“တန္ဖိုးမသိခဲ့လို႔ စားၿပီးလႊင့္ပစ္ၾကတဲ့ ငွက္ေပ်ာသီးခြံရဲ႕ အသုံးျပဳနည္းမ်ား”
Zawgyi
“တန္ဖိုးမသိခဲ့လို႔ စားၿပီးလႊင့္ပစ္ၾကတဲ့ ငွက္ေပ်ာသီးခြံရဲ႕ အသုံးျပဳနည္းမ်ား”
သီးေမႊး၊ ဖီးၾကမ္း၊ ရခိုင္၊ ဝက္မလြတ္ ပြဲထဲက ငွက္ေပ်ာသီးပါမက်န္ သူ႔အရသာ ေလးနဲ႔ သူေကာ င္းလို႔မြန္လို႔ စားၾကတယ္။ အိမ္နီးနားခ်င္း ေတြကိုေဝၾကတယ္။
အမယ္ ဦးရွင္ႀကီးတင္လို႔ စားရတဲ့မုန႔္ဆမ္းနဲ႔ ငွက္ေပ်ာ သီးေလးဆို ေကာင္းလြန္းလို႔ အသီးကပဲ စားေကာင္းတာ မဟုတ္ပါဘူး။ သူ႔အခြံကလည္း အသုံးဝင္တယ္ ဆိုတာ သိေစခ်င္ပါတယ္။
စားေနၾကတဲ့ ငွက္ေပ်ာ သီးခြံကို စိုက္ပ်ိဳး ေရး လုပ္ငန္းေတြမွာ ဘယ္လိုသုံး လို႔ရေနတယ္ ဆိုတဲ့ ေၾကာင္းကို တင္ဆက္ ေပးမွာမို႔ ငွက္ေပ်ာသီး ေကြၽးၿပီးရင္ အခြံကိုျပန္ေတာင္း ျပန္စုၾကပါ…
(၁) ငွက္ေပ်ာခြံ အရည္ ။ေျမေဆြး အရည္လိုမ်ိဳးပဲ ငွက္ေပ်ာသီး အခြံနဲ႔ျပဳ လုပ္ထားတဲ့ ငွက္ေပ်ာခြံ ရည္ဆိုတာကို ႐ြက္ဖ်န္းအားေဆးျဖစ္ ပက္ဖ်န္းေပး လို႔ရပါတယ္။ အပင္ ေတြကို ေလာင္းေပးလို႔ ရပါတယ္။
ဘယ္လို လုပ္ရမလဲ ဆိုတာက်ေတာ့ ေရနဲ႔ ၂ ရက္ – ၄၈ နာရီ ထားၿပီးရင္ အဲ့ငွက္ေပ်ာခြံ ရည္နဲ႔ အပင္ေတြကို ေလာင္းေပး လို႔ရပါတယ္။ အာဟာရ ေတြကို ပိုရလာေအာင္ ငွက္ေပ်ာခြံေတြက ကူညီေပးပါတယ္…
(၂) အပိုင္းစေလးေတြ ေျမႀကီးထဲ ထည့္ေပးလို႔ရတယ္။စုထားတဲ့ ငွက္ေပ်ာခြံေတြ ရွိတယ္ဆိုရင္ ၅ ခ်က္ ၆ ခ်က္ေလာက္ ခုတ္ထစ္ၿပီးေတာ့ စိုက္ထားတဲ့ ၿခံထဲ၊ ဥယ် ာဥ္ထဲကို တိုက္႐ိုက္ ထည့္ေပးလို႔ ရပါတယ္။
ေျမႀကီးေတာ့ ျပန္ဖုံးေပးခဲ့ဖို႔ လိုအပ္ပါတယ္ေနာ္။ တစ္ျဖည္းျဖည္း ေဆြးရင္းနဲ႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ေထာက္ပံ့ ေပးႏိုင္ပါတယ္…
