“သူေဌးဆီက..ရသမွ်အကုန္ခိုးပါ . . ဆိုတဲ့ စကားရဲ႕ အဓိပၸာယ္”
Zawgyi
“သူေဌးဆီက..ရသမွ်အကုန္ခိုးပါ . . ဆိုတဲ့ စကားရဲ႕ အဓိပၸာယ္”
တခါကခ်မ္းသာတဲ့သူေဌးတေယာက္ရွိတယ္။ သူ႔လုပ္ငန္းကို ဝန္ထမ္းေပါင္း ၅၀၀ ေက်ာ္နဲ႔လည္ပတ္လ်က္ရွိတယ္။ ဒါေပမယ့္ထူးဆန္းတာက သူ႔ဝန္ထမ္းေတြကအရမ္း အလုပ္လုပ္တယ္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့သူကသူေဌးတေယာက္လို မေနဘူး။
ေခါင္းေဆာင္ တေယာက္လိုဘဲ အလုပ္ လုပ္ေနတာေၾကာင့္ ျဖစ္တယ္။ သူ႔ဝန္ထမ္းေတြကို တာဝန္ကိုယ္စီ ေပးၿပီး တာဝန္တခု ၿပီးေျမာက္ေအာင္ အၿမဲတမ္း ဦးေဆာင္ခဲ့တယ္။ ေနရာတကာမွာ သူကိုယ္တိုင္ ဝင္ပါခဲ့တယ္။ အကုန္လုံး ဆန္းစစ္ခဲ့တယ္။
ဒါေပမယ့္ တခ်ိဳ႕ဝန္ထမ္းေတြက သူတို႔ကို ဖိ အားေပးေနတယ္လို႔ ယူဆၿပီး ထြက္သြားၾကတာလည္း ရွိတယ္။ တခ်ိဳ႕က မလုပ္ႏိုင္ဘူး ဆိုၿပီး ထြက္သြားၾကတယ္။ သူေဌးကေတာ့ ဝန္ထမ္းသာေျပာင္းေနၾကတာ သူ႔စည္းကမ္း ကိုေတာ့ မေျပာင္းခဲ့ဘူး။
အဲဒီ ဝန္ထမ္းထဲမွာ ေမာင္ေမာင္ဆိုတဲ့ ဝန္ထမ္းတဦးကေတာ့ႏွစ္အေတာ္ ၾကာၾကာလုပ္ကိုင္ေန ခဲ့တယ္။သူေဌးရဲ႕ဖိအားကိုလည္းခံခဲ့ရတယ္။ ဦးေဆာင္မႈ ေနာက္ကိုလည္းလိုက္ခဲ့ရတယ္။ သူေဌးကသူ႔ကို အာ႐ုံစိုက္ၿပီး ေျပာခဲ့တာကိုလည္းခံရတယ္။ အဆဲလည္းအမ်ားဆုံးခံခဲ့ရတဲ့ လူတေယာက္ေပါ့။
တေန႔ေတာ့ ေမာင္ေမာင္က“သူစဥ္းစားမိလာတာတခုကငါ ဒီအလုပ္ကိုဆက္လုပ္ေနရင္ငါ့တြက္အဆင္ေျပပါတယ္။ ဒါေပမယ့္ ငါ့ရဲ႕ အနာဂတ္ တိုးတက္မႈအတြက္ ေႏွာင္းေႏွးသြား ေစႏိုင္တယ္။မနက္မိုးလင္းတာနဲ႔ သူေဌးအတြက္ အလုပ္ လုပ္ေပးရတယ္။
ညေနမိုးခ်ဳပ္တာနဲ႔ အိမ္ကိုျပန္တယ္။ ငါ့ရဲ႕အေရးႀကီးဆုံးအခ်ိန္ အစိတ္အပိုင္းဟာသူေဌးကို ေရာင္းစားေနရသလို ျဖစ္ေနတယ္။မျဖစ္ေသးဘူး ကိုယ္ပိုင္စီးပြားေရးတခုစလုပ္မွ ရေတာ့မယ္”ဆိုၿပီး စဥ္းစားမိ လာတယ္။
ေမာင္ေမာင္က ေနာက္ထပ္ႏွစ္အနည္းငယ္အၾကာမွာ လက္ရွိအလုပ္ကထြက္ၿပီးကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။ ဒါကို သူ႔သူေဌးနဲ႔သူ႔ရဲ႕ မိဘကအားမေပးခဲ့ဘူး။ ေမာင္ေမာင္ကေတာ့ လက္မခံဘူး။အကုန္ျငင္းၿပီးကိုယ္ပိုင္စီးပြားေရးတခုကို အာ႐ုံစိုက္လာခဲ့တယ္။
