မႈ႕ကို ထိန္းခ်ဳပ္ႏိုင္ေစသည့္အျပင္ အစာအိမ္ကိုလည္းဥပါဒ္မျဖစ္ေစပါဘူး ။ဆီးခ်ိဳ သမားမ်ား အတြက္အထူးသင့္ေတာ္ပါတယ္။

ခရက္ဒစ္

Unicode

အရသာရှိရှိပြီး ဆန်များပွားစေတဲ့ ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များ

ထမင်းချက်ခြင်း၏လျှို့ဝှက်ချက်များ အိမ်ရှင်မအိမ်ရှင်ထီး များအတွက်အသုံးဝင်မဲ့လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါအိမ်ရှင်မ/ထီးများအတွက်ထမင်းချက်ရာတွင်အရသာသာမကကျန်းမာရေးအဟာရဓါတ်တွေပါ မဆုံးရှုံးစေမည့်နည်းလမ်းလဲ လွယ်ကူစေမည့်ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များကို စုစည်းဖော်ပြပေးလိုက်ပါသည်

၁။ရှာလကာရည်

ထမင်းချက်ရာတွင် ရှာလကာရည်တစ်စက်နှစ်စက် ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကို ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင် ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ် ပေးနိုင်ပါတယ်

၂။ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီး ချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက်မကောင်းတဲ့အချိန် မှာစိတ်ပူစရာမလိုပါဘူး ဆန်ဟောင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ။ပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်

၃။မြေပဲဆီ

ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီးမွှေပေးလိုက်ပါ ဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမဲ့ ထမင်းရရှိမှာပါ

၄။ဆား

လက်ကျန်ထမင်းကိုပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်းအားဖြင့် အနံ့ဆိုးများကိုပျောက်စေမည့် အပြင်ထမင်းကိုလည်းနူးညံ့စေမှာဖြစ်ပါတယ်

၅။ဆန်အရက်၊အရက်ဖြူ

ထမင်းကြော်ရာ တွင် အရက် သုံးလေးစက် အနည်း ငယ်ထည့်ကြော်ပေးပါကနတ်သုဒ္ဓါပမာထမင်းအရသာကိုရရှိစေမှာဖြစ်ပါတယ် အကယ်၍ထမင်းကျက်တဝက်မကျက်တဝက် အခြေနေမျိုးနဲ့တွေ့ကြုံနေပါက ဆန်အရက်ဇွန်း၂ဇွန်းစာထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။

၆။ရေကျက်အေး

ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန် မှာပါဝင်တဲ့ ဗီတာမင်B1ဓါတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

၇။ကြက်သွန်မြိတ်

ထမင်းတူးသွားပါကထမင်းကြားထဲကိုကြက်သွန်မြိတ် တစ်ပင်ကိုထည့်ပြီးခဏဖုံးအုပ်ထားပေးလိုက်ပါ။တူးနံ့များယူပစ်သလို ပျောက်သွားစေမှာဖြစ်ပါတယ်

၈။လက်ဖက်ရည်ကြမ်းရေနွေးကြမ်း

ထမင်းချက်ရာမှာထည့်ပြီး သာမာန်အတိုင်းထမင်းချက်ပါ ရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံစေယုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။

၉။သံလွင်ဆီ

ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါက ဆန်ထဲရှိသကြားဓါတ်တိုးမြင့်မှု့ကို ထိန်းချုပ်နိုင်စေသည့်အပြင် အစာအိမ်ကိုလည်းဥပါဒ်မဖြစ်စေပါဘူး ။ဆီးချို သမားများ အတွက်အထူးသင့်တော်ပါတယ်။

ခရက်ဒစ်