“ဓာတုေဆးကင္းၿပီး သဘာ၀အရသာစစ္စစ္ကို ရရွိႏိုင္မယ့္ ခရမ္းခ်ဥ္သီး ေဆာ့စ္ ျပဳလုပ္နည္း”
Zawgyi
“ဓာတုေဆးကင္းၿပီး သဘာ၀အရသာစစ္စစ္ကို ရရွိႏိုင္မယ့္ ခရမ္းခ်ဥ္သီး ေဆာ့စ္ ျပဳလုပ္နည္း”
ယခုကာလ ေစ်းမေကာင္းေနခ်ိန္ ေတာင္သူေတြအတြက္ လုပ္သင့္တာေလးေတြပါဗ် သူမ်ားေတြ လုပ္ေရာင္းတာ ဝယ္စားရင္ တကယ္ ခရမ္းခ်ဥ္သီး အစစ္နဲ႔ လုပ္လား မလုပ္လား မေသခ်ာပါဘူး..က်န္းမာေရးႏွင့္ မညီၫြတ္တဲ့ ဆိုးေဆးေတြ အခ်ဥ္မႈန႔္ ေတြလည္း ပါႏိုင္ပါတယ္
ဒါေၾကာင္း ခရမ္းခ်ဥ္သီး အစစ္နဲ႔ ကိုယ္တိုင္ျပဳလုပ္ၿပီး စိတ္ခ်က္လက္ခ် စားလို႔ရမယ့္ နည္းလမ္းေလး မွ်ေဝေပးခ်င္ပါတယ္
အသီးေဈးမေကာင္းခ်ိန္မွာ အထားခံတဲ့ ခရမ္းခ်ဥ္သီးေဆာ့စ္ လုပ္နည္း
ခရမ္းခ်ဥ္သီးရဲရဲနီ အမွည့္ ( ripe tomatoes) ကို ေလးစိတ္စိတ္ၿပီးေရနည္းနည္းထည့္ အဖုံးအုပ္ၿပီး အိ ေနေအာင္ျပဳတ္ပါ။ၿပီးရင္ blender နဲ႔ ေၾကေအာင္ႀကိတ္ပါ။ႀကိတ္ၿပီးရင္ ဆန္ခါ အစိပ္နဲ႔ အႏွစ္တိုက္ခ်ပါ။
( အေစ့နဲ႔ အခြံ မပါေစရ)ရလာတဲ့ အႏွစ္ကို ဆား / (သၾကား ၂ ဆ/ရွာလကာေရ ၁ ဆ) / အေရာင္တင္မႈန္႔( င႐ုတ္သီးမႈန္႔ (အေရာင္အတြက္)/ေရအနည္းငယ္ထည့္ၿပီးမီးေအးေအးနဲ႔ အဆက္မျပတ္ ၄၅ မိနစ္ေလာက္ ေမႊေပးပါ
အလိုလို နီရဲၿပီး ပ်စ္လာတာကို ေတြ႕ရပါမယ္ (အေရာင္ဆိုးေဆး ( food colour) ထည့္စရာ မလိုပါ )ေရ က်န္ မက်န္ သိလိုပါကအနည္းငယ္ ယူၿပီး ပန္းကန္ ႏႈတ္ခမ္းမွာ တင္ၾကည့္ပါ (ေရစိမ့္ထြက္ မလာပါက ရပါၿပီ )
ေရမက်န္ပါက ႏွစ္ခ်ီၿပီး အထားခံပါတယ္။မိမိစားလိုတဲ့ အခ်ိန္မွာ စားလို႔ရေအာင္အခန္းအပူခ်ိန္အတိုင္း အေအးခံၿပီးဗူးသန္႔သန္႔နဲ႔ ေလလုံေအာင္ ထည့္ပိတ္ထားပါ။စားတဲ့အခါ ဇြန္း အသန္႔နဲ႔ယူစားပါ။
Credit- မူရင္းတင္သူကို ခရက္ဒစ္ေပးပါတယ္
Unicode
“ဓာတုဆေးကင်းပြီး သဘာဝအရသာစစ်စစ်ကို ရရှိနိုင်မယ့် ခရမ်းချဉ်သီး ဆော့စ် ပြုလုပ်နည်း”
ယခုကာလ ဈေးမကောင်းနေချိန် တောင်သူတွေအတွက် လုပ်သင့်တာလေးတွေပါဗျ သူများတွေ လုပ်ရောင်းတာ ဝယ်စားရင် တကယ် ခရမ်းချဉ်သီး အစစ်နဲ့ လုပ်လား မလုပ်လား မသေချာပါဘူး..ကျန်းမာရေးနှင့် မညီညွတ်တဲ့ ဆိုးဆေးတွေ အချဉ်မှုန့် တွေလည်း ပါနိုင်ပါတယ်
ဒါကြောင်း ခရမ်းချဉ်သီး အစစ်နဲ့ ကိုယ်တိုင်ပြုလုပ်ပြီး စိတ်ချက်လက်ချ စားလို့ရမယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်
အသီးဈေးမကောင်းချိန်မှာ အထားခံတဲ့ ခရမ်းချဉ်သီးဆော့စ် လုပ်နည်း
ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes) ကို လေးစိတ်စိတ်ပြီးရေနည်းနည်းထည့် အဖုံးအုပ်ပြီး အိ နေအောင်ပြုတ်ပါ။ပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါ။ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ။
( အစေ့နဲ့ အခွံ မပါစေရ)ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် (အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီးမီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ
အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ် (အရောင်ဆိုးဆေး ( food colour) ထည့်စရာ မလိုပါ )ရေ ကျန် မကျန် သိလိုပါကအနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ (ရေစိမ့်ထွက် မလာပါက ရပါပြီ )
ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်အခန်းအပူချိန်အတိုင်း အအေးခံပြီးဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။စားတဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ။
Credit- မူရင်းတင်သူကို ခရက်ဒစ်ပေးပါတယ်