“မူႀကိဳကေလးေတြကို စာေရးခိုင္းတာမ်ိဳး မလုပ္သင့္ေသးတဲ့ အေၾကာင္းအရင္း”

Zawgyi

“မူႀကိဳကေလးေတြကို စာေရးခိုင္းတာမ်ိဳး မလုပ္သင့္ေသးတဲ့ အေၾကာင္းအရင္း”

မူႀကိဳကေလးေတြ စာေရးဖို႔အခ်ိန္မေရာက္ေသးဘူးဆိုတာကို ဒီဓါတ္မွန္႐ိုက္ထားတဲ့ ပုံေလးက မိဘေတြကိုသက္ေသျပႏိုင္ပါလိမ့္မယ္။3ႏွစ္အ႐ြယ္ကေလးေတြရဲ႕ ႂကြက္သားေတြ အ႐ိုးအဆစ္ေတြက စာေရးဖို႔ မသင့္ေတာ္ေသးတာကလည္း လက္ဖဝါးက အ႐ိုးေတြ အဆစ္ေတြဆက္ထားႏိုင္တဲ့အခ်ိန္အ႐ြယ္မေရာက္ေသးတာကိုလည္း ျမင္ေတြ႕ရပါတယ္။

ကေလးကို မူႀကိဳေက်ာင္းပို႔တာနဲ႔ စာစၿပီးေရးတတ္ေစခ်င္တဲ့အခါ ကေလးစာမေရးတတ္လို႔ ၿငိဳျငင္လာတဲ့အခါ ဒီပုံေလးၾကည့္ၿပီး ဪ စာေရးခိုင္းဖို႔ မလိုအပ္‌ေသးပါလားဆိုတာကို နားလည္လက္ခံထားသင့္ပါတယ္။

မူႀကိဳကေလးေတြအတြက္ အသင့္ေတာ္ဆုံးက

အေရာင္ျခယ္တာ

႐ြံအတုေတြနယ္တာ

ကေလးကတ္ေၾကးနဲ႔ စကၠဴညႇပ္တာ

စေတကာေတြ ခြာလိုက္ကပ္လိုက္ကစားတာ

အ႐ုပ္ဆက္တာ သဲေျမႀကီး ႐ြံဗြက္ေတြကို ကစားခြင့္ျပဳရင္ အ႐ိုးအေၾကာေလးေတြ ႂကြက္သားေတြသန္မာလာေအာင္ ကေလးရဲ႕ စားခ်ိန္အိပ္ခ်ိန္ ကစားခ်ိန္ကို ေန႔စဥ္ပုံမွန္လည္ပါတ္လာေအာင္ ဂ႐ုစိုက္ေပး႐ုံပါပဲ။

အဓိကက သဘာဝနဲ႔ထိေတြ႕ကစားခြင့္ျပဳတာ မိဘေတြနဲ႔အတူကစားတာ သူငယ္ခ်င္းနဲ႔ ကစားတာအက်ီေဘာင္းဘီကိုယ္တိုင္ဝတ္တတ္ေအာင္ ေလ့က်င့္တာ ဖိနပ္ႀကိဳးခ်ည္နည္းေတြ အိမ္အလုပ္မွာ ႏိုင္သေလာက္ပါဝင္ခြင့္ျပဳတာနဲ႔ တာဝန္ယူတတ္ တာဝန္သိတတ္ေအာင္

အစားစာကို ေကာင္းေကာင္းစားတတ္ေအာင္ ကစားစရာေတြ ကိုယ္တိုင္သိမ္းတတ္ေအာင္ပဲ လမ္းျပေပးရမွာပါအမ်ားနဲ႔ေနထိုင္တဲ့အခါ စိတ္ခံစားမႈကို ထိမ္းတတ္ေအာင္ ႏိုင္ငံတကာစံႏုန္းအတိုင္းဒီသုံးခ်ကိကို လိုက္နာလာေအာင္အခ်ိန္ေပး သင္ရမွာပါ

ပစၥည္းကိုပစ္ေပါက္ဖို႔ခြင့္ျပဳလို႔မရေၾကာင္း ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္လုပ္ဖို႔ခြင့္ျပဳလို႔မရေၾကာင္းနဲ႔သူတပါးကိုနာက်င္ေအာင္လုပ္ဖို႔ခြင့္ျပဳလို႔မရေၾကာင္းကို နားလည္ေအာင္ အဓိကထား သင္ေပးရမွာျဖစ္ပါတယ္။

ေရးဖို႔ အ႐ြယ္ေရာက္လာခ်ိန္ ေရးတတ္လာမွာပါ။အဓိကက အ႐ြယ္လိုက္ေပးသင့္တဲ့စည္းကမ္းကို အရင္လိုက္နာတတ္ေအာင္ သင္ေပးပါ စံျပေနေပးပါ လက္တြဲေခၚေပးပါလို႔ မိဘေတြကို အႀကံျပဳတိုက္တြန္းပါတယ္ရွင့္။

ေမတၱာျဖင့္

Photo by Play Academy

ခရက္ဒစ္

unicode

“မူကြိုကလေးတွေကို စာရေးခိုင်းတာမျိုး မလုပ်သင့်သေးတဲ့ အကြောင်းအရင်း”

မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက

အရောင်ခြယ်တာ

ရွံအတုတွေနယ်တာ

ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ

စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ

အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို ကစားခွင့်ပြုရင် အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာအကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့ တာဝန်ယူတတ် တာဝန်သိတတ်အောင်

အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါအများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချကိကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ

ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

မေတ္တာဖြင့်

Photo by Play Academy

ခရက်ဒစ်