(၃) ေျမေဆြးပုံရင္ သုံးလို႔ရတယ္။အခင္းထဲ တိုက္႐ိုက္ မထည့္ခ်င္ဘူး ဆိုရင္ ေျမ ေဆြးပုံ ပုံၿပီးေတာ့ သုံးတဲ့ေနရာမွာ ငွက္ေပ်ာခြံကို ပါထည့္ၿပီးေတာ့ ေျမေဆြး ျပဳ လုပ္ လို႔ ရပါတယ္ေနာ္။
ငွက္ေပ်ာခြံနဲ႔ျပဳ လုပ္ထားတဲ့
ေျမေဆြးေတြေကာင္းေကာင္း ေဆြးၿပီဆိုရင္ ပ်ိဳးေဘာင္လုပ္ တဲ့အခ်ိန္ မ်ိဳးမွာ၊ အပင္ေတြ ပန္းပြင့္တဲ့ အခ်ိန္မ်ိဳးေတြမွာ သုံးေပးလိုက္ရင္ အပင္ေတြက အာ ဟာရေတြ အမ်ားႀကီးရ လာမွာျဖစ္ပါတယ္ေနာ္…
(၄) ငွက္ေပ်ာခြံ မႈန႔္ေျမၾသဇာ။ငွက္ေပ်ာခြံေတြ အမ်ားႀကီး ရွိေနတယ္ဆို ေနေရာ င္ေအာက္မွာ အေျခာက္ခံ လိုက္ပါ။ ေကာင္းေကာင္းေျခာက္သြားရင္ အမႈန႔္ႀကိတ္ ၿပီးေတာ့ ေျမႀကီးထဲကို ထည့္ေပးလို႔ရပါတယ္။
သတိထားရမွာ တခ်က္က အျမစ္ကို မထိေအာင္ ထည့္ေပးပါ။ အိုးေတြမွာဆို ျဖဴးထည့္ လိုက္႐ုံပါပဲ….
(၅) အေစ့စိုက္ရင္ ထည့္ေပးလို႔ရ။မ်ိဳးေစ့ စိုက္မယ္ဆို ငွက္ေပ်ာခြံကို တိုက္႐ိုက္သုံးေပးလို႔ ရပါတယ္။ ေျမာင္းေလးတူး၊ ငွက္ေပ်ာခြံေလးေတြခင္း ၿပီးေတာ့ အေစ့ေလး ေတြခ်၊ ေျမျပန္ဖုံးခဲ့။
အျမစ္ေလးေတြ စထြက္တဲ့ အခ်ိန္အပင္ေလးေတြ ႀကီးလာတဲ့ အခ်ိန္မ်ိဳး ေတြဆိုသူ ကအာဟာရေတြ ေကာင္းေကာင္း ေထာက္ပံ့ေပးႏိုင္တဲ့ ေျမၾသဇာႀကီးျဖစ္နဲ႔ အသုံးေတာ္ခံလို႔ေပါ့…။
(၆) ငွက္ေပ်ာခြံ႐ြက္ဖ်န္း ေျမၾသဇာ။ငွက္ေပ်ာခြံမႈန႔္ ၄ ဇြန္း၊ ၾကက္ဥခြံ ၃ ခုရဲ႕ အမႈန႔္ရယ္၊ အက္ပဆြန္ ဆားတစ္ဇြန္းကို ေရသန႔္ဘူးအ ႐ြယ္ အစားထဲ ထည့္ၿပီး ေရအျပည့္ ျဖည့္ၿပီး အ ပင္ေတြကို ဖ်န္းေပးလို႔ ရပါၿပီ။ကယ္လ္စီယမ္၊ မဂၢနီစီယမ္နဲ႔ ပိုတက္စီယမ္ႂကြယ္ဝတဲ့ ႐ြက္ဖ်န္းေျမၾသဇာပါပဲ….
