ေဗာက္ထတဲ့ ဆံေကသာပိုင္ရွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္ သဘာဝနည္းလမ္းမ်ား …

Zawgyi

ေဗာက္ထတဲ့ ဆံေကသာပိုင္ရွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္ သဘာဝနည္းလမ္းမ်ား …

လွပ ထူထဲၿပီး ေပ်ာ့ေပ်ာင္ းႏူးညံ့တဲ့ ဆံေကသာကို ပိုင္ဆိုင္ ခ်င္တာ ကေတာ့ အမ်ိဳးသမီး တိုင္းရဲ႕ အိပ္မက္ပါ။သို႔ေပမယ့္ နေရာင္ျခည္ဒဏ္၊ ဖုန္မႈန႔္နဲ႔ အညစ္အေၾကးမ်ား ကပ္ညႇိျခင္း၊ ဆံပင္မၾကာခဏေဆးဆိုး ပုံသြင္းျခင္းတို႔ကို အပူဒဏ္နဲ႔ ဓာတုေဆးဝါးမ်ားေၾကာင့္

ဆံသားပ်က္စီးၿပီး ဆံဖ်ာ းႏွစ္ခြျဖစ္ လာေစ ပါတယ္။ဒါ့ျပင္ သင့္ခႏၶာကိုယ္က ေရဓာတ္ လုံေလာက္စြ မေသာက္သုံးဘူး ဆိုရင္ေတာ့ ဦးေရျပားက အစိုဓာတ္မရရွိတဲ့အတြက္ေၾကာင့္ ေဗာက္ထ တတ္ပါ တယ္။

ေဗာက္ထတဲ့ ဆံေကသာပိုင္ရွင္မ်ားအတြက္ ေဗာက္ေပ်ာက္က င္းေစမယ့္ သဘာဝ ေပါင္းတင္ နည္းလမ္းမ်ားကို ေဝမွ်ေပးလိုက္ ပါတယ္။

(၁) ဒိန္ခ်ဥ္ ဖန္ခြက္ ၁ ခြက္၊သံပုယိုရည္ စားပြဲတင္ဇြန္းတစ္ဇြန္းႏွင့္ပ်ားရည္စားပြဲ တင္ဇြန္း တစ္ဇြန္းတို႔ကို ပန္းကန္လုံ တစ္လုံးထဲမွာ ေရာေမႊေပး လိုက္ပါ။ ထို႔ေနာက္မွာေတာ့ ဆံပင္အရင္းကေန အဖ်ား အထိ ေသခ်ာ သုတ္လိမ္း ေပးပါ။

ၿပီးရင္ ေခါင္းကို Shower Cap ႏွင့္ အုပ္ထားေပးၿပီး မိနစ္ ၃၀ ခန႔္ ေစာင့္ေပးပါ။ မိနစ္ ၃၀ ျပည့္ၿပီဆိုရင္ေတာ့ ဆာလဖာမပါဝင္တဲ့ေခါင္းေလွ်ာ္ ရည္ျဖင့္ ေလွ်ာ္ေပး လိုက္ပါ။ တစ္ပတ္ကို တစ္ႀကိမ္(သို႔) ႏွစ္ႀကိမ္ ခန႔္ျပဳလုပ္ေပး ပါက ေဗာက္ေတြ ေပ်ာက္ကင္း သြားမွာပါ။

(၂) ငွက္ေပ်ာသီးမွည့္ ၂ လုံး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါတယ္။ ပထမဆုံး ငွက္ေပ်ာသီးမွည့္ကို ပန္းကန္လုံးထဲ ထည့္ၿပီး ခက္ရင္ျဖင့္ ေခ်ေပးပါ။

ထို႔ေနာက္ သံလြင္ဆီ၊ ပ်ားရည္ႏွင့္ သံပုယိုရည္တို႔ကို ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ဦးေရျပားႏွင့္ ဆံေကသာကို သုတ္လိမ္းေပးၿပီး ႏွိပ္နယ္ေပးလိုက္ပါ။

မိနစ္ ၃၀ ခန႔္ေလာက္ ထားၿပီးတဲ့အခါမွာေတာ့ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဒီနည္းျဖင့္ တစ္ပတ္ကို တစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးမ ယ္ဆိုရင္ ေါင္းေပၚက ေဗာက္ေတြ သိသိသာသာ ေပ်ာက္ကင္းသြ ားပါလိမ့္မယ္။

(၃) ေထာပတ္သီးမွည့္ တစ္လုံး၊ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းႏွင့္ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ကို ေရာၿပီး ေမႊေပးရပါမယ္။အရင္ဆုံး ေထာပတ္သီးကို ပန္းကန္လုံးထဲထည့္ၿပီးခက္ရင္းျဖင့္ အႏွစ္ျဖစ္သြားေအာင္ ေခ်ပါ။ ၿပီးေနာက္ ပ်ားရည္ႏွင့္ သံလြင္ဆီတို႔ကို ေရာၿပီး ထပ္ေမႊေပးပါ။

ထို႔ေနာက္မွာေတာ့ ဆံပင္အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးပါ။၄၅ မိနစ္ခန႔္ေလာက္ၾကာၿပီးေနာက္မွာေတာ့ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ျဖင့္ ေလွ်ာ္ေပးရင္ ရပါၿပီ။ ဒီေပါင္းတင္နည္းကေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ ျပဳလုပ္ေပးရင္ရပါၿပီ။

