“အိမ္မွာလုပ္ၿပီး သိမ္းထားႏိုင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ေရာင္းႏိုင္မယ့္ သရက္သီးသနပ္ ျပဳလုပ္နည္း”

Zawgyi

“အိမ္မွာလုပ္ၿပီး သိမ္းထားႏိုင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ေရာင္းႏိုင္မယ့္ သရက္သီးသနပ္ ျပဳလုပ္နည္း”

သရက္သီးအစိမ္း (မခ်စ္စုပိုေကာင္း) အေစ့ယွက္ခါနီးကိုထိပ္ျဖတ္ၿပီး အေစးထြက္ေအာင္ တစ္နာရီေလာက္ ေရစိမ္ထားပါ

ေရစစ္ၿပီး လက္မထိပ္ေလာက္အတုံးေလးေတြတုံးပါ

ဆားနဲ႔နယ္ၿပီး တစ္ညအိပ္ထားပါ..

ဆယ္ယူၿပီး တစ္ေနလွမ္းပါ

က်န္တဲ့အရည္ထဲၾကက္သြန္ျဖဴခြာထားတာစိမ္ထားပါ..

မဆလာအတြက္ ဇီယာ စမုန္စပါး နံနံေစ့ နဲ႔ပဲနံ႔သာေစ့တို႔ကို သီးျခားစီေလွာ္ၿပီးႀကိတ္ပါ

မုန္ညႇင္းေစ့ကို ေလွာ္ထားပါ..

ဆီပူေအာင္တည္ၿပီးနႏြင္းမႈန္႔နဲ႔င႐ုတ္သီးအစိမ္းမႈန္႔နည္းနည္းကို က်က္႐ုံဆီသတ္ အေအးခံထားပါ

တစ္ေနလွမ္းၿပီးသားသရက္သီးထဲ ႀကိတ္ထားတဲ့မဆလာ ၊ င႐ုတ္သီးအစိမ္းမႈန္႔၊ သၾကား၊မုန္ညႇင္းေစ့ေလွာ္တို႔ထည့္ၿပီးသမေအာင္ အရသာဝင္ေအာင္နယ္ေပးပါ.. ၾကက္သြန္ျဖဴထည့္ပါ

ေျခာက္ေသြ႕တဲ့ပုလင္းထဲကိုဖိထည့္ပါ အေအးခံထားတဲ့ဆီက်က္ကို သရက္သီးေတြထဲစိမ့္ဝင္ေအာင္ သရက္သီးျမဳပ္ေအာင္ထည့္ပါ

သရက္သီးသနပ္ပုလင္းကို ေန ၄-၅ ေလာက္ျပၿပီးရင္စားလို႔ရပါၿပီ..

လုပ္နည္းေတြကတခ်ိဳ႕ကြဲျပား တာေလးေတြရွိပါတယ္ ကိုယ္တိုင္လည္း ကိုယ္နဲ႔အဆင္ေျပမယ္ထင္တဲ့နည္းေလးေတြကိုေပါင္းစပ္ၿပီးလုပ္ၾကည့္ရင္းအဆင္ေျပသလိုရွိသြားတာပါ..

ဝါသနာအရ ေလ့လာသင္ယူဆဲပါရွင့္.. သရက္သီးအစိမ္းသနပ္လုပ္ဖို႔စိတ္ဝင္စားတဲ့စားခ်က္ေမာင္ႏွေတြအားလုံး သရက္သီးသနပ္လုပ္ရင္း အဆင္ေျပ ေပ်ာ္႐ႊင္ၾကပါေစ..

crd win win han

Unicode

“အိမ်မှာလုပ်ပြီး သိမ်းထားနိုင်တဲ့အပြင် စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်မယ့် သရက်သီးသနပ် ပြုလုပ်နည်း”

သရက်သီးအစိမ်း (မချစ်စုပိုကောင်း) အစေ့ယှက်ခါနီးကိုထိပ်ဖြတ်ပြီး အစေးထွက်အောင် တစ်နာရီလောက် ရေစိမ်ထားပါ

ရေစစ်ပြီး လက်မထိပ်လောက်အတုံးလေးတွေတုံးပါ

ဆားနဲ့နယ်ပြီး တစ်ညအိပ်ထားပါ..

ဆယ်ယူပြီး တစ်နေလှမ်းပါ

ကျန်တဲ့အရည်ထဲကြက်သွန်ဖြူခွာထားတာစိမ်ထားပါ..

မဆလာအတွက် ဇီယာ စမုန်စပါး နံနံစေ့ နဲ့ပဲနံ့သာစေ့တို့ကို သီးခြားစီလှော်ပြီးကြိတ်ပါ

မုန်ညှင်းစေ့ကို လှော်ထားပါ..

ဆီပူအောင်တည်ပြီးနနွင်းမှုန့်နဲ့ငရုတ်သီးအစိမ်းမှုန့်နည်းနည်းကို ကျက်ရုံဆီသတ် အအေးခံထားပါ

တစ်နေလှမ်းပြီးသားသရက်သီးထဲ ကြိတ်ထားတဲ့မဆလာ ၊ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊မုန်ညှင်းစေ့လှော်တို့ထည့်ပြီးသမအောင် အရသာဝင်အောင်နယ်ပေးပါ.. ကြက်သွန်ဖြူထည့်ပါ

ခြောက်သွေ့တဲ့ပုလင်းထဲကိုဖိထည့်ပါ အအေးခံထားတဲ့ဆီကျက်ကို သရက်သီးတွေထဲစိမ့်ဝင်အောင် သရက်သီးမြုပ်အောင်ထည့်ပါ

သရက်သီးသနပ်ပုလင်းကို နေ ၄-၅ လောက်ပြပြီးရင်စားလို့ရပါပြီ..

လုပ်နည်းတွေကတချို့ကွဲပြား တာလေးတွေရှိပါတယ် ကိုယ်တိုင်လည်း ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့နည်းလေးတွေကိုပေါင်းစပ်ပြီးလုပ်ကြည့်ရင်းအဆင်ပြေသလိုရှိသွားတာပါ..

ဝါသနာအရ လေ့လာသင်ယူဆဲပါရှင့်.. သရက်သီးအစိမ်းသနပ်လုပ်ဖို့စိတ်ဝင်စားတဲ့စားချက်မောင်နှတွေအားလုံး သရက်သီးသနပ်လုပ်ရင်း အဆင်ပြေ ပျော်ရွှင်ကြပါစေ..

crd win win han