(၇) အင္းဆက္ေတြ ဖမ္းမယ္။ ပန္းသီး ရွာလကာရည္ထဲကို ငွက္ေပ်ာသီးခြံ ေလးထည့္ၿပီး အင္းဆ က္ေထာင္ေျခာက္ လုပ္လို႔ရပါတယ္။ ၿခံထဲထည့္ထားရင္ မွက္ေတြကို အမ်ားႀကီး ေလ်ာ့ခ်ႏိုင္ပါတယ္။
ဘယ္လိုလုပ္ ရမလဲဆိုေတာ့ အဖုံးပါတဲ့ေကာ္ခြက္ ေလးေတြ ထဲကို ငွက္ေပ်ာခြံနဲ႔ ပန္းသီး ရွာလကာ ရည္ထည့္၊ ေဘးပတ္ပတ္ လည္မွာ အ ေပါက္ေလးေတြ ေဖာက္ထား။ အဖုံးေလး ျပန္ပိ တ္ထား။အဲ့လိုဆို မွက္မ်ိဳးႏြယ္ဝင္ အုပ္စုေတြက ေထာင္ ေျခာက္မွာမိၿပီး အပင္ေတြကို ကာကြယ္ႏိုင္တာေပါ့….
(၈) ပ်ေဆး အပင္ေျခရင္းမွာ ငွက္ေပ်ာခြံရဲ႕ အစေတြကို တင္ထားေပးရင္ ပ်ေတြ မတက္ေတာ့ပဲ အပင္ကို ကာကြယ္ၿပီး သားျဖစ္မွာပါ။ ငွက္ေပ်ာခြံကို ပ်ေတြက မုန္းၾကပါတယ္…။
(၉) ပန္းပြင့္ေဆး။ငွက္ေပ်ာခြံကို ေရနဲ႔ အခ်ဥ္ေဖာက္ၿပီး ပန္းပြင့္တဲ့အပင္ေတြကို ဖ်န္းေပးရင္ ပန္းပြင့္ေတြ မ်ားႀကီး ႀကီးႀကီးလွလွ ပြင့္လာမွာပါ။
ဘယ္လိုလုပ္ ရမလဲ ဆိုရင္ ဖုံးလို႔ရတဲ့ ပုလင္းထဲ ငွက္ေပ်ာခြံထည့္၊ ၿပီးေတာ့ ေရျမဳပ္ေနအာင္ ထည့္ၿပီး အဝတ္ကေလး နဲ႔ ပိတ္ထား၊ တစ္ပတ္ေလာက္ ေစာင့္ရပါမယ္။
အျမဳပ္ျဖဴ ေလးေတြ ထလာရင္ အဆင္ေျပတယ္ အျမဳပ္ေတြက မဲေနမယ္။ မႈိေတြ တက္လာတယ္ဆိုရင္ေတာ့ လႊင့္ပစ္လိုက္ပါ။ အရည္ကို ေလာင္းလို႔ရပါတယ္။အဖတ္ေတြကို ႀကိတ္ၿပီးေတာ့ ေျမ ႀကီးထဲ ထည့္ေပးလို႔ ရတယ္။ ကဲဘာလိုေသးလဲ?