ေနာက္၅ ႏွစ္ အၾကာမွာ ေမာင္ေမာင္ရဲ႕စီးပြားေရးဟာအလြန္ တိုးတက္ေနၿပီ ျဖစ္တယ္။ထိုအခ်ိန္မွာ အရင္သူ႔သူေဌးက သူနဲ႔ အလုပ္ တြဲလုပ္ဖို႔ meeting ေခၚခဲ့တယ္။ meeting ေရာက္ေရာက္ခ်င္းပထမဆုံးမွာ သူ႔ သူေဌးကသူ႔ကို ေမးခြန္းတခု ေမးလိုက္တယ္။
“ေမာင္ေမာင္မင္းဘာျဖစ္လို႔ဒီေလာက္ထိ ေအာင္ျမင္တာလဲ။ငါ့ရဲ႕ ကုမၸဏီကေနထြက္သြားတဲ့ လူေတာ္ေတာ္မ်ားမ်ားဟာအခုခ်ိန္ထိဝန္ထမ္းဘဝကေနမလြတ္ႏိုင္ၾကေသးဘူး။မင္းဘာျဖစ္လို႔ ထူးထူးဆန္းဆန္း ေအာင္ျမင္ေနတာလဲ”လို႔ ေမးလိုက္ေတာ့ ေမာင္ေမာင္ကသူေဌးကို ၿပဳံးၿပီး ေျဖလိုက္တယ္။
“ကြၽန္ေတာ္သူေဌးဆီကအဖိုးတန္တဲ့ အရာေတြကို ေန႔စဥ္ ေန႔တိုင္းခိုးယူေနလို႔ပါ” ဆိုၿပီး ျပန္ေျဖလိုက္တယ္။ ထိုအခ်ိန္မွာ သူေဌးက “ငါ့ရဲ႕ ေ႐ႊေငြေတြမင္းခိုးတာလား”လို႔ ေျပာၿပီး စိတ္ဆိုးမာန္ဆိုးနဲ႔ ေအာ္မယ္၊ ေငါက္မယ္လုပ္တုန္း ေမာင္ေမာင္ကရွင္းျပတယ္။
“သူေဌးဆီက ေ႐ႊေငြေတြ ခိုးသြားတာ မဟုတ္ပါဘူး။ ေ႐ႊေငြထက္ အဖိုးတန္တဲ့ အရာေတြကို ခိုးယူခဲ့တာပါ။ အဲ့တာ ဘာလဲဆိုေတာ့ သူေဌးရဲ႕ လုပ္ငန္းအေပၚ သေဘာထားမႈ၊ ေခါင္းေဆာင္မႈ၊ အေတြ႕အႀကဳံ အားလုံးကို အခ်ိန္ရွိရင္ ရွိသလို ခိုးယူခဲ့တာပါ”
လို႔ ေမာင္ေမာင္က ေအးေအးေဆးေဆး ေလးနဲ႔ ျပန္ေျဖခဲ့တယ္။ ထိုအခ်ိန္မွာ သူေဌးက အရမ္း သေဘာက်ၿပီး ေမာင္ေမာင္နဲ႔ အလုပ္ တြဲလုပ္ဖို႔ ဆုံးျဖတ္ လိုက္ေတာ့တယ္။
ဒီေနရာမွာ လူငယ္ေတြကို ေျပာခ်င္တဲ့ အေၾကာင္းအရာေလးက ေအာင္ျမင္ခ်င္ရင္ ေအာင္ျမင္တဲ့လူ လုပ္ေဆာင္တဲ့ အတိုင္း လိုက္ၿပီး အတုခိုးပါ။ ေအာင္ျမင္တဲ့လူ ေျပာတဲ့ စကားကို ယုံၾကည္ပါ။ ၿပီးရင္ လိုက္နာ က်င့္သုံးပါ။
မေအာင္ျမင္တဲ့လူ ေျပာတဲ့စကား၊ ေပးတဲ့ အႀကံေတြကို ဂ႐ုမစိုက္ပါနဲ႔။ အခု လုပ္ေနတဲ့ အလုပ္အေပၚ ကိုယ့္ထက္ ရာထူးႀကီးတဲ့လူ ေပးတဲ့ အႀကံ၊ သူေဌးေတြက အလုပ္ကို ဘယ္လို လုပ္ေနသလဲ ဆိုတာကို ေလ့လာၿပီး ကိုယ့္ရဲ႕ အရည္အခ်င္းကို ပုံသြင္းပါ လို႔ အႀကံေပးခ်င္တယ္။
လူငယ္တိုင္းေကာင္းမြန္ေသာအနာဂတ္မ်ားကိုပိုင္ဆိုင္ႏိုင္ၾကပါေစ
Crd
Unicode
“သူဌေးဆီက..ရသမျှအကုန်ခိုးပါ . . ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်”
