Zawgyi
လူပေါင်းမှားတဲ့အခါ…
T.Z.L.L
Credit
Unicode
လူပေါင်းမှားရင် ကြက်တောင် အဖမ်းခံရပါတယ်နော်
လူပေါင်းမှားတဲ့အခါ…
လူပေါင်းမှားတဲ့အခါ ကြက်ပါမလွတ်ပုံ။“ဥက္ကဋ္ဌဘယ်သွားမှာလဲ ဒီနှစ်ကောင်ရော ဘာလို့ပါလာတာလဲ လက်ထဲမှာကြက်ကြီးနဲ့”ဒီလိုပါပဲ ဒေါ်မြင့်မြင့်ခင်ရယ်သိတဲ့အတိုင်းပါပဲ ဒီနှစ်ကောင်ကကြက်တိုက်တာမိလို့အချုပ်ထဲထည့်ဖို့ခေါ်သွားမလို့«ကျွန်တော်တို့က ဒီတခါပဲကြက်တိုက်တာပါဥက္ကဋ္ဌရယ်
ကျွန်တော်ကြားဖြတ်ပြောတော့ ဥက္ကဋ္ဌက»သောက်ပေါက်တွေပိတ်ထားစမ်း မင်းတို့ကြက်တိုက်တဲ့ သတင်းကိုငါမကြားဘူးများမှတ်နေတာလားဟန်းးးးးး‘အဲ့ဆို ကျွန်တော်တို့ကြက်ကိုတော့အိမ်မှာပြန်သွားထားခွင့်ပြုပါကျော်ကြီးကတောင်းဆိုတော့ ဥက္ကဋ္ဌကရမလားဟ မင်းတို့ပြေးကွက်ရှာနေတာကိုငါမသိဘူးထင်နေတာလား
ဒီကြက်ကိုပါငါချုပ်ခန်းထဲထည့်ပစ်မယ်«[ကြက်ကိုပါအလွတ်မပေးရကောင်းလားဆိုပြီးကျွန်တော်တို့နှစ်ယောက်ကဒေါသနဲ့ဥက္ကဋ္ဌကိုစိုက်ကြည့်နေတုန်းမှာဒေါ်မြင့်မြင့်ခင်က ဝင်ပြောလိုက်တယ်
ကြက်ကိုတော့လွတ်ပေးလိုက်ပါရှင်ရယ်သူနဲ့လည်းဘာမှဆိုင်တာမဟုဘူး သူက တိရိစ္ဆာန်ပဲဘာမှမသိတတ်ပါဘူးရှင်”»ဟဘာလို့မဆိုင်ရမှာလဲဗျဒီကြက်ရှိလို့ဒီနှစ်ကောင် ကြက်တိုက်ကြတာလေးအမှန်တော့ ဒီကြက်မှာပိုပြီးတော့ အပြစ်ရှိပါတယ်ဗျ«
“အော်ဟုတ်သာပဲရှင်ရှင့်ကဒီလိုနေရာကျ ပညာရှိသာနော်ဟီးဟီးအဲ့ဆို မှတ်လောက်သားလောက်အောင်အချုပ်ထဲထည့်လိုက်ပါရှင်”အယ်အဖွားကြီးကငါတို့ဘက်ပြောပေးတယ်ထင်နေတာယုတ်ဆိုးတဲ့အဖွားကြီးဆိုပြီး ကျွန်တော်နှစ်ယောက်ပွစိပွစိနဲ့အချုပ်ထဲရောက်သွားရော
T.Z.L.L
Credit