Zawgyi
(Bokashi Myanmar)
Unicode
သစ်ရွက်ကြွေ မြေဆွေးပြုလုပ်ခြင်း (တစ်နေ့လျှင် အချိန် (၅) မိနစ်ခန့်မျှ ပေးရုံပါပဲ)
သစ်ရွက်ကြွေ မြေဆွေးပြုလုပ်ခြင်း
၁။ ကန်တစ်ခုဆောက်ပါ။ သံဇကာနဲ့ဆောက်တာအလွယ်ဆုံး။ သံဇကာ ၉၀၀၀ ဖိုးဝန်းကျင်ဝယ်၊ ထိပ်နှစ်ဘက်ကိုစုပြီး သံကြိုးနဲ့ချည်။ ခြင်းလိုမျိုးအဝိုင်းလေးရသွားပြီ။ တနေရာမှာ နေရာချ၊ ဒါပါပဲ။
တချို့က ဝါးကတ်၊ တချို့က သွပ်ပြား၊ တချို့က ပဲလတ်သစ်သားခုံ၊ ကော်ပဲလတ်ခုံ စသည် နှစ်သက်ရာ လွယ်ကူရာပစ္စည်းများသုံးပြီး လုပ်ဆောင်နိုင်ပါတယ်။ နယ်ဘက်မှာဆို မြေကျင်းတူးပြီးလုပ်လဲရပါတယ်။
၂။ တနေ့တာ တံမြက်စည်းလှည်း စုလို့ရလာသမျှ သစ်ရွက်ခြောက်ကို ကန်မှာ စုထည့်၊ လူတက်နင်းနိုင်ရင် နင်းပေး၊ သို့ သစ်သားတုတ်တချောင်းနဲ့ သိပ်ကျသွားအောင် ဖိထောင်းပေး။ ရေရွှဲရွှဲလောင်းပေး။
မြေကြီး၊ နွားချေး၊ ကြက်ချေး စတာ ထည့်ပေးနိုင်ရင် ထည့်ပေး။ ပိုကောင်းတယ်။ မထည့်ပေးနိုင်လဲ ကိစ္စမရှိ။
၃။ နေ့စဉ် အမှိုက်ထွက်တိုင်းထပ်တူလုပ်သွား။ ကန်မပြည်မချင်းထည့်သွားရုံသာ။ သစ်ရွက်၊ အစိုအခြောက်။ မြက် အစိုအခြောက်။ ကြံကြိတ်ဖက်၊ အုန်းဆံခွံ၊ ကောက်ရိုး စသည်။ အကုန်ထည့်နိုင်သေးတယ်။
၄။ ဘိုကာရှီလုပ်ဆောင်နေတဲ့မိတ်ဆွေများက ဘိုကာရှီပုံးကိုပါ သစ်ရွက်ကန်ထဲ ထည့်ပေးနိုင်ပါတယ်။ ဘိုကာရှီမလုပ်ဖြစ်သေးတဲ့ မိတ်ဆွေများက မိမိတို့ မီးဖိုချောင်ထွက်အမှိုက်များ
ဟင်းသီးဟင်းရွက်အခွံ၊ သစ်သီးဝလံအခွံစသည်များပါ ထည့်ပေးနိုင်ပါတယ်။ ကြွက်ပေါများတဲ့ ဒေသများတော့ ကြွက်ကြောက်တတ်ရင် တချို့မီးဖိုချောင်ထွက်အမှိုက်များမထည့်ဘဲ နေတာပိုကောင်းပါတယ်။
၅။ နေ့စဉ်ရေလောင်းပေးပါ။ အစိုဓာတ်ရနေစေရန်ဖြစ်သည်။ အလွန်အရမ်းရွဲစိုနေဖို့မလို။ အစိုဓာတ်အတော်အတန်ရလျင် အဆင်ပြေပါပြီ။
၆။ ရန်ကုန်မြို့လည်ခေါင် လူနေထူထပ်ရာဒေသများတွင်ပါ လက်တွေ့ စမ်းသပ်ပြီးသောနည်းလမ်းဖြစ်ပါသည်။ အာမခံနိုင်တာမို့ ပြောခြင်းရေးခြင်းဖြစ်ပါသည်။
အနည်းဆုံး ၂ လ အများဆုံး ၃ လခန့်အတွင်း မြေဆွေးကောင်းကောင်းရနိုင်ပါသည်။ နိုင်ငံတကာကျောင်းများ၊ သံရုံးများ၊ ကိုယ်ပိုင်နေအိမ်ခြံဝန်းများ၊
ဘုန်းတော်ကြီးကျောင်းများ စသည် နေရာအသီးသီးမှာ စမ်းသပ် အောင်မြင်ပြီးသော၊ လိုက်နာလုပ်ဆောင်သူများလည်း ထပ်တူအကျိုးရသော နည်းလမ်းတရပ်ဖြစ်တာမို့ မျှဝေပေးလိုက်ပါသည်။
၇။ တနေ့လျှင် အချိန် (၅) မိနစ်ခန့်မျှ ပေးရုံဖြင့် မီးရှို့ပြီးလေထုညစ်ညမ်းမှုတရားခံလည်း မဖြစ်ရတော့သလို၊ မြေဆွေးကောင်းကောင်းလဲ ရမည့်အပြင်၊မြွေဘေး၊ မီးဘေး စသည်လဲ မစိုးရိမ်ရသော အလွန်လွယ်ကူရိုးရှင်းသည့်နည်းလမ်းဖြစ်ပါသည်။
၈။ မြေဆွေးလုပ်ဖို့ နေရာမရှိဟု မငြည်းငြူသင့်။ မီးရှို့ဖို့နေရာထက် ပိုမိုမကျယ်ပြန့်သောနေရာအဝန်းအဝိုင်းသာလိုတာမို့၊ မီးရှို့ဖို့နေရာရှိလျင် မြေဆွေးလုပ်ဖို့လည်းနေရာရှိသင့်ပါသည်။တကယ်နေရာမရှိလျင် လမ်းထဲမှ တခြားအိမ်များနှင့် စုပေါင်းလုပ်ဆောင်ပါ။
စည်းလုံးညီညာ အောင်ကြောင်းဖြာ.. ပါ။တလမ်းလုံး လမ်းလူကြီးနဲ့ဆွေးနွေးတိုင်ပင် လုပ်ဆောင်နိုင်လျင် ပိုတောင်ကောင်းပြီး၊ တရပ်ကွက်လုံး၊ တမြို့နယ်လုံး အပိုင်းလိုက် အပိုင်းလိုက် တာဝန်ယူလုပ်ဆောင်နိုင်လျင် ပိုပင်ကောင်းမွန်ပါအုံးမည်။
ကောင်းသောအလုပ်မို့ ကန့်ကွက်စရာအကြောင်းသိပ်မမြင်။ မာရ်နတ်ညဉ်ရှိသော လူဆိုးများသာ ကန့်ကွက်ကြပါလိမ့်မယ်။
(Bokashi Myanmar)