တခါကချမ်းသာတဲ့သူဌေးတယောက်ရှိတယ်။ သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့လည်ပတ်လျက်ရှိတယ်။ ဒါပေမယ့်ထူးဆန်းတာက သူ့ဝန်ထမ်းတွေကအရမ်း အလုပ်လုပ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့သူကသူဌေးတယောက်လို မနေဘူး။
ခေါင်းဆောင် တယောက်လိုဘဲ အလုပ် လုပ်နေတာကြောင့် ဖြစ်တယ်။ သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တခု ပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။ နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။ အကုန်လုံး ဆန်းစစ်ခဲ့တယ်။
ဒါပေမယ့် တချို့ဝန်ထမ်းတွေက သူတို့ကို ဖိ အားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်း ရှိတယ်။ တချို့က မလုပ်နိုင်ဘူး ဆိုပြီး ထွက်သွားကြတယ်။ သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်း ကိုတော့ မပြောင်းခဲ့ဘူး။
အဲဒီ ဝန်ထမ်းထဲမှာ မောင်မောင်ဆိုတဲ့ ဝန်ထမ်းတဦးကတော့နှစ်အတော် ကြာကြာလုပ်ကိုင်နေ ခဲ့တယ်။သူဌေးရဲ့ဖိအားကိုလည်းခံခဲ့ရတယ်။ ဦးဆောင်မှု နောက်ကိုလည်းလိုက်ခဲ့ရတယ်။ သူဌေးကသူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်းခံရတယ်။ အဆဲလည်းအများဆုံးခံခဲ့ရတဲ့ လူတယောက်ပေါ့။
တနေ့တော့ မောင်မောင်က“သူစဉ်းစားမိလာတာတခုကငါ ဒီအလုပ်ကိုဆက်လုပ်နေရင်ငါ့တွက်အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အနာဂတ် တိုးတက်မှုအတွက် နှောင်းနှေးသွား စေနိုင်တယ်။မနက်မိုးလင်းတာနဲ့ သူဌေးအတွက် အလုပ် လုပ်ပေးရတယ်။
ညနေမိုးချုပ်တာနဲ့ အိမ်ကိုပြန်တယ်။ ငါ့ရဲ့အရေးကြီးဆုံးအချိန် အစိတ်အပိုင်းဟာသူဌေးကို ရောင်းစားနေရသလို ဖြစ်နေတယ်။မဖြစ်သေးဘူး ကိုယ်ပိုင်စီးပွားရေးတခုစလုပ်မှ ရတော့မယ်”ဆိုပြီး စဉ်းစားမိ လာတယ်။
မောင်မောင်က နောက်ထပ်နှစ်အနည်းငယ်အကြာမှာ လက်ရှိအလုပ်ကထွက်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါကို သူ့သူဌေးနဲ့သူ့ရဲ့ မိဘကအားမပေးခဲ့ဘူး။ မောင်မောင်ကတော့ လက်မခံဘူး။အကုန်ငြင်းပြီးကိုယ်ပိုင်စီးပွားရေးတခုကို အာရုံစိုက်လာခဲ့တယ်။
နောက်၅ နှစ် အကြာမှာ မောင်မောင်ရဲ့စီးပွားရေးဟာအလွန် တိုးတက်နေပြီ ဖြစ်တယ်။ထိုအချိန်မှာ အရင်သူ့သူဌေးက သူနဲ့ အလုပ် တွဲလုပ်ဖို့ meeting ခေါ်ခဲ့တယ်။ meeting ရောက်ရောက်ချင်းပထမဆုံးမှာ သူ့ သူဌေးကသူ့ကို မေးခွန်းတခု မေးလိုက်တယ်။
“မောင်မောင်မင်းဘာဖြစ်လို့ဒီလောက်ထိ အောင်မြင်တာလဲ။ငါ့ရဲ့ ကုမ္ပဏီကနေထွက်သွားတဲ့ လူတော်တော်များများဟာအခုချိန်ထိဝန်ထမ်းဘဝကနေမလွတ်နိုင်ကြသေးဘူး။မင်းဘာဖြစ်လို့ ထူးထူးဆန်းဆန်း အောင်မြင်နေတာလဲ”လို့ မေးလိုက်တော့ မောင်မောင်ကသူဌေးကို ပြုံးပြီး ဖြေလိုက်တယ်။
“ကျွန်တော်သူဌေးဆီကအဖိုးတန်တဲ့ အရာတွေကို နေ့စဉ် နေ့တိုင်းခိုးယူနေလို့ပါ” ဆိုပြီး ပြန်ဖြေလိုက်တယ်။ ထိုအချိန်မှာ သူဌေးက “ငါ့ရဲ့ ရွှေငွေတွေမင်းခိုးတာလား”လို့ ပြောပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်မယ်၊ ငေါက်မယ်လုပ်တုန်း မောင်မောင်ကရှင်းပြတယ်။
“သူဌေးဆီက ရွှေငွေတွေ ခိုးသွားတာ မဟုတ်ပါဘူး။ ရွှေငွေထက် အဖိုးတန်တဲ့ အရာတွေကို ခိုးယူခဲ့တာပါ။ အဲ့တာ ဘာလဲဆိုတော့ သူဌေးရဲ့ လုပ်ငန်းအပေါ် သဘောထားမှု၊ ခေါင်းဆောင်မှု၊ အတွေ့အကြုံ အားလုံးကို အချိန်ရှိရင် ရှိသလို ခိုးယူခဲ့တာပါ”
လို့ မောင်မောင်က အေးအေးဆေးဆေး လေးနဲ့ ပြန်ဖြေခဲ့တယ်။ ထိုအချိန်မှာ သူဌေးက အရမ်း သဘောကျပြီး မောင်မောင်နဲ့ အလုပ် တွဲလုပ်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။
ဒီနေရာမှာ လူငယ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးက အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ လုပ်ဆောင်တဲ့ အတိုင်း လိုက်ပြီး အတုခိုးပါ။ အောင်မြင်တဲ့လူ ပြောတဲ့ စကားကို ယုံကြည်ပါ။ ပြီးရင် လိုက်နာ ကျင့်သုံးပါ။
မအောင်မြင်တဲ့လူ ပြောတဲ့စကား၊ ပေးတဲ့ အကြံတွေကို ဂရုမစိုက်ပါနဲ့။ အခု လုပ်နေတဲ့ အလုပ်အပေါ် ကိုယ့်ထက် ရာထူးကြီးတဲ့လူ ပေးတဲ့ အကြံ၊ သူဌေးတွေက အလုပ်ကို ဘယ်လို လုပ်နေသလဲ ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပုံသွင်းပါ လို့ အကြံပေးချင်တယ်။
လူငယ်တိုင်းကောင်းမွန်သောအနာဂတ်များကိုပိုင်ဆိုင်နိုင်ကြပါစေ
Crd