(၁၀) အက္ဆစ္ႀကိဳက္အပင္ေတြ။စေတာ္ဘယ္ရီတို႔လို အက္ဆစ္ ႀကိဳက္တဲ့ အပင္ေတြ အခ်ဥ္ဓာတ္ေလး ႀကိဳက္တဲ့ အပင္ေတြ ကို ဖ်န္းေပးရင္ အ႐ြက္ဖားဖားနဲ႔ ပိုသန္စြမ္း လာမွာပဲ ျဖစ္ပါတယ္။
ငွက္ေပ်ာခြံကို ေရနဲ႔စိမ္ ၿပီးေတာ့ ငွ က္ေပ်ာ ခြံရွာလကာရည္ လုပ္ရမွာပါ။ ေရနဲ႔ စိမ္တာတူတူပါပဲ။ တစ္ပတ္ၾကာရင္ အဖတ္ေတြ ဆ ယ္ၿပီး ေရကိုပဲ (၄) ပတ္ကေန (၆) ပတ္ေလာက္ ထားရမွာပါ။
ရွာလကာရည္လို အနံ႔ေလးထြက္တယ္။ တူလာၿပီဆိုရင္ ေရနဲ႔ ထပ္ေရာၿပီး အပင္ေလးေတြကို ေလာင္းေပးပါ….။ ။
Unicode
“တန်ဖိုးမသိခဲ့လို့ စားပြီးလွှင့်ပစ်ကြတဲ့ ငှက်ပျောသီးခွံရဲ့ အသုံးပြုနည်းများ”
သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါမကျန် သူ့အရသာ လေးနဲ့ သူကော င်းလို့မွန်လို့ စားကြတယ်။ အိမ်နီးနားချင်း တွေကိုဝေကြတယ်။
အမယ် ဦးရှင်ကြီးတင်လို့ စားရတဲ့မုန့်ဆမ်းနဲ့ ငှက်ပျော သီးလေးဆို ကောင်းလွန်းလို့ အသီးကပဲ စားကောင်းတာ မဟုတ်ပါဘူး။ သူ့အခွံကလည်း အသုံးဝင်တယ် ဆိုတာ သိစေချင်ပါတယ်။
စားနေကြတဲ့ ငှက်ပျော သီးခွံကို စိုက်ပျိုး ရေး လုပ်ငန်းတွေမှာ ဘယ်လိုသုံး လို့ရနေတယ် ဆိုတဲ့ ကြောင်းကို တင်ဆက် ပေးမှာမို့ ငှက်ပျောသီး ကျွေးပြီးရင် အခွံကိုပြန်တောင်း ပြန်စုကြပါ…
(၁) ငှက်ပျောခွံ အရည် ။မြေဆွေး အရည်လိုမျိုးပဲ ငှက်ပျောသီး အခွံနဲ့ပြု လုပ်ထားတဲ့ ငှက်ပျောခွံ ရည်ဆိုတာကို ရွက်ဖျန်းအားဆေးဖြစ် ပက်ဖျန်းပေး လို့ရပါတယ်။ အပင် တွေကို လောင်းပေးလို့ ရပါတယ်။
ဘယ်လို လုပ်ရမလဲ ဆိုတာကျတော့ ရေနဲ့ ၂ ရက် – ၄၈ နာရီ ထားပြီးရင် အဲ့ငှက်ပျောခွံ ရည်နဲ့ အပင်တွေကို လောင်းပေး လို့ရပါတယ်။ အာဟာရ တွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်…
(၂) အပိုင်းစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။စုထားတဲ့ ငှက်ပျောခွံတွေ ရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျ ာဉ်ထဲကို တိုက်ရိုက် ထည့်ပေးလို့ ရပါတယ်။
မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တစ်ဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ ပေးနိုင်ပါတယ်…
(၃) မြေဆွေးပုံရင် သုံးလို့ရတယ်။အခင်းထဲ တိုက်ရိုက် မထည့်ချင်ဘူး ဆိုရင် မြေ ဆွေးပုံ ပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံကို ပါထည့်ပြီးတော့ မြေဆွေး ပြု လုပ် လို့ ရပါတယ်နော်။
ငှက်ပျောခွံနဲ့ပြု လုပ်ထားတဲ့
မြေဆွေးတွေကောင်းကောင်း ဆွေးပြီဆိုရင် ပျိုးဘောင်လုပ် တဲ့အချိန် မျိုးမှာ၊ အပင်တွေ ပန်းပွင့်တဲ့ အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာ ဟာရတွေ အများကြီးရ လာမှာဖြစ်ပါတယ်နော်…
(၄) ငှက်ပျောခွံ မှုန့်မြေသြဇာ။ငှက်ပျောခွံတွေ အများကြီး ရှိနေတယ်ဆို နေရော င်အောက်မှာ အခြောက်ခံ လိုက်ပါ။ ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ် ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။
သတိထားရမှာ တချက်က အမြစ်ကို မထိအောင် ထည့်ပေးပါ။ အိုးတွေမှာဆို ဖြူးထည့် လိုက်ရုံပါပဲ….
(၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ။မျိုးစေ့ စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေး တွေချ၊ မြေပြန်ဖုံးခဲ့။
အမြစ်လေးတွေ စထွက်တဲ့ အချိန်အပင်လေးတွေ ကြီးလာတဲ့ အချိန်မျိုး တွေဆိုသူ ကအာဟာရတွေ ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့…။
(၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ။ငှက်ပျောခွံမှုန့် ၄ ဇွန်း၊ ကြက်ဥခွံ ၃ ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအ ရွယ် အစားထဲ ထည့်ပြီး ရေအပြည့် ဖြည့်ပြီး အ ပင်တွေကို ဖျန်းပေးလို့ ရပါပြီ။ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ….
(၇) အင်းဆက်တွေ ဖမ်းမယ်။ ပန်းသီး ရှာလကာရည်ထဲကို ငှက်ပျောသီးခွံ လေးထည့်ပြီး အင်းဆ က်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီး လျော့ချနိုင်ပါတယ်။
ဘယ်လိုလုပ် ရမလဲဆိုတော့ အဖုံးပါတဲ့ကော်ခွက် လေးတွေ ထဲကို ငှက်ပျောခွံနဲ့ ပန်းသီး ရှာလကာ ရည်ထည့်၊ ဘေးပတ်ပတ် လည်မှာ အ ပေါက်လေးတွေ ဖောက်ထား။ အဖုံးလေး ပြန်ပိ တ်ထား။အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင် ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့….
(၈) ပျဆေး အပင်ခြေရင်းမှာ ငှက်ပျောခွံရဲ့ အစတွေကို တင်ထားပေးရင် ပျတွေ မတက်တော့ပဲ အပင်ကို ကာကွယ်ပြီး သားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်…။
(၉) ပန်းပွင့်ဆေး။ငှက်ပျောခွံကို ရေနဲ့ အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ များကြီး ကြီးကြီးလှလှ ပွင့်လာမှာပါ။
ဘယ်လိုလုပ် ရမလဲ ဆိုရင် ဖုံးလို့ရတဲ့ ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင် ထည့်ပြီး အဝတ်ကလေး နဲ့ ပိတ်ထား၊ တစ်ပတ်လောက် စောင့်ရပါမယ်။
အမြုပ်ဖြူ လေးတွေ ထလာရင် အဆင်ပြေတယ် အမြုပ်တွေက မဲနေမယ်။ မှိုတွေ တက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကို လောင်းလို့ရပါတယ်။အဖတ်တွေကို ကြိတ်ပြီးတော့ မြေ ကြီးထဲ ထည့်ပေးလို့ ရတယ်။ ကဲဘာလိုသေးလဲ?
(၁၀) အက်ဆစ်ကြိုက်အပင်တွေ။စတော်ဘယ်ရီတို့လို အက်ဆစ် ကြိုက်တဲ့ အပင်တွေ အချဉ်ဓာတ်လေး ကြိုက်တဲ့ အပင်တွေ ကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်း လာမှာပဲ ဖြစ်ပါတယ်။
ငှက်ပျောခွံကို ရေနဲ့စိမ် ပြီးတော့ ငှ က်ပျော ခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေ ဆ ယ်ပြီး ရေကိုပဲ (၄) ပတ်ကနေ (၆) ပတ်လောက် ထားရမှာပါ။
ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ….။ ။