(၄) ၾကက္ဥအကာ ၂ လုံးနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ဇြန္းတို႔ကို ပန္းကန္လုံးထဲထည့္ၿပီး ေမႊေပးပါ။ ထို႔ေနာက္ ဆံပင္ကို အရင္းကေန အဖ်ား အထိ သုတ္လိမ္း ေပးလိုက္ပါ။ထို႔ေနာက္ ဆာလဖာမပါတဲ့ ေခါင္းေလွ်ာ္ရည္ကို သုံးၿပီး ေရေအးျဖင့္ ေခါင္းေလွ်ာ္ေပးပါ။

တစ္ပတ္ကို တစ္ႀကိမ္မွ ႏွစ္ႀကိမ္ထိ အသုံးျပဳႏိုင္ပါတယ္။ကဲ…ဒီလိုဆိုရင္ေတာ့ ဆံသားပ်က္စီးၿပီးေဗာက္ထလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္ အသုံးဝင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Unicode

ဗောက်ထတဲ့ ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ …

လှပ ထူထဲပြီး ပျော့ပျောင် းနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင် ချင်တာ ကတော့ အမျိုးသမီး တိုင်းရဲ့ အိပ်မက်ပါ။သို့ပေမယ့် နရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများ ကပ်ညှိခြင်း၊ ဆံပင်မကြာခဏဆေးဆိုး ပုံသွင်းခြင်းတို့ကို အပူဒဏ်နဲ့ ဓာတုဆေးဝါးများကြောင့်

ဆံသားပျက်စီးပြီး ဆံဖျာ းနှစ်ခွဖြစ် လာစေ ပါတယ်။ဒါ့ပြင် သင့်ခန္ဓာကိုယ်က ရေဓာတ် လုံလောက်စွ မသောက်သုံးဘူး ဆိုရင်တော့ ဦးရေပြားက အစိုဓာတ်မရရှိတဲ့အတွက်ကြောင့် ဗောက်ထ တတ်ပါ တယ်။

ဗောက်ထတဲ့ ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်က င်းစေမယ့် သဘာဝ ပေါင်းတင် နည်းလမ်းများကို ဝေမျှပေးလိုက် ပါတယ်။

(၁) ဒိန်ချဉ် ဖန်ခွက် ၁ ခွက်၊သံပုယိုရည် စားပွဲတင်ဇွန်းတစ်ဇွန်းနှင့်ပျားရည်စားပွဲ တင်ဇွန်း တစ်ဇွန်းတို့ကို ပန်းကန်လုံ တစ်လုံးထဲမှာ ရောမွှေပေး လိုက်ပါ။ ထို့နောက်မှာတော့ ဆံပင်အရင်းကနေ အဖျား အထိ သေချာ သုတ်လိမ်း ပေးပါ။

ပြီးရင် ခေါင်းကို Shower Cap နှင့် အုပ်ထားပေးပြီး မိနစ် ၃၀ ခန့် စောင့်ပေးပါ။ မိနစ် ၃၀ ပြည့်ပြီဆိုရင်တော့ ဆာလဖာမပါဝင်တဲ့ခေါင်းလျှော် ရည်ဖြင့် လျှော်ပေး လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်(သို့) နှစ်ကြိမ် ခန့်ပြုလုပ်ပေး ပါက ဗောက်တွေ ပျောက်ကင်း သွားမှာပါ။

(၂) ငှက်ပျောသီးမှည့် ၂ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။ ပထမဆုံး ငှက်ပျောသီးမှည့်ကို ပန်းကန်လုံးထဲ ထည့်ပြီး ခက်ရင်ဖြင့် ချေပေးပါ။

ထို့နောက် သံလွင်ဆီ၊ ပျားရည်နှင့် သံပုယိုရည်တို့ကို လောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားနှင့် ဆံကေသာကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။

မိနစ် ၃၀ ခန့်လောက် ထားပြီးတဲ့အခါမှာတော့ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းဖြင့် တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်ပေးမ ယ်ဆိုရင် ေါင်းပေါ်က ဗောက်တွေ သိသိသာသာ ပျောက်ကင်းသွ ားပါလိမ့်မယ်။

(၃) ထောပတ်သီးမှည့် တစ်လုံး၊ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောပြီး မွှေပေးရပါမယ်။အရင်ဆုံး ထောပတ်သီးကို ပန်းကန်လုံးထဲထည့်ပြီးခက်ရင်းဖြင့် အနှစ်ဖြစ်သွားအောင် ချေပါ။ ပြီးနောက် ပျားရည်နှင့် သံလွင်ဆီတို့ကို ရောပြီး ထပ်မွှေပေးပါ။

ထို့နောက်မှာတော့ ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးပါ။၄၅ မိနစ်ခန့်လောက်ကြာပြီးနောက်မှာတော့ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးရင် ရပါပြီ။ ဒီပေါင်းတင်နည်းကတော့ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရင်ရပါပြီ။

(၄) ကြက်ဥအကာ ၂ လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ဇွန်းတို့ကို ပန်းကန်လုံးထဲထည့်ပြီး မွှေပေးပါ။ ထို့နောက် ဆံပင်ကို အရင်းကနေ အဖျား အထိ သုတ်လိမ်း ပေးလိုက်ပါ။ထို့နောက် ဆာလဖာမပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ရေအေးဖြင့် ခေါင်းလျှော်ပေးပါ။

တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ထိ အသုံးပြုနိုင်ပါတယ်။ကဲ…ဒီလိုဆိုရင်တော့ ဆံသားပျက်စီးပြီးဗောက်